maypearlJuly 30, 20101min733
စပျစ်သီး၏အစေ့သည် အသားအရေကို ကျန်းမာစေပြီး ပျက်စီးသွားသည်တို့ကို ပြန်လည်ပြုပြင်ပေးသည်။ အသားအရေကို စိုပြည်ညီညွတ်လှပစေသည်။နူးညံ့ပျော့ပြောင်းပြီး ကျန်းမာလန်းဆန်းစေသည်။


maypearlJuly 30, 20101min691
ဂျင်ဆင်းသည် အသားအရေကို အားကောင်းစေသောကြောင့် နေရောင်ခြည်ဒဏ်ကို ခံနိုင်သည်။ ဝက်ခြံကြောင့် အရေပြားပေါ်တွင် အမာရွတ်ဖြစ်ခြင်း နှင့် အဆီပြန်ခြင်းကိုလည်း သက်သာစေသည်။ ဂျင်ဆင်းက အသားအရေကို နူးညံ့ပျော့ပြောင်းလာစေသည်။ စိုပြည်ဖြူဖွေးပြီး ဆွဲဆောင်မှုရှိလာစေ သည်။


maypearlJuly 29, 20101min610
လုပ်ငန်းခွင်အစည်းအဝေးတွေပြီးတဲ့အခါ ၊သင်တန်းချိန် တစ်ချိန်နဲ့တစ်ချိန်ကြား နားနေချိန်တွေမှာ၊ တစ်နေ့လုံးလုပ်ရတဲ့အလုပ်မှာ ကော်ဖီသောက် ဖို့နားချိန်(Coffee Break) ပေးလေ့ရှိပါတယ်။ ကော်ဖီသောက်တာဟာ ကျန်းမာရေးအတွက် အကျိုးရှိတာကြောင့် တနေ့လုံးပင်ပန်းနွမ်းနယ်ချိန်မှာ ကော်ဖီတစ်ခွက်သောက်လိုက်ရတာဟာ နွမ်းနယ်မှုကို ပြေလျှော့လန်းဆန်းသွားစေပါတယ်။ ကော်ဖီတွင်နှလုံးရောဂါ ကာကွယ်နိုင်စွမ်းရှိခြင်း ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအပါအဝင် ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းများစွာ ပါဝင်နေတာကြောင့် ဟားဗတ်တက္ကသိုလ်ရဲ့လက်တလော လေ့ လာမှုအရ ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေထက် နှလုံးသွေးကြောရောဂါကြောင့် အသက်သေဆုံးနိုင်တဲ့ အန္တရာယ်ကို လျော့ကျစေ နိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။ ဘလက်ကော်ဖီမှာ ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် သင့်တော်ပါသည်။ ရောဂါများစွာကို ကာကွယ်နိုင်ခြင်း လေ့လာမှုများစွာအရ ကော်ဖီသောက်သူတွေဟာ ကော်ဖီမသောက်သူတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးအစား (၂) ဆီးချို၊သွေးချိုရောဂါ၊ ပါကင်ဆန်ရောဂါ ၊အသည်းခြောက်ခြင်း၊ အသည်း၊ ရင်သားနဲ့ အူမကြီးကင်ဆာအန္တရာယ်တို့ကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိရပါတယ် ဦးနှောက်ကို […]


maypearlJuly 28, 20101min872
မိန်းကလေးတော်တော်များများဟာ အလှကုန်ဆိုင်တွေမှာ ပစ္စည်းသွားဝယ်ရင် ကောင်တာကစာရေးမတွေကို မေးမြန်းပြီးဝယ်လေ့ရှိပါတယ် ။ တကယ်တမ်း ပစ္စည်းကိုကိုင်ကြည့်ပြီး မိမိဘာသာ ကိုယ်တိုင်ဆုံးဖြတ်ပြီး ဝယ်သူအလွန်ရှားပါသည်။ ကောင်တာကစာရေးမတွေကို အားကိုးပြီး ဝယ်နေရပါသည်။ ထိုသို့ မဖြစ်စေဘဲ ဘူးတစ်ခုကို ကိုင်ပြီးဖတ်ကြည့်လိုက်ရုံဖြင့် အတွင်းတွင်ဘာတွေပါသည်ဆိုတာ မိမိဘာသာ သိနိုင်အောင် နည်းလမ်းလေးတွေ ညွှန်ပြပေးလိုက်ပါတယ်နော်။ Moisturizer    ဆိုတာ    –            အစိုဓာတ်ထည့်ပေးတယ် Eucerit              ဆိုတာ   –            အစိုဓာတ်ထိန်းပေးတယ် V.E                       ဆိုတာ  –           အသားအရည်မတွန့်အောင်ကာကွယ်ပေးတယ် soft                      ဆိုတာ  –          နေလောင်တာပျောက်တယ် V.A                       ဆိုတာ  –          အသား Tissue ကိုအားဖြည့်ပေးတယ် V.C                       ဆိုတာ  –           အသားအရည်ပျက်စီးနေတာတွေကိုပြုပြင်ပေးတယ် Licorice               ဆိုတာ  –           အသားအရည်ကို […]


maypearlJuly 28, 20101min721
လျှပ်နွယ် ဝင့်…. စိန်စက် မိုးပွင့် လေနှင့် လွင့်… မုတ်သုန်တံခါး ဖွင့်… ရေချိုးပြီးစ အပျိုမဟန် တောင်သမန် ရှင်ပြန် ထမြောက်ပြန်လေပြီ။ ကိုပညာ(အမရပူရ)   ၏ကဗျာအား ပြန်လည်ဖော်ပြပါသည်။


maypearlJuly 27, 20101min1013
ပျားရည်သည်အိုဟောင်းလာသောကလပ်စည်းများကို ဖယ်ရှားပစ်ပြီး ကလပ်စည်းအသစ်များဖြင့် အားဖြည့်ပေးခြင်းကြောင့် ကြမ်းတမ်းသော အသား အရေမှ နူးညံ့သော အသားအရည်သို့ ပြောင်းလဲဖြစ်ပေါ်လာစေသည်။ ၎င်းအပြင် ပိုမိုဖြူဖွေးလာစေခြင်း၊ ဝင်းလက်တောက်ပပြီး နုပျို၍ ဆွဲဆောင်မှု ရှိသော အသားအရည်ဖြစ်လာအောင် အားဖြည့်ပေးပါသည်။


maypearlJuly 24, 20101min762
များစွာသောမိဘတို့သည် ၎င်းတို့၏ သားသမီးများ အင်တာနက်တွင် ဘာတွေကြည့်ရှုပြီး ဘာတွေလုပ်နေကြသည်ကို မသိကြရဟု သိရသည်။ ထိုကဲ့ သို့ မိမိတို့၏ ကလေးငယ်များနှင့် ပတ်သတ်ပြီး သတိပြုရန် လစ်ဟာနေခြင်းကပင် နောက်ဆက်တွဲဘေးအန္တရာယ်များကို ဖြစ်ပေါ်စေသည်ဟု အင်တာ နက်လုုံခြုံရေး company တစ်ခု၏ လေ့လာဆန်းစစ်ချက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ ယခုနှစ်၏ နော်တန်အွန်လိုင်း မိသားစုအစီရင်ခံစာတွင် အသက် (၁၀)နှစ်မှ (၁၇)နှစ်အရွယ် လူငယ် ၁၀၁ ဦးနှင့် မိဘ ၁၀၂ ဦးတို့အား သဘောထားစစ်တမ်းကောက်ယူ၍ ဖော်ပြခဲ့ရာ စင်ကာပူနိုင်ငံရှိ ကလေး သူငယ် ၇၃ ရာခိုင်နှုန်းတွင် အပျက်သဘောဆောင်သော အွန်လိုင်းအတွေ့အကြုံ ရရှိခဲ့ကြသည်ဟုဆိုပြီး မိဘ ၆၄ ရာခိုင်နှုန်းကမူ သူတို့၏ကလေးများ တွင် အပျက်သဘောဆောင်သော အွန်လိုင်းအတွေ့အကြုံများ ရရှိနိုင်ဖွယ်ရှိသည်ဟု ယူဆခဲ့ကြသည်။ […]


maypearlJuly 24, 20101min680
ဟိုယခင်ကျောင်းသားဘဝတုန်းကအကြောင်းပြန်တွေးကြည့်လျှင် ဘဝရဲ့အပျော်ဆုံးနေ့ရက်တွေက ကျောင်းသားဘဝမှာပဲဆိုတာလူတိုင်းသိကြပါ သည်။  အထက်တန်းကျောင်းသားဘဝတုန်းက ရရှိခဲ့ဖူးသော ဖြူစင်မှုမျိုး ယခုလိုအသက်အရွယ်တွင် တွေ့နိုင်ရန်အလွန်ခက်ခဲပါသည်။ ထိုစဉ်တုန်းက တစ်ယောက်အပေါ်တစ်ယောက်မနာလိုတာမျိုးလဲမရှိ၊ အလွန်ပျော်စရာကောင်းပါသည်။ ကျွန်မတို့ ၁ဝ တန်းတုန်းက တက်သော ကျုရှင်မှာ ဆရာ ၅ ဦး သင်သော သီးသန့်ဝိုင်းလေး၊ ဆရာကြီးက မြန်မာစာသင်ပြသောဆရာ ၊ ဆရာ ၅ယောက်ထဲမှာ ဆရာကြီးကို ကျွန်မတို့ အကြောက်ဆုံး။ ဆရာကြီးက စိတ်တိုပြီဆိုလျှင် ဘယ်တပည့်ကိုမှ ချိုသည်၊ခါးသည်မပြောတော့ ၊ ကျုရှင်ခန်း ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို ပြုံးပြုံး၊ ပြုံးပြုံးနှင့် ခေါက်တုံ့ခေါက် ပြန်လျှောက် သည်။ ထိုအချိန်မျိုးတွင် တပည့်တွေထံမှ အသက်ရှုသံတောင်မကြားရ ၊ကျွန်မတို့ ကလေးတွေ အကုန်လုံး ဆရာကြီး ပြုံးလျှင် အလွန်ကြောက်ဖို့ကောင်းမှန်း သိကြသည်။ နောက်တစ်ယောက်ကတော့ ဘိုင်အိုသင်သောဆရာ […]


maypearlJuly 24, 20101min901
အင်ပျဉ်ထခြင်း ၊နှင်းခူရောဂါ၊ အနီပိမ့်ထွက်ခြင်းစတဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေဟာ ယားလိုက်၊ ကုတ်လိုက်၊ ယားလိုက် သံသရာထဲမှာ လည်နေတတ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်စေတဲ့  ပစ္စည်းမျိုးနဲ့တွေ့တဲ့အခါ ခန္ဓာကိုယ်ကနေ ဟစ်စတာမင်းဓာတ်ထွက်လာတတ်ပါ တယ်။ အဲဒီ ဟစ်စတာမင်းဓာတ်ဟာ ယားယံစေနိုင်ပါတယ်။ယားတဲ့အတွက် ကုတ်ခြစ်လိုက်တာဟာ Mast Cells တွေကို လှုံ့ဆော်ပြီး ဟစ်စတာ မင်းဓာတ်ကို ပိုမိုထွက်ရှိစေပါတယ်။ အဲဒီအခါ ပိုယားလာပါတော့တယ်။ ဟစ်စတာမင်းဟာ ရောင်ရမ်းခြင်းဖြစ်အောင်လှုံ့ဆော် ပေးနိုင်တာကြောင့် နဂိုရှိတဲ့အရေပြားပြဿနာက ပိုဆိုးလာပါတော့တယ်။ဒါကြောင့် ခံရခက်လှတဲ့ အရေပြားဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်နည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ (၁) အရေပြားယားယံခြင်းဖြစ်ရင် မကုတ်ခြစ်ပဲ ဟစ်စတာမင်းဆန့်ကျင်ဆေးဝါး (Antihistamine) အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ (၂) ယားယံတဲ့အရေပြားနေရာပေါ် အစိုဓာတ်ထိန်းအလှဆီ (Moisturizer) လိမ်းပြီး ခြောက်သွေ့ရောင်ရမ်းမှုမဖြစ်အောင် ထားပါ။ အရေပြားဟာ ခြောက်သွေ့နေရင် […]


maypearlJuly 22, 20101min1752
အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ကျ်သုံးမျိုးပြင်ရန်ခက်သည်အမျိုးဆိုသော မြန်မာစကားပုံတစ်ခုကို လူတော်တော်များများ ကြားဖူး ကြမှာပါ။  ဆေးမှင်ရည်ဖြင့် စုတ်ထိုးပြီးလျှင်ဖျက်ရျ်မရသကဲ့သို့ အိမ်ထောင်မှုတစ်ခုတည်ပြီးလျှင် ပြန်ဖျက်ရန် မဖြစ်နိုင်ပါ။ အထူးသဖြင့် ကျွန်မတို့ မြန်မာနိုင်ငံတွင် တစ်လင်တစ်မယားစနစ် အထူးဖွံ့ဖြိုးသော နိုင်ငံဖြစ်သည်နှင့်အညီ  အိမ်ထောင်တစ်ခုကို ထူထောင်ပြီး ပြန်ဖျက်သော အမှုများကို မည်ကဲ့သို့သော မြန်မာမိန်းကလေး၊ယောကျားလေးများ အားလုံးမပြုလုပ်လိုကြပါ။ အကြောင်းကြောင်းကြောင့် ကွဲရ၊ကွာရ ပြီဆိုလျှင်လည်း ထိုကဲ့ သို့သော အခြေအနေမျိုးမဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းခဲ့ကြသူများချည်းပင်။ သို့သော်လည်း ကံဆိုသည်မှာ ပြောရခက်သည်ဆိုသောစကားလည်းရှိသဖြင့် ကိုယ့်ရဲ့အတိတ်ဘဝက ကံ မည်မျှရှိမည်ဆိုသည်ကို မည်သူမျှ မသိရှိ နိုင်ကြပါ။ ကိုယ်က ကိုယ့်အတွက် အကောင်းဆုံးရပ်တည်ပေးနိုင်မည့်သူဆိုပြီး ရွေးချယ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှု တွေ ကိုကြုံတွေ့ရမည်မှာ ထုံးစံတစ်ခုလိုပင်။ အိမ်ထောင်တစ်ခုကို မပြိုကွဲအောင် […]


maypearlJuly 22, 20101min1117
ရင်ဆိုင်ဖြေရှင်းရမည့် ပြသနာများကို မဖြေရှင်းရဲသူ၊ ငြင်းဆန်စကားပြောရမည်ကို အားနာပြီး တစ်ချိန်လုံး `ဟုတ်ကဲ့၊ရပါတယ်´ လုပ်နေသည့်သူ၊ ပြသနာတက်လာလျှင် ထုတ်မပြော၊ဝန်မခံဘဲ မြုံစိစိလုပ်နေပြီး အမှားကို ဝန်မခံရဲသည့်လူများကို Passive People ဟုအမည်တပ်ပါသည်။ လုပ်ငန်း ခွင်တိုင်းတွင် ၎င်းလူစားမျိုးများ ကြာကြာမြဲနေလျှင် သူ့ပတ်ဝန်းကျင်က လူများပါ တဖြည်းဖြည်း ကူးစက်ပြီး Confidence နည်းလာတတ်သော ကြောင့် မန်နေဂျာသည် Passive People များပိုပြီးယတိပြတ်သူတွေ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးရန် တာဝန်ရှိပါသည်။ ထို့အတွက် အချိန်ပေးရခြင်း၊ စိတ်ရှည်သည်းခံရခြင်း၊ ပါးပါးနပ်နပ် ဂရုတစိုက် ကိုင်တွယ်ရခြင်းများ ရှိလာမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါ သည်။ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်လာပြီး ပြသနာဖြေရှင်းနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းများ တိုးတက်လာမည်၊ လုပ်ငန်းတွင်လည်း ထုတ်လုပ်မှုစွမ်းရည် ပိုမိုမြင့်လာပြီး အောင်မြင်မှု […]


maypearlJuly 21, 20101min2222
လူတစ်ယောက်ဟာ ပုံမှန်အားဖြင့် တနေကုန်ပင်ပန်းထားသမျှ ညအိပ်ယာဝင်ချိန်တွင် ကောင်းမွန်စွာ အိပ်စက်အနားယူရန်လိုအပ်ပါသည်။ လူအတော်တော်များများဟာ မွေ့ယာကို အိရုံဖြင့် အိပ်လို့ကောင်းသည်ဟူသော အတွေးအခေါ်အမှားများရှိနေတတ်ပါသည်။ ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် ထိုထင်မြင်ယူဆချက်မှာ မှန်သည်ဟုတွေးရန် အလွန်ခက်ခဲပါသည်။  ပုံမှန်အားဖြင့် မွေ့ယာအမျိုးအစား သုံးမျိုးရှိပါသည်။ စပရိန်၊ရေမြှပ်နှင့် မှို့တို့ဖြစ်သည်။ ထိုအပေါ်တွင်မှ ထပ်ဆင့်ပြီး အမျိုးအစား များ ကွဲပြားသွားခြင်း ဖြစ်သည်။ မြန်မာလူမျိုးတော်တော်များများသည် ဈေးနှုန်းသင့်တင့်ပြီး အိပ်စက်ရ အိသော ရေမြှပ်မွေ့ယာများကို မင်္ဂလာအခမ်းအနားများ၊ ဟိုတယ်များ နှင့် အိမ်များတွင် သုံးလေ့ရှိကြပါသည်။ ရေမြှပ်ဆိုသည်မှာ ဓာတုဗေဒနှင့် ပြုလုပ်ထားသဖြင့် ပုံမှန်သတ်မှတ်ထားသော အထူထက် လွန်ကဲပါက လူ့ကျန်းမာရေးကို အနည်းနှင့် အများထိခိုက်နိုင်ပါသည်။ရေမြှပ်မွေ့ယာသုံးမည်ဆိုပါက 2လက်မ၊4လက်မထုလောက် သာ သုံးသင့်ပါသည်။ 4လက်မထက် ကျော်လွန်သွားပါက အိပ်စက်ရန်အဆင်မပြေတော့ကြောင်းတွေ့ရှိရပါသည်။ ထူတာကြိုက်သဖြင့် 6လက်မထုသုံးချင်တယ်ဆိုလျှင် ကိုယ့်ကျန်းမာရေးကောင်းမွန်ပါက […]