shwemoenyoJune 14, 20101min1624
မြန်မာနိုင်ငံကလူအများစုက ကိုရီးယားကားကြိုက်ကြတယ် ဘာလို့ကြိုက်တာလဲမေးကြည့်တယ် မင်းသားမင်းသမီးရုပ်လှလို့ ဇတ်လမ်းလေးကကောင်းလို့ သရုပ်ဆောင်ကောင်းလို့ စသည်ဖြင့် အမျိုးမျိုးသောအဖြေတွေကိုရတယ် အားလုံးကိုစုစည်းကြည့်ရင် ရုပ်ရည်လှပပြီးဇတ်လမ်းကောင်းတဲ့သရုပ်ဆောင်ကောင်းတွေ ကြောင့်ပေါ့.။ မင်းသားမင်းသမီးရဲ့ရုပ်ရည်က တို့နိုင်ငံက မင်းသားမင်းသမီးနဲ့ဘာကွာလဲစဉ်းစားတယ် ကွာခြားတာကို သွားတွေ့တယ် သူတို့မင်းသားမင်းသမီးက ရုပ်ကိုချထားတာကိုသွားတွေ့တယ် အဓိကက ခေါင်းဆောင်မင်းသားမင်းသမီးတွေမှာ မင်းသမီးတွေဟာရုပ်ရည်လှပသလို ရုပ်မှာမာန်မရှိတာကိုသွားတွေ့ရတယ် ရုပ်ကိုမြင်တိုင်းလူတိုင်းရင်အေးအောင်နေတက်တယ် ပုရိသတ် ရင်ငြိမ်းနေအောင်လို့ ရုပ်ကိုမာန်ချထားတယ် အဲဒါသူတို့အလှလို့ထင်ပါတယ် သူတို့မျက်နှာကိုအလှရယ်လို့ အလွန်အကျွံမပြင်ဘဲနဲ့ မာန်ကင်းအောင်ပဲ ရုပ်ကိုထားတယ်သင့်သလောက်ပဲပြင်ထားတယ် အဝတ်အစားဆိုလဲ သူတို့ကိုမြင်ရင် သူတို့အဝတ်အစားထက် သူတို့မျက်နှာကိုပဲပရိတ်သတ်က ကြည့်ချင်နေတယ် ရင်အေးတာကိုး သူတို့ပြုံးလိုက်ရင် စိတ်ချမ်းသာတာကိုး (ဂွီဂျင် ဂွီဒေါက် ဇတ်လမ်းဆိုရင်)သူတို့ရဲ့သရုပ်ဆောင်မှုနဲ့သူတို့ မျက်နှာလေးကိုပဲလူက သတိထားကြည့်မိတယ် သူတို့အဝတ်အစားဆိုလုံးဝကို စိတ်မဝင်စားတော့တာ အဲဒီလောက်အထိ မျက်နှာပေး(သရုပ်ဆောင်မှုပညာ) နဲ့ လူတွေကိုဖမ်းစားထားတယ် မြန်မာမင်းသမီးတွေဆင်းရဲသားခန်းရိုက်ပြပါလိမ့်မယ် စုတ်တီးစုတ်ဖတ်ဝတ်မယ် ကြမ်းကြမ်းတမ်းတမ်းရန်တွေ့မယ် ဆင်းရဲသားတိုင်း စုတ်ဖတ်ဖတ်မဝတ်ပါဘူး […]


shwemoenyoJune 1, 20101min630
အသက် အရွယ် ငယ်တုန်းက ကိုယ့်ကစားဖေါ်ကစားလို့ကောင်းတဲ့သူကိုချစ်တယ် သူမလာရင် စိတ်ညစ်တယ်သူ့ကိုကိုယ့်အနားအမြဲရှိစေချင်တယ် ကစားချင်တာကိုးကွ အရွယ်လေးရလာတော့သူချင်းလို့ပြောပေမယ့် ခိုးချစ်ရသူလေးရှိဘူးတယ်တွေဘာတွေဆိုလာရော ဟဲ ဟော အရွယ်တော် တစိတ်ဟိုင်းတဲ့ ၃ဝကျော် လေးဆယ်ပိုင်းရောက်လာတော့ ရဲဘော်ရဲဘက်ဆိုပြီးသုံးနှုန်းလို့ …….. ဟောတော့ သက်တော် ငါးဆယ်ကျော် ခြောက်ဆယ်လောက်ရောက်လာတော့ ငယ်က ကျန်တဲ့ရုပ်ကလေးလဲ ပျက်ယွင်းလို့ တွန့်ခေါက်လာတဲ့ပါးရေနားရေတွေနဲ့ဝေသီလာတဲ့မျက်ဝန်းတွေက နီးကပ်လာတဲ့ ခေါင်းတလားကို မြင်ယောင်လို့ အတွင်းစိတ်အားငယ်မှုတွေနဲ့ ဘေးက တသက်လုံးလက်တွဲလာတဲ့ ကိုယ့် ငယ်ဖေါ် ကိုယ့် လင်သား မယားသည်သာ ကိုယ့်အပေါ်အချစ်ဆုံးပါလားလို့……….


shwemoenyoMay 13, 20101min560
နေရတဲ့တသက်တာမှာ လူတွေ နောင်ဘဝကောင်းစားအောင် အလှုတွေလုပ်ကြ ဘုရားစာတွေရွတ်ဖတ်ကြနဲ့ ကိုယ့်ရဲ့အတွင်းစိတ် သန္နာန်ကိုကော ဘယ်လို ပြင်ဆင်ထားသလဲ လူတိုင်းက ကိုယ့်ကိုကိုယ်တော့ ဖြူစင် မြင့်မြတ်တယ် ငါက လူကောင်းမဟုတ်တောင် လူယုတ်မာ တယောက်တော့မဟုတ်ဘူးလို့လူတိုင်းပြောကြတယ် ဖွင့်မပြောတဲ့လူကလည်း စိတ်ထဲက ပြောနေတာပဲ ဘာလို့လဲဆိုတော့ ဒါက အတ္တတခုပဲ ကိုယ်ကိုတိုင်က သူတော်ကောင်းမဟုတ်တောင် သူယုတ်မဟုတ်ရင်ပြီးရောဆိုတဲ့ကျင့်စဉ်နဲ့တင် လူ့လောကကို ပြီးတော့မှာလား ဒါဆို မင်းကမေးမယ် ငါတို့က အထက်ဂိုဏ်း ဘော်တိုးကျင့်စဉ်တွေကျင့်ရမလားလို့ မဟုတ်ဘူးလေ မိတ်ဆွေ သင့်ရဲ့စိတ်ကို သင်ပြန်ကြည့်ပါ တခုပြောပြီးတိုင်း တခုလုပ်ပြီးတိုင်းအများအားဖြင့် ကိုယ်တယောက်တည်းမဟုတ်ဘဲ နောက်တယောက် ဒါမှမဟုတ် အများနဲ့ပတ်သတ်တဲ့ အလုပ်မျိုုး စကားမျိုးပြောတဲ့အခါပေါ့ စိတ်က ဖြူရဲ့လား ငါ ့ကိုငါ ကာကွယ်ရုံ အဆင့်ထိပဲလား ဒါမှမဟုတ် အများအတွက်ဆိုတာထိပါလား အများအတွက် ဒါမှမဟုတ် […]


shwemoenyoMay 13, 20101min806
လူ့ဘဝက ဧည့်သည်ပါလို့ ပြောနေကြပေမယ့် လူတွေက ဧည့်သည်က ဧည့်သည်လို မနေကြတော့ ခက်တယ် ဧည့်သည်ဆိုတာ မဆိုင်တာ ဝင်မပြောရဘူး မသင့်တာ မလုပ်ရဘူး တန်ရုံသာ စားရတယ်