သင်္ကြန်မုန့်ဖိုး ကလေးဘဝ ငယ်စဉ်တုန်းက ” ဖေကြီး တားတားကို သင်္ကြန်မုန့်ဖိုးပေး “ ” အေးသား ရော့ သုံးဆယ်” ” ဟင် ဖေကြီးကလည်း သားက သင်္ကြန်ရေပက်ဖို့ ရေခွက်ဝယ်ရအုံးမယ့်ဉ္စာကို သုံးဆယ်ထဲနဲ့” ” ဟေ မလောက်ဘူးလား ရော့ ငါးဆယ်ယူသွားကွာ “ မူလတန်းကျောင်းသား ကလေးဘဝအရွယ်တုန်းက ” ဖေကြီး သားကို သင်္ကြန်မုန့်ဖိုးပေးအုံးနော်” ” ရော့သား သုံးရာ “ ” ဟာ ဖေကြီးကလည်း ကျောပိုးလွယ်တဲ့ရေဗူးနဲ့ ရေပက်ပိုက်လေးက နှစ်ရာဆိုတော့ သားသုံးဖို့ဘယ်ကျန်တော့မလဲဗျ” ” ဒါဆိုလည်း သုံးရာထပ်ယူသွားကွာ” အလယ်တန်းကျောင်းသား အရွယ်လောက်တုန်းက ” ဖေကြီး သင်္ကြန်ရောက်ရင် လမ်းထိပ်ကမဏ္ဍပ်မှာ သားရေသွားကစားချင်တယ်” […]