snow smileFebruary 28, 20141min66129
  ကျွန်မ တို့ အိမ် က ခြံ ဝကား လမ်း မှ အိမ် ရောက် သည် အ ထိ ပေ ၃၀ဝ လောက် ကား မောင်း ဝင် ရ သည်။ ထို လမ်း လေး က သဲ လမ်း က လေး။ မိုး ရွာ ရင် ရေ တွေ ဒ လ ဟော စီး လာ တာ က စမ်း ချောင်း လေး တ ခုသ ဖွယ်။ မိုး ရွာ ပြီ ဆို တာ နဲ့ ကျွန် […]


ခရီးသွားပို့စ်ရေးနေရင်းနဲ့ အရင်တုန်းက အကြောင်းအရာလေးတစ်ခုကို စဉ်းစားမိတာနဲ့ပဲ ကြားဖြတ်ပို့စ်အနေနဲ့ ရေးဖြစ်လိုက်ပါတယ်။   အချိန်ကတော့ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကပေါ့။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ ခရီးသွားကုမ္ပဏီမှာ အလုပ်ဝင်ပြီး သိပ်မကြာဘူး၊ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်။ ကျောင်းက တီချယ်က ဖုန်းလှမ်းဆက်တယ်…ပြည်ထဲရေးက အလုပ်ခေါ်တယ်တဲ့။ သူငယ်ချင်းတွေကိုလည်း ဆက်သွယ်ပေးပါလို့ ပြောတယ်… လျှောက်ချင်တဲ့သူ လျှောက်ရအောင်တဲ့။ ကျွန်မက ဘာအတွက်ခေါ်တာလဲဆိုတော့ ပြင်သစ်စကားပြောတတ်တဲ့သူ လိုချင်လိုတဲ့။ သူတို့ဆီက မူးယစ်ပရောဂျက်တို့ ဘာတို့အတွက် နိုင်ငံခြားက လူတွေလာရင် ခရီးစဉ်တစ်လျှောက် ဘာသာပြန်အဖြစ်ရော၊ travel assistance အတွက်ပါ ကူညီလို့ရအောင်ပါတဲ့။ လူဆိုးဖမ်းတာတော့ မလုပ်ရဘူး။ ပြည်ထဲရေးလက်အောက်မှာ လုပ်ရမှာဖြစ်တဲ့အတွက် ဒုရဲအုပ်ရာထူးတော့ ပေးမယ်တဲ့။ တီချယ်တွေကလည်း လောလောလတ်လတ် BA ပြီးထားတဲ့ ကျောင်းသားတွေက ပိုအဆင်ပြေမယ်ထင်လို့ […]


Paing LayFebruary 28, 20141min4105
ယနေ့ ဂါတ်ရုံးကင်းဂျူတီ မောင်တူးအလှည့် ကျပြန်၍ ကင်းမှူးသည်လည်း ရဲကြပ် အောင်သိန်းဖြစ်ရကား ဂါတ်တဲ ကင်းရုံးလေးတွေ ကင်းစစ်လာရင်း ဆုံကြပြန်လေသည်။ “မောင်တူးရေ” “ဗျာ…ကိုအောင်သိန်း” “ မင်းကင်းကျပြန်ပြီဆိုတော့ ဒီတစ်ခါ ငါတို့ပြေးရမယ့် အလှည့်မဟုတ်လောက်သေးပါဘူးနော့” “တောက်တီးတောက်တဲ့ ကိုအောင်သိန်းရာ ဒါထက် ကျွန်တော်တို့ ရာဇဝတ်အုပ်မင်းက နည်းနည်းများ နွဲ့နေသလားလို့ ဗျ” ထိုအခါ ကိုအောင်သိန်းမျက်လုံးတွေ ကျီးကန်းတောင်မှောက်ဖြစ်သွားပြီး “မီးခြစ်ပေးပါဦးဟ” သည်တစ်ကြိမ် ပြောင်းဖူးဖက်ဆေးလိပ်တိုကို မီးညှိခြင်း ဖြစ်၍ မောင်တူး ဆေးလိပ်တောင်းမသောက်တော့ပဲ… “ဒီတစ်ခေါက် ရာဇဝတ်အုပ်ကအသစ် အရေးပိုင်ဆီသွားတဲ့ ကိစ္စကိုယ့်ဆရာမပါဘူးနဲ့တူတယ်” “မပါတာမဟုတ်ဘူး မလိုက်ရဲတာ” “ဗျာ…! ဘာဖြစ်လို့လဲ” “ဟာ….ငါတို့ ဦးတုတ်က ဘူးထုပ်ကွ၊ ငါ့ကို ပတ်ချွဲနှပ်ချွဲ နဲ့ စကားပြောပြီး ဟိုနှိုက် ဒီနှိုက် လုပ်နေလို့” “ဟမ်! […]


“လမ်းခွဲ ကလေး နှစ် ခု  “   မ နေ့ ည နေ  ထ မင်း စား ပြီး တော့ ဖေစ့် ဘုတ် ကို ဝင် ကြည့် နေ တုန်း  အိမ် ရှေ့ ကခေါ် သံ ကြား လို့ ကြည့် လိုက် တော့  ဟို အ ရင် က ကျ နော် တို့ ရုံး မှာ အ လုပ် လုပ် သွား တဲ့ က လေးမ လေး ဖြစ် နေပါ တယ်။   “ဖိတ် စာ လာ […]


alinsettFebruary 27, 20142min56822
ကိုယ့်မင်းနဲ့ကိုယ် အလျဉ်းသင့်သလို ရာဇဝင် မလှပခဲ့ပေမယ့် . . . ဒီနေရာဟာ ကိုယ့်သမိုင်းကြောင်းထဲက ကိုယ့်အနာဟောင်းတစ်ခု. . . ညင်သာစွာ ပွတ်သပ်ကြည့်ပြီး  မဲ့ပြုံးကလေးတစ်ချက်တော့ . . ဟောဒီနေရာမှာ ပြုံးပစ်လိုက်ချင်သေးတယ်။           ကိုယ့်ထီးကိုယ့်နန်း ကိုယ့်သမိုင်းရဲ့ အငွေ့အသက် မှတ်တမ်းမှတ်ရာတွေကို ကိုယ့်လက်ကလေးနဲ့ ထိကိုင်ပြီး . . . အတိတ်ကို ပြန် တမ်းတချင်သေးတယ် ။     မန္တလေးနှင့် တတိယနေ့ ( 15 / 1 / 2014 )   ရန်ကုန်ထက် ပိုအေးတဲ့ဆောင်းရာသီနဲ့ မန္တလေး/မနက် လေးနာရီ ဝေလီဝေလင်းကြီးမှာ. . […]


myat pearl phyuFebruary 26, 20141min57616
ကမ္ဘာ့ဖွဘုတ် အသုံးပြုသူ သန်းပေါင်းများစွာထဲမှာမှ ကံဆိုးသူ မရှင် ကို မဲချရာတွင် မြတ်ပုလဲဖြူ တို့ ပါဝင်သွားပါသည်…. ဘယ်နှယ် သူတို့ Maintenance Database လုပ်တဲ့အထဲမှာ ကိုယ့် Account ပါနေလို့ ခု Log In ဝင်မရတော့ဘူး .. ဗြဲ … Error Message: Facebook Will Be Back Soon တဲ့ … ခုနကတောင် သာသာယာယာနဲ့ ပုံဒွေတင် စာဒွေဖတ် Like & Share ဒွေလုပ်ပီး chatting လေးပြောနေတုန်း ရှိသေးဒယ် … အဟင့် …ထု တော့ ဝင်မရတောပု အရပ်ကတို့ရေ …ဘဒူ နာ့ကို အမြင်ကတ်ပုဒ်မနဲ့ တောက်ချလိုက်တာလဲငင် […]


Paing LayFebruary 26, 20141min43210
အချိန်ကား ဗြိတိသျှ ကိုလိုနီ မြန်မာပြည် တစ်နံတစ်လျား ကို သိမ်းယူကာ ကျွန်ပြု စိုးမိုးနေချိန်ဖြစ်ရကား… သူ့ကျွန်မခံလိုစိတ်သော မျိုးချစ်သူရဲကောင်းများ ထကြွနေချိန်ဖြစ်လေသည်။ ထို့ကြောင့် ယမ်းငွေ့မပြယ် … တစ်နယ်တစ်ကျေးမှ မအေးပေ။ မြန်မာပြည်တွင်း ငြိမ်ဝပ်ပိပြားရေး အတွက် မျက်နှာဖြူတွေဗျာများနေရသော ကာလဖြစ်သည်။ ထိုကာလအတွင်းအစိုးရမင်းများ ရုံးစိုက်ရာ မြို့ကြီးပြကြီးများနှင့် နှိုင်းစာလျှင် မြို့ငယ်နယ်စပ်ဂါတ်စခန်းများ လွန်စွာ ရှုပ်ထွေးသော ရာဇဝတ်မှုများနှင့် လုံးလည်ချပ်ပြား ဖြစ်၍နေရသည်။ “ဆရာရေ…ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း ဆိုသလို ဖြစ်တော့မှာပဲ မနေ့ညက ချစ်တီး မရန်ဒါကို သတ်သွားလို့တဲ့” ရာဇဝတ်အုပ် ဦးမောင်ကလေး မျက်လုံးပြူးကာ လှမ်းကြီးပြီး “ဟေ…သေပလားကွဲ့” “ဪ…သတ်မှတော့ သေပြီပေါ့ဗျ” “ဒုက္ခတော့များပြီပဲ ဘယ်သူသတ်သလဲ၊ တရားခံကော မိပလား” “ဟုတ်ကဲ့၊ သတင်းရရချင်း ပုလိပ်အဖွဲ့နဲ့ ဆားပုလင်းမောင်ပြုံးတို့ မရမ်းချောင်းရွာကို […]


ခင္ခFebruary 26, 20141min55621
အချိန်တန်သင့်ပြီ   နေပူပူမှာ စစ်ယူနီဖောင်းဝတ်ပြီး ၅ ယောက်အုပ်စုလိုက် လျှောက်လာနေကြတယ် ၃ ယောက်ရဲ့လက်ထဲမှာ ဆိုဒ်မျိုးစုံတစ်ချို့စာအုပ်တွေကို ပွေ့ကိုင်လို့ ကျန် ၂ ယောက်က စာအုပ်တွေထဲ့ထားဟန်တူတဲ့ အိတ်ကိုယ်စီ ဆွဲလျှက်အနေအထားရှိပြီး အဲဒီ ၅ ယောက်ထဲမှာ ၂ ယောက်က ဂျိုင်းထောက်နဲ့ပါ။ သူတို့တွေ ကျွန်တော်ထိုင်နေတဲ့နားရောက်တယ်ဆိုရင်ဘဲ ရပ်လိုက်ပြီး ” ကျွန်တော်တို့က ဒီမြို့နယ်က စစ်ပြန်စစ်မှုထမ်းဟောင်းတွေပါ ရံပုံငွေအတွက် စာအုပ်လေးတွေ လိုက်ရောင်း ပေးတာမို့ ဒီကနောင်ကြီး အားပေးပါအုံးနော် ” ဆိုပြီး သူတို့လက်ထဲမှာပွေ့ထားတဲ့စာအုပ်တွေကို ရွေးဖို့လှမ်း ပေးတယ်လေ။ စာပေကို ကျုပ်ကလည်း မြတ်နိုးတတ် ဖတ်လေ့ရှိသူမို့ရယ် မတတ်တစ်ခေါက် ဟိုတို့ဒီတို့ စာလေးတွေလည်း လက်တဲ့စမ်းကာ ဒီရွာထဲ(အခုမြို့ပေါ့)ရေးနေသူဖြစ်တာကြောင့်ရယ် သူတို့လို မသန်းစွမ်းပေမယ့် နေပူပူထဲ လျှောက်ကာရောင်းနေရတာကို သနားစိတ်ကြောင့်ရယ် […]


  ” ဝေဒနာကို ဖွင့်ဟကြေငြာ…သီချင်းတစ်ပုဒ်ဆိုမယ်..ဖြစ်ပုံတကယ်ဆန်းကြယ်..ကိုယ့်မှာလေ..ပြန်ကာတွေးလေလေ…”  ဆိုတဲ ့..ကံ့ကော်တောဦးမျိုးအောင်ရဲ ့သီချင်းကို.. ဆိုပြရမလိုဖြစ်နေပြီ..။ ပြောပြချင်မိတာတွေကတော့ အများသားဗျ..။ ဒါပေမယ့်… အကြောင်းအရာတစ်ခုကိုတော့ရင်ဖွင့်မှဖြစ်တော့မှာမို ့… ရင်ဖွင့်လိုက်ပါတယ်..။ ရပ်ကွက်ထဲက..ပြောမနာဆိုမနာလို ခင်ရတဲ ့….သူငယ်ချင်းရဲ ့ ယောက္ခမ.. ဆေးရုံတင်လိုက်ရတယ်..။ ဖြစ်ချင်တော့..ဆေးရုံတင်လိုက်ရတာက..ည ဆယ်နာရီကျော်နေပြီ..။ ကျွန်တော် မသိလိုက်ပါဘူး ။ ကျွန်တော့်ဆီရောက်လာတော့… ဆယ်တစ်နာရီကျော်နေပြီ..။ သွေးလိုလို ့ လိုက်ရှာတာ ဘယ်မှာမှ မရဘူး..တဲ ့။ ကျွန်တော့်သွေးက..ဘီသွေးဖြစ်နေတော့… သူ့ ယောက္မကလည်း..ဘီသွေးမို ့…လိုက်လှူပေးဖို ့ လာခေါ်တယ်..။ သွေးက..ဘယ်နှစ်ပုလင်းလဲလို ့ မေးလိုက်တော့… နှစ်ပုလင်းလို ့..ပြောပါတယ်…။ ကျွန်တော်လည်း..မနေနိုင်တော့…အိမ်ရှေ့က ချာတိတ်လေးကိုပြေးနှိုးမိပြန်ပါတယ်.. ။ အိမ်ရှေ့က ချာတိတ်လေးက…   ကျွန်တော့်ကို မငြင်းဆန်ချင်ပေမယ့်.  ” ကျွန်တော်  မနက် အလုပ်ဆင်းရဦးမှာ […]


၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်   နှိုးစက်သံကြောင့်ရော စက်သံကြောင့်ပါ နိုးလာခဲ့သည်။ နာရီကို ကြည့်လိုက်တော့ မနက် (၆) နာရီခွဲအတိ။ အပြင်ကို ကြည့်လိုက်တော့ အလင်းရောင်က ဝိုးတဝါး။ ခေါင်းရင်းဘက်က အပြည့်ကာထားသော မှန်တွင်မူ ပိုးဖလံများက အပြည့်။ ညက မီးရောင်ကို ပြုံတိုးခဲ့သလောက် ယခုမူ အေးစက်သော နှင်းရည်တို့ကြားထဲတွင် အသက်မဲ့သူကမဲ့၊ လှုပ်နေသူက လှုပ်။ ကျွန်မစိတ်ထဲတွင်လည်း အမျိုးအမည်မသိ ဝေဒနာတစ်ခု ခံစားလိုက်ရသည်။ သို့နှင့် အသာပြန်ငြိမ်နေလိုက်ပြီး ပြန်ကြည့်မိတော့ ကောင်းကင်က လိမ္မော်ရောင် သန်းနေပြီ။ နေထွက်ချိန် မမီမည်စိုးသောကြောင့် ကမန်းကတန်း အိပ်ယာထ၊ မျက်နှာသစ်ပြီး Sundeck ပေါ် ပြန်တက်ခဲ့၏။   အပြင်ဘက်တွင်တော့ သင်္ဘောဝန်ထမ်းများက သန့်ရှင်းရေးလုပ်နေကြသည်။ ပတ်ဝန်းကျင်ကတော့ […]


ဇီဇီFebruary 24, 201423min87550
    အမှန်တော့ ဒီ တစ်ပတ် ဘယ် စားဖိုမှူးမှ မရှိဘူးဗျ။ အဲတော့ ဒီ တစ်ပတ် အသုပ်ရောင်းမလားလို့ပါ။ ဗမာသုပ်တော့မဟုတ်ဘူးဗျ။ ဆလပ်လို့ခေါ်တဲ့ ခပ်ဖွဖွ အသုပ်တွေပေါ့ဗျာ။ ဟုတ်တယ်လေ။ ဗမာသုပ်က နယ်ပြီဆိုရင် ပယ်ပယ်နယ်နယ် ဖတ်ဖတ်သတ်သတ်ဆိုတော့။ ချဉ်ချဉ်ငံငံစပ်စပ် နဲ့ (ပြောရင်းစားချင်လာပြီ)   အမှန်တော့လက်ထဲမှာ  Page One  ကထုတ်တဲ့  SALAD (RECIPES  AT YOUR FINGERTIPS)     ဆိုတဲ့စာအုပ်လေး ရှိနေတာ။ ၃၄ မျိုးပါပါတယ်။ အင်ဒီကိတ်တင်း မှာ ၃မျိုး…… ၁) လွယ်ကူ/အလယ်အလတ်/ခက်ခဲ ၂) ပြင်ဆင်ချိန် ၃) အာဟာရပါဝင်မှု တန်ဖိုး စသည်ဖြင့်ပေါ့။ အဲဒီတော့ ကိုယ့် အကြိုက်နဲ့ ညှိနိုင်တာပေါ့လေ။   ၃၄ […]


alinsettFebruary 24, 20144min62519
    မေမေရေ. . . ကဗျာဆိုတဲ့ သွေးတွေ . . . သားရင်ဘက်ထဲ စီးဆင်းဖို့. . . ဘယ်လို ညမျိုးမှာ သားကို မွေးခဲ့ရသလဲ. . . ဖိနပ်ပါးပါးတစ်ရံကို အကြာကြီးစီးရပြီး အယူအဆထူထူတွေကို ဝတ်ဆင်လို ့. . . ဆူးခင်းတဲ့လမ်းကိုမှ လျှောက်ချင်သူ. . . သားဟာ. . . . ကဗျာဆန်သောလူတဲ့လား. . . တကယ်တော့. . . ခါးလှတဲ့သစ်တစ်ရွက်ပါမေမေ မေမေရေ. . . ရာဇဝင်တွင်အောင် ရက်ရောတဲ့ သားအတွက် ကံဆိုးမိုးမှောင်တွေ ရွာချ.. ကဗျာဆိုပြီး နူးညံ့သိမ်မွေ့ပြရတဲ့ညတွေ တကယ်တော့. . . […]


စဆရ ႀကီးFebruary 23, 20141min82321
မီးခိုးငွေ့များ အပေါ်သို့လွင့်ပျံသွားသည်ကိုကြည့်ရင်း ကိုရင်စိုင်းတစ်ယောက် လက်ကျန်ဆေးလိပ်တိုလေးကို ပြာခွက်ထဲ ခပ်ပြင်းပြင်းထိုးချေပြစ်လိုက်သည်။ မိန်းမက မကြိုက်ပါဘူးဆိုကာမှ သောက်ချင်နေလွန်းသည့်ဆေးလိပ် မှတ်ရောဟယ်ဟုဆိုကာ မကျေမနပ်စိတ်ကြီးဖြင့် ထိုးထည့်လိုက်ခြင်းလဲဖြစ်သည်။ မိန်းမသာ ဒီအကြောင်းသိရင်တော့ ငါးသလောက်ပြုံးလေးနှင့် မျက်စောင်းလေးတစ်ချက်ထိုးပြီး ကျေနပ်ပြုံးကြီးတစ်ချက် ထိုးနေပေဦးမည်ဟုလည်း တွေးမိသည်။ တစ်ကယ့်တစ်ကယ်တော့ ၁၆ နှစ်သားကပေါင်းလာတာ ခုလောက်တော့ လွယ်လွယ်နဲ့ပြတ်ပါ့မလားလို့။ +++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ခက်တော့လည်း အတော်လေးခက်သည်။ ဘဝမှာလိုချင်တိုင်းဖြစ်တဲ့သူ သိပ်တော့မရှိနိုင်ပေ။ လိုချင်တာလေးတွေနှင့် ဖြစ်နေတာလေးတွေ အနီးစပ်ဆုံးတူညီရင်ပြီးတာပဲဆိုပြီး ကျေနပ်နေကြရသူတွေသာများပေမည်။ ကိုရင်စိုင်းတစ်ယောက်လည်း ထိုနည်းလည်းကောင်းသာပေါ့။ တစ်ချို့သောသူများထက် သာသည်မှာ ကိုရင်စိုင်းမှာ ချစ်စရာ ဇနီးမယားလေးရှိသည်ပေါ့။ ထို့ထက်ပိုကောင်းသည်မှာ ထိုချစ်ဇနီးလေးလဲ ကိုရင်စိုင်းအနားမှာ ရှိနေသည်ပေါ့။ ထိုသို့တွေးပြီးသကာလ အနားမှာရှိနေသော၊ နှစ်နှစ်ချိုက်ချိုက်အိပ်မောကျနေသော ဇနီးနဖူးလေးကို ခပ်ဖွဖွလေး နမ်းလိုက်လေသည်။ သာယာကြည်နူးဖွယ်ရာကောင်းလှပေစွ။ ထို့နောက် ကုတင်ဘေးမှ ဖုန်းကိုလှမ်းယူကြည့်လိုက်သည်။ မနက် […]