petitelapineJuly 16, 20101min721
ယခုရက်ပိုင်းအတွင်း အွန်လိုင်း သုံးစွဲသူများထံသို့ အီးမေးလ်နှင့် ဂျီတော့ခ်မက်ဆေ့ချ်များမှ တစ်ဆင့် ဝင်ရောက်သည့် ဗိုင်းရပ်စ်တစ်မျိုး ထွက်ပေါ်လျက်ရှိပြီး ယင်းဗိုင်းရပ်စ်သည် Windows အား Repair ပြန်လုပ်ရသည်အထိ ပြင်းထန်ကြောင်း သိရသည်။ “အဓိကက ဒီဗိုင်းရပ်စ်က မက်ဆေ့ချ်တွေကနေ ဝင်တာ။ ချက်တင်တွေ၊ ဖိုရမ်၊ မေးလ်တွေကနေပေါ့။ နာမည်ကတော့ နာမည်ကြီး မင်းသမီးတစ်ယောက်ရဲ့ အမည်ကိုသုံးပြီး ဗီဒီယိုဖိုင်ပါ ဆိုပြီးတော့ ပါတယ်။ လူငယ်တွေ ထိတာများတယ်” ဟု ဗိုင်းရပ်စ် လေ့လာသူ တစ်ဦးက ပြောသည်။ အဆိုပါ ဗိုင်းရပ်စ်မှာ Worm အမျိုးအစားဖြစ်သည့် အစုလိုက် ဝင်ရောက်တတ်သော ဗိုင်းရပ်စ် ဖြစ်ပြီး၊ သုံးစွဲသည့် ကွန်ပျူတာ အတွင်းရှိ Data များ ပျက်စီးကာ Windows အသစ် ပြန်တင်မှသာ ရနိုင်ကြောင်း သိရသည်။ […]


petitelapineJuly 16, 20101min760
ာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခု စာရင်းဝင်ဖြစ်သည့် အင်းလေးကန်သည် ၂၀၀၈ ခုနှစ် နွေရာသီတွင် ရေပြင်ဧရိယာ ၄ဝ စတုရန်းမိုင် ရှိခဲ့ပြီး ၂၀၁ဝ ပြည့်နှစ် နွေရာသီတွင် ရေပြင်ဧရိယာ ၂ရ မိုင်သာ ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ အင်းလေးကန်ရေပြင် တိမ်ကောလာရသည့် အကြောင်းအရင်းများတွင် ကန်ထဲတွင် နေထိုင်သည့် လူဦးရေ များပြားလာခြင်း၊ သစ်တောများ ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ ကျွန်းမျောများ၊ စိုက်ခင်းများ များပြားလာခြင်းတို့ကြောင့် ရာသီဥတု ပြောင်းလဲလာကာ အင်းလေးဒေသ၏ အပူချိန်မြင့်တက်လာမှုများကြောင့် ဖြစ်ကြောင်း သိရပါသည်။ “ဒီအင်းလေးကန်ကြီး တိမ်ကောလာရတာဟာ လူတွေကြောင့် ဖြစ်သလို ကန်ထဲကိုစီးဝင်တဲ့ ချောင်းတွေရဲ့ ရေတွေ လျော့နည်းလာတာတွေနဲ့ ရေဝေရေလဲဒေသတွေမှာ မြေသားအပေါ်ယံ အကာအကွယ် မရှိတာတွေကြောင့် မြေပြိုတိုက်စား ပြီး နုန်းပို့ချမှုကြောင့် ရေပြင်ဧရိယာ […]


petitelapineJune 22, 20101min901
ချင်းမိုင် (မဇိ္ဈမ) ။     ။ မွန်စာပေ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းနှင့် သုတေသန ပညာရှင် ဒေါက်တာနိုင်ပန်းလှသည် ယခုလ ၁၈ ရက်နေ့က လေဖြတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။ အသက် ၈ရ နှစ် ရှိမွန်လူမျိုး ဆရာကြီးသည် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ နှင်းဆီကုန်း အထူးကုဆေးခန်း၌ ဆေးကုသမှုခံနေစဉ် ကွယ်ကွယ်လွန်ခဲ့ပြီး ကျန်ရစ်သည့် ရုပ်အလောင်းအား ရေဝေးသုဿန်၌ ယမန်နေ့က သင်္ဂြိုလ်လိုက်ပြီ ဖြစ်သည်။ “ပထမ ဆေးရုံတလ တက်တယ်။ နောက်တော့ အိမ်ပြန်ဆင်းလာပြီးတော့တခါ ဆေးရုံပြန်တက်ပြီးတော့ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၂ဝ မှာ ကွယ်လွန်သွားပါတယ်” သားဖြစ်သူ ကိုမင်းအေးချမ်းက မဇ္ဈိမကိုပြောသည်။ ဒေါက်တာနိုင်ပန်းလှကို ၁၉၂၃ ခု၊ မတ်လ ၂ဝ […]