maungmoenyoFebruary 24, 20121min27923
အုပ်ချုပ်ရေးခက်မ (မဏ္ဍိုင်) ကချင်ပြည်နယ်မြစ်ဆုံဒေသဆည်ရေကာတာ တည်ဆောက်ရေးရပ်ဆိုင်းသည့်ကိစ္စမှစ၍ နိုင်ငံရေးအကျဉ်းသားအားလုံးလိုလိုလွှတ်ပေးခြင်းကိစ္စ၊ ပြည်သူတို့၏ အနာဂါတ်မျှော်လင်ချက် ကို  ပုံဖေါ်ပေးနိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အားလွတ်လပ်စွာနေထိုင်ခွင့်ပေးယုံမက သမ္မတကြီးကိုယ်တိုင် မိမိဇနီးနှင့်အတူရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြခြင်းတို့သည်. မြန်မာပြည်သူအများ ကို မျှော်လင့်ချက်အသစ်များ ဖန်တီးပေးသည့် ကာလတခုသို့ချင်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ပြည်သူတရပ်လုံးက သတိမူမိချိန်ဟုဆိုရပါမည်။ သမ္မတဦးသိန်းစိန် သမ္မတသစ်အဖြစ်ကျမ်းကြိမ်ဆို စဉ်က ရေလဲနှင့်သုံးခဲ့သော good governance ဟူသော ဝေါဟာရသစ်တခု သည်လည်းမြန်မာ့နိုင်ငံရေး လောကတွင်းချင်းနင်းဝင်ရောက်နေရာယူပြီး အတော်ရေပန်းစားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံဘာလီသိုုရောက်နေသော အမေရိကန်သမ္မတအိုဘားမား မှ ဒေါ်အောင်ဆန်းစုကြည် နှင့်တိုက်ရိုက်ဆက်သွယ် ဖုံးစကားပြောရာကစ၍ မြန်မာနှင်(့အထူးသဖြင့်)အနောက်နိုင်ငံတို့၏ ဆက်ဆံရေးသည်တမဟုတ်ချင်းပြောင်းလဲသွားစေခဲ့သည်ကိုတွေ့ရပါသည်။ ရာစုနှစ်ဝက်အတွင်းအမေရိကန်မှ အဆင့်အမြင့်ဆုံးရာထူးရှိ နိုင်ငံခြားရေးဝန်ကြီး သာမက၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၊ ဥရောပသမဂ္ဂ ဝင်နိုင်ငံများမှ ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ခြေလှမ်းပျားပန်းခတ်နေသောအချိန် ဟုဆိုရမည်ပင်။ အတိုက်အခံ […]


maungmoenyoNovember 29, 20111min26718
ယုံချင်ယုံမယုံချင်နေ။ ဒိကိစ္စကမနေ့ကပြီးသွားတဲ့ မြန်မာနိုင်ငံတော်သံဃနာယကအဖွဲ့ကြီးရဲ့ (၄၇)ပါးစုံညီ အစည်းအဝေးမှာ၊ တညီတညွတ်ထဲဆုံးဖြတ်လိုက်တဲ့ သတိပေးတားမြစ်ချက်တွေပါ။ အဲ့ဒီအပြင်ဒီကိစ္စတွေပါပညတ်လိုက်ပါတယ်။ –       ဒါယကာ/မ များအထင်ကြီးအောင် ထင်ယောင်ထင်မှား အစွမ်းအစရှိသယောင်ဟောပြောခြင်း။ –       ဒေါသ၊ မာနကြီးခြင်း။ –       ဗေဒင်၊ ဆေးကု၊ ဓါတ်ရိုက်ဓါတ်ဆင်၊ အင်းအိုင်လက်ဖွဲ့များစီရင်ခြင်း၊  ချဲထီအစရှိသောကိစ္စများ ဆောင်ရွက်ပေးခြင်း –       ယင်းကိစ္စများနှင့်အသက်မွေးဝမ်းကျောင်းပြုခြင်း။ –       လာဘ်ပါသကလက်ခံ၍ ဆောင်ရွက်ပေးခြင်း ကိစ္စများ။ –       မြှူဆွယ်ဖြားယောင်၍ ကိစ္စပြီးမယောင် ထင်ယောင်ထင်မှား လုပ်ခြင်း။ ဆောင်ရွက်ပေးမည်ဟုပြောဟောပြီး ဆောင်ရွက်ခြင်း။ –       ကိလေသာတရားနှင့် ဝိနည်းနှင့်မည ီညွတ်သော အကြံအစည်အပြုအမူ ပြုလပ်ခြင်း။ မောင်မိုးညို မနေ့ကသတင်းစာမှာဖတ်လိုက်ရတော့ ကိုယ့်မျက်စိကိုယ်မယုံနိုင်သလိုဖြစ်သွားပါတယ်။ ခုတလော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိမ်တောင်ပြောင်းလဲမှုတွေ ခြေလှမ်းသွက်လာနေတဲ့ကြားထဲက၊ ဒိသတင်းထွက်လာတော့ တော်တော်အံ့ဩသွားသလို၊ စိတ်ချမ်းသာစရာ သာသနာသန့်စင်ရေး ခြေလွမ်းတခုအနေနဲ့ အဖြစ်မြင်လိုက်မိပါတယ်။ […]


maungmoenyoNovember 21, 20111min21415
မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးကြီးမှာ ဗိုလ်ခင်အောင်မြင့်ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်နဲ့ ဗိုလ်ရွှေမန်းရဲ့ ပြည်သူ့လွှတ်တော်ကြားမှာ ဥပဒေကြမ်းတွေကိစ္စနဲ့ပါတ်သက်ပြီး အပြန်အလှန်ငြင်းကြခုန်ကြတဲ့ အစာမကြေမှုကိစ္စပေါ်ပေါက်လာတာကို သွားတွေ့ရပါတယ်။ စိတ်ဝင်စားစရာကိစ္စမို့ တင်ပြရတာပါ။ ဖြစ်ပုံကဒီလိုပါ။ ပြီးခဲ့တဲ့အောက်တိုဘာ(၂၈)ရက်က လွှတ်တော်(၂)ရပ်ပေါင်းပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကနေ၊ လွှတ်တော် တရပ်ရပ်ကတင်သွင်းလာသောဥပဒေကြမ်းတခုခုနဲ့ပါတ်သက်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးကိုပေးပို့ပြီးအဆုံအဖြတ်ခံယူဘို့ (အသံနဲ့မဲခွဲတယ်လို့ဆိုပါတယ်) သဘောတူခဲ့ပါတယ်။ အဲ့ဒီကိစ္စဆုံးဖြတ်ပြီးမှ၊ ပြည်သူ့လွှတ်တော်ကနေအဲ့ဒီဆုံးဖြတ်ချက်ကိုကန်ုကွက်ကြောင်းအဆိုတင်ပါတယ်။ အဲ့ဒီပြည်သူ့လွှတ်တော်တရပ်လုံကတင်တာပါ။ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်ဟာ (အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့) လွှတ်တော်(၂)ရပ်အပေါ်မှာရှိတာပါ။ အထက်ကအတည်ပြုပြီးကာမှ အောက်ခြေလွှတ်တော်တရပ်ကကန့်ကွက်တယ်ဆိုတော့၊ ဗိုလ်ခင်အောင်မြင့်သိက္ခာကျတာပေါ့။ စွေ့စွေ့ခုံသွားပုံရပါတယ်။ အမျိုးသားလွှတ်တော်အမတ်မင်းများကလည်း ပြည်သူ့လွှတ်တော်အမတ်မင်းများကိုအစာမကြေဖြစ်သွားတယ်လို့ကြားရပါတယ်။ မခေါ်နိုင်မပြောနိုင်တွေတောင်ဖြစ်သွားပုံရပါတယ်။ ဟဲဟဲ- ဒိမိုကရေစီရဲ့အရသာကို အမတ်မင်းတို့ ရေရေလည်လည်ခံစားနေရပါတယ်။ ဒါဟာဒီမိုကရေစီရဲ့ အနံ့အသက်ဘဲရှိပါတယ်။ ခံနိုင်ရေဘယ်လောက်ရှီကြလဲအမတ်မင်းတို့…။ လေ့လာကြည့်ရသလောက် နှစ်ဘက်လုံကမှားလဲမှားတယ်၊ မှန်လဲမှန်ပါတယ်။ မှားရတာက လွှတ်တော်ဆိုတာဥပဒေပြုဘို့ ပြည်သူကတိုက်ရိုက်ရွေးထားတဲ့အမတ်တွေနဲ့ဖွဲ့ထားပြီးသားပါ။ သူနားမလည်ရင်အထောက်အကူပြုဘို့၊ ဥပဒေပညာရှင်တွေ လွှတ်တော်ရုံးတွေမှာခန့်ထားပြီးသားပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့တာဝန်က […]


maungmoenyoNovember 19, 20111min19418
အများရဲ့သဘောတူညီပြီးသားအချက်ကို လူနဲစုက အလေးဂရုပြုရတဲ့ကိစ္စက လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ အပြောတော့လွယ်ပါတယ်။ ဒီလိုသဘောတူထားတဲ့ကိစ္စ ကိုလိုက်နာပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ဘို့ ကပိုလို့တောင်ခက်ပါသေးတယ်။ နိုင်ငံရေးအာဃာတတွေ ဘေးချိတ်ရမဲ့အချိန်ဖြစ်ပါတယ်။ တရားသေဆုတ်ကိုင်တဲ့ ဝါဒကိုခဝါချရမဲ့အချိန်ရောက်ပါပြီ။ ငါ့ကိုဒုက္ခရောက်အောင်လုပ်ခဲ့တဲ့၊ ငါ့မိသားစုကို လမ်းဘေးရောက်အောင်လုပ်ခဲ့တယ်ဆိုတဲ့ ခံစားခဲ့ကြရတဲ့ ဝေဒနာတွေ ဟာ နာကျင်စရာကိစ္စ၊ နစ်နာတဲ့ကိစ္စ၊ ကိုယ့်အကျိုးနဲခဲ့ရတဲ့အဖြတွေမှန်ပေမဲ့၊ ခေတ်တွေပြောင်းခဲ့ပါပြီ။ ဒီလိုဘဲ ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြောတဲ့ ဘဝတွေနဲ့ဘဲ ဆက်ပြီးစခန်းသွားကြမလား။ ဒါကိုစဉ်းစားကြရမဲ့အချိန်ရောက်နေပါပြီ။ နောင်ပေါက်ဖွားလာကြမဲ့ သားစဉ်မြေးဆက်တွေအတွက်ကောင်းမွေ တွေပေးဘို့အချိန်ကျပါပြီ။ ခြံစည်းရိုး ခွထိုင်တဲ့အယူအဆ၊ ခြံခုန်တဲ့ အမြင်မျိုးတွေ လို့သတ်မှတ်လို့မရတော့ပါဘူး။ လက်ညှိုးထိုးတရားခံရှာရမဲ့ လက်တွေ့မကျတဲ့ တောင်းဆိုချက်တွေ ကိုဘေးချိတ်ရမဲ့အချိန်ကျပါပြီ။   ဒေါ်စု ဟာ လက်ရှိအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့တဲ့အတွက်၊ ဆွေးနွေးချက်တွေထဲမှာ လက်သင့်ခံလောက်တဲ့ လက်တွေ့ကျတဲ့ ကမ်းလှမ်းချက်တွေပါလာပုံရပါတယ်။ လက်ရှိအစိုးရဟာ ဒေါ်စုလက်တွဲပါဝင်လာရေးကိုလိုလိုလားလားရှိလာတဲ့ပုံ ထင်ရှားလာပါတယ်။  […]


maungmoenyoNovember 7, 20111min1013
လွှတ်တော်(၂)ရပ်လုံး(သို့) တခုခုမှအတည်ပြုပေးလိုက်သော ဥပဒေကြမ်းတရပ်အပေါ် နိုင်ငံတော်သမ္မတထံ တင်သွင်းလက်မှတ်မထိုးခင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတင်ဘို့ အမျိုးသားလွှတ်တော်ကြီး ကအခုလက်ရှိဒုတိကအကြိမ်လွှတ်တော်အစည်းအဝေးကြီးမှာ ကြိုးစားခဲ့ပါတယ်။ တကယ်တော့ ပြည်ထောင်စုလွှတ်တော်လို့ခေါ်တဲ့ လွှတ်တော်(၂)ရပ်ပေါင်းက ဆုံးဖြတ်တာလို့ဆိုပါတယ်။ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါပြဌာန်းချက်များနဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ပြည်သူ့လွှတ်တော် အခွင့်အရေးများဆိုင်ရာကော်မီတီရဲ့အတွင်းရေးမှူးဖြစ်တဲ့ ဒေါက်တာစိုးရင် (ယခင်ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်လဲဖြစ်၊ ဥပဒေပါမောက္ခလဲဖြစ်သူ ကြံဖွံ့အမတ်) က ဥိးဆောင်တင်သွင်းကန့်ကွက်ဖို့ကြိုးစားခဲ့ပါတယ်။ ဖြစ်ရတာက ဗိုလ်ချုပ်ခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသားလွှတ်တော် နဲ့ ဗိုလ်ချုပ်ရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် (၂) ခုတို့ရဲ့ အားပြိုင်မှုပါဘဲ။ မြန်မာနိုင်ငံအကြောင်းနားမလည်သူတွေ က ဒါဟာ ကောင်းမွန်တဲ့အားပြိုင်မှုလို့ရုတ်ချည်မှတ်ချက်ပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာဒီမိုကရေစီနည်းကျတဲ့ အပြန်အလှန်ဆွေးနွေး debate ပြုမှုလို့မြင်နိုင်ပါတယ်။ အတွင်းကျကျလေ့လာရင်ဒါဟာ အုပ်စုအားပြိုင်မှုတခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြည်ထောင်စုလွှတ်တော်ကသဘောတူညီထားပြီးကိစ္စတခုကို အဲ့ဒီလွှတ်တော်ကြီးထဲမှာပါတဲ့ ပြည်သူ့လွှတ်တော်က ကန့်ကွက်တာကအတည်ဖြစ်သွားပုံရပါတယ်။ အံ့ဩစရာပါဘဲ အုပ်စုအားပြိုင်မှုဆိုတာမကောင်းပေမဲ့ အပြန်အလှန်ငြ်းခုန်မှုတွေဟာ ကောင်းတဲ့ စရိုက်လက္ခွှာတွေပေါ့။ […]


maungmoenyoSeptember 4, 20111min20711
investigators-rule-death-of-rebecca-zahau-a-suicide-family-unconvinced=8331မနေ့ကကယ်လီဖိုးနီးယားတောင်ပိုင်ကထုတ်ဝေတဲ့သတင်းစာအားလုံးလိုလိုနဲ့၊ အင်တာနက်တွေမှာ မြန်မာပြည်ဖွား (၃၂) အရွယ် Rebecca Zahau ရဲ့ ကြေကွဲပွဲရာဖြစ်ရပ်ဇာတ်သိမ်းလို့ဆိုရမလား အကြောင်းအကျယ်တဝင့်ပါလာပါတယ်။ San Diego မြို့ Coronado မှာ အိပ်ခန်း (၂၇) ခန်းရှိတဲ့ သန်းပေါင်းမြောက်များစွာတန်ဘိုးရှိတဲ့ mansion ကြီးမှာမှာနေထိုင်တဲ့ Rebecca တယောက် ပြီးခဲ့တဲ့ ဇူလိုင်(၁၃) ရက်က ဇွဲကြိုးချသေဆုံးတဲ့ ဖြစ်ရပ်ကစတာပါ။ ရဲနှင့် သေမှုသေခင်းစစ်အားလုံးက မိမိကိုယ်ကိုသေကြောင်းကြံမှုအဖြစ်ကောက်ချက်ချလိုက်ပါပြီ။ Rebecca ရဲ့ ခင်ပွန်းဖြစ်သူ Jonah Shacknai ဘက်ကပါလာတဲ့ Max ဆိုတဲ့ (၆)နှစ်အရွယ်ကလေးငယ်အိမ်ကြီးကလှေကားပေါ်ကပြုတ်ကျပြီး၊ ဆေးရုံပေါ်မှာ အသည်းအသန်ကုသခဲ့ရပါတယ်။ အဲ့ဒီကလေးငယ်မကြာခင်အတွင်း သေဆုံးမှုဖြစ်ပြီး၊ နာရီပိုင်းအကြာမှာ အဲ့ဒီ MANSION ကြီးရဲ့ ရှေ့မျက်နှာစာမှာ အကျည်တန်စွာနဲ့ ဇွဲကြိုးချခဲ့တာကိုတွေ့ကြရပါတယ်။ မသေမှီနာရီပိုင်းအလိုက သူ့မရဲ့ ဖုံးမှာ Max […]


maungmoenyoJuly 19, 20111min15713
ခုအချိန် အမေရိကန်ပြည်ထောင်စုတဝှမ်းမှာ ညံနေအောင်ကြားနေရပြီးဖြစ်တဲ့  Debt ceiling မြှင့်တင်ရေး(တနည်း – အစိုးရက အကြွေးကိုတို့းမြင့်ရယူရေး) ကိစ္စဟာ လူထုကြားထဲကိုဂယက်ရိုက်စပြုနေပါပြီ။ အလုပ်မှာဘဲကြည့်မလား၊ မိတ်ဆုံပါတီတွေမှာဘဲကြည့်မလား၊ နားလည်ကြသူတွေက နားလည်သလို ဆွဲပြောကြ ငြင်းကြခုန်ကြနဲ့ တချို့ဆိုအချင်းချင်းမခေါ်နိုင်မပြောနိုင်ဘဝကိုရောက်နေကြပါပြီ။ နိုင်ငံတိုင်းမှာ အစိုးရဟာ လူထုကပေးတဲ့ အခွန်အခပေါ်မှာနိုင်ငံတည်ဆောက်ရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေးကအစ လုပ်ပေးဘို့ကအစိုးရရဲ့ကြီးလေးလှတဲ့တာဝန်ပါ။ ဒီလိုစိမံခန့်ခွဲရေးကိစ္စလုပ်ရာမှာ နိုင်ငံဘဏ္ဍာကို ခွဲဝေသုံးစွဲရာမှာ သက်ဆိုင်ရာ လွှတ်တော်ရဲ့ သဘောတူညီချက်ဘောင်ထဲကသုံးကြရပါတယ်။ မလောက်ရင်အစိုးရရဲ့ ထုခွဲမရတဲ့ ပိုင်ဆိုင်မှု (တနည်း bond) တွေကို တန်ဘိုးပြပြီးထုခွဲရပါတယ်။ ဒီလိုထုခွဲရင်း တန်ဘိုးအလွန်ခိုင်မာတဲ့ bond တန်ဘိုးဟာ ကျဆင်းလေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ bond တွေဟာ နိုင်ငံတကာမှာဒီကနေ့အထိ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေသေးတာအမှန်ပါ။ မျက်စောင်းထိုးကြသူတွေ ဒုနဲ့ဒေးပါ။ ဒါသမိုင်းနဲ့ချီပြီးရှိတဲ့ အမေရိကန်အစိုးရရဲ့ […]


maungmoenyoJune 9, 20111min22912
မြန်မာအစိုးရရဲ့ စီးပွားရေးအတိုင်ပင်ခံ Winstonဆက်အောင် (လက်ရှိ Asian Development Research Institute ရဲ့ director လည်းဖြစ်သူ) က မြန်မာနိုင်ငံမှထွက်ခွာသွားကြသူတွေ ကို ယခင်ကခေါ်ဝေါ်သမုတ်ကြသလို brain drain (ဦးနှောက်ယိုစီးမှု) လို့မခေါ်သင့်တော့ကြောင်း။ အမှန်အားဖြင့်သူတွေ့ဟာ brain gain များသာဖြစ်ကြောင်း၊ သူတို့တတွေဟာ နိုင်ငံအတွက်အရေးတကြီးလိုအပ်တဲ့ နိုင်ငံခြားဝင်ငွေကိုသာမက၊ အတတ်ပညာနှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေကိုသယ်ဆောင်လာကြသူတွေ ဖြစ်ကြောင်း ဒီနေ့ ပြောကြားလိုက်ခြင်းအားဖြင့်၊ ဒီနေ့ မြနိ်မာနိုင်ငံရြ့နိုင်ငံရြ့ နိုင်ငံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီဟာကဆန်းသစ်တဲ့အတွေးအခေါ်အယူဆတခုလဲဖြစ်နေပါတယ်။ပြည်ပကိုနည်းမျိုးစုံနဲ့ထွက်ခွာသွားကြသူတွေ ကို မျက်စေ့စုံမှိတ်ပြီး၊ ပြည်ပအားကိုးပဆိန်ရိုးလိ ု့ စွပ်စွဲနေတဲ့ဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားတဲ့ခြေလှမ်းဆိုရင် ကြိုဆိုရမှာပါ။ အစိုးရထိပ်ပိုင်းကစပြီး သိ/တတ်ပညာရှင်တွေကိုခုရက်ပိုင်းတွင်းမှာ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်လာကြတာတွေ့ရလို့၊ အရင့်အရင်ကမတွေ့ခဲ့ဘူးတဲ့ ခြေလှမ်းသစ်တွေမို့၊ ကမ္ဘာက စိတ်ဝင်တစားကြည့်နေကြပါတယ်။ ဒါပေမဲ့ အမြင်ကောင်းအောင်သနပ်ခါးလိမ်း ပြီး ဝေါဟာရတန်ဆာဆင်တတ်တဲ့ […]


maungmoenyoApril 22, 20111min743
ပြီးခဲ့တဲ့ နှစ်မတ်လ (၂၃) ရက်က ဒီမိုကရက်တစ်ပါတီကြီးစိုးတဲ့ လွှတ်တော်(၂) ရပ်က ရီပါတ်ဘလစ်ကန်ပါတီ ထောက်ခံမှုကင်းတဲ့ Patient Protection and Affordable Care Act လို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးတခုလုံးကိုပြုပြင်ပြောင်လဲမဲ့ဥပဒေဟာ တနှစ်သားတင်းတင်းဖြစ်သွားပါပြီ။ တနိုင်ငံလုံးကဝေဖန်မှု၊ ထောက်ခံမှုတွေရောပြွန်ခဲ့တဲ့ အဲ့ဒီဥပဒေကိုအဓိက တိုက်ခိုက်ကြသူတွေကတော့ ရီပတ်ဘလစ်ကင်ပါတီ နဲ Tea Party အမည်ခံ ရီပတ်ဘလစ်ကင်ဘက်ဘက်ယိမ်းတဲ့ အဖွဲ့တွေကအဆိုးဆုံးပါဘဲ။ ဥပဒေပါပြောင်းလဲမှုတွေက ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အာမခံကုမ္ပဏီကြီးတွေ၊ ဆရာဝန်တချို့ နဲ့ လုပ်ငန်းရှင်ကြီးတွေ ကအဓိက ဆန့်ကျင်ကန့်ကွက်ကြပါတယ်။ သူတို့ရဲ့အကျိုးစီးပွားအရှိုက်ကို အတော်ထိသွားစေနိုင်တဲ့ ပြောင်းလဲမှုတွေမို့ ဒီလိုအသံကျယ်လောင်လာတာမဆန်းပါဘူး။ သူတို့နဲ့နီးစပ်တဲ့၊ ထောက်ပံ့အားပေးမှုလုပ်ပေးထားတဲ့ ဥပဒေပြုအမတ်တွေ ကိုချဉ်းကပ်ပြီးဒီဥပဒေ ကိုမဖျက်သိမ်းနိုင်တောင်၊ ပြုပြင်မှုတွေတတ်နိုင်သမျှ လုပ်ပေးဘို့တောင်းဆိုမှုတွေ၊ လုပ်လာကြပါတယ်။ ဒီဥပဒေပြဌာန်းချက်တွေ ကဥပဒေပြဌာန်းပြီးတာနဲ့ တပြိုင်တည်းအကျိုးသက်ရောက်မှု (effective) ဖြစ်တာ […]


maungmoenyoApril 8, 20111min1039
ပြီးခဲ့တဲ့ မတ် (၃၀) ရက်က မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲရဲ့ ယမန်နေ့နဲ့နောက်တနေ့အကူးအပြောင်းမှာ မောင်မိုးညိုအပါအဝင် သန်းပေါင်း(၆၀)သော မြန်မာပြည်သူတွေနဲ့အတူ ကမ္ဘာတဝှမ်းလုံးကပါမျက်စေ့လည်စရာ အဖြစ်၊ သမ္မတသစ် ဦးသိန်းစိန်ရဲ့ good governance နဲ့အစိုးရသစ်ရဲ့ကျင့်ဝတ်သိက္ခာ ထိမ်းသိမ်းရေးမိန့်ခွန်းကို သတိထားမိလိုက်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အစိတ်နီးပါး လူထုနဲ့ ကမ္ဘာကိုလှည့်ဖျားချင်တိုင်းစိတ်ကျလှည့်ဖျားပြီးကာမှ၊ သန့်ရှင်းစင်ကြယ်အောင်နေကြပါလို့ ပြောလိုက်ပုံက ခွက်ထိုးခွက်လန်ရီစရာကြီးဖြစ်နေပါကြတယ်။ အစိုးရသစ်ပေါ်ထွန်းလာပြီး ချီးမွမ်းထောပဏာထောက်ခံချက် တွေကို အာရှနဲ့အာဆီယံနိုင်ငံတွေ (ရုရှား နဲ့ တရုတ်ကတော့ ထိပ်ဆုံးပေါ့) ပြုံးအောလိုက်ကြပေမဲ့၊ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံကြီးတွေအပါအဝင် အနောက်နိုင်ငံတွေက တုပ်တုပ်တောပ်မလှုပ်တာ ကိုတွေ့ရပါတယ်။ လူထုထောက်ခံချက်အပြည့်နဲ့တက်လာတဲ့ဒီမိုကရေစီအစိုးရပါလို့ ကိုယ့်ကိုယ်ကို ကြွေးကြော်ပြီးတက်လာတဲ့ ဘောင်းဘီချွတ်ဗိုလ်ချုပ်များရဲ့ ဟန်းနီးမွန်းကာလ (၂၄) နာရီသာသာ လောက်အတွင်းမှာတင် အမေရီကန်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က မြန်မာအစိုးရကိုစီးပွားရေး ပိတ်ဆို့မှု ပိုမိုတင်းကျပ်စွာလုပ်ဘို့ ဆုံးဖြတ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။ အခြားတိုးတက်တဲ့နိုင်ငံကြီးတွေ […]


maungmoenyoFebruary 27, 20111min17812
ရုတ်တရက်ကြည့်လိုက်ရင် အပြင်လူတယောက်က ရုံးတရုံးမှာသိချင်တာရှိလို့ မရဲတရဲနဲ့မေးနဲ့တဲ့ မေးခွန်းလို့ထင်စရာရှိပါတယ်။ မဟုတ်ရေးချမဟုတ်ကြောင်းပါခင်ဗျား။ မနေ့ကပြည်ထောင်စုလွှတ်တော် ခေတ္တမရပ်နားခင် နာယကကြီး ဗိုလ်ချုပ်ခင်အောင်မြင့်က တက်ရောက်လာကြတဲ့ အမတ်မင်းများကို မှကြားလိုက်တဲ့ “ရာဇသံ” ပါခင်ဗျား။ နောက်လမ်ှစတင်တော့မဲ့ဥပဒေကြမ်းကိစ္စ၊ မေးခွန်းကိစ္စတွေနဲ့ပါတ်သက်ပြီးအမတ်မင်းများလိုက်နာရမဲ့၊ မေးရမဲ့မေးခွန်းနဲ့ပါတ်သက်ပြီးစည်းကမ်းတွေပါ။ ဆိုလိုတာက၊ ဥပဒေကြမ်းတွေ။အစိုးရအဖွဲ့ရဲ့လုပ်ငန်းတွေနဲ့ပါသက်ပြီးမေးခွန်းမေးချင်ရင်ဒီလိုဘဲမေးရမယ်လို့ပညတ်လိုက်တာပါ။ အမတ်တွေက ဟိူဟာကဟိုလိုလုပ်ပေးပါ၊ ဒီဟာကဒီလိုလုပ်ပေးပါ၊ ဒါတော့ပြောင်းပေးပါ၊ ဒါတော့ဖျက်ပစ်ပါဆိုပြီးလုပ်ခွင့်တောင်းဆိုခွင့်မရှိပါဘူးလို့ပညတ်လိုက်တာပါဘဲ။ တိုတိုပြောရရင်တော့ – မေးချင်ရင်မေး၊ ဒါပေမဲ့ ဖြေတာကိုဘဲလက်ခံဘို့ပါဘဲ။ စောဒကမတက်ပါနဲ့လို့ဆိုလိုက်တာပါဘဲ။ အမတ်မင်းများကိုကြည့်ရတဲ့ မြင်ကွင်းကလည်း စိတ်မချမ်းသာစရာပါ။ ရွေးကောက်ပွဲနဲ့ လွှတ်တော်မတိုင်ခင်က ကြုံးဝါးခဲ့တဲ့ (အတိုက်အခံအမတ်များရဲ့) လေသံ ကပျော့လာကြရုံမက လေလံတောင်မဟနိုင်တော့ပါဘူး။ တခြားမကြည်ပါနဲ့။ သမ္မတ အရွေးခံထားရတဲ့ ဗိုလ်သိန်းစိန်ကိုယ်တိုင်တောင် စက်ရုပ်လိုလှုပ်ရှားနေရတဲ့ဘဝပါ။ နောက်လ(မတ်လ) ထဲ့မှာ လွှတ်တော်ကော်မီတီများဖွဲ့စည်းတာတို့ နဲ့ ဥပဒေကြမ်းများတင်သွင်းကြတော့မှာဖြစ်ပါတယ်။ ဒီအစီအစဉ်များကို အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေက သီးခြားကျင်းပမှာဖြစ်ပြီး၊ […]


maungmoenyoFebruary 7, 20111min1347
ပြီးခဲ့တဲ့ သောကြာနေ့ထုတ်စ အစိုးရသတင်းစာရှေ့မျက်နှာဖုံးတွေမှာ သမ္မတ နဲ့ ဒုတိယသမ္မတများ အဖြစ်အရွေးချယ်ခံကြသူတွေရဲ့ ဓါတ်ပုံတွေအပေါ်ထိပ်ဆုံးကနေ စစ်ဝတ်စစ်စားခန့်ငြားထည်ဝါစွာ ဝတ်ဆင်ထားတဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဓါတ်ပုံကိုအပေါ်စီးက ဖေါ်ပြထားတာကိုမြင်ရတော့ တယ်ပြီးလွတ်လပ်တရားမျှတတဲ့ဒီမိုကရေစီကြီးပါလား လို့ မောင်မိုးညိုနဲ့တကွ ပြည်တွင်းပြည်ပ မြန်မာတိုင်းရင်းသားတို့က ဥဒါန်းကြူးရင့်မိပါတယ်။ ဒါနဲ့ပါတ်သက်လို့ ဒုတိယကမ္ဘာစစ်ကြိးမတိုင်ခင် ဂျာမနီနိုင်ငံမှာ ဟစ်တလာအာဏာအထွတ်အထိပ်ရောက်ချိန်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုကိုသတိရမိပါတယ်။ အဘိုးကြီးနဲ့အဘွားကြီး(၂)ယောက်ကတနေ့ အိမ်ဒေါင့်တခုမှာထိုင်ရင်း အိမ်နံရံမှာချိတ်ဆွဲထားထဲ့ ခေါင်းဆောင်ကြီးဟစ်တလာရဲ့ဓါတ်ပုံကိုကြည့်ပြီး တယောက်နဲ့တယောက်မျက်စပြစ်ပြီးပြုံးကြတယ်ဆိုသတဲ့။ အဲါဒီအချိန်က ရုပ်ရှင်လောကမှာနာမည်ကြီးခဲ့တဲ့လူရွှင်တော် Charlie Chaplin နဲ့အတော်တူဆိုဘဲ။ ဒါကိုမြင်တော့အိမ်တနေရာကထိုင်နေတဲ့ ဟစ်တလာလူငယ်အဖွဲ့ဝင်ဖြစ်တဲ့မြေးဖြစ်သူက မြင်သွားလို့ နာမယ်ကြီးSS လျှ့ိဝှက်ထောက်လှမ်းရေးကိုသွာတိုင်လိုက်ပါတယ်။ အဘိုးကြီးနဲ့အဘွားကြီးကို စစ်စုံထောက်တွေကဖမ်းပြီးနှိပ်စက်ကြလို့အတော်ခံလိုက်ကြရတယ်လို့ဆိုပါတယ်။ ခုလဲတပ်ချုပ်ကြီးရဲ့ အရှိန်အဝါကို နိုင်ငံဥဩောင်တွေကတောင်မကျော်လွန်နိုင်ကြပါကလား။ ခုလဲသမ္မတလို့သာဆိုကြတယ်၊ တပ်ချုပ်ကြီးရဲ့လောင်းရိပ်အောက်ကမလွတ်နိုင်ကြသေးပါလားလို့။ မောင်မိုးညိုလေ့လာမိသလောက်ပြောမယ်နော်။ ဗိုလ်နေဝင်း (၁၉၈၈) ရာထူးကထွက်ပြီးချိန်မှာ နိုင်ငံရေးလောကကို သူလုံးဝကျောခိုင်းလိုက်ပါပြီ လို့ကြေငြာသွာပြီးတဲ့တိုင်အောင်၊ နောက်တက်တဲ့ ဗိုလ်စောမောင် ရဲ့ […]


maungmoenyoJanuary 28, 20111min931
NO LONGER A SECRET …ဆိုဘဲ… မနေ့ကလွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးမှာပြောသွားတဲ့ သမ္မတဆိုဘားမားရဲ့ မှတ်မှတ်ရရ စကားစုကလေးပါ။ ဒီလိုရှိပါတယ်၊ မောင်မိုးညိုဟာ အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီကို ဘယ်သောအခါကမှ ထောက်ခံခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လဲ သူ့ရဲ့လုပ်ရည်ကိုင်ရည်နဲ့ ဖြစ်ထွန်းလာမှုတွေကို လွတ်လွတ်လပ်လပ် ဝေဖန်နိုင်တဲ့ အခြေအနေမှာရှိတယ်လို့ဆိုပါရစေ။ ၂၀၀၈ ရွေးကောက်ပွဲမဝင်ခင်ကတည်းက အိုဘားမားရဲ့ အရည်အသွေးကို မျက်စေ့ကျမိရတာက ဒီလိုအကြောင်းတွေကြောင့်ပါ။ ခေတ်သစ်သမ္မတအဆက်ဆက်မှာ သူလိုငါလို သာမာန်လူတန်းစား တွေထဲကပထမမဆုံးတက်လာတဲ့ နိုင်ငံရေးသမားတက်သစ်စတွေထဲမှာ သူဟာထူးချွန်ထက်မြက်သူတယောက်ဆိုရင်မမှားပါဘူး။ Harvard Law Review ရဲ့ ဥက္ကဌဆိုတဲ့ ဒိတ်ဒိတ်ကျဲ ရာထူးအတွက်ကမ်းလှမ်းခြင်းခံခဲ့ရသူဆိုတော့ ခေသူမဟုတ်ပေါ့နော်။ သာမာန်လူတန်းစား၊ အခြေခံလူတန်းစားတွေရဲ့ နေ့တဓူဝ ခံစားနေရတဲ့ အခက်အခဲရင်ဆိုင်မှုတွေကိုကိုယ်တိုင် (သို့) မိသားစုဝင်တချိုူကတွေ့ကြုံ ခံစားရတဲ့ လူတန်းစားထဲကပေါက်ဖွားလာသူပါ။ ကိုယ်တိုင်ကလဲဘဝနာခဲ့သူတဦးဖြစ်ယုံမက ခေတ်ပညာကိုထူးချွန်ထက်မျက်စွာနဲ့ ကြီးပြင်းလာခဲ့ရသူမို့ နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ Norway […]