zaylayJuly 18, 20101min860
ငယ်ချင်း ဆိုတာ.. (ရဝေနွယ်- အင်းမ) သူငယ်ချင်းဆိုတာ ဘာလဲလို့မေးရင် စာမှာ ဒီလို ဖွင့်ပြ ထားပါတယ်။ သုခံ ဒုက္ခံ သဟ အာယနိ္တ ဥပစ္ဆနီ္တတိ သဟာယကော၊ အဓိပ္ပါယ် ကတော့ ချမ်းသား ဆင်းရဲ ကို အတူတကွ ခံစား တတ်သောကြောင့် သူငယ်ချင်း ပါတဲ့၊ သူငယ်ချင်းရဲ့ ပါဠိက သဟာယ ကပါ။ မကြာသေးခင်က မိမိတို့ ရိပ်သာကို သုံးဆယ်စွန်းစွန်း ဆရာဝန် နှစ်ယောက် ရောက်လာပါတယ်။ တစ်ယောက်က တရား ရိပ်သာဝင်ဖို့၊ တစ်ယောက်ကတော့ အဖော် အာမခံအဖြစ် လိုက်လာတာပါ။ အဖော် အာမခံ အဖြစ် လိုက်လာတဲ့ ဆရာဝန်က ကျောင်းတိုက်နဲ့ ဆက်စပ် နေသလို တရား ရိပ်သာဝင်မဲ့ ဆရာဝန်ကလည်း […]


zaylayJuly 18, 20101min1402
ရန်ကုန်မြို့ရှိ ဆီဒိုနား​ ဟိုတယ်၌ မေလ ၁၉ ရက်နေ့တွင် ဖြစ်ပွား​ ခဲ့သည့် ဖြစ်စဉ်နှင့်​ ပတ်သက်၍ ဇူလိုင်လ ၁၃ ရက်နေ့တွင် တရားစွဲဆို​ ခံရသူ ထက်ထက်မိုးဦး က​ ရန်ကင်း​ တရားရုံးသို့ ၁၅ မိနစ်ကြာ အမှုရင်ဆိုင်ရန် ရောက်ရှိလာစဉ် သရုပ်ဆောင် ထက်ထက်မိုးဦး၏ ခင်ပွန်း​ ဇူးမြတ်ထက်နှင့် အမှုရုံးချိန်းသို့ လာရောက်သူ သတင်းထောက် အမျိုးသမီး​ တစ်ဦးတို့ ပြဿနာ ဖြစ်ပွား​ ခဲ့ကြောင်း သတင်းရရှိသည်။ ၁၅ မိနစ်ကြာ အမှု​ ရင်ဆိုင်​ နေစဉ် အမှု​ စစ်ဆေး​ နေသည့် အခန်း​ ပြင်ပမှာ​ အမှုရုံးချိန်းသို့ လာရောက်​ သတင်းယူနေသူ အမျိုးသမီး သတင်းထောက် တစ်ဦးကို ထက်ထက်မိုးဦး ရဲ့ ခင်ပွန်း​ […]


zaylayJuly 18, 20101min701
တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကို ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာစာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာ ကတော့သိပ်မကောင်းဘူး ခင်ဗျ။ သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီတောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော် အရင် တင်ပြပါ့မယ်။အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှုတော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက် တင်ကိုသုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံး နည်းတူချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ် သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီး စကားပြောလေ့ရှိပါတယ်။ တစ်နေ့မှာ သူဟာ လူတစ်ယောက်နဲ့ […]


zaylayJuly 18, 20101min650
မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရား တောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအဝင် ဖြစ်နေပြန်ပါပြီ။ ဝါမဝင်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ဝါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက် ခေတ်လူငယ် အတော်များများ ဘဝင်မကျ ဖြစ်လာကြတာကို […]


zaylayJuly 18, 20101min1786
တစ်ချိန်မှာ သူငယ်ချင်းတို့ မိတ်ဆွေတို့သာ အဲဒီဘဝမျိုးရောက်ခဲ့မယ်ဆိုရင် ဒီဟာလေးဖတ်ပြီတော့ ကျွန်တော်အတွေးတွေကိုပြောချင်ပါတယ်။ သူများတွေကိုအပြစ်တင်မဲ့အစား ဒါလေးတွေလိုက်နာကြရအောင်လား။ အပြည့်အဝ မဟုတ်တောင်ပေါ့…………….. (၁) အပြင်ထွက်လို့ အသက်ကြီးပြီး ချို့တဲ့တဲ့ လူတွေတွေရင် ကိုတတ်နိုင်သလောက်လှုု ခဲ့ကြပါ။ (ဒါဟာကုသိုလ်ပြုတာပါပဲ။ ) (၂) လမ်းမှာရောက်နေတဲ့ (အစွန်းရောက်နေတဲ့) သူငယ်ချင်းတို့ကို ဖျောင့်ဖြပါ။ ကိုယ်တတ်နိုင်သလောက်ပေါ့။ ကဲ..အောက်ကဟာဖတ်ကြည့်ရအောင်။ တခြားဟာတွေလည်းထပ်ဖြေကြပေါ့။ ********************************************************************************* သင် ဘယ်နိုင်ငံမှာ နေရတာ အကောင်းဆုံးလဲ ဆိုတာ ……………..အခြားနိုင်ငံရေးတွေ မပါခဲ့ရင်ပေါ့ ဒီနိုင်ငံက သက်ကြီးရွယ်အို”အနန္တဂိုဏ်းဝင် ကျေးဇူးရှင်”၊ “ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား” …စတဲ့ အဆုံးအမတွေနဲ ့ ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက် ဒိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ […]


zaylayJuly 18, 20101min881
ဒီကို့ယို့ကားယား နိုင်တဲ့ ခုံတန်းလျားရဲ့ ဒီဇိုင်းဟာ သင့်ရဲ့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို ထုတ်ယူမယ့် နောက်ဆုံး ပေါ် ဒီဇိုင်းပဲပေါ့ ။ သင်မြင်တဲ့အတိုင်းပါပဲ ..အကြွေစေ့လေးထည့်လိုက်ပါ ဒါဆိုရင်သင့်အတွက် ထိုင်ခုံက သက ်တောင့်သက်သာရှိစေမှာ ဖြစ်ပြီး သင်အနားယူနိုင်ပါပြီ ။ ဒါပေမယ့်လည်း သင်ထိုင်နေတဲ့အချိန်ပြည့်ပြီဆိုတာနဲ့ သင် နောက်ထပ် အကြွေစေ့ထပ်ထည့်မှာသာ ထပ်ပြီးထိုင်လို့ ရမှာ ဖြစ်ပါတယ် ။ အကယ်၍ သင်ဟာ ပိုက်ဆံမပေးပဲ ထိုင်ချင်တယ်ဆိုပါစို့ ။ ဒါဆိုရင်တော့ သင့် တင်ပါ့းမှာ စူးရာတွေ ခြစ်မိစေမှာ ဖြစ်ပြီး ဝမ်းနည်းစရာကောင်တာက အဲဒီနေရာမှာ တခြား အနားယူစရာ ထိုင်ခုံလည်းမရှိပါဘူး ။ ဒါကြောင့် သင်ထိုင ်ချင်တယ်ဆိုရင်တော့ အကြွေစေ့ပေးပြီး ထိုင်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ် ။


zaylayJuly 18, 20101min3762
ဆုံး စ မ ထင် သော သံ သ ရာ တ လျှောက် တွင် ဂင်္ဂါ ဝါ လု သဲ စု မ က သော ဘု ရား များ ပွင့် ခဲ့ ကြ သည်။( သမ္ဗုဒ္ဓေ ဂါ ထာ ) ဗုဒ္ဓ ဝင်တို.တွင် ထင်ရှားသည်မှာ ( ၂၈ )ဆူသော ဘုရားများဖြစ်သည်။ ဂေါတမ ဘုရားရှင် ဖြစ်လာမည်. သုမေဓါ ရှင် ရသေ.အား ” နောင် ဘဒ္ဒ ကမ္ဘာတွင် ဂေါတမ အမည်ဖြင်. ဘုရား ဖြစ်မည် “ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” […]


zaylayJuly 18, 20101min870
သီလ၏ အဓိပ္ပါယ် သီလဆိုသည်မှာ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းမှုမရှိစေဘဲ နူ့ညံ့သိမ်မွေ့အောင် ကောင်းစွာထားတတ်သောကြောင့်လည်းကောင်း၊ ကုသိုလ်တရားတို့ကို အဆင့်ဆင့်တိုးပွားအောင် ကောင်းစွာလုပ်ဆောင်တတ်သောကြောင့်လည်းကောင်း သီလဟု ခေါ်ဆိုပါသည်။ တစ်နည်းအားဖြင့် သီသ-ဦးခေါင်းဟူသော စကားမှ ဆင်းသက်ရွေ့လျောလာ၍ သီသမှသီလဟု ပြောင်းလဲလာခဲ့သည်။ သတ္တဝါများ ဦးခေါင်းပြတ်သွားလျှင် တစ်ကိုယ်လုံးပျက်စီးသွားသကဲ့သို့ လူတစ်ယောက်မှာ သီလတရားပျက်စီးသွားလျှင်လည်းကောင်း၊ သီလတရားမရှိလျှင်လည်းကောင်း ကုသိုလ်ဟူသမျှ မရရှိနိုင်တော့၍ အလုံးစုံပျက်စီးသွားတော့သည်ဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် လောက၌ အပူအေးငြိမ်းခြင်းကို “သီတလ”ဟု ခေါ်ကြ၏။ ထို“သီတလ”မှ အလယ်အက္ခရာ (တဝမ်းပူ)ဖြုတ်၍ သီလဟု ခေါ်ကြပါသည်။ သတ္တဝါတို့၏ သန္တာန်၌ ကိလေသာအပူဟူသမျှတို့ကို ငြိမ်းအေးအောင် ပြုလုပ်ပေးတတ်သောကြောင့် သီလဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ ထို့ပြင် သီလဆိုသည်မှာ ကောင်းသောအကျင့်ဟု ဆိုလိုပါသည်။ ကောင်းသော အကျင့်ဆိုသည်မှာလည်း….. ၁။ […]


zaylayJuly 18, 20101min770
“မျက်ရည်စက်ကသိတဲ့အချစ်” ပြီးသွားတာတွေဟာ ပြန်မရပါဘူး။ အတိတ်တွေဟာလည်း တဖြည်းဖြည်း ဓါတ်ပုံဟောင်းလို မှုန်ဝါးလာတယ်။ တစ်ချို့တွေကို ရင်ထဲကအတွင်းဆုံးနေရာမှာ သိမ်းထားလိုက်တယ်။ နက်နဲတဲ့ ဒဏ်ရာတွေဟာလည်း မနာကျင်တော့ဘူး။ ကော်ဖီတစ်ခွက်လိုပဲ။ ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတွေဟာ ပြီးသွားပါပြီ။ မျက်ရည်စက်လေး ကော်ဖီခွက်ထဲကျသွားတယ်။ တစ်ချို့ကပြောတယ် “မျက်ရည်ကိုထိန်းချုပ်မရတော့ပဲ ကျလာတော့မယ်ဆိုရင် မျက်စိကိုမပိတ်ပဲ လောကကြီးကိုကြည့်နေလိုက်ပါ အားလုံးဟာတဖြည်းဖြည်းမှုန်ဝါးလာပြီး မျက်ရည်ကျသွားတဲ့အချိန်မှာတော့ ရင်ထဲမှာရှင်းလင်းသွားတယ်။ ချစ်တာကြာသွားရင် မထူးဆန်းတော့သလို နာကျင်တာကြာသွားရင် ဒဏ်ရာဖြစ်သွားတယ်။ မုန်းတာကြာသွားရင် ရင်တွေလေးလာမယ်။ ရိုးရှင်းတဲ့အချစ်ပဲဖြစ်ဖြစ် အားလုံးကထာဝရပဲဖြစ်ချင်ကြတယ်။ ရိုးရှင်းတဲ့အချစ်ကို လူတိုင်းကမသိကြဘူး ဘယ်လောက်ပျော်ဖို့ စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုတာကို…… စောင့်နေရတာကြာသွားပေမဲ့ အချိန်တွေကကုစားမယ်ဆိုပေမဲ့ ဒီစိတ်ကပြောင်းလဲသွားတာမဟုတ်ပါဘူး။ သူ့နေရာကနေ သူပုံမှန်လေး ရှိနေတာပါ။ လူတစ်ယောက်က တခြားတစ်ယောက်ကို အရမ်းချစ်မိပြီဆိုတာလည်း ပေးဆပ်ခြင်းအတွက် သူပျော်နေပါတယ်။ ရယူပိုင်ဆိုင်မှုအတွက်ဆိုရင်တော့ သင်မြတ်နိုးမှာမဟုတ်ပါဘူး။ ရယူတာထက် စောင့်စားတာပိုမကောင်းဘူးလား။ အချစ်ဆိုတာ […]


zaylayJuly 18, 20101min920
မိသားစုဝင်နည်းနည်းနဲ့ အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။ ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။ ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။ ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။ ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။ ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။ ရယ်တာတော့ အတော်နည်းသွားပြီ။ ကားမောင်းတာ အတော်မြန်လာကြတယ်။ ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။ အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။ စာဖတ်တာ အတော်လေးနည်းတယ်။ ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။ ကျွန်တော်တို့ စကားကို […]


zaylayJuly 18, 20101min590
ကြောက်စရာကြီးနော်. ၁၉၆၁ ခုနှစ်ရဲ ့ဧပြီလ ၂၉ ရက်နေ ့မှာ အန ္တာတိတ်ဒေသကို လေ လာရေးခရီးရောက်ရှိနေတဲ ့ဆိုဗီယက်နိုင်ငံ (ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စု ပေါ ့ ယခုတော ့ရုရှား ပါ….) မှ လေ့လာရေးအဖွဲ ့တစ်ခုရဲ ့အဖွဲ ့ဝင်တစ်ဦးဖြစ်တဲ ့အသက် ၂ရ နှစ်အရွယ်ရှိ လီယိုနစ်ရိုဂိုဇော့ဗ် တစ်ယောက် ၎င်းရဲ့ ညာဖက် ဝမ်းဗိုက် အောက်ပိုင်းနာကျင်ကိုက်ခဲတဲ ့ဝေဒနာ ခံစားခဲ ့ရပြီး အဖျားလဲ တက်လာခဲ ့ရပါတယ်… နောက်တစ်နေ ့မှာတော ့သူ ့ရဲ ့အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ ့ပါတယ်…ဆေးရုံ၊ ဆေးခန်းသို ့ပို ့ပေး မည် ့လေယာဉ်၊ ရဟတ်ယာဉ်လည်း ခေါ်နိုင်မည် ့အခြေအနေမရှိသည် ့အပြင် […]


zaylayJuly 18, 20101min680
TELEVISION, COMPUTER VISION AND YOUR EYES တယ်လီဗွီးရှင်း၊ ကွန်ပြူတာ နှင့် သင့် မျက်လုံးများ ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် … ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ် မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင် သင့်သလဲ။ မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ထွန်းလင်း M.B.B.S, M.Med.Sc (OpHTH) ကို တွေ့ဆုံပြီး မေးမြန်း ထားပါတယ်။ မေး။ ။ တီဗီ ကြာကြာ ကြည့်ရင်။ ကွန်ပျူတာ […]


zaylayJuly 18, 20101min621
– မင်းသမီးတွေ အမှုဇြစ်နေကြတဲ့ခေတ်မှာ မင်းသမီး ပန်းဖြူ ရဲ့အမှု့အကြောင်း သတင်းကြားပြီးပြီလား။ သူ့အပေါ်ယုတ်မာ ရက်စက်မိုက်ရိုင်းသွားတဲ့ ကိုဇော်ဝင်းရှိန် ဆိုတဲ့သူကို ပြစ်မှု့ပုဒ်မ ၄၁ရ နဲ့ တရားစွဲထားတာတဲ့လေ။ ဇော်ဝင်းရှိန် ဆိုတာသိလား ?။ ဟိုတစ်လောက DVB မှာ ပေါ်ပြူလာဖြစ်တဲ့၊ ကမာ္ဘအေးဘုရားလမ်းပေါ် က နံမည်၈လုံးနဲ့လူကြီးသား နဲ့ ရှယ်ယာစပ်တူဖွင့်ပြီး၊ ကမန်းကတန်း ပြန်ဖျက်လိုက်တဲ့၊ 7 LEKKER COFFEE SHOP ပိုင်ရှင်၊ DELTA UNITED ဘောလုံးအသင်း ရဲ့ ဥက္ကဌ ဟောင်း ၊ဧရာဟင်္သာ ကုမ္ပဏီ ပိုင်ရှင်ဆိုတဲ့ လူတစ်ယောက်နဲ့ ၂၀၀၂ ခုမှာ စတင်ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတယ်တဲ့။ ၂၀၀၃ ခုနှစ်ထဲလည်းရောက်ရော ဇော်ဝင်းရှိန်ရဲ့ လက်ထပ်ကြမယ် ဆိုတဲ့ စကားကို […]