KyaemonFebruary 23, 201216min1884
  စာရေးသူတဦး ပြောတာ က “အဲဒီအထဲမှာ တရုတ်ကြီးကို အတော်များများ ကနေ လုံးဝနီးပါး မှီခိုနေရတဲ့ တိုင်းပြည်တွေ (မြန်မာ၊ လော၊ ကမော္ဘဒီးယား) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ …တရုတ်ကို အဓိကကုန်သွယ်ဖက်တခု အဖြစ်သာ ဆက်ဆံနေတဲ့ …. ကျန်တိုင်းပြည်များရဲ့  ဖွံ့ဖြိုးတိုးတက်မှုများကို ယှဉ်ကြည့်တဲ့အခါ တရုတ်ကြီးကို မှီခိုလို့ တိုးတက်တဲ့နိုင်ငံပြပါဆို ပြစရာ တနိုင်ငံမှ မရှိဘူး။ အားလုံး ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှင်နေရတယ်။ တိုင်းပြည် တွင်းထွက်သယံဇာတများကို ဈေးပေါပေါနဲ့ တရုတ်ပြည်ကို ရောင်းစားတယ်။ …”     မှန်မမှန် ကိုဝီးကီး အဘိဓာန် နဲ့ စီအိုင်အေ မှတ်တမ်း စာအုပ်တွေ ကိုလိုက်ကြည့်ရအောင်၊   နှစ်နေရာစလုံး က   ယိုးဒယား နိုင်ငံ […]


htet wayFebruary 23, 20121min22817
အမူပွဲစားတွေ ဟာတရားရုံးတိုင်းမှာရှိတတ်ပါတယ်။ မထင်မရှားအသွင်တစ်မျိုးနဲ့ ရပ်တည်နေကြတာပါ။ အမူပွဲစားတွေကို ဖေါ်ထုတ်ပြီး အရေးယူမယ်ဆိုတဲ့ စာကို တရားရုံးရှေ့မှာကပ်ထားတာတွေ့ရတယ်။ ဒီနေရာမှာ အမူပွဲစားဆိုတာ ဘယ်လိုလူတွေလဲဆိုတာကို သိသလောက်ပြောပြချင်ပါတယ်။ ရှေ့နေတစ်ယောက်နဲ့ ရင်နှီးတဲ့ လူတန်းစားတစ်ချို့က အမူဖြစ်နေတဲ့ ခေါင်းမီးတောက်နေတဲ့ လူကို မင်းတော့ ဘယ်ရှေ့နေငှား သူက ပေါက်တယ် တရားသူကြီးနဲ့ ပိုင်တယ်ပြောဆိုစည်းရုံးပြီး ငှား ရမ်းစေတဲ့ အခါ တစ်သိန်းပေးရရင် အမူပွဲစားကို တစ်သောင်းပေးရပါတယ်။ဒိမှာ အမူပွဲစားက ဘာထပ်လုပ်လည်းဆိုတော့ ဥပဒေအရာရှိကိုပေးရမယ် ဘာညာပြောပြီး တစ်သိန်းတန်သည်၅သောင်းတန်သည် ယူလိုက်တာပဲ။ တကယ်တော့ ဥပဒေအရာရှိကို မပေးခဲ့ပါဘူး။ဥပဒေအရာရှိခမျာ ဘာမှ မသိဘဲ နာမည်ပျက်ရတော့တာပဲ။ အမူပွဲစားက ဒါထက်မရပ်သေးပါဘူး တရားသူကြီးကိုပေးရမယ် ဆိုပြီး အချီကြီး ယူတော့ တာပဲ ၄သိန်း ၅သိန်း တောင်းတယ် ။အမူသည်ကိုလည်း ယုံအောင်ပြောတော့တာပဲ […]


weiweiFebruary 18, 20121min25218
ဒီကနေ့ အငယ်ဆုံးတူလေးရဲ့ concert ကို အားပေးချင်တာနဲ့ မအားတဲ့ကြားထဲက အမျိုးသားဇာတ်ရုံကို အရောက်သွားခဲ့ပါတယ် … အချိန်နဲနဲစောသွားမိတာနဲ့ အပေါက်ဝကနေ ဟိုငေး ဒီငေး ဟိုတွေး ဒီတွေးနဲ့ ဦးဦးပါလေရာပို့စ်ကိုပါ သတိရသွားခဲ့ပါသေးတယ် .. ကလေးတွေ မိဘတွေ ကားအကောင်းစားတွေ … ချမ်းသာတဲ့မိဘတွေနဲ့ ကံကောင်းတဲ့ ကလေးငယ်တွေပေါ့ … ကလေးငယ်လေးတွေရဲ့ ဘဝအစမှာ ကြီးကျယ်ခမ်းနားမှုကို ခံစားနိုင်အောင် စီစဉ်ပေးနိုင်တဲ့ ILBC ကျောင်းကိုလဲ ချီးကျူးမိတယ် … marketing ကောင်းပုံကိုလဲ သတိထားမိရင်း ရွာထဲက ဆြာလေး ဂီဂီ ကိုလဲ သတိရမိသေးတယ် … ILBC က မူကြိုကို အထူးဂရိုစိုက်ပြီး အကောင်းဆုံး service ပေးခြင်းဖြင့် ကလေးမိဘတွေကို စွဲဆောင်နိုင်ပါတယ် … မူကြိုထားပြီးနောက် […]


minn_annawarFebruary 16, 20121min933
အရီးလတ်ရဲ့ ဒါ့ပုံနဲ့  ပတ်သက်လို့   သတိရသွားတာလေးတစ်ခုပေါ်လာလို့ ပါ။ သမီးကြီးငယ်ငယ် က မြန်မာပြည်မှာ TV ပေါ်ကာစလေ၊ လူကြီးတွေ TVဖွင့်ရင် ကလေးတွေက ထိုင်ကြည့်ကြပေါ့၊ တစ်နေ့   မှာ  လူကြီးတစ်ယောက်က TV ဖွင့်နေတုံး အစဉ်မပြေဖြစ်နေတာနဲ့   သမီးကြီး က အော်ဖူးပါတယ်၊ “သဝေထိုးနှိပ်၊ သဝေထိုးနှိပ်’ တဲ့၊ သူနှိပ်စေချင်တာက Channel 6 လေ။  ဒါပေမဲ့ သူသိထားတာက “သဝေထိုး’ဖြစ်နေတာကိုး၊ နောက်တစ်ခါ သမီကြီးကမွေးတဲ့ မြေးမ သူတို့ ခေတ်ကျတော. မူကြိုမှာထဲက English လိုသင်ပြီး English လိုအပြောများတဲ့ခေတ်၊ သူ့  အဖွား ကပိုက်ဆံလာတောင်းတော့  သူ့  မှာရှိတဲ့ သူ့   အဖေပေးထားတဲ့ ၁၀ဝတန်ငွေစက္ကူ ကိုထုတ်ပေးတယ်၊ သူ့  အဖွားနောက်ချင်တာနဲ့    အဲဒါဘာလဲ […]


nigimi77February 15, 20121min1336
ရွှေအိမ်စည်က ဒီလို ခေါင်းစဉ်နဲ ့ ပိုစ့်တင်ခဲ့တယ် ။   လူနှစ်ထောင်ကျော်ရဲ ့တိုက်ပွဲ…သန်း၆ဝကျော်နဲ ့ တိုက်ရိုက်သက်ဆိုင်တယ် ========================================== မှန်ကောင်းမှန်လိမ့်မယ် ။    တစ်ခုရှိတာက    ဒီနေ ့ ပိုက်ဆံမရှိလို ့ ဒီနေ ့ထမင်း မစားနိုင်တဲ့ ပြသာနာကို ဗိုက်မဆာလို ့ ဆိုတဲ့   ဖြေရှင်းနည်းနဲ ့ လူကြားကောင်းအောင် ဖြေရှင်းတတ်တဲ့ အနေအထား အဆိုးရွားဆုံး ဒီနိုင်ငံမှာ  အမှန်တရားကို သိဖို ့ကို သိပ်ပြီး ခက်ခဲလိမ့်မယ် ။ မြန်မာပြည်ရဲ  ့ လုပ်သားတွေ အကြောင်း ၊ လုပ်သားတွေရဲ  ့ ဘဝ အခြေအနေ အကြောင်း ၊ ဘယ်လောက်တော့ရရင်ဖြင့် အနည်းဆုံးတော့ ထမင်းစားနိုင်တယ် ဆိုတဲ့ အကြောင်း […]


Ma MaFebruary 15, 20121min37238
နာဂစ်ဆိုတာ လူ့အသက်ပေါင်းများစွာကို ခြွေဖျက်ယူသွားသလို ဘဝပေါင်းများစွာကိုလည်း ကြေပျက်စေခဲ့ပါတယ်။ ကိုယ်နဲ့ နှစ်ပေါင်များစွာ အလုပ်လုပ်လာခဲ့တဲ့ မိသားစုတစ်စုဆိုရင် ……. နာဂစ်ကြောင် လုပ်ငန်းကိုင်ငန်းတွေရော၊ နေအိမ်ရော၊ မိသားစုဝင်တွေပါ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အကြီးအကျယ် ကြုံတွေ့ခဲ့ရပါတယ်။ စီးပွားရေးပြန်လည်ထူထောင်ဖို့အတွက် ငွေရေးကြေးရေးအခက်အခဲရှိလို့ လာပြီးအကူအညီတောင်းတဲ့အခါမှာ …. သူတို့ရဲ့ ယိုင်နဲ့နေတဲ့ လက်ရှိအခြေအနေအရ ငွေချေးငှားပေးဖို့ မသင့်တော်ပေမယ့် …….. နှစ်ပေါင်းများစွာ အစွန်းအထင်းမရှိပဲ မိသားစုတွေလို ရင်းရင်းနှီးနှီး အလုပ်လုပ်လာခဲ့တဲ့သူတွေဖြစ်တာကြောင့် အဲဒီငွေကို ဆုံးရင်လည်း ဆုံးပါစေလို့ သဘောထားပြီး ကူညီတဲ့အနေနဲ့ ချေးငှားပေးလိုက်ပါတယ်။ သူတို့လည်း ငွေရတာနဲ့ စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားပေမယ့် အားနည်းတဲ့အချိန်မှာ ပြဿနာတွေ၊ ဒုက္ခတွေက နည်းအမျိုးမျိုးနဲ့ ဝင်လာခဲ့ပါတယ်။ ချွေးမဖြစ်သူက ကလေးမမွေးနိုင်ပဲ အသက်ဆုံးပါးသွားရသလို အမေနဲ့လက်ရည်တပြင်တည်း လုပ်ကိုင်စားသောက်နေတဲ့ သားဖြစ်သူကလည်း နာတာရှည်ရောဂါလိုလို […]


nigimi77February 12, 20121min28910
ဆန္ဒကို လှည့်ဖြားခြင်းဟာ မိုက်မဲရာကြတယ် ။ ဆန္ဒကို ရှောင်လွဲပေးဖို ့အတွက်ကို နည်းလမ်း ရှာဖွေခြင်းဟာ လူသားဆန် လိမ့်မယ် ။ ဘယ်သူတွေက ဆန္ဒကို လှည့်ဖြားအောင်မြင်ခဲ့လို ့ လူ ့အဖွဲ ့အစည်းကို တည်ဆောက်နိုင်ခဲ့ကြသလဲ ။ ဆန္ဒကို မှန်ကန်တဲ့ လူသားဆန်တဲ့ နည်းလမ်း နဲ ့ ရှောင်လွဲပေးခြင်းသာလျင် အောင်မြင်တဲ့ လူ ့ အဖွဲ ့အစည်း ဖြစ်တယ် ။ ================================= ဒီနေ ့ရဲ ့ ဖြစ်စဉ် အမှန်ကို လက်တွေ ့သိဖို ့ကြိုးစားကြည့်ပါ ။ မြန်မာနိုင်ငံရဲ ့ လက်ရှိ အနေအထားမှာ အလွန်ကျပ်တည်း ကျဉ်းမြောင်းလှတဲ့ လိုင်းကားတွေကို စီးနင်းရင်း အလုပ်အသွားအပြန် လုပ်နေကြတာ […]


nigimi77February 12, 20121min972
မဟုတ်တရုတ် လုပ်ရင် ဝီစီမှုတ်မယ် ဆိုတဲ့ ဗော်လန်တီယာများ ၊ လိင် ခွဲခြားမှု အခွင့်ကောင်း ယူလိုသူ အမျိုးသမီးများ ။ လူ ့သဘာဝ ပါတ်ဝန်းကျင်အား ငြိုးနွမ်း အရုပ်ဆိုးစေသော မယောင်ရာ ဆီလူး လူထင်ပေါ် များ ။ သို ့ …………………… ။ ================================================ သူတောင်းစား အစာဝရင် ………. ဆိုတဲ့ စကားက ရှိခဲ့တယ် ။ ခေတ်ကာလတွေက ပြောင်းခဲ့ပြီ ။ သူတောင်းစား မဟုတ်လည်းပဲ……အစာ မဝခဲ့ရင်လည်းပဲ……. အတွေ ့ အထိကို လွန်ဆန်နိုင်တဲ့ လူသားရှိခဲ့ရင်… ပုံမှန်မဟုတ်တဲ့ လူတစ်ယောက်လို ့ပဲ ယူဆရမယ် ။ အတွေ ့အထိ ဆိုရာမှာ ……… ၁ […]


kanjosanFebruary 6, 20121min17110
ကျင်းပလျှက်ရှိသော Mandalay BarCamp 2012 တွင် ၅၀၀ဝ တန်ဖုန်းရရှိရန် လှုပ်ရှားမှု့တစ်ခု ပြုလုပ်ခဲ့ပါသည်… ကြော်ငြာများတွင် ၅၀၀ဝ တန်ဆင်းကဒ် စတေကာများ လိုက်ကပ်ထားသည်ကို တွေ့ရသည်… ဆက်သွယ်ရေးလုုပ်ငန်းတွေကိုု တချို့နိုုင်ငံတွေမှာ ပြည်သူပိုုင်ထားရချုင်းအဓိက က last mile ပြသနာကြောင့်ပါ… ဘယ်စီးပွားရေးလုုပ်ငန်းမှ ဝင်ငွေမရတဲ့ last miles တွေမှာရင်းနှီးမှာမဟုုတ်လိုု့ပါ…. အဲဒီအခါမှာနိုုင်ငံရေးပြသနာတွေရှိလာနိုုင်လိုု့ပါ.. last miles problem ကိုု ခဏမေ့ထားနိုုင်မယ်ဆိုုရင်တော့ ဈေးနည်းနည်းနဲ့ ဖြစ်နိုုင်ပါတယ် မြန်မာနှင့် အိမ်နီးခြင်းနိုင်ငံများ၏ တယ်လီဖုန်း သုံးဆွဲနိုင်မှု့ကို ယှဉ်ကြည့်လျှင် တော်တော်နိမ့်ကျနေသည်ကို တွေရပါသည်… ဆက်သွယ်ရေးမှ လူကြီးမင်းများ ဒါတွေကို မသိဘူးလား မပြောတတ်ပါ… ထိုင်း – လူ ၁ဝဝ တွင် ဖုန်း ၁ဝ၁ လုံး မလေးရှား – လူ ၁ဝဝ တွင် ၁၂၁ လုံး […]


မောင်ဆန်းFebruary 3, 20121min74547
မနေ့က အင်တာနက်မှာ မိုးသီးဇွန် မြန်မာနိုင်ငံကို ပြန်မှာလား ဆိုတာနဲ့ ပတ်သက်လို့ အင်တာဗျူးလေး တစ်ခု ဖတ်ရတယ် အင်တာဗျူးထဲမှာ ကိုမိုးသီးဇွန် က ဒီအကြောင်းလေး တွေ ထည့်ပြောထားတယ် – { နောက်တခုက ခေတ်မမီတော့တဲ့ သံရုံးက ဗီဇာဖေါင်ကိစ္စ။ သံရုံးက ဗီဇာဖေါင်မှာ ဆွေစဉ်မျိုးဆက် အကုန်လုံးရဲ့အချက်အလက်တွေကို ဖြည့်ခိုင်းတာတွေ ရှိနေတယ်။ အလွန်ရယ်ဖို့ ကောင်းပါတယ်။ အချက်အလက်တွေအကုန်လုံး ရေးပေးလိုက်လို့လဲ သွားရောက်စစ်ဆေးနိုင်တဲ့ ယန္တယားမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါက ဘယ်နိုင်ငံကို ဗီဇာလျောက်လျောက် ဒါမျိုးမတွေ့ဖူးဘူး။ မြန်မာပြည်သားအချင်းအချင်းပဲ ဒီလိုအချက်အလက်တွေ ဖြည့်နေတာက တကယ်လိုအပ်သလား။ ခေတ်မီသေးလားဆိုတာ ပြန်သုံးသပ်ကြဖို့ လိုမယ်။ နိုင်ငံတကာကတော့ နာမည်၊ လိပ်စာနဲ့ လက်ဗွေပဲ ယူပါတယ်။ လူတွေက အသက်တွေကြီး နိုင်ငံခြားမှာ […]


kanjosanJanuary 31, 20121min962
မြင်ဖူးကြမှာပေါ့။ ဆင်ကြီးတစ်ကောင်ကို သံခြေကျင်း ခတ်ထားတာကိုလေ။ ဆင်ကြီးရဲ့ ခြေထောက်မှာ သံခြေကျင်းကို ချည်ထားပြီး သံကြိုးအစွန်းတစ်ဖက်ကိုတော့ မြေကြီးမှာ စိုက်ထားတယ်။ မထူးဆန်းဘူးလား။ ဆင်ကြီးတစ်ကောင်ရဲ့ ခွန်အားက မြေကြီးမှာ စိုက်ထားတဲ့ သံခြေကျင်းငုတ်ကို ပြုတ်ထွက်အောင် ရုန်းနိုင်ပါလျက်နဲ့ ဘာလို့ ဒီဆင်ကြီးက မရုန်းတာလဲ။ ဒါဟာ ကျနော်တို့ရဲ့ အောင်မြင်ရေးအတွက်လည်း အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့ ဒီကနေ့ အဲဒါကို ကျနော် ပြောချင်ပါတယ်။ ကျနော်တို့ ဘယ်သူတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲလုပ်လုပ်၊ ကျနော်တို့မှာ လိုချင်တာကို မရနိုင်အောင်လုပ်နေတဲ့ စိတ်ပိုင်းဆုိုင်ရာ အတားအဆီးတွေ ရှိကြပါတယ်။ အများအားဖြင့်တော့ အဲဒီစိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေဟာ အမှန်တကယ် အခြေအမြစ်မရှိပါဘူး။ အဲဒါတွေအများစုဟာ ကျနော်တို့ ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်၊ ပညာရေး ဒါမှမဟုတ် ယဉ်ကျေးမှုတို့အပေါ် မူတည်ပြီး ဖြစ်ပေါ်လာကြတဲ့ အတားအဆီးတွေပါ။ ဒီအောက်က […]


Swal Taw YwetJanuary 29, 20121min23020
27 ရက်နေ့မနက် မန္တလေးဂေဇတ် ကိုဖွင့်လိုက်တာနဲ့ အင်္ဂလိပ်လို Post ကြီး ၂ ခုက အထင်းသား၊ တင်သူက သူကြီး၊ ထိကြည့်ဖို့ မရဲသေးလို့ တခြားပို့စ်တွေကိုပဲ လိုက်ဖတ်နေဖြစ် လိုက်တယ်။ ဒါပေမယ့် များများဖတ်စရာလဲ ထပ်မရှိတော့အဲဒီ့ အင်္ဂလိပ်လို Post တွေကိုပဲ အဘိဓါန် အားကိုးနဲ့ ထိကြည့်မိလိုက်တယ်။ အိုဘားမားက သူ့နိုင်ငံပညာရေးကို ထောက်ပြစိန်ခေါ်ခိုင်းလိုက်တဲ့ စာပိုဒ်လေးတစ်ပိုဒ်ကို သတိပြုလိုက်မိတယ်.. ဘာတဲ့…. “ Teachers matter: So instead of bashing them, or defending the status quo, let’s offer schools a deal . Give them the resources […]


thit minJanuary 22, 20121min23613
ဤနေရာတွင် ပါဝါဆိုသည်ကိုပြောရလျှင် အခွင့်အာဏာအင်အားကိုဆိုလိုပါသည်။ အာဏာပါဝါဆိုသောစကားကို ကြားဘူးကြပါလိမ့်မည်။ ငယ်စဉ်ကလေး ဘဝ ကတည်းက လူသည် အမိန့်ပေးခံခဲ့ရသည်။ ဟိုဟာမလုပ်နဲ့၊ ဟိုမသွားနဲ့၊ ဟိုဟာမစားနဲ့၊ ဒီဟာကိုလုပ်၊ဒီကိုသွား၊ ဒီဟာကိုလုပ်ဟု မိဘအုပ်ထိန်း သူများမှ အစပြု၍ ဆရာဆရာမ အလယ် အချင်းချင်း အဆုံး ပြောကြဆိုကြ အမိန့်ပေးတတ်ကြသည်။ ဤနေရာတွင် ပြောသည့်အတိုင်း လုပ်ခြင်း မလုပ်ခြင်းပေါ်တွင် တုံ့ပြန်မှုအမျိုးမျိုးရှိသည်။ တချို့က ဘာတုံ့ပြန်မှုမရှိ၊ မလုပ်လဲရသည်။ တချို့ကြ မလုပ်ရင်၊ အပြစ်ပေးခံရသည်။ အနဲဆုံးစိတ်ဆိုးတာခံရမည်။ အနောက်တိုင်းစကားအရတော့ မုံလာဥနီ နှင့် တုတ် ဟု ဆိုသည်။ တိရိစာ္ဆန် လေ့ကျင့်သော နေရာမှ လာပုံရသည်။  မျောက်တကောင်ကို ဂျွမ်းထိုးခိုင်းမည်။ ခိုင်းသည့်အတိုင်းလုပ်ပါက မုံလာဥနီ ကျွေးမည်။ ခိုင်းသည်ကိုမလုပ်ပါက တုတ် နဲ့ ရိုက်မည်။ […]