padonmarApril 18, 20141min77422
အခုခေတ်ကလေးတွေ သင်္ကြန်လည်တာကို အပြစ်မတင်ချင်ပါဘူး။ ကျမတို့ ငယ်ငယ်က သင်္ကြန်ကို ကိုယ့် မြို့ကျော်ပြီး သူများမြို့တွေကိုတောင် ပဲ့ထောင်နဲ့ လျှောက်လည် ရေပက်ခံထွက်ပြီး ကဲခဲ့ဖူးတာကိုး။ (စက်လှေ/မော်တော်ကို ကျမတို့နယ်မှာ ပဲ့ထောင်လို့ ခေါ်ပါတယ်) လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကပါ။ ၁၉၈ဝလား ၁၉၈၁ လားတော့ မမှတ်မိတော့ပါဘူး။ ကျမတို့ ဦးလေးဝမ်းကွဲလူပျိုကြီးဦးလေးသိန်းက မြို့ကို စာရင်းရုံး အရာရှိ အဖြစ်ပြောင်းလာ၊ပဲ့ထောင်တစင်းပူပူနွေးနွေးဝယ်ထားတော့ သင်္ကြန်လျှောက်လည်ကြမလား တူမတို့ လို့ အော်ဖာလုပ်လာပါတယ်။(အခုတော့ လူပျိုကြီး မဟုတ်တော့ပါဘူး) တူမတွေကလည်း ခပ်ရွရွဆိုတော့ နှစ်ခါမခေါ်ရပါဘူး။ ဆွေမျိုးတသိုက် သင်္ကြန်လျှောက်လည်ဖို့ စုလိုက်ကြတာ၊ ကျမတို့ မောင်နှမက ၅ယောက်၊ပူပူနွေးနွေး အိမ်ထောင်ကျထားတဲ့ အကို့မိန်းမယောင်းမလည်းပါတယ်။အမေ့မောင် ဦးလေးရယ်၊သူ့မိန်းမ(အဲဒီအဒေါ်က ဦးလေးအရင်းထက်တောင် ချစ်ရပါတယ်)၊သူတို့ သမီးနဲ့သား၊အမေ့ညီမ အပျိုကြီး၊အဖေ့တူမ အပျိုကြီးများ (အဲဒီတုံးကတော့ အပျိုလတ်တွေပေါ့)၊ဟိုဖက်ဒီဖက် ဆွေမျိုးတွေ […]


Kaung Kin PyarApril 18, 20141min123360
ဆရာမ ဂျူးက ပြောဖူးတယ်… “အချစ်ဆိုတာ ဒီလိုလား..ဘီယာလိုပဲ…ခါးတယ်နော်…”တဲ့ အချစ်ဆိုတာ.. ဘီယာတစ်ခွက်လို ခါးသက်သက်လား… အချစ်ဆိုတာ.. ဝိုင်တစ်ခွက်လို ရှတတ ယစ်မူးစရာလား… အချစ်ဆိုတာ.. ပန်းသီးတစ်လုံးလို ချိုမြိန်လား… မျက်မမြင်ပုဏ္ဏားတွေ ဆင်ကိုစမ်းသလို လူတွေဟာ သူ့ဟာသူနေနေတဲ့အချစ်ကို သူတို့ကြုံခဲ့၊ ခံစားခဲ့ဖူးတဲ့ စိတ်ခံစားမှုပေါ်မူတည်ပြီး အဓိပ္ပါယ် ဖွင့်ကြတာပဲ မဟုတ်လား… အချစ်ဆိုတာ …. ရယူတာ အချစ်ဆိုတာ…. ပေးဆပ်တာ အချစ်ဆိုတာ…အနစ်နာခံတာ အချစ်ဆိုတာ.. ပိုင်ဆိုင်လိုခြင်း…. ကျွန်မအတွက်တော့ အချစ်ဆိုတာ အဲ့ဒီအရာတွေ တစ်ခုမှ မဟုတ်ခဲ့ဘူး…။ ကျွန်မသတ်မှတ်လိုက်တဲ့ ချစ်ခြင်းဆိုတာ “လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါသာဖြစ်ပေါ်နိုင်တဲ့ ဘာနဲ့မှ မတူတဲ့ စိတ်ခံစားမှုတစ်ခု”ပဲ…။ ဒါဟာလူတိုင်းလဲ ခံစားဖူးချင်မှ ခံစားဖူးမှာပါ…။ (၃၁)ဘုံလို့ ခေါ်တဲ့ ထိုထိုဘုံဘဝတွေမှာ ချစ်ခြင်းရသကို ခံစားခွင့်ရှိတာ လူဆိုတဲ့သတ္တဝါတစ်မျိုးပဲ ရှိတာမဟုတ်လားရှင်..။ […]


alinsettApril 18, 20145min73630
အခု သူရပြောပြမယ့်အကြောင်းက တကယ့်အဖြစ်အပျက် တကယ့်အရှိအကြောင်းဆိုပေမယ့် အိပ်မက်တမျှ ဆန်းကြယ်လှတဲ့နေရာတစ်ခုအကြောင်းပါ။   တကယ်လို့ အခု စာကို ဖတ်နေတဲ့ သင်ဟာ တောင်တွေ တက်ရတာ ခရီးတွေ ထွက်ရတာကို ပျော်တတ်တဲ့လူဆိုရင် ……… တကယ်ပဲ ခရီးထွက်ခြင်းကို ချစ်တဲ့သူလား ခရီးထွက်ခြင်းကို မချစ်သူလားဆိုတာ အဖြေတစ်ခုထွက်နိုင်ပါတယ် ။   ဘာလို့လဲဆိုတော့ ဒီခရီးဟာ အင်မတန်ကြမ်းတမ်းပြီး မသေမပျောက်တာ ကံကောင်းလို့ လို့ ဆိုရပါမယ်။   သူရ အခု ကံကောင်းလို့ ဒီခရီးစဉ်အကြောင်းကို ပြန်ရေးပြနိုင်တာပါ။   ခရီးစဉ်ရဲ့ အခြေအနေကို အသေးစိတ်မပြောခင် ဒီခရီးဟာ လွယ်လွယ်နဲ့ လက်လျှော့တတ်တဲ့ သူတွေအတွက် ၁ဝ မိနစ်လောက် စပြီးတာနဲ့ လာလမ်းလှည့်ပြန်မှာသေချာတဲ့ခရီး လို့ အရင် ပြောပါရစေ ။ […]


padonmarApril 17, 20141min53912
ပရပဋိဗဒ္ဓါ မေ ဇီဝိကာတိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ( အဘိဏှသုတ်။ အင်္ဂုတ္တရနိကာယ။ ဒသကနိပါတ်။ ) သာသနာနှစ် ၂၅၅ရ ၊ခရစ် နှစ် 17.4.2014. ၁၃၇၆ ခုနှစ် တန်ခူးလဆုတ် ၃ရက် မြန်မာနှစ်ဆန်း ၁ရက်နေ့ မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီ လမ်း အိမ်အမှတ် 718(C) ဦးသင်းအောင်-ဒေါ်စန္ဒာဝင်းအောင်၊ညီမ ဒေါ်သန္တာဝင်းအောင်၊ဒေါ် နွယ်နီဝင်းအောင်နှင့် မောင်နှစ်မ တစုတို့၏ သီးပင်စားပင်ဝေဝေဆာဆာအရိပ်အောက်မှ မေတ္တာစံအိမ်တွင် ပြုလုပ်သော ပကာသနမဖက်သော နှစ်ဦးပူဇာ ဓမ္မသဘင် အလှူ ၌ သစ္စာရွှေစည်ဆရာတော် အရှင် ဥတ္တမ၏ `ပဗ္ဗဇိတ အဘိဏှသုတ်´တရားကို နာကြားခွင့်ရခဲ့ပါသည်။ တရားကောက်နှုတ်ချက်လေးကို မိတ်ဆွေများသို့ ဓမ္မဒါန ပြန်ပေးလိုပါသည်။ ပဗ္ဗဇိတ=ရဟန်း အဘိဏှ=အမြဲတမ်း ရဟန်းတို့ဟာ မိမိရဲ့နေ့ ညဉ့်တို့ကို […]


myanmar oscarApril 16, 20142min4409
အောက်ကပုံလေးတွေကတော့ စတုဒီသာကျွေးရင်း မိမိ အဖွဲ့သူသားအချင်းချင်း ပျော်စရာအိုးမဲသုတ်ကြတာပါ။ တခုတော့ရှိတယ်နော် အားလုံးဟာ အရက်သောက်မထားပါဘူး၊ပြောချင်တာက မျက်နှာကို အိုးမဲသုတ်တမ်း ကစားတာ ကမ္ဘာမှာ မြန်မာတနိုင်ငံတည်းရှိသလားလို့ပါ၊ဒါကို စိတ်ကူးထဲကနေတင်စားလိုက်တာပါ နာမည်က မြန်မာသနပ်ခါး လို့ပေါ့ နော်


myanmar oscarApril 16, 20142min3455
သင်္ကြန် အကျနေ့က လူငယ်ဘုံဆွမ်းလောင်းအဖွဲ့ရဲ့ စတုဒီသာကျွေးမွေးခဲ့တဲ့ အဖြစ်လေးကို မေ့မရခဲ့ပါဘူး။ လပြည့်၊လကွယ်တိုင်း ဆွမ်းလောင်းလှူနေတဲ့လူငယ်လေးတွေရဲ့ ကြိုးစားမှု ပထမခြေလှမ်းတရပ်လို့ဆိုရင်လဲ မမှားနိုင်ပါဘူးလေ။ ဘာလို့လဲဆိုတော့ တပို့တွဲကစလို့ တန်ခူးဆိုတဲ့ ဒီလအထိဆိုတဲ့ အချိန်တိုလေးအတွင်းမှာစတင်မွေးဖွားလာတဲ့ ဒီအဖွဲ့အစည်းလေးဟာ ငွေအင်အားမတောင့်တင်းသော်လဲ ရှိတဲ့ရန်ပုံငွေလေးနဲ့ စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ အလှူတခုကိုကောင်းမှုပြုပြီး ကြည်နူးမှုအပြည့်နဲ့ ၊အပြုံးပန်းတွေဝေစွာနဲ့ ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်ဗျာ။ဒီရွာသူ၊ရွာသားများအားလုံးလဲ ဒီအလှူလေးကို သာဓုခေါ်ပေးကြပါလို့ နိုးဆော်လိုက်ရပါတယ်ခင်ဗျာ………..။ အော်…ပြောရဦးမယ် ကျန်သွားလို့ နှစ်ဆန်း(၁) ရက်နေ့မှာ သက်ကြီး ဘိုးဘွား၊မိဘတွေကို ပူဇော်ပွဲလေး လုပ်ပေးဦးမှာတဲ့ဗျာ………..


padonmarApril 15, 20149min62915
ပန်းကလေးများပွင့်တော့မည် 2014 ပန်းကလေးများပွင့်တော့မည် 2014 ရဲ့ နောက်ဆက်တွဲပါ။ နှစ်စဉ် ဇာတိမြို့ကိုပြန်တိုင်း တရုတ်တန်းဆိုတဲ့ ရပ်ကွက်ကလေးက ကလေးလေးတွေဆီ ရောက်ခဲ့ပြန်ပါပြီ။ ဒီတခါတော့ ခါတိုင်းပေးသလို အကျင်္ီလေးတွေတင်မက ဂဇက် ရွာသူားတွေ ပေးလိုက်တဲ့ လက်ဆောင်တွေ တပုံတပင်နဲ့ မို့လို့ ကလေးတွေပျော်မယ့်အရေး တွေးပြီး ရင်ခုန်မိပါတယ်။ ကိုကြီးရဲစည်က သားသားမီးမီးတို့အတွက် ဘောပင်ရောင်စုံတွေ၊ကွန်ပါဘူး၊ချွန်စက်တွေ ပေးလိုက်သလို မမကြီး ခိုင်ဇာကလည်း ရောင်စုံခဲတံ၊ကစားစရာတွေနဲ့မှတ်စုစာအုပ်လှလှလေးတွေ ပို့ပေးလာပါတယ်။ အန်တီလေး မနှင်းပြုံးက ဗလာစာအုပ် ဒါဇင် ၂၀၊ခဲသားဘောပင်၊ဘောပင်၊ပေတံတွေအပြင် ရောင်စုံထီးလေးတွေ အများကြီး လာပို့သွားပါတယ်။ ဗလာစာအုပ်လေးတွေ ရတော့ စိတ်ကူးတခုရပြီး အနားရှိတဲ့ မူလတန်းကျောင်းက ခုံတန်းလျားတွေ ငှားထားပေးခိုင်းလိုက်ပါတယ်။ ကလေးတွေကိုတိုက်ဖို့ သာကူလည်း စီစဉ်ခိုင်းထားပါတယ်။ နေ့လည်ကျမတို့ ထမင်းစားနေတော့ ကလေးတွေ အများကြီးစောင့်နေကြပြီလို့ သတင်းပို့လာပါတယ်။ […]


  ..ဖျားတာလဲ အကြာကြီးဘဲ..။ ထမင်းမာမာလဲ စားရတာမဟုတ်တော့ ကြက်စွတ်ပြုတ်နဲ ့ဆန်ပြုတ်နဲ ့ဘဲ စားရတာ..။ အသည်းရောင် အသားဝါဆိုတော့ ဆီလဲ မစားရဘူးတဲ့..။ မစားနဲ ့ဆိုလဲ မစားဘူးပေါ့လေ.။ အဲဒီအချိန်တွေကစပြီး အဖော်မဲ ့သွားသလိုတော့ ဖြစ်လာပါတယ်..ဒါပေမယ့် မောင်နှမဝမ်းကွဲတွေက ပိုချစ်လာကြသလိုဘဲ..ပိုပြီးဂရုစိုက်လာတာက ဟိုကွန်မြူနစ် ဦးလေးလေ..ဗိုလ်ရောင်နီ..။ ဦးလေးကတော့ ပြောပြပါတယ်..မြိုင်တို ့ပြောင်းသွားရတာ ချို ့တဲ ့လို ့ သူများစေရာ ပြောင်းရတာ…. ငြင်းလို ့မရဘူးတဲ ့.. ဒါကြောင့်ငါ့တူလဲ ဘူဇွာလူတန်းစားတွေကို မုန်းရမယ်..ပစ္စည်းမဲ ့တွေကို ညှာတာရမယ်တဲ ့… ကိုယ်ကလဲနည်းနည်းငယ်သေးတော့ အကုန်လုံးတော့ နားမလည်ဘူး..နည်းနည်းဘဲ သိတယ်.. “ ပစ္စည်းမဲ ့တော်လှန်ရေး”ဆိုတဲ့ စကားလုံး..အင်အားတွေပါနေသလို ထင်မိတယ်..။ စိတ်လဲ ဝင်စားမိတယ်. ဦးလေးပြောသလိုဆို ကျနော်တို […]


စဆရ ႀကီးApril 13, 20141min46813
ကိုရင်စိုင်းသည်ကား အဝေးပြေးကားကြီးတစ်စီးပေါ်တွင် တစ်ငြိမ့်ငြိမ့်ဖြင့်လိုက်ပါလာသည်။ ဘေးနားတွင်မတော့ မနေ့တစ်နေ့ကပင် လက်ထပ်ပြီးကာစ ချစ်ဇနီးအသစ်စက်စက်လေးဖြင့် ကိုရင်စိုင်းဇာတိဟု ခေါ်ဆိုနိုင်မည့် ပြင်ဦးလွင်သို့ ဦးတည်လျက်သား။ တစ်ချိန်တုန်းကများ၊ ပြောရလျင် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကဆိုလျင်မူ ပြင်ဦးလွင်ပြန်ဖို့အရေး ကျွဲဆည်ကန်ထိ ကားစီး၊ ထိုမှတစ်ဆင့်ကားငှားပြီး ၂၆ ဘီလမ်းကို သွားလိုလျင်သွား၊ သို့မဟုတ် ၃၅ လမ်းမှတစ်ဆင့် စောင့်စီးချင်စီးဖြင့် ပြန်ရမည်ပင်။ ယခုတော့ နှစ်တွေပြောင်းသွားသဖြင့်ထင်၊ မေမြို့ကို တန်းတန်းမတ်မတ်ရောက်လေသည့် အဝေးပြေးကားများရှိနေပြီဖြစ်သည်။ကိုရင်စိုင်းနေခဲ့တုန်းကဆိုမူ ဈေးကြီးနားမှ ထွက်ရှိသည့် M.M.T.A၊ ယုဇနရုံဘေး နာရီစင်နားမှ ထွက်သည့် H.M.V၊ ရ.က.က (၁) ဉာဏ်တောအဝိုင်းနားမှ စတင်ထွက်သည့် စစ်ပြန်ကားစုတ်ကြီးများသာရှိသည်။ ကျောက်ချောကျော်သည်နှင့် လူတင်လူချမနားတမ်းလုပ်ကြသည်မှာ ၂၆ ဘီလမ်းရောက်မှ လူတင်၊ လူချရပ်နားခြင်းပြုတော့သည်။ ထိုစဉ်က မေမြို့ကားများမှာ ခေါင်မိုးပေါ်တွင် လေညှင်းခံရင်း […]


    အထွန်း လိုက်တော့…မြိုင့် လက်ကိုဆွဲလို ့ ပြေးကြတာလဲ မြိုင်တို ့အိမ်အရောက်ပါဘဲ…။ “ ဒီနှစ်ယောက် ဘာမဟုတ်တာ လုပ်လာကြတာလဲကွာ..” လို ့မြိုင့်အမေက မေးရင်.. “ ခါလာ( ဒေါ်ဒေါ်)..အထွန်းမေးရင် ညီညီမရှိဘူးလို ့ပြောနော်” ဆိုပြီး မြိုင်တို ့အိမ်ခန်းထဲက တံခါးကြားမှာ တခွိခွိ ..တခစ်ခစ်နဲ ့ပုန်းကြတယ်..။ ဘာတွေ သဘောကျမှန်းလဲ မသိဘူး..ကျနော့်လက်မောင်းကို မြိုင်က ခဏခဏ ဆွဲဆိတ်လိုက် ရီလိုက်နဲ ့..။ “ ဟေ့…တိတ်တိတ်နေနော်…ဟိုမှာ အထွန်းတော့ တုတ်တစ်ချောင်း လေးခွတစ်လက်နဲ ့ဒီနားမှာ… ဘာရှာနေတာလဲ မသိဘူး…ဒေါသလဲ ထွက်နေတယ်နော်..ဟင်းဟင်း…” မြိုင့်အမေကလဲ လက်ကသာ ဆန်ရွေးနေတာ ပါးစပ်ကလဲ ခြောက်မှခြောက်။ အဲဒီအသံကြားတော့ မြိုင်ကရယ်တယ်..ပြီးတော့ ဘာပြောတယ်မှတ်လဲ.. “ မေမေ..မြိုင်တို […]


Sine SantApril 11, 20141min49116
ခရီးသွားဟန်လွဲ ခဏတဖြုတ် ပဲ ဝင်အောင်းနေတတ်တယ် ပျော်စရာတွေပျောက်ဆုံးနေတတ်လို ့ဝေးဝေးကပဲ မျှော်မှန်း လွမ်း ခဲ့မိတယ် ။ သတိတရ နဲ ့ပြန်ဖို ့ဆိုတာ အ တွေးထဲ တောင် ဝင် မလာခဲ့တာ အ တော်ကြာပြီ ။ ဘယ်သူမှလည်း ပြန်လာပါတော့လို ့တမ်းတ လွမ်းနေတဲ့ သူလည်း မရှိဘူး ။ ဝေးပြီး ရင်းဝေး နေခဲ့တယ် ။ အခုတော့ သူစိမ်းတွေ အလယ်မှာ ကိုယ်တစ်ယောက် တည်း နေလာတာ ကြာ တော့ မိဘ အိမ် ရှိသေး တာပဲ ဆို သတိရလာ တယ် ။ တခါမှ မရဖူး တဲ့နွေးထွေးမှု ကို လိုချင် လာတယ်။ […]


Sine SantApril 10, 20141min64631
လုလု ကအခုမှ မန်းဂဇက် မှာပါဝင် ရေးသားဖို ့အတွက် အသစ်ဝင် လာတဲ့ အဖွဲ ့ဝင် တစ်ယောက်ဖြစ်ပါတယ် ဒီ မန်းဂဇက် နဲ ့ရင်းနှီးနေတာကြာပါပြီ ။ အ ကြောင်း ပေါင်းများစွာနဲ ့အခုမှ ကိုအလင်းဆက် ရဲ ့အကူအညီနဲ ့ ဝင်ဖြစ်သွားတာပါ ။ အ တွေ ့အကြုုံ မရှိသေးတဲ့သူမို ့ မှားတာရှိရင် နားလည်ပေးကြပါလို ့ကြိုုုတင် တောင်းပန် ထား ပါတယ် နော် ။ အားလုံးပဲနှစ်သစ်မှာစိတ်ချမ်းသာကိုယ်ချမ်း နဲ ့ပျော်ရွှင် နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။ 🙂 🙄


  နေသားမကျနေရာမမှန်မှုတွေနဲ ့ဘဲ ကိုယ့်ဘဝက ၂တန်းကျောင်းသားဖြစ်လာခဲ ့ပြီ..။ အတန်းကျောင်းတက် ရသလို ဘာသာရေးကျောင်းကလဲ တက်ရသေးသည်၊ မြန်မာ အတန်းကျောင်းပြီးလို ့ခဏလေး အစာပြေစားပြီး  ဗလီက အချက်ပေးခေါင်းလောင်းသံကြားတာနဲ ့ သွားတက်ရခြင်းပင်..။အခြေခံအတန်းတက်ရတာဘဲ ဖြစ်သည်။ ကျောင်းဆင်းပြီးရင်တော့ ကိုယ့်သူငယ်ချင်းတွေနဲ ့ကစားနေကျ။ အဲဒီနှစ်မှာဘဲ အဒေါ်တွေက ရုပ်ရှင်ပြသရေးလုပ်ငန်းကန်ထရိုက်ဆွဲတော့..ရုပ်ရှင်လုပ်ငန်းကလူတွေနဲ ့ခင်မင်ခဲ ့ ရသည်..။ ထိုအထဲမှာ ရုပ်ရှင်အော်ပရေတာလုပ်သော ဦးခင်မောင်ဝင်းမိသားစုက ဗလီကျောင်းမြေတွင် အပို  ဆောက်လုပ်ထားသော အိမ်မှာ ငှားနေကြသည်.။သူ ့မှာ သားသမီး၃ယောက်ရှိပြီး.ကျနော်နဲ ့ရွယ်တူယောကျင်္ား လေးက တစ်ယောက် ပြီးတော့ ကျနော့်ထက်တနှစ်ငယ်သော မြိုင် ..ပြီးတော့ နောက်အငယ်လေးတစ်ယောက်..။ မြိုင့်အကို ဇော်ဝင်းနဲ ့က ရွယ်တူ ကစားဖက် ဖြစ်ပေမယ့် ကျနော်တို ့ကစားတိုင်း ကန့်လန် […]