Ko chogyiApril 20, 20132min2076
၂၀၁၃ ခုနှစ် သင်္ကြန်မှာ ထူးထူးခြားခြား ကျိုက်ထီးရိုးစေတီတော်ကို ၂ ခေါက်ပြန် ဖူးခဲ့ရပါတယ်။ အကျနေ့ ၁၄.၄.၂၀၁၃ ရက်နေ့ မနက်စောစော ရန်ကုန်ကထွက်ပြီး နေ့ချင်းပြန်သွားခဲ့တာပါ။ (  http://mandalay gazette.com/173244/travel   ) နောက်တစ်ရက်မှာ အစ်ကိုတွေအိမ်သွားလည်ရင်း ညီအစ်ကိုတွေစုမိတော့ ကျွန်တော်ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့တယ်လို့ ပြော တဲ့အခါ မိသားစုတွေအားလုံးစုပြီး ဘုရားဖူးထွက်ကြမယ်ဆုံးဖြတ်လိုက်ပါတယ်။ ပထမတစ်ခေါက်က အလုပ် ထဲက ညီငယ်နှစ်ယောက်နဲ့ သွားခဲ့တာဖြစ်ပြီးတော့ ဒုတိယအခေါက်မှာတော့ မိသားစု(၆)စု (၁၉)ဦးလိုက်ပါ ခဲ့ပါတယ်။ ရန်ကုန်ကနေ့ ၁၆ ရက်နေ့ နံနက် ၂ နာရီခွဲမှာ စထွက်ခဲ့ပါတယ်။ ပဲခူးကို မနက် ၄ နာရီလောက်ရောက် တော့ သန်းကြွယ်ဆိုတဲ့ဆိုင်မှာ လက်ဖက်ရည်သောက် မုန့်စားပြီးဆက်ထွက်ခဲ့ပါတယ်။ ဘုရားကြီးအရောက်မှာ ရန်ကုန်-မန္တလေးလမ်းမပေါ်ကနေ မော်လမြိုင်ဘက်ကို လမ်းခွဲခဲ့ပြီး ဝေါ၊ […]


Ko chogyiApril 15, 20134min21310
ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်နေ့ သင်္ကြန်အကျနေ့မှာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ဘုရားဖူးဖို့ နံနက် ၄ နာရီမှာ အိမ်ကနေစထွက်ခဲ့ပါတယ်။ ကင်မွန်းစခန်းကို နံနက် ၈ နာရီလောက်ရောက်ပြီး ၉ နာရီလောက်မှာ  တောင်ပေါ်ကို ကားလိုင်းနဲ့ ဆက်တက် ခဲ့ပါတယ်။ ရင်ပြင် တော်ပေါ်ကို ၁ဝ နာရီလောက်မှာရောက်ပါတယ်။ ဘုရားဖူးပြီး ညနေ ၄ နာရီခွဲလောက် ရင်ပြင်တော်ပေါ်ကနေ ပြန်ဆင်းခဲ့ပြီး ၅ နာရီကျော်ကျော်   လောက် တောင်အောက်ရောက်ပါတယ်။ အဲဒီကနေ ၆ နာရီလောက်ပြန်ထွက်ခဲ့တာ ရန်ကုန်အိမ်ကို ည ၁ဝ နာရီခွဲလောက်မှာပြန်ရောက်ခဲ့ပါတယ်။ လမ်းမှာ ကျိုက်ဗောလော မှဲ့ရှင်တော်ဘုရားကို ခဏဝင်ဖူးခဲ့ပါသေးတယ်။ […]


Ko chogyiApril 7, 20131min38519
ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်ကတည်းက အတူကြီးပြင်းလာကြတဲ့ သူငယ်ချင်း၊ ပညာရည်နို့သောက် ဘဝလမ်းကြောင်းတစ်လျှောက်မှာ လက်တွဲလာခဲ့ကြတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် သေအတူရှင်မကွာ အနစ်နာခံဖက် လောကဇာတ်ခုံပေါ်က သူငယ်ချင်း၊ သူငယ်ချင်းဆိုတဲ့ အဓိပါယ်ဖွင့်ဆို ချက် တွေကတော့ များပါတယ်။ ကျွန်တော် ဗန်းမော်မြို့မှာနေထိုင်စဉ်က အလုပ်ကိစနဲ့ စင်းခမ်းကိုရောက်သွားခဲ့ပါတယ်။ စင်းခမ်းရောက်တော့ တွေ့ချင်တဲ့သူက ကောင်းတုံဆက်တက်သွား တယ်ဆိုလို့ ကောင်းတုံဆက်လိုက်ဖိုလုပ်တော့ လိုင်းလှေကထွက်သွားပါပြီ။ စင်းခမ်းက လူတစ်ချို့ကို လှေငှားဖို့ မေးမြန်းကြည့်တော့ ငါးဖမ်းထွက်နေကြတော့ မရနိုင် ဘူးတဲ့၊ ကိုယ်ကလည်း ကောင်းတုံကို အမှီလိုက်ချင်တော့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ သူတို့ က စင်းခမ်းရွာဘေးက ချောင်းကလေးကိုဖြတ်ပြီး သစ်ဆွဲတဲ့လမ်း အတိုင်း လျှောက်သွားရင် ကောင်းတုံကို သိပ် ကြာကြာမသွားရဘူးလို့ အကြံပေးကြတယ်။ မိုက်မိုက်ကမ်းကမ်းပါပဲ လမ်းမသိဘဲ အဖော်နှစ်ယောက်နဲ့ လမ်းလျှောက်ပြီး ထွက်ခဲ့ကြတယ်။ […]


Ko chogyiMarch 25, 20131min36011
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများဖြစ်တဲ့ ဂျိမ်းဖောလူမျိုးများ နေထိုင်ရာ ကချင်ပြည်နယ်ကို ၁၉၉၁ ခုနှစ် စက်တင်ဘာလ လောက်မှာ ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ မြန်မာပြည်မြောက်ဖက်ပိုင်း နှင်းဖုံးတဲ့ တောင်တန်းများရှိရာ ကချင်ပြည်နယ်မှာ ဂျိမ်းဖော၊ လီဆူး၊ ရဝမ် အစရှိတဲ့ တိုင်းရင်းသားလူမျိုးများနဲ့ လူဦးရေ    တစ်ဆယ့်လေးသိန်းခန့် နေထိုင်ကြပါတယ်။ ကျွန်တော့်အမေဟာ မန္တလေး-ဗန်းမော်-မြစ်ကြီးနား ကားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက်ဗန်းမော် မြို့မှာရှိတဲ့ ခရိုင်ပြည်သူ့ဆောက်လုပ်ရေးရုံးကို ပြောင်းရွှေတာဝန်ထမ်းဆောင်ဖို့ အမိန့်ထွက်လာခဲ့တဲ့နောက် ကျွန်တော်အစ်ကိုဖြစ်သူနဲ့ အတူ မတ်လလောက်မှာ ဗန်းမော်ကို ပြောင်းသွားခဲ့ပါတယ်။ ကျွန်တော်ကတော့ ဆောက်လက်စအိမ်အပြီးသတ်ဖို့  ကျန်နေသေးတာကြောင့်  အိမ်စောင့်အဖြစ်နဲ့  ပုဂံမြို့မှာ ကျန်နေခဲ့ပါတယ်။ စက်တင်ဘာလရောက်တော့ မိုးလည်းကျလာပြီ လုပ်ငန်းတွေလည်းမကျန်တော့တာကြောင့် ဗန်းမော်ကိုလိုက် သွားဖို့ စိတ်ကူးမိပါတယ်။ ဒီလိုနဲ့ ပုဂံမြို့ကနေ မန်းရွှေမြို့တော်ကြီးကို ကားနဲ့သွားခဲ့ပါတယ်။ အဲဒီအချိန်က အဝေးပြေးကားတွေက အခုလို Express […]


Ko chogyiFebruary 19, 20131min33318
ကျွန်တော်ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် ရခိုင်သားချင်းတို့ရဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့ကြီးကို ၁၉၉၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက်ခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ် နှစ်လယ်ပိုင်းအထိ ၃ နှစ်ကျော် ကြာမြင့်အောင် နေခဲ့ရပါတယ်။ ရန်ကုန်မြို့ ကျန်းမာရေးဆိပ်ကမ်း(ပန်းဆိုးတန်း)တံတားကနေ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းပိုင် မြစ်ကြီးနားရေယာဉ်နဲ့ ညနေ ၃ နာရီလောက် မှာ စတင်ထွက်ခွာလာခဲ့ပါတယ်။ ရန်ကုန်ဆိပ်ကမ်းတစ်လျှောက် ရေယာဉ်ကြီး/ငယ်များနဲ့ကူးတို့လှေငယ်များ ဖြတ်သန်းသွားလာနေ တာတွေကို  ငေးမောကြည့်ရင်း ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်နဲ့ ပဲခူးမြစ်တို့ ပေါင်းဆုံရာမြစ်ဆုံကို ရောက်ရှိခဲ့ပြီး အဲဒီကနေ ပဲခူးမြစ်ကို ဖြတ်သန်းပြီး သန်လျှင်မြို့ကို သွား ရောက်နိုင်တဲ့ သန်လျှင်တံတားကို လှမ်းမြင်မိပါတယ်။ ရန်ကုန်မြစ်အတိုင်း ပင်လယ်ဝဘက်ကိုဆက်လက် ခုတ်မောင်းလာစဉ် ဝဲယာကမ်းနှစ်ဖက်မှာရှိတဲ့ အဆောက်အဦးတွေကို ငေးမောကြည့်ရင်း ရန်ကုန်ဘက်ကို လှမ်းမျှော်အကြည့်မှာ ညနေခင်းဆည်းဆာနဲ့အတူ ကြည်ညိုဖွယ်ရာကောင်းလှတဲ့ ရွှေတိဂုံစေတီတော်မြတ် […]


Ko chogyiFebruary 11, 20132min42318
နေ့ပူလို့ ညချမ်းတာ ပုဂံဒေသရဲ့ ဆောင်းတွင်းကာလပဲဖြစ်ပါတယ်။ နံနက်ခင်း စောစောအေးအေးချမ်းချမ်းနဲ့ အိပ်ရတာ ဇိမ်အရှိဆုံးပေါ့။ ဒါပေမဲ့ နှပ်မနေအားပါဘူး စက်ဘီးလေးဆွဲပြီး ဘုရားဖူး ထွက်ခဲ့ပြန်ပါတယ်။ နံနက်စောစော စက်ဘီးစီးရတာ ကိုယ်လက်လှုပ်ရှားမှုရှိလို့ မချမ်းဘူး၊ စီးရတာအရသာရှိတယ်။ ဆိုင်ကယ်နဲ့ဆို လေတိုး တာခံရပြီး အအေးပတ် လေဖြတ်သွားနိုင်တယ်။ ဒီနေ့ရည်မှန်းချက်ကတော့ တူရွင်းတောင်ကိုပါ။ တူရွင်းတောင်ပေါ်မှာ အနော်ရထာ မင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ စွယ်တော်လေးဆူမှာ အပါအဝင်ဖြစ်တဲ့ တုန့်ဝပ်တောင် စေတီရှိပါတယ်။ ဘာလို့ ဒီလိုအမည်တပ်ရလဲဆိုတော့ ရာဇဝင်အပြောအရပေါ့နော် အနော်ရထာမင်းကြီးက စွယ်တော်မြတ်ကို စေတီဌာပနာထား ကိုးကွယ်ဖို့အတွက် မြေနေရာရှာတဲ့အခါ။ စွယ်တော်မြတ်ကို ဆင်တော်ပေါ်တင်ပြီး လှည့်လည်စေရာမှာ ခေတ္တ တုန့်ဝပ်ခဲ့တဲ့အတွက် အထိမ်းအမှတ်အဖြစ် စွယ်တော်ပွားပြီး စေတီတည်ထားကိုး ကွယ်ခဲ့တဲ့လို့သိရပါတယ်။ စက်ဘီးကလေးနဲ့ တစ်ဖြည်းဖြည်းနင်းခဲ့ရာကနေ တူရွင်းတောင်ခြေ ရောက်ပြီပဲဆို ကြပါတော့။ စက်ဘီးကိုတောင်ခြေမှာ […]


Ko chogyiFebruary 8, 20131min26512
    နံနက်စောစော အိပ်ယာကထလို့ ဘယ်အရပ်ကို ခြေဦးလှည့်ရမလဲတွေးရင်း နံနက် ခင်းပြုဖွယ်တွေ အမြန်ပြီးအောင် ဆောင်ရွက်လိုက်ပါတယ်။ ပြီးတော့ မော်တာဆိုင်ကယ် လေးကို စီးပြီး နံနက်စောစောစာစားဖို့ ပုဂံကဖီးကို ရှေးရူလိုက်ပါတယ်။ ပုဂံကဖီးဆိုင်ရှင် ကိုအောင်ပုက စိတ်ရှည်ပြီးအရမ်းသဘောကောင်းတာ။ သူတို့ဆိုင်မှာ ကျွန်တော် အကြိုက်ဆုံးက သူ့သမီးသျှားရွက် ဆိုရင်မှားပါလိမ့်မယ်။ ကြွပ်ကြွပ်ရွရွကြော်ထားတဲ့ ပဲပလာတာပါ။ သူတို့က ပဲပလာတာကို ပဲထည့်ပြီးမကြော်ဘဲ ပလာတာအပြန့်ကို ကြွပ် အောင်ကြော်ပြီး ပဲပြုတ်ဆီဆမ်းနဲ့စားရတာ အရမ်းကောင်းပါတယ်။ ပုဂံကဖီးရှေ့မှာတော့ ပုဂံမြို့ရဲ့မြို့လယ်စေတီရှိပါတယ်။ ရှေးဟောင်းစေတီကို ပုဂံ မြို့သစ်တည်ချိန် ပြန်ပူဇော်ထားတာပါ။ မုခ်ဦး ၈ ခုနဲ့ ၈ မျက်နှာဘုရားရယ်လို့ အမည် တွင်ပါတယ်။ မြို့အလယ်ခေါင်မှာရှိလို့ မြို့လယ်စေတီလို့ သုံးလိုက်တာပါ မြို့ဦးစေတီ မဟုတ်ပါဘူး။ လက်ဖက်ရည်ဆိုင်က ထွက်တော့ […]


Ko chogyiFebruary 7, 20131min2758
ဗေးကလုံရဲ့အမိန့်အရ အိမ်မှာ MG ဖတ်နေရာကနေ နောက်ထပ်ဘုရားဖူးထွက်ဖို့ စီးတော်ဘီးကိုဆွဲလို့(ဒီနားဟိုနားမို့ စက်ဘီးလေးနဲ့ပဲ) သီရိပစ်စရာရွာဘက်ကို လှမ်း ခဲ့ပါတော့တယ်။ ငယ်ငယ်က မြို့ဟောင်းမှာနေစဉ်  အဲဒီရွာကလေးကိုဖြတ်ပြီး ဘုရား ဖူးသွားရင် တောရွာဓလေ့နဲ့ ကြည့်ကောင်းတဲ့ရွာကလေးပေါ့။ အခုတော့ ပေါက်ကံ ရွှေပြည် ပုဂံမြို့သစ်ကြီးက သူ့ရွာဘေးမှာနေရာယူလိုက်တော့ ရွာကလေးက နည်းနည်း ငုပ်သွားတယ်။ အရင်က ဒေါ်ဇီးကွက်စိန် နေခဲ့တဲ့ရွာကလေးပေါ့။ သိတယ်မဟုတ်လား အုပ်အုပ်လိုအရပ်မျိုးလေ။ ပုဂံ-ချောက်ကားလမ်းပေါ်ကနေ မြေနီလမ်းကလေးကို ချိုးကွေ့လိုက်တာနဲ့ ရခိုင် ပြည်နယ်၊ မြောက်ဦးကသျှစ်သောင်းပုထိုးတော်နဲ့ ပုံစံခြင်းခပ်ဆင်ဆင်တူတဲ့ အရှေ့ ဖက်လိပ်နဲ့၊ အနောက်ဖက်လိပ်ဘုရားနှစ်ဆူကို ဖူးမျှော်လိုက်ရပါတယ်။ ဘုရားရှေ့မှာ ခုံလေးခင်းပြီး မကျည်းလိပ်တွေ၊ သနပ်ခါးတုံးတွေနဲ့ ပုန်းရည်ကြီးတွေရောင်းနေတာ တွေ့ရပါတယ်။ ဆိုင်နံမည်ကို ဗီနိုင်းနဲ့ အကျအနလုပ်ထားတာ “ ရွာသူမစစ်တစစ် ဂျူလိုင်မ”တဲ့။ အရှေ့ဖက်လိပ်ဘုရားမှာတော့ အိုးပုတ်ဂျိုးရုပ်တွေရှိ […]


Ko chogyiFebruary 6, 20131min36618
အသစ်အဦး ပုရစ်ဖူးကလေးတွေ ဝေစီနေတဲ့ ဆောင်းအကုန်နွေအကူးမှာ ဥဩငှက် ကလေးတွေလဲ သီဆိုကျူးကြတဲ့ အချိန်ပေါ့။ ကျွန်တော် ရာဇာချိုကြီးတစ်ယောက် နံနက်ခင်း အိပ်ယာအထမှာ ဘယ်ကိုများ  ခြေစင်္ကြာဖြန့်ရင်ကောင်းမလဲတွေးရင်း နေ့သစ်ကို နှုတ်ဆက်လိုက်ပါတယ်။ (စောစောထ၊ အိပ်ယာသိမ်း…….. စတဲ့ ငယ်ငယ်ကသင်ခဲ့ရတဲ့ သင်ခန်းစာထဲမှာပါတဲ့ နံနက်ခင်းပြုဖွယ်ရာတွေ ချန်ခဲ့မယ်) အဲဒီနောက် စီးတော်ယာဉ် ဘီးစင်္ကြာ(Bicycle)ကို ဘယ်တစ်ချက်၊ ညာတစ်လှည့် နင်းရင်း အိမ်တော်မဟာရှိရာ ပုဂံရွှေပြည်မြို့သစ်ဆီမှ ပုဂံမြို့ဟောင်းတစ်နေရာသို့ ထွက်ခဲ့ပါတော့တယ်။ စိမ်းညက်ညီမဘုရား၊ စိုးမင်းကြီးကျောင်း၊ နဂါးရုံဘုရား၊ အပယ်ရတနာစေတီတို့ကို ဖြတ်ကျော်ရင်း နံနက်ခင်းအလှတွေကို ခံစားလို့ပေါ့။ ရုတ်တရက် အညှော်နံမွှေးမွှေးရနံလေးရလို့ ကြည့်လိုက်တော့ မွန်မလေး လုံလုံရဲ့အကြော်တဲကိုတွေရတယ် နံနက်ခင်းစားရာ ဘူးသီးကြော်နဲ့ ကောက်ညှင်းပေါင်းကို အဲဒီ မှာပဲ အဆင်ပြေစေလိုက်ပါတယ်။ မွန်မလေးရဲ့အကြော်ဆိုင်ကထွက်တော့ မွန်ဘုရင် မနူဟာမင်းရဲ့ကောင်းမှုတော်စေတီကို ဝင်ဖူးဖို့စိတ်ကူးရလိုက်တယ်။ […]


Ko chogyiFebruary 2, 20131min34216
မှတ်မှတ်ရရနေ့တနေ့ပေါ့ တနင်္သာရီကမ်းရိုးတန်း၊ ဘုတ်ပြင်းမြို့နယ်က ပုလဲကျွန်းမှာ တာဝန်ထမ်းဆောင် နေတုန်းအချိန် ၂.၂.၂၀၀ဝ ရက်နေ့ ညနေပိုင်းမှာ မကွေးမြို့မှာရှိတဲ့ မိသားစုဆီဖုန်းဆက်တော့ ခယ်မဖြစ်သူက “ ကိုနောင်ရေ မမိုးကလေးမွေးပြီ ယောက်ကျားလေး၊ ရ ပေါင်နဲ့ ၁၁ အောင်စရှိတယ်၊ ကလေးရော မိခင်ပါ ကျန်းမာကြပါတယ်” တဲ့။(ကလေးက အဖေတူလို့ ချောတယ်လို့ ပြောတာကိုတော့ ချန်ထားလိုက်ပါမယ်) ကျွန်တော်အတွက်တော့ ဒုတိယမြောက်ချည်နှောင်လာတဲ့ နှောင်ကြိုးလေးတစ်မျှင်ပေါ့။ မနေ့ကရုံးအပြန် အိမ်ရောက်တော့ သားတော်မောင်က “ ဖေဖေ မနက်ဖြန်သားမွေးနေ့ ဘာလုပ်ပေးမှာလဲ”တဲ့။ “ အေးကွာဖေဖေမေ့သွားတယ်၊ သားမွေးနေ့ပွဲလုပ်ပေးမှာပေါ့” ဒါနဲ့သားဖြစ်သူကို သားကဘာကျွေးချင်လဲမေးတော့ ဖေဖေတို့ကြိုက်တာကျွေး၊ သားကတော့ ကျောင်းမှာ သူငယ်ချင်းတွေကို မနက်ဖြန် မနက် ၁၀၃ဝ လာခဲ့ဖို့ဖိတ်ခဲ့ပြီတဲ့ဗျာ။ အဲဒါနဲ့ မဒမ်ချိုကြီးနဲ့တိုင်ပင်ပြီး ကြက်သားပလာတာကျွေးဖို့ အမြန်စီစဉ်ရပါတော့တယ်။ […]


Ko chogyiSeptember 14, 20121min32217
ကျွန်တော်ရွာထဲမဝင်ဖြစ်တာ တစ်ပတ်လောက်ဖြစ်သွားပါတယ်။ အဓိကပြသနာကတော့ အင်တာနက်လိုင်း ပြတ်သွားတာပါ။ ကျွန်တော်ကအပြင်မှာလဲ ထိုင်နေကျမဟုတ်တော့ မဝငြ်ဖစ်ဘူး။ အင်တာနက်လိုင်းကို အမြန်ဆုံးပြုပြင်ဖို့ ကြိုးစားရတာပေါ့။ ကြိုးစားရတာပေါ့ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘယ်သူကဘယ်လိုစခဲ့တဲ့ အကျင့်လဲတော့မသိဘူး၊ ကိုယ့်ကြောင့် ပြတ်တာမဟုတ်လဲ ပြင်ပေးဖို့ တောင်းတောင်းပန်ပန်ပြောရတယ်။ ပထမဦးဆုံး ဖုန်းလိုင်းပြတ်သွားပါတယ်။ အဲဒီတော့ ဖုန်းလိုင်းပျက်သွားလို့ ပြင်ပေးပါခင်ဗျာဆိုပြီး ကွန်ပလိန်းတင်ပါတယ်။ ပြီးပြီပေါ့ သူတို့ပြန်ပြင်ပေးပြီး ပြန်ကောင်း သွားတယ်ပေါ့။ မဟုတ်ပါဘူး ခဏငိုက်လိုက်တဲ့အချိန်မှာ အိမ်မက်မက်သွားတာပါ။ ဖုန်းလိုင်းကမကောင်းပါဘူး။ ကွန်ပလိန်းမေးကြည့်မိတော့ လိုင်းမင်း(Line Man) လာရင်ပြောပေးပါမယ်။ လောလောဆယ် လိုင်းပေါ်တက်မလာသေးပါဘူးတဲ့။ ဒုက်ခဘဲ အဲ့ဒီလိုင်းမင်းလိုင်းပေါ်မတက်သရွှေ့ ငါ့လိုင်းပြင်ပေးမှာမဟုတ်ဘူးဆိုပြီး လမ်းထိပ်ထွက် ကိုကိုလိုင်းမင်းဘယ်နားမှာများရှိမလဲလို့ လိုက်မေးပြီးရှာရပါလေရော။ လိုင်းမင်းကြီးနဲ့တွေ့လို့ အခုတစ်ကယ် ဖုန်းလိုင်းကောင်းသွားပါပြီ။ ဝမ်းသာအားရနဲ့ ကွန်ပြူတာလေးဖွင့် မိုဒန်း(Modem)လေး ပါဝါအွန်လိုက်တော့ ရက်ရက်စက်စက်စိမ်းစိမ်းကာကားနဲ့ လိုင်းမတက်ပါဘူးဗျာ။ အဲဒါနဲ့ […]


Ko chogyiAugust 15, 20121min18311
၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်လောက်က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ရှိ အဖိုးဖြစ်သူ(မိခင်၏အဖေ)ထံသို့ အလည်အပတ်သွားရောက်ခဲ့ပါသည်။ ထိုမြို့ငယ်လေးတွင် မိခင်ဘက်မှ အမျိုးတော်တော်များများရှိခြင်းကြောင့် တစ်အိမ်မှတစ်အိမ်ကူးကာ လည်ပတ်စားသောက်ရင်းပျော်ရွှင်ခဲ့ရပါသည်။ ယခုအခါ ထိုမြို့တွင် ကျွန်တော်သွားလာ လည်ပတ်ခဲ့သော နေရာများမရှိတော့ပါ။ နှစ်စဉ် ရေတိုက်စားမှုကြောင့်မြို့ပြောင်းရွှေ့မှုအကြိမ်ကြိမ်ပြုလုပ်ရခဲ့ပြီးမူလနေရာနှင့် အလှမ်းကွာဝေးသည့်   နေရာသို့  ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါသည်။ အဖိုး၏အိမ်မှာ ဘောလုံးကွင်းနှင့် မြို့နယ်ကောင်စီရုံးရှေ့၊ ရဲစခန်းဘေးတွင်ဖြစ်ပါသည်။ နှစ်ထပ်သစ်သား အိမ်ကြီးဖြစ်ပြီး ရေနံများမဲနေအောင်သုတ်ထားပါသည်။ အိမ်အနောက်တွင် နွားတင်းကုတ်ဆောက်ထားပြီး နွားတင်း ကုတ်မှာ အိမ်ထက်ပင်ကြီးမားလှပါသည်။ နွားကောင်ရေ ၅ဝ ကျော်မွေးထားရာ အိမ်တွင်အစာကျွေးရုံဖြင့် မရဘဲ စားကျက်ခင်းများသို့ လွှတ်ကျောင်းရပါသည်။ ကျွန်တော်လည်း ကလေးပီပီ နွားကျောင်းရာသို့ လေးခွတစ်လက်ကိုင်ကာ လိုက်သွားမိပါတော့တယ်။ အဲဒီမှာ နွားကျောင်းသားရဲ့ ဖြစ်အင်ကို  တွေ့လိုက်ရပါတော့တယ်။ နွားအုပ်ထဲမှာ အဖြူ၊ အနီ၊ အနက်၊ […]


Ko chogyiAugust 14, 20121min1162
သစ်ထူးလွင်ဆိုက်ကတွေ့တာလေးတင်ပေးလိုက်တာပါ။ ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရွေးချယ်ခံရ ဒုသမ္မတအမည် မနက်ဖြန် ပြည်ထောင်စု လွှတ်တော်တွင် ကြေညာမည် ရန်ကုန်၊ ဩဂုတ် ၁၄ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ထား  ကြောင်း တပ်မတော် သား လွှတ်တော် ကိုယ်စား လှယ်များနှင့် ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌ များက ပြောကြားသည်။ လစ်လပ်နေသော ဒုတိယသမ္မတနေရာ အတွက် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က တင်သွင်းသည့် ဒုတိယသမ္မတ အမည်ကို မနက်ဖြန် (ဩဂုတ်လ ၁၅ရက်) တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ […]