ကထူးဆန္းJanuary 29, 20121min20516
သူတို့လို နိုင်ငံ ခေါင်းဆောင် ကြီးများကိုယ်တိုင် တန်းမစီတတ်ကြတော့ သူလို ကိုယ်လို သူသူ ငှါငှါ တန်းမစီတတ်ကြတာ တိုးဝှေ့နေကြတာ ကျွန်တော်တို့တိုင်းပြည်မှာတော့ ဘာဆန်းတော့မလဲနော် .. ယူနီ်ဖောင်း စိမ်းစိမ်းနဲ့ သူများလည်း ထိုနည်း၎င်းပါဘဲ။ ရိုက်တာ မမီလိုက်လို့ မတင်လိုက်ရပါဘူး ။ သူများနိုင်ငံသွားလို့ တစ်ဘက် immigration ကနေ စ တန်းစီ ၊ ကားငှါးဖို့တန်းစီရ ၊ ဘတ်စ်ကား ရထားပေါ် တက်ဖို့က အစ တန်းစီရတာတွေ ။စိတ်ချမ်းသာ စွာနဲ့ ကြားဖြတ် မခံရတာတွေဟာ ပြန်ဖို့လို့ ဘန်ကောက်က မြန်မာပြည် ပြန်မဲ့ ရွှေမြန်မာ များရဲ့ လေယာဉ်ပေါ်တက်ခါနီးက စပြီး ပြန်လည် တိုးဝှေ့တာ ခံရတော့တာပါဘဲ။ တန်းစီပြီးသွားလာ လှုပ်ရှားနေတဲ့ ပုရွက်ဆိတ် တန်းတွေ့ရင် […]


alinsettJanuary 28, 20121min19912
ပြင်သစ်လူမျိုး ပန်းချီဆရာကြီး.. MERCEL DUCHAMP .. ( 1887 – 1968 ) ဆိုသူတစ်ဦး ရှိခဲ့ပါတယ်။ အနုပညာလောက တစ်ခုလုံးကို ပြဿနာ တွေ..၊ အငြင်းပွါးဖွယ်ရာတွေ…အများကြီး ဖြစ်အောင်..ပွဲ..လှုပ်ခဲ့သူ ကြီး..လို ့….ဆိုကြပါတယ်။ ဘာကြောင့် လဲ…။ __________________________________________________ ဘာကြောင့်လဲ..ဆိုတော့.. 1917 ခုနှစ် ၊ နယူးယောက် ပန်းချီပြပွဲတစ်ခုမှာ… သူ..တင်ပြခဲ့တဲ့ အနုပညာပစ္စည်း ဟာ…. ကျင်ငယ်စွန် ့တဲ့ ကြွေခွက် တစ်လုံး….ဖြစ်နေလို ့ပါ။ ကျင်ငယ်စွန် ့တဲ့ကြွေခွက်ပေါ်မှာ M . RUTT ..ဆိုတဲ့ ဆူဒိုနင် ကလောင်အမည် နဲ ့ လက်မှတ်ထိုးပြီး ပြပွဲ..ကို တင်သွင်းလိုက်တယ်..။ ကြွေခွက်ကို အနုပညာပစ္စည်း တစ်ခုအဖြစ် ( ပန်းပုရုပ် […]


ကထူးဆန္းJanuary 23, 20121min17210
တစ်ခါတစ်ရံ ထူးဆန်း MRTV 3 (ခ) Myanmar International ကြည့်ဖြစ်ပါတယ် ။ ကိုယ့်မြန်မာ ပြည် အကြောင်း ဗဟုသုတ လေးတွေ ရိုက်ပြထားလို့စိတ်ဝင်စားတာတွေ့ရင် ကြည့်ဖြစ်ပါတယ် ။ နိုင်ငံခြား ရောက်နေသူများဆိုလည်း အမြဲမဟုတ်တောင် တစ်ခါတစ်လေ ကြည့်ဖြစ်မယ်လို့ထင်ပါတယ် ။ အဲ့ဒီလို ကြည့်ရင် စိတ်ညစ် ညစ်သွားရတဲ့ အစီအစဉ် တစ်ခုရှိပါတယ် ။ အဲ့ဒီ့ အစီအစဉ်ကလည်း မကြာခဏ ပြတဲ့ အစီအစဉ်ပါ။ အဲ့ဒါကတော့ သတင်းပါ ။ သတင်း အစီအစဉ် ရောက် ရင် စိတ်ကုန်ကုန်သွားပါတယ် ။ စိတ်ကုန်သွားတယ်ဆိုလို့ ထူဆန်းကို သတင်းမကြိုက်သူလို့မထင်ပါနဲ့။ ထူးဆန်းက သတင်းကြိုက်သူပါ ။ သတင်းကြည့်ရတာ ဝါသနာပါသူပါ။ မြန်မာသတင်းဘဲဖြစ်ဖြစ် နိုင်ငံခြား သတင်းဘဲဖြစ်ဖြစ် […]


အမေရိကန်သဂျီး လေသံကြီး ရွှေဖျံကွီး စေတန်အထီး၊ ဂလေနံစီး ဖြေရန်ပုတီး ဟေမန်ငြီး ဝေဖန်ရွှီး၊ ငွေလျှံမီး ခြွေရံသီး ပေခံပြီး ကြွေအံတီး၊ ဆွေမချန်လှီး ထွေမာန်ဖီး ရေဆန်ခရီး မြေလှန်သတည်း..။ ပန်ကြားချက်။။ ပုဆိန်ရိုး သဂျီးကို ဝိုင်းဆဲဂျကွာ..။


Zaw WonnaJanuary 13, 20121min18410
uscampaignforburma.org ဒီနေ့ဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ ထူးခြားတဲ့ နေ့တစ်နေ့အဖြစ် ရှိနေမှာပါ။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးနီးပါး လွတ်မြောက်ခွင့်ရတဲ့နေ့ ဖြစ်လို့ပါပဲ။ လက်ရှိအစိုးရ အနေနဲ့ ဒီမိုကရေစီ အစိုးရ ပီသဖို့အတွက် အရေးပါတဲ့ လုပ်ဆောင်ချက် တစ်ခုလို့ မြင်ပါတယ်။ ပြီးတော့ ဒီနိုင်ငံရေးအကျဉ်းသား ကိစ္စက နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့လည်း ဆက်စပ်နေတာမို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မလုပ်မဖြစ်တဲ့ ကိစ္စတစ်ခုပါ။ အခုတော့ မြန်မာပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ အချက်တစ်ခု ပြည့်ဝသွားတဲ့အတွက် အားလုံးဝမ်းသာကြမှာပါ။ ကျနော့်အတွက်တော့ အမေစုလွတ်တဲ့နေ့ရယ်၊ ဧရာဝတီရေကာတာ စီမံကိန်း ရပ်နားကြောင်း ကြေညာတဲ့နေ့ရယ်၊ ဒီနေ့ရယ်က နှစ်ပေါင်းများစွာအတွင်း အပျော်ဆုံး နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။ တစ်ခုရှိတာက အခုလွှတ်ပေးတဲ့ ဥပဒေ ပုဒ်မ […]


mashwetoteJanuary 13, 20121min36030
မနှစ်က စာမေးပွဲအပြီး လုပ်စရာမရှိ၊ အားနေတာနဲ့ အစ်မတစ်ယောက် ပြောတဲ့ Three Idiots (ငပေါသုံးကောင်) ဆိုတဲ့ ဟိန္ဒူရုပ်ရှင်တစ်ခုကို ကြည့်မိတယ်။ ဟိန္ဒူရုပ်ရှင်တွေဆိုရင် ဘာကြည့်ရမှန်းမသိတာရယ်၊ သိပ်အကြိုက်မတွေ့တာရယ်ကြောင့် သိပ်မကြည့်ဖြစ်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ သူက အရမ်းရယ်ရတယ် ကြည့်ကြည့်ဆိုလို့ ဘာမှလုပ်စရာမရှိတာနဲ့ပဲ ကြည့်ဖြစ်သွားတယ်။ ကြည့်လိုက်တော့မှ ရယ်ရရုံတင်မက၊ အဓိပ္ပါယ်ပါရှိတယ်ဆိုတာ သိလိုက်ရတယ်။ ရုပ်ရှင်က (မြန်မာပြည်နဲ့ အတော်ဆင်တူတဲ့) အိန္ဒိယပြည်ရဲ့ ပညာရေးစနစ်ကြောင်းကို ရိုက်ထားတာပါ။ အိန္ဒိယပြည်က စက်မှုတက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝကို အခြေခံပြီးရိုက်ထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဇာတ်ဆောင်က စက်တွေကိုမြတ်နိုးလွန်းလို့၊ စက်တွေနဲ့ တီထွင်ရတာကို သဘောကျလွန်းလို့ စက်မှုတက္ကသိုလ်ကို သွားတက်တဲ့သူ၊ “လူကြမ်း” ကတော့ စာကိုမျက်စိမှိတ်ပြီး အလွတ်ကျက်တဲ့စနစ်ကို သဘောကျတဲ့ စက်မှုတက္ကသိုလ်က ပါမောက္ခ။ ဇာတ်ဆောင်မင်းသားနဲ့ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်ကတစ်ဖက်၊ “လူကြမ်း” […]


alinsettJanuary 12, 20121min1167
ပြင်သစ် ပန်းချီကျော်ကြီး မိုးနေး ( CLAUDE MONET ) – 1840- 1926 ရဲ ့ IMPRESSION SUNRISE လို ့အမည်ရတဲ့ ပန်းချီကား တစ်ချပ်ကို အစွဲပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ဝါဒ တစ်ခု ရှိပါတယ်။ မော်ဒန် ပန်းချီ ( မော်ဒန်အနုပညာသမိုင်း ) မှာ ထည် ့မပြောလို ့မဖြစ်တဲ့ အင်ပရက်ရှင်ဝါဒ ( IMPRESSIONISM ) ပါပဲ..။ အဟောင်းတွေနဲ ့ အဆက်ဖြတ်ပြီး.. လမ်းခွဲ ဖောက်ထွက်လိုက်တဲ့ လှုပ်ရှားမှုတစ်ခု လို ့ ဆိုရမှာပါ။ အင်ပရက်ရှင်ဝါဒီတွေ ( IMPRESSIONIST ) တွေက သဘာဝလောက ထဲက အရာတွေကို ပန်းချီ […]


thit minJanuary 5, 20121min42534
ကိုအောင်ပုရေ ခင်ဗျားနဲ့ကျနော် ပါတ်သက်မှုသိပ်နည်းပါတယ်။ ဒီအချိန်မှာတော့ ရင်းနှီးတယ် ဆိုတဲ့စိတ်နဲ့ ဖတ်ပေးပါ။ ခင်ဗျားက ပွင့်ပွင့်လင်းလင်းပြောတာသဘောကျတဲ့ လူမျိုး ။ အဲဒီလို ပွင့်ပွင့်လင်းလင်းပြောလေ လူဟာအရိုင်းဆန်တတ်လေပါဘဲ။မကောင်းတာကအဲဒါ။ ကောင်းတာက “စေတနာ၊ရိုးသားမှု”ပေါ့။ ဟိတ်ဟန်မထုတ်မှုပေါ့ဗျာ။ ကဲ ကျနော်လဲပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ။ ခင်ဗျား ဆဲပြီးပြောတတ်တာတွေကို ဖယ်လိုက်ရင် အရမ်းကောင်းသွားမှာအမှန်ဗျ။ ကျုပ်လေးစားရတဲ့ ကော်မန့်တေတာသိပ်များများမရှိဘူး။ ခင်ဗျား ပါ တယ်။ ခင်ဗျားအတွေးအခေါ်တွေက ကိုယ်ရည်သွေးမှုကင်းတယ်။ ကောင်းစေချင်တာတွေ တွေ့ ရတယ်။ ပြောပုံဆိုပေါက် မမှန်လို့ နားဝင်ဆိုးနေတာတော့ ရှိတယ်ဗျ။ ကျုပ်ကလူတွေအများကြီးရဲ့ ဆီမီနာတွေနားထောင်ခဲ့၊နားထောင်ဆဲဆိုတော့ ဘယ်စကားဘယ်စိတ်နဲ့ပြောတာ ဆိုတာသိတယ်။ ဘာစကားပြောပြော လွယ်လွယ်နဲ့လဲအထင်မကြီးဘူးဗျာ။ ရှင်းတယ်နော်။ ပြီးတော့အဲဒီလို လူလိမ်မာဆိုတဲ့သူတွေကိုလည်းကျုပ်က သိပ်ပြီးမယုံဘူးဗျ။ဟဲ ဟဲ။ လိ်မ္မာတယ် စာတော်တယ်ဆိုတဲ့သူငယ်ချင်းတယောက်ရယ်။ လူဆိုးလို့နာမည်ကြီးသူငယ်ချင်းတယောက်ရယ် ကျနော်ရယ် သူငယ်ချင်း ၃ယောက်ရှိခဲ့ဘူးတယ်ဗျ။ လိမ်မာကောင် က […]


alinsettJanuary 4, 20121min1013
( ကျေးဇူးတင်လွှာ ) DROWNING RUTH ( သို ့မဟုတ်) ဆောင်းညရှိုက်သံ စာအုပ်နှင့် ပသက်သက်သော ဆောင်းပါး (၃)ပုဒ် ရေးခွင့်ပြုခဲ့သူ မြန်မာဘာသာပြန် စာရေးဆရာမ ဝင့်ပြုံးမြင့် အား ကျေးဇူးတင်ပါသည်။ ကျွန်တော်..ခံစား ရေးသားခဲ့သော ဆောင်းပါးများကို တင်ပြခွင့်ပြုခဲ့သော… www.mandalaygazett.com ၏ အယ်ဒီတာ ဦးခိုင် နှင့် ကျွန်တော် ရေးသမျှကို ဖတ်ရှု / ခံစား / ဝေဖန်ပေးကြသော ရွာသူ ရွာသားများ..၊ စာဖတ်သူများ အားလုံ့းကို လည်း ကျေးဇူး တင်ရှိပါသည်။ ကျွန်တော့်ကို မူရင်းစာအုပ် ပေးဖတ်ခဲ့သော ကျွန်တော့် စာပေမိတ်ဆွေ နှင့် ကျွန်တော် လိုအပ်သော အချက်အလက်များကို ကူညီပေးသော မိတ်ဆွေများ အားလုံးကိုလည်းကျေးဇူးတင်ပါသည် ။ […]


TTNUJanuary 3, 20121min30745
“အကျင့်ဆိုးလေးတွေ” လူတိုင်းကိုယ်စီ ကိုယ့်အကျင့်နဲ့ကိုယ်ရှိကြတယ်။ ကောင်းတဲ့အကျင့်၊ ဆိုးတဲ့အကျင့်၊ သူလိုကိုယ်လိုပုံမှန်အကျင့်၊ အမျိုးမျိုးပါပဲ။ ကောင်းတဲ့အကျင့်လေးတွေက မိသားစု ဆွေမျိုး ဝန်းကျင် အလုပ်ခွင် ဆက်ဆံရေးတွေ အတွက် အားသာချက်ဖြစ်ပေမဲ့ အကျင့်ဆိုးလေးတွေကတော့ ဒုက္ခပေးတတ်တဲ့ အားနည်းချက်တွေ ဖြစ်နေတတ်တယ်ဆိုတာ မငြင်းသာပါဘူး။ ဒီအကျင့်ဆိုး စရိုက်ဆိုးလေးတွေ တန်းစီရေးရရင်တော့ မဆုုံးနှိုင်ပါဘူးလေ။ဒီတော့ အုပ်စု(၃)စု ခွဲကြည့်ရအောင်။ (၁) မနက်ဖြန်မှကြည့်လုပ်ကြတာပေါ့ (၂) သိလား၊ ငါဘာကြားခဲ့သလဲ သိလား (၃) နောက်ကျတာတောင်းပန်ပါတယ် (၁) မနက်ဖြန်မှကြည့်လုပ်ကြတာပေါ့ ဒီနေ့ ဖြေရှင်းရမဲ့ကိစ္စကိုမဖြေရှင်းဘဲ မနက်ဖြန်မှ (နောက်မှ) ကြည့်လုပ်ကြတာပေါ့ လို့ ရွှေ ့ဆိုင်းတတ်တဲ့ အကျင့်ဆိုးလေးပါ။ (Procrastination) လို့ခေါ်ပါတယ်။ ဒီအကျင့်လေး ကလည်း စွဲမိရင် မလွယ်ဘူး။ အမြဲ အချိန်ဆွဲလုပ်ချင်နေရောပါလား။ လုပ်ငန်းတစ်ခုပြီးအောင်လုပ်ရမှာကို နေ့ရွှေ […]


alinsettDecember 30, 20111min1448
ဝေဖန်ရေးသည် ခက်ခဲ..နက်နဲသော ပညာရပ်တစ်ခုပြဖစ်ပါသည်။ အထူးသဖြင့် စာပေဝေဖန်ရေး.( အနုပညာဝေဖန်ရေး ) သည်..အလွန် နက်ရှိုင်းသော../ အလွန် သိမ်မွေ ့သော.. အရာ ဖြစ်သည် ။ စာပေ အနုပညာ ပစ္စည်းတစ်ခုကို ဝေဖန်တော့မည်..ဆိုလျှင်.. ဝေဖန်ရေးသမားသည်..သတိကြိးကြီးထားပြီး.. ဝေဖန်ရပါသည်။ စာပေ အနုပညာ၏ သဘော သဘာဝကိုက နက်ရှိုင်းသော..( ကျယ်ပြန် ့သော/ ဆန်းကြယ်သော..) ကြောင့် ဖြစ်ပါသည်။ မော်ဒန် အနုပညာကို ဂန္ထဝင် ဝေဖန်ရေးဖြင့် ဝေဖန်လျှင်..မသင့်တော်…ပါ။… ဂန္ထဝင် အနုပညာကို မော်ဒန်ဝေဖန်ရေး..ဖြင့် ဝေဖန်လျှင်လည်း.. တလွဲတွေသာ ဖြစ်လာပါလိမ့်မည်။ ( ယနေ့ထိ မော်ဒန်အနုပညာအပေါ်..အပြစ်မြင်နေကြသူများသည်..မော်ဒန်အနုပညာကို ဂန္ထဝင် ဝေဖန်ရေး အစဉ်အလာများဖြင့် တိုင်းတာ..ဝေဖန်ခဲ့ကြသောကြောင့်..ဟု ဆိုချင်ပါသည်။ ) သူ ့ဘက် ကမ်းက မီး…ဘယ်လောက် […]


comegyiDecember 28, 20111min38523
(တစ်)…..။        ။ ကလောင်နယ်က အကောင်ငယ်ပေါက်စကလေး …..အင်္ဂါညို တို့လို ငတကလေးများဟာ သိပ်ပြီးတော့ စာရေးဆရာဂိုက်ဖမ်းချင်တတ်ကြတာကလား . . .။ မဂ္ဂဇင်းဂျာနယ် အချို့မှာ စာမူ(ဝတ္တု)ကလေး လေးငါးပုဒ်ခန့် ပါပြီးစအချိန်မျိုးဆိုတော့ .ဖင်ကလေး တမမ၊ ရင်ကလေး တကြွကြွ။ မျှော်လင့်ချက်ဆိုတာ မိုးထိအောင်လှေကားထောင်လို့။ ဘဝင်ပီတိ ဂွမ်းဆီထိ။ အရာဟူသမျှ စိတ်ကူးတိုင်းလှနေတာ . . .။ စတိတ်ကော်လံကတုံးနဲ့ ခပ်နွမ်းနွမ်းပုဆိုးကွက်ကျားအညိုမှိုင်းမှိုင်းအရောင်မျိုးတွေကို အမြဲတစေ ဝတ်ဆင်တာမျိုးသာမဟုတ်တာ။ စုတ်ဖွားဖွားဆံပင် ဘုတ်သိုက်ရယ်နဲ့ လန်ဒန်ဖိုး ၊ ဗီးဂက်စ်ဖိုး တတ်နိုင်လျက်နဲ့ ဆေးပေါ့လိပ် လက်ကြားညှပ်လို့။ စာမူဖိုင်တွဲတွေ ထည့်ထားတဲ့ လွယ်အိတ်ကလေးကို တစ်စောင်းလွယ်ကာ စာပေလောကသား တို့ကျင်လည်ရာ (၃၃)လမ်းတစ်ဝှိုက်မှာ ဘောက်ဆတ်ဘောက်ဆတ်နဲ့ ခဏခဏတွေ့ရတတ်တာ ဘယ်သူရှိရမလဲ . . .။ […]


amatminDecember 20, 20111min20918
တနေ့က ကြားလိုက်ရတဲ့ စကားတခွန်းက ကျွန်တော် ကိုဆွံအ ထိတ်လန့်စေလို့ ရွာသားတွေ ကြားရင်ဘယ်လိုများနေမလဲ သိချင်လို့ဗျာ..   ဒါနဲ့ ခင်ဗျားမှာ အေအိုင်ဒီအက် ရောပါ ဖြစ်နေခဲ့ပြီဆိုပါစို့.. လူကြားထဲမှာ ဆက်လက်ရှင်သန်ရပ်တည်ဖို့အတွက်.ဘယ်လိုစိတ်မျိုးမွေးပြီး နေထိုင် မိမယ်ထင်သလဲ..?   ကျွန်တော် တနေ့ ကကြားခဲ့ရတဲ့ ရောဂါသည် ဆိုတဲ့လူကတော့ ဒီလိုနေပါသတဲ့ဗျာ.. သူကဆေးကို အချိန်မှန် အတိအကျ သောက်ပါသတဲ့..အာဟာရ ဖြစ်မယ့်အစားအသောက်တွေ ကိုဝယ်စားဖို့လည်း ဝန်မလေးပါဘူး.. ပိုက်ပိုက်တတ်နို်င်တာကိုးဗျ. ဟော..အဲဒီလို ပိုက်ဆံ တတ်နိုင်တဲ့ လူဆိုတော့ တခါတလေ စိတ်ပါလာရင် ဘီယာလေး ဘာလေး စုတ်တယ်ပေါ့ဗျာ.. ဒီအထိကတော့ အေးဆေး ပြသာနာ မရှိသေးဘူးဗျ နော်.. ဆိုးလာတာက သူက မူးလာခဲ့ပြီဆိုရင်.ယောက်ျားထဲ က တယောက်ပဲဆိုတော့ ညောင်းတတ် ညာတတ်တာပေါ့ဗျာ.. […]