ဂ်စ္စူDecember 22, 20104min971
Title လေးတွေမှာပဲ မူရင်းလင့်ခ် ကိုထည့်ပေးထားပါတယ်။ခေါင်းစဉ်ကိုနှိပ်၍ မူရင်းဆိုဒ်သို ့သွားကြည့်နိုင်ပါသည်။ တစ်ထောင်ကျပ်တန်နှင့် ငါး ထောင်ကျပ်တန်  ငွေစက္ကူအတုများ ကိုလက်ခံရရှိခဲ့ပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ကြပါဟု ဗဟို ဘဏ်မှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။ငွေကျပ် ၁ဝဝဝ ကျပ် တန်နှင့် ၅ဝဝဝ ကျပ်တန်  ငွေစက္ကူအတု များအား ပြည်သူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရာမှ တွေ့ရှိ ၍သော်လည်း ကောင်း၊ ဘဏ်ထုတ် ငွေများတွင်ပါဝင်၍သော်လည်းကောင်း လက်ခံရရှိခဲ့ပါကထို ငွေ စက္ကူအတုများ ပြန့်ပွားခြင်းမရှိ စေရန်နှင့် ငွေစက္ကူအတုပြုလုပ်၍   သုံးစွဲ သူ များအား ဖမ်းဆီး ထိန်း သိမ်း နိုင်ရန်အတွက်   သက်ဆိုင်ရာသို့ အချိန်မီ  သတင်းပေးပို့ရန်  လိုအပ် ကြောင်း    မြန်မာနိုင်င ံတော် ဗဟို […]


manawphyulayDecember 21, 20101min842
ပြည်မြို့ဘက်ကမ်း နဝဒေးတံတားထိပ်မှ လှမ်းမျှော်ကြည့်လိုက်လျှင် ဆင်တဲဘက်ကမ်း၊ ဧရာဝတီမြစ်ကမ်းနဖူး၌ ရွှေရောင်တဝင်းဝင်းတောက်ပလျှက်ရှိသော စေတီတော်တစ်ဆူကို ဖူးမြင်ရပါသည်။ ဉာဏ်တော်အမြင့် ၁၅၆ပေရှိ ရွှေဘုံသာမုနိရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးဖြစ်ပါ၏။ သက္ကရာဇ်(၁၂၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်သည် ရခိုင်ဘုရင် စန္ဒသူရီယမင်း၏ အဓိဌာန်ပြုပင့်ဆောင်ချက်အရ နောက်ပါ ရဟန္တာ(၅၀၀)ခြံရံကာ ဓညဝတီရခိုင်ပြည်သို့ ကြွချီတော်မူပြီး ကျော်တော်မြို့အရှေ့ဘက်ကမ်းရှိ သေလာဂီရိတောင်ထိပ်၌သီတင်းသုံးစံပယ်တော်မူခဲ့သည်။ စန္ဒသူရိယမင်းနှင့်တကွ မှူးကြီးမတ်ရာ သေနာပတိများ၊ ပြည်သူပြည်သားများတို့သည် မြတ်စွာဘုရားနှင့် ရဟန္တာ(၅၀၀)တို့အား ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာတိုင်တို့ဖြင့် (၃)လတိုင်တိုင် မပြတ်မလပ် ပူဇော်အလုပ်အကျွေးပြုကြပြီး မြတ်ဗုဒ္ဓ၏ တရားတော်ကို နာယူကြသည်။ မုနိ (၄)ဆူ သွန်းလုပ်ခြင်း (၃)လ ပြည့်မြောက်၍ ဓညဝတီရခိုင်ပြည်မှ ဘုရားရှင်ပြန်လည်ကြွချီတော်မူမည်ပြုသောအခါ စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်ချက်အရ ဘုရားရှင်၏ကိုယ်စားကိုးကွယ်ဆည်းကပ်နိုင်ရန်အတွက် ကိုယ်ပွားရုပ်ရှင်တော်မြတ်တစ်ဆူ သွန်းလုပ်ရန် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့သည်။ ထို့ကြောင့် […]