manawphyulayJuly 11, 20171min28210
နေ့စဉ်ကောင်းမွန်တဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့ဆိုတာက မိသားစုတစ်စုရဲ့ အခြေခံပန်းတိုင်ဖြစ်ပါတယ်။ မိဘဖြစ်လာပြီဆိုတာ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါပဲ ဖြစ်ပါတယ်။ မိသားစုတိုင်းမှာ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ အသီးသီးရှိကြမှာပါ။ မိဘဖြစ်လာပြီဆိုတာနဲ့ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါ။ ဒီ ခရီးကို ကလေးနဲ့အတူ ချီတက်ကြရပါတော့တယ်။ မိဘဖြစ်ခြင်းကို ခရီးတစ်ခုနဲ့ ဥပမာပေးပြီးပြီဆိုတော့ ကလေးနဲ့အတူ ဘယ်လို ခရီးဆက်ကြမလဲဆိုတာ သိမှတ်ထားသမျှ ရေးသားလိုက်ရပါတယ်။ မွေးကင်းစကလေးတွေဟာ အဆင့်ဆင့်ကြီးထွားလာမှာ ဖြစ်တာ ကြောင့် အမြဲထွေးပိုက်ထားလို့ မရနိုင်သလို ဖွံ့ဖြိုးစအရွယ်ဖြစ်တဲ့အတွက် ချုပ်တည်းထားလို့လည်း မရပြန်ဘူး။ စတင်ထိုင်တတ်လာပြီး လေးဘက်ထောက်သွားမယ်၊ နောက် လမ်းလျောက်တတ်မယ်၊ ပြေးမယ် စတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးလာတာနဲ့အမျှ ဒီခရီးရှည်မှာ ကလေးကလည်း သူ့လမ်းသူလျောက်နိုင်တဲ့ လူတစ်ယောက်အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ သမီးလေးက ငယ်ငယ်က တွန်းလှည်းထဲ ထည့်ထားတာများတော့ လမ်းစလျှောက်တတ်လာတဲ့အချိန်ကျတော့ ခြေဖျားထောက်ထောက်ပြီး သွားနေတဲ့အတွက် […]


manawphyulayJune 5, 20171min1410
လျှပ်စစ်ကျွမ်းကျင်(၆လ)သင်တန်းအတွက်သင်တန်းသားခေါ်ယူခြင်း =========================== အခြေခံပညာ အထက်တန်းကျောင်းမှ ဆယ်တန်းအောင် (သို့) ဆယ်တန်းနှင့် ညီမျှသောပညာ သင်ယူခဲ့ပြီး၊ သက်မွေးပညာသင်တန်း တက်ရောက်လိုသော၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသော လူငယ်များအတွက် CVT Myanmar တွင် လျှပ်စစ်ကျွမ်းကျင်ပညာ (စာတွေ့၊လက်တွေ့) တဆက်တည်းသင်ယူနိုင်မည့် ကာလတိုသင်တန်းကို စတင်လျှောက်ထားနိင်ပါပြီ။ လျှပ်စစ်ပစ္စည်း သွယ်တန်းတပ်ဆင်ခြင်းများကို CVT Myanmar မှ စာတွေ့နှင့်လက်တွေ့ ကျွမ်းကျင်ဆရာများနှင့် ဇူလိုင်လမှ ဇန်နဝါရီလ (၆လ) အထိ သင်ယူပြီး၊ NSSA-level 1,2 စာမေးပွဲကို ဝင်ရောက် ဖြေဆိုခြင်းဖြင့် အောင်မြင်ပါက ကျွမ်းကျင်မှု လက်မှတ်များကိုပါ ရရှိနိုုင်မည် ဖြစ်ပါသည်။ ဤသင်တန်းအတွက် May Bank မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ CVT Myanmar အနေနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် […]


manawphyulayApril 25, 20171min35410
ဘာလိုလိုနဲ့ ရွာထဲမှာ ယခုပိုစ့်နဲ့ဆို ၉၃ဝ မြောက် ပိုစ့်လည်းဖြစ်ပါတယ်။ ကလေးတစ်ဖက်နဲ့ အလုပ်နဲ့ဆိုတော့ လာမလည်ဖြစ်တာလည်း အတော်ကြာပါပြီ။ သတိကတော့ အမြဲရပါတယ်။ အားလုံးကလည်း မနောကို မေ့နေကြပြီလို့ ထင်ပါတယ်။ သရဲလာခြောက်တယ်ပဲ မှတ်ထားပေါ့နော်။ အမှန်တကယ်တော့ အမြဲလာရောက်နေခဲ့ချင်တာပါ။ စာပေနဲ့ဝေးကွာနေသလို ခံစားမိတယ်။ နောက်တစ်ချက်က စာရေးချင်ပေမယ့် ဘယ်ကစပြီး ရေးမလဲ စဉ်းစားနေတုန်းပဲရှိသေးတယ်။ နှစ်သစ်မှာ လာရောက်နှုတ်ဆက်ရင်း စာတွေ ဆက်လက် ရေး သင့် မရေးသင့် အကြံဉာဏ်များပေးကြပါဦးလို့နော်။ ရွာလေးကို သတိရတယ်။ လွမ်းတယ်။ အိမ်ပြန်ရောက်ရင် အရင်လို ကွန်ပျူတာ မကိုင်ဖြစ်တော့ ရွာလေးနဲ့ အလှမ်းဝေးနေတယ်။ အားလုံးလည်း ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေလဲလို့ အမြဲစဉ်းစားနေမိပါတယ်။ ခုချိန်မှာတော့ မနောဖြူလေး တစ်ယောက် ကျွေးဟောင်းဆပ်ရင်း ကျွေးသစ်ချဖို့နှင့် ဝမ်းစာအတွက် အလုပ်လုပ်နေကြောင်းပါရှင်။ […]


manawphyulayApril 22, 20161min1526
ချစ်ခင်ရပါသော မောင်နှမများအားလုံးအတွက် မနောမှ နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံလည်းစမ်းရင်း အပြင်းလည်းပြေဖြစ်ရအောင်။ ကိုယ်တိုင်ကံစမ်းဖူးပြီး ကိုယ်တိုင်မဲပေါက် အမှန်တကယ် ထုတ်ပေးတဲ့ ကံစမ်းမဲဝက်ဂ်ဆိုက်လေး တစ်ခု ချိတ်ဆက်ပေးချင်ပါတယ်။ ဒါကြောင့် နှစ်သစ်မှာ အားလုံး ကံကောင်းသူများ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။ ပျော်ရွှင်စွာ ကံစမ်းကြည့်ကြပါနော်။ Get Chance (http://get-chance.asia/my) ကံစမ်းမဲ ဝက်ဆိုက်မှ ကြိုဆိုပါတယ် Get Chance တွင် မည်သူမဆို အခမဲ့ လွယ်ကူစွာ ဝင်ရောက် ကံစမ်းနိုင်ပါတယ် Get Chance တွင် ပါဝင်ဆင်နွှဲရန် အဆင့်(၄)ဆင့် ရှိပါတယ်။ အဆင့် (၁) ကိုယ်ပိုင်အကောင့်တစ်ခုရယူပါ အဆင့် (၂) GCMoney စု၍ နှစ်သက်ရာ ဆုပစ္စည်းများကို ကံစမ်းပါ အဆင့် (၃) ဆုရသည့် […]


manawphyulayApril 8, 20161min18510
“HAPPY THINGYUN FESTIVAL & MYANMAR NEW YEAR” မြန်မာနှစ်သစ်ကူး အတာသင်္ကြန်နေ့လေးများကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ Manawphyulay မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ မြန်မာသက္ကရာဇ် (၁၃၇၈) ခုနစ် နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သည့် ဘဝများကို သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ကြပြီး ယခုလက်ရှိလုပ်ကိုင်နေသော စီးပွားရေး နှင့် လူမှုရေး လုပ်ငန်းများတွင်လည်း ဆထက်တပိုးအောင်မြင်ကြပါစေကြောင်း မနောဖြူလေး မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေ.. အားလုံး မှတ်မိသေးရင် ကော့မန့်တစ်ချက် တို့ပေးခဲ့နော်…. အားလုံးကို အမြဲ သတိရ ခင်မင်လျှက် မနော


manawphyulayAugust 12, 20151min21913
ငါ မျှော်လင့်ချက် တစ်ခုနဲ့ ဟိုး မဆုံးနိုင်တဲ့ ကောင်းကင်ကြီးကို ငေးကြည့်နေမိတယ်။ ငါ့ အတွေးပင်လယ်ထဲ မှာ ငါ့ကိုယ်ငါ စီးမျောရင်း ဒီ အချစ်တစ်ခုကို ငါ ရဲရဲကြီး မွေးဖွားခဲ့တယ်။ ငါ ပျော်နေတယ်။ ငါ ဝမ်းသာတယ်။ ငါတွေးပြီး ကြည်နူး နေမိတယ်။ ဒါဟာ အချစ် ကိုယ်ပွားတဲ့လား? ရင်ထဲက မေတ္တာတရားက အဆမတန် ဖွံ့ဖြိုးလာခဲ့ပြီ။ ငါသိတာ တစ်ခုက ငါ့ရင်ထဲမှာ ဒီအချစ်သစ် နဲ့ အတူ ပေါက်ဖွားလာတဲ့ မျှော်လင့်ချက် ရောင်စဉ်တွေက နံနက်ခင်း ရောင်စဉ်နဲ့ အတူ ငါ့ဘဝကို အရောင်တွေ ခြယ်နေပြီ။ ပေပေတေတေနေတတ်ခဲ့တဲ့ ငါ့အတွက် အနာဂတ်ကို လှမ်းမျှော်ကြည့်တတ်လာပြီ။ ဟိုး အရှေ့က ဝိုးတဝါးဝါး မြင်နေရတာ “အနာဂတ်” […]


manawphyulayJuly 29, 20152min1201
Vacancy Announcement for Center for Vocational Training (CVT) (Local Only) Center for Vocational Training (CVT), Yangon, provides vocational training according to the dual apprenticeship model (Theory and Practice) from Switzerland. CVT works closely with a wide range of training companies as a non profit organization since 2002. 1 Accounting, Economics & Business Administration Teacher Male/Female […]


manawphyulayJune 29, 20151min1083
အမေ…. လောကရဲ့ ဓမ္မတာအရ သေမင်းကို အံတုပြီး ရဲရင့်မှု အပြည့်နဲ့ သားသီ္မး တို့ကိုမွေးဖွား သွေးသားကို နို့ချိုပြောင်း အားသစ်တွေလောင်းပေးတဲ့အမေ….. များတကာမတုနိုင်တဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံ ရင်တွင်းမှာ လုံခြုံစေပြီး လောကရဲ့ အလယ် မျက်နှာမငယ်စေတဲ့ အမေ….. အချိန်တန် ရင်ကိုစုံကန်ထွက်လည်း မျက်နှာတစ်ချက်မပျက် ရင်ထဲပွက်ဆူတာ လူမသိစေ မချိ ပေမဲ့ အပြုံး မပျက်စေတဲ့ အမေ…… ဆန်ရေကို မမျှော် စုန်ရေကို ပျော်နေတဲ့ အမေ…. အမေ့သွေးသားတွေနဲ့ ထုဆစ်ဝေခဲ့တဲ့ သားသ္မီးတွေ ပျော်နေ ၊ ပြုံးနေရင် အမေ့ရင်မှာ လုံးလုံးကြီးငြိမ်းနေသယောင် အနန ္တဆိုတာ တိုင်းတာဖို့ ခက်ပေမဲ့ အနန ္တပေါင်းအနန ္တဆိုတာ အမေ့ မေတ္တာနဲ့ စာခဲ့ရင် အသေးအမွှားပါလား […]


manawphyulayJune 26, 20151min867
ပန်းပုဆရာဘဝ လက်ကြမ်းပါလည်း ရုပ်မှာ ချောစေချင်မိသည်… ပန်းပဲဆရာဘဝ အိုမင်းနေပါလည်း ဓားမှာ ထက်စေချင်မိသည်… အုတ်ဖုတ်သမားဘဝ မီးပျော့နေငြားလည်း ကိုယ်ဖုတ်သော အုတ် ခံ့ညားခိုင်ခံ့စေချင်သည်… ကျောက်သွေးသမားဘဝ အနေစုတ်သော်လည်း စိန်ကောင်း ကျောက်ကောင်း တစ်ပွင့် ထွက်စေချင်မိသည်… လက်ဦးဆရာမည်ထိုက်စွာဖြင့် မိဘမှာလည်း ရင်မှာ ဖွားမည့် သမီးလေးအား ကြီးမားမေတ္တာ ဂရုဏာဖြင့် လိုရာပုံသွင်း ပျော့ဖယောင်းသို့ ထွန်းလင်းတောက်ပြောင် မြင်ချင်မိသည့် ရင်တွင်း မိခင်စကားပါတည်း….


manawphyulayJune 22, 20152min41120
တောင်ကြီးခရီးစဉ်မှာ ကလောမြို့သို့ အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်ပြန်တော့ သွားဖြစ်ခဲ့တဲ့အိမ်ခြံနဲ့ ကပ်ရက်က ဗိုလ်ချုပ်ကြီး စမစ်ဒွန်း အိမ်ဖြစ်နေတဲ့အတွက် ဒီဘက်အိမ်က အိမ်ရှင်တွေက သွားချင်ရင် လိုက်ပို့ပေးမယ်ပြောလို့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအိမ်သို့ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက ရှမ်းပြည်မှာ ပထမဆုံး ဗိုလ်ချုပ်စဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအကြောင်းကိုတော့ ရေးရေးမျှပဲ သိရတဲ့အတွက် အကျယ်တဝင့် သိသူများရှိရင် ပြန်လည်မျှဝေဖို့ ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်ရှင်။ အိမ်ကြီးကိုရောက်တော့ မှောင်ရီပျိုးစအချိန်ဖြစ်နေပါပြီ။ အဲဒီအိမ်မှာ ဘယ်သူနေလဲ စပ်စုမိတော့ ဗိုလ်ချုပ်ကြီးရဲ့ မျိုးဆက် သမီးတစ်ဦးထဲ နေထိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ အသက်ကတော့ ၇ဝ ကျော်ကျော် ကရင် အမျိုးသမီးကြီးတစ်ဦးတည်း အိမ်အကြီးကြီးမှာ နေတယ်ဆိုလို့ အံ့ဩမိပါသေးတယ်။ အိမ်ထဲဝင်ဖို့ အဘွားကို ခွင့်တောင်းတော့ တံခါးသော့ခတ်ထားတာကို လာဖွင့်ပေးပါတယ်။ တံခါးတင်သော့ခတ်ထားတာမဟုတ်ပါဘူး။ […]


manawphyulayJune 17, 20151min1429
သူငယ်ချင်းရေ… ကြုံဆုံလာကြ ဒီဘဝ ရေစက်ဆုံစဉ် တစ်ခဏ နင်နဲ့ငါဟာ ချိန်ခါရက်ညောင်း နှစ် လ ဟောင်းက အကြောင်းမလျော် ကွဲကြသော်မှ မတော်တဆ ကံပစ်ချ၍ နင်က နိုင်ငံခြားရောက် ငါက ငါ့မြို့လေးတွင်ရှိခဲ့ရင်လဲ တစ်ချိန် တစ်ကွေ့ ဘဝတစ်ကွေ့မှာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း လျှောက်ခဲ့ရင်လဲ ငါနဲ့ ကြုံစဉ် မကြည်မျက်နှာ ဒေါမာန်နဲ့ကြည့် အထက်စီးဖြင့် မကြည့်လေဟု ငါ မျှော်မှန်းသည် သူငယ်ချင်း…


manawphyulayJune 16, 20151min28017
ခေါင်းဆောင်တဲ့။ ဘယ်လိုအရာတွေကိုခေါင်းဆောင်လို့ ခေါ်တာလဲ။ ဘယ်လိုလူမျိုးတွေကိုသတ်မှတ်တာလဲ။ ကိုယ်က ခေါင်းဆောင်လား ဒါမှမဟုတ် ကိုယ့်မှာခေါင်းဆောင်ရှိရဲ့လား စဉ်းစားကြည့်မိပါသည်။ ဒီအတိုင်း ခေါင်းဆောင် ဆိုတဲ့ နာမည်ခံနေရုံနဲ့တော့ ခေါင်းဆောင် ဒါမှမဟုတ် ဦးဆောင်သူလို့ ခေါ်ထိုက်သလားစဉ်းစားဖို့ လိုလာပါပြီ။ ဘယ်နေရာမဆိုသူ့နေရာနဲ့သူတော့ ဦးဆောင်သူဆိုတာရှိစမြဲပါပဲ။ အိမ်မှာလည်းအိမ်အလျောက် ရုံးမှာ ဒါ့အပြင် အသင်းအဖွဲ့တွေမှာကော Leader လို့ ခေါ်တဲ့ ဦးဆောင်သူတွေ တွေ့ရှိရမှာပါ။ ခေါင်းဆောင် အကြီးအမှူးဆိုတာနာမည်ကြားလိုက်ရုံနဲ့ ခွန်အားပြည့်သွားသလို၊ အားမာန်တက်သွားသလို၊ လုံခြုံသွားသလို ခံစားမှုမျိုးဖြစ်ပေါ်စေပါသည်။ ဥပမာ ကျွန်မတို့ရဲ့ဖခင်ကြီးလူတိုင်း နိုင်ငံတိုင်းကကမ္ဘာကပါ အသိအမှတ် ပြုထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း Leader ကောင်းတစ်ဦးပါလို့ ပြောရင် သင် ငြင်းနိုင်ဦးမှာလား။ နောက် မမေ့နိုင်သည့် ပုဂ္ဂိုလ်တစ်ဦးသည်လည်း ရှိပါသေးသည်။ ဘုရင့်နောင်ဖောင်ဖျက်သည် ဆိုတဲ့ စကား ခုချိန်တိုင် သုံးစွဲနေကြသေးသည်ကို […]