htet wayJuly 18, 20121min1046
အခုတလော ဂျာနယ်တွေ မှာ သတင်းထောက်နာမည်တွေ မြို့တွေနဲ့ ယှဉ်တွဲ ဖေါ်ပြထားတာ တွေ့ရတယ်။သတင်း သမားလို့ ခံယူ ထားသူတွေ ကိုတွေ့ရတော့ ဝမ်းသာဂုဏ်ယူ မိပါတယ်။ သတင်းထောက် တစ်ယောက်ဟာ သိခြင်း ဗဟုသုတ အပြင် သမ္မာဆန္ဒ မျှတသော စိတ်ကို အခြေတည်ပြီး တက် ကြွ ရဲရင့်နေရပါမယ်။ သတင်းမီဒီယာ သမား တစ်ဦး အတွက် လို အပ်တဲ့ အရာတွေက ကင်မရာ ၊ အသံဖမ်း စက် ၊ မှတ်စု တွေပါ။ အရေးကြီးဆုံး လို အပ်ချက်ကတော့ ဆင်ခြင်တုံ တရားဖြစ်ပါတယ်။ အကြောင်း အရာတစ်ခုကို နားလည် သိမူသာဖြစ်ပါတယ်။ညီငယ်အရွယ် သတင်းထောက် တစ်ယောက်က ကလေး တစ်ဦးရေနစ်သေတာကို သတင်းရေးမယ် ဆိုပြီးရေးပါတယ်။ဂျာန […]


ကျနော် ခပ်ငယ်ငယ်က ဗေဒင်၊ လက္ခဏာ နဲ့ ရှေ့ဖြစ်ဟော တွေကို တော်တော်ကိုစိတ်ဝင်စားခဲ့ဖူးပါတယ်။ တော်တော်လဲလေ့လာခဲ့တယ်..။ လူတွေ ဗေဒင်မေးကြတယ်..။ မှန်တယ်လို့လဲဆိုကြတယ်။ ဒါကလည်း ဗေဒင်ဆိုတာ အခုမှမဟုတ်သလို ဟိုး ဘုရားရှင်လက်ထက်တော် ကတည်းက ရှိခဲ့တဲ့ ပညာရပ်တစ်ခုပါ။ ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး။ ဘာသာတိုင်းမှာ ရှေ့ဖြစ်ဟောတွေရှိပါတယ်။ တစ်ချို့ဗေဒင်တွေဟာ ပရလောကနဲ့လဲ ဆက်စပ်နေတာတွေရှိပါတယ်။ ဒါကလဲ နတ်အနိမ့်စားတွေရဲ့ ကူညီမှုလဲ ဖြစ်နိုင်ပါတယ်။ ခုခေတ်မှာ သိပ္ပံနည်းကျစွာနဲ့ လုပ်ဆောင်နေတာတွေလဲ ရှိကြပါတယ်။ ရှေ့ရေးကို ကြိုမြင်နိုင်တယ်ဆိုတာ ဖြစ်နိုင်သလို လက်ဖဝါးကိုကြည့်တာနဲ့ အားလုံးသိတယ်ဆိုတာလဲဖြစ်နိုင်ပါတယ်။ (ဥပမာ ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရို)။ ဒါကတော့ နှစ်ထောင်သောင်းမကလေ့လာခဲ့တဲ့ သိပ္ပံနည်းကျသင်ယူထားတဲ့ပညာတွေဖြစ်ပါတယ်..။ ဗေဒင်နဲ့ပတ်သတ်ပြီးတော့ ရှင်းရမှာတော့ တော်တော်ရှည်ပါတယ်။ သိပ္ပံနည်းကျပါတယ်ဆိုတာတွေလည်း ရှိနေလို့ဖြစ်ပါတယ်။ စိတ်တန်ခိုးပြင်းထန်၍ ရှေ့ဖြစ်တွေကိုကြိုမြင်သည်ထားဦး၊ ဗေဒင်တွေ မှန်သည်လို့ထားဦး […]


CASPERJuly 17, 20121min23121
ကျွန်တော်က ရွာသားသစ်လေး CASPER ပါ- – – – –  ရွာသူ/သား အားလုံးကို ခင်မင်လိုပါတယ်- – – – –  အားလုံးလဲ ကျွန်တော့်ကို ခင်မင်ကြပါလို့ – – – – – – ရွာထဲမှ စီနီယာ/ဂျူနီယာ အားလုံးကို ဦးစွာ ပထမ လေစားပါတယ်ဆိုတဲ့အကြောင်း ပြောကြားရင်း – – – – – –  ပြောမှားဆိုမှားရှိရင်လဲ ခွင့်လွှတ်ပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျား – – – – – – (ဖြောင်း ဖြောင်း ဖြောင်း)၁၀၀၀၀ ဘယ်သူမှတီးမည့်သူမရှိ၍ တစ်ယောက်တည်းတီးသွားပါသည် – – – – – […]


မမနောရဲ့ ပို့စ်အောက်မှာ ကွန်မန့်ရေးနေရင်းနဲ့ ရှည်သွားလို့ ပို့စ်သက်သက် တင်လိုက်ပါတယ်။   ကားတွေနဲ့ ပတ်သက်ပြီး ပြောရရင် လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သလိုပဲ ဆိုရမှာပေါ့..   ဆုံးသွားတာကို တကယ်စိတ်မကောင်းပါဘူး..ဒီလို နေ့မြင်ညပျောက်ဖြစ်ပြီး ကလေးတွေချည်းပဲ ကျန်ခဲ့တာ တကယ်ကို ကိုယ်ချင်းစာမိပါတယ်။   ကားသမားတွေကိုယ်တိုင်က စည်းကမ်းမရှိသလို ကားစီးတဲ့ ပြည်သူတွေကိုယ်တိုင်ကလည်း စည်းကမ်းမလိုက်နာကြပါဘူး။ မီးပွိုင့်မှာ လူတင်တယ်ဆိုတာ တက်တဲ့သူရှိလို့ တင်တာပါ။ မီးပွိုင့်က တားစီးတယ်ဆိုတာကလည်း ရပ်ပေးတဲ့ကားရှိလို့ တားစီးကြတာပါ။   မီးပွိုင့်မှာ ကားမရပ်လိုက်နဲ့.ဆင်းလို့ရလားလို့ မေးကြတဲ့လူများပါတယ် (ကျွန်မကိုယ်တိုင် အပါအဝင်ပါ)။ လှည်းတန်းမှာ ဒီလောက်လူတွေများတာ…မျဉ်းကျားက လမ်းကူးတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ…ကားတွေရပ်မပေးလို့ မပြောနဲ့… ရပ်တာမရပ်တာ သူ့အလုပ်၊ မျဉ်းကျားက သွားကူးရမှာက ကိုယ့်အလုပ်။   လှည်းတန်းမီးပွိုင့်မှာ လူတွေ […]


Foreign ResidentJuly 16, 20124min26621
စဉ်းစားကြစေလိုပါတယ် ( ၃၃ ) ( ဂုဏ်ယူစရာ လား ၊ စိတ်ကုန် / နာ စရာ လား )   အင်း ၊ အဘ ဒီ Post ကို ရေးဖြစ်တာကတော့ ကို Kyaemon ရဲ့ ” Norway’s GDP — ” Post မှာ Australia’s GDP per capita က ကမာ္ဘ့ အဆင့် ၁၄ / ၁၆ လောက်အထိကို ကျနေလို့ ။   ဟင် ၊ ဟိုတနေ့ကတင် ငါ ၊ Australian Financial Review ထဲမှာ […]


ဂ်စ္စူJuly 15, 20121min40155
ဒူပေတာပေ. ♣         ဟုတ်ကဲ့….။ကျနော်ပြောတဲ့ ဒူပေတာပေ ဆိုတဲ့ အခေါ်အဝေါ်နဲ ့ ပတ်သတ်လို ့ ကျနော့်ဘာသာ အနတ် ပြန်ကြည့်တာ အကြမ်းခံခြင်း၊ အသုံးခံခြင်း၊ ကြာရှည်ခံနိုင်ရည်ရှိခြင်း၊ သန်မာခြင်း၊ စတဲ့ အဓိပ္ပါယ်တွေနဲ ့ ပြည့်လို ့နေပါတယ်။ ဝတ္ထုပစ္စည်းတစ်ခုနဲ ့ ဥပမာပေးပြပါဆိုရင် – တန်ဖိုးညီ Touch Screen အမျိုးစား ဖုန်းနှစ်လုံးကို မြေပြင်ညီ ကြမ်းခင်းသို ့ ပစ်ချလိုက်တဲ့အခါ ဖုန်းနှစ်လုံးစလုံး ကွဲအက်၊ ပွန်းပဲ့ သွားတာခြင်း အတူတူ အကောင်းတိုင်း ဆက်သုံးလို ့ရနေမဲ့ ဖုန်းက ဒူပေတာပေ ခံတဲ့ ဖုန်းဟု ဆိုရမှာဖြစ်ပါတယ်။ အဲဒီ ဒူပေတာပေဆိုတဲ့ အသုံးနှုန်း ဘယ်အချိန်ကတည်းက စတင်ခေါ်ဝေါ်ခဲ့မှန်းမသိပေမဲ့ ကျနော့်ပတ်ဝန်းကျင်ကလူတွေ အလျင်းသင့်သလို ခိုင်းနှိုင်း […]


KyaemonJuly 15, 201216min1316
  ရှုခင်းအလှအပတွေကြည့်ရင်း  နော်ဝေ နိုင်ငံရဲ့စီးပွါးရေးအနေအထားကို တစေ့တစောင်းလေ့လာရအောင်   နိုင်ငံတကာ ငွေရေးကြေးရေးရံပုံငွေအဖွဲ့ (၂၀၁၀-၁၁) ဇယား အမှတ်စဉ် ၄ ချိတ်တာ ကမ်ဘာ့ ဘဏ် (၂၀၀၅-၁၁) ဇယား အမှတ်စဉ် ၄ ဘဲ ထပ်ချိတ်တာ စီအိုင်အေ ကမ်ဘာ့ဖြစ်ရပ်မှတ်တမ်း (၁၉၉၃-၂၀၁၁) ဇယား အမှတ်စဉ် ၆ ချိတ်တာ ဘယ်ဇယားဘဲကြည့်ကြည့် နော်ဝေပြည်သူတွေက တဦးချင်းဝင်ငွေများ ပြီး ချမ်းသာကြွယ်ဝ နေတာ     US, Canada, Australia တို့ထက်ပင် ဟန်ကျမျက်နှာပွင့်နေတာ List of countries by GDP (PPP) per capita – Wikipedia, the free encyclopedia http://en.wikipedia.org/wiki/List_of_countries_by_GDP_(PPP)_per_capita […]


Foreign ResidentJuly 15, 20122min24723
စဉ်းစားကြစေလိုပါတယ် ( ၃၂ ) ( မနေချင်ရင် ထွက်သွားကြတဲ့ )   ဒီ Post ကတော့ ၊ ရွာသူားတွေကို ရှင်းပြချင်တာ တစ်ခုပါ ။ အခုတလော အင်တာနက်မှာ ၊ အောက်က စကားစု / သတင်း ၊ တော်တော် ပျံ့နှံ့နေပါတယ် ။   အရင်ဆုံး ဖတ်ကြည့်ပါဦးကွယ် ။   Quote Prime Minister John Howard – Australia ဩစတြေးလျှ ဝန်ကြီးချုပ် ဂျွန်ဟိုးဝါ့ဒ်   Muslims who want to live under Islamic Sharia law Out Of […]


မနေ့က Channel 7 က Hot Ride ဆိုတဲ့ အစီအစဉ်တစ်ခုကို ကြည့်လိုက်ရတယ်။ ဘာအဓိပ္ပာယ်နဲ့ ပေးထားတာလည်း မသိပေမယ့် ကား showroom တစ်ခုက ကားတွေကို ရိုက်ပြထားတာပါ။   ထုံးစံအတိုင်း မော်ဒယ်တွေက sexy ပုံတွေပါပဲ။ တော်တော်လည်း စိတ်ပျက်မိသွားတယ်။ ကားကြော်ငြာတာနဲ့ sexy post နဲ့ ဘာဆိုင်သလဲပေါ့။ နိုင်ငံခြားက Car Show တွေကို တုပြီး လုပ်တာလား။ ယဉ်ကျေးမှုက တစ်ခြားစီပဲလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံမှာ ဒီလိုမျိုးကြီးတော့ မလုပ်သင့်ဘူးထင်ပါတယ်။ ကားနဲ့ sexy post နဲ့ လားလားမျှမသက်ဆိုင်ပါ။ ကားဝယ်တဲ့သူတွေကလည်း ကားကောင်းတာမကောင်းတာကို ကြည့်မှာလား။ ဒီမော်ဒယ်တွေကို ကြည့်မှာလား။ ကားဝယ်အောင်ဆွဲဆောင်တဲ့ နည်းလမ်းလား။ ကျွန်မ ဉာဏ်မမီဘူး […]


Khaing KhaingJuly 13, 20121min29829
ကျွန်မက မျက်နှာပေါင်းတင် ဆံပင်ပေါင်းတင် ခေါင်းလျှော်တာတွေကို အမြဲတမ်းလုပ်လေ့လုပ်ထ မရှိခဲ့ပါဘူး …… ဘာကြောင့်လဲဆိုတော့ အချိန်မရတာရယ် ငွေကြေးအကုန်အကျမခံနိုင် တာရယ်ကြောင့် တစ်လတစ်ခါ တစ်ခါတစ်လေ စိတ်ညစ်စိတ်ရှုပ်နေချိန်တွေမှသာ ဆိုင်ကိုသွားဖြစ်တယ် ….. ဆိုင်သွားပြီး မျက်နှာလေးပေါင်းတင် ခေါင်းလေးလျှော်လိုက်ရင် လူကပေ့ါ ပါးသွားသလိုခံစားရတယ် .. ဆိုင်မှာက သေချာနှိပ်ပေးနှယ်ပေးတော့ ဇိမ်ရှိတာပေ့ါ …… ခေါင်းကို အမြဲတော့မလျှော်ရဲဘူး ရောဂါဖြစ်မှစိုးတယ် …… ကျွန်မဧပြီလကုန်ကတည်းက ယခုဇူလိုင်လအထိ ဆိုင်မသွားဖြစ်ခဲ့ဘူး မျက်နှာမှာ အဖုတွေပေါက်နေတော့ ဆိုင်သွားပြီးမျက်နှာလေးပေါင်းတင်မယ် ဇိမ်လေးခံချင်တာနဲ့ ရုံးမှာ သူငယ်ချင်းတစ်ယောက်နဲ့ အဖော်ညှိဖြစ်တယ် …….. သူကဒိန်ချဉ်နဲ့တင်တဲ့နေရာရှိတယ် တို့သွားတင်ကြမယ်လေလို့ ကျွန်မကိုပြောလာတယ် ကျွန်မလည်း အချိန်သိပ်မရှိတော့ ရုံးနဲ့နီးတဲ့မြို့ထဲကိုပဲ ရုံးအပြန်သွားကြမယ်လို့ ကတိပေးထားလိုက်တယ် ….. ဒီလိုနဲ့ နှစ်ယောက်သား ချီတက်လာခဲ့တယ် ပေါင်တင်တဲ့ဆိုင်ရောက်တော့ သူကအောက်မှာ […]


ကြောင်လေးJuly 13, 20121min48725
“ဇမ္ဗူဒီပါ လယျာ်တောင်ကျွန်းနမိတ်ထွန်း”  တဲ့ “ဇမ္ဗူဒိတ် နမိတ်”  တဲ့ ကျနော်တို့မြန်မာတွေဟာအတိတ်တဘောင်တွေကို အတော်ယုံကြည်ကြပါတယ်။ ရှေးလူကြီးတွေ အဆိုထားရှိခဲ့တဲ့အတိတ်တဘောင်တွေဟာတော်တော်များပါတယ်။ သူဟာနဲ့သူပြန်ရှင်းပြတော့လည်း ဟုတ်နေသလိုလိုပါပဲ။ မှတ်မိသလောက်ပြောရရင် …… “အင်းကို (သိပ်မသေချာပါ၊ကျနော်ဇဝေဇဝါဖြစ်နေတယ်) ဟင်္သာ နားလိမ့်မည်၊ ဟင်္သာကိုထီးရိုးရိုက်လိမ့်မည်၊ ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်”  တဲ့ နယ်ချဲ့အုပ်ချုပ်မှုကို ဆိုထားတာဆိုလားပဲ။ နောက်တမျိုးက……. “လူပျိုအမေ ဆန်တစ်စိပ်နဲ့ ရွှေမန်းတောင်ပေါ် အလုံပိတ်လို့ ပုန်းအိပ်ရမယ်”  တဲ့… ဒါလည်းဟုတ်သလိုလို…… “ဥသျှစ်တစ်တင်းနှမ်းတစ်တင်းနဲ့၊ ဒန့်ကျွဲပင် ပုခက်ဆင်” ဆိုတာမျိုးတွေ ကလည်း ဖြစ်လာတော့မယောင်။ အခြားဟာတွေလည်းရှိဦးမှာပါ၊ကျနော်တော့သိပ်မမှတ်မိတော့ဘူး……. မကြာသေးခင်က အုတ်အော်သောင်းနင်းကိစ္စဖြစ်သွားတော့မှ တဘောင်နှစ်ခုကိုသတိရသွားမိတယ်။ ကျနော်ဒီပို့စ်ကိုရေးသားရာမှာ ဘယ်သူဘယ်ဝါ၊ဘယ်ကိစ္စအကြောင်းအရာကိုမှမရည်ရွယ်ပါဘူး။ မြန်မာ့တဘောင်တွေကိုသာဝေဖန်စဉ်းစားမိတာပါ။ ကျနော်မသိတဲ့မရှင်းတဲ့ အကြောင်းကိုလည်းမေးချင်တာပါတာပေါ့။ တစ်ခုကတော့ဒါလေးပါ………… “တရုတ်ကဖိ၊ရှမ်းကအိ၊ရှိသည့်ဗမာ၊အနောက်မှာ”၊(မူကွဲ)တောင်ရိုးမှာ… ဇွန်လ အရေးအခင်းမဖြစ်ခင်အထိတော့ ဒီတဘောင်သိပ်မှန်တာပေါ့။ သိကြတဲ့အတိုင်းမန္တလေးကို ပြည်ကြီးပေါက်တရုတ်တွေ သိမ်းပိုက်လုလုဖြစ်နေတာ […]


Foreign ResidentJuly 12, 20122min28224
“ စဉ်းစားကြစေလိုပါတယ် ( ၃၁ ) ( သ ဇ ) ”   အဘ ရဲ့ ဒီ Post ကတော့ ကို Black Chaw ရဲ့ ” သဇင် အတွက် မင်္ဂလာရှိသော စကားလေးတစ်ခွန်း “ Post ထဲက   ကို thihayarzar ရဲ့ Comment ” ဘာပဲပြောပြော ဟိုကောင်က နွားပဲဖြစ်ရတာပဲ .. ဩစီ ကမို့လို့သာ သိပ်မသိတာနေမှာ “ ကို ပြန် ရှင်းပြထားတာပါ ။   ” ဩစီ ကမို့လို့သာ သိပ်မသိတာနေမှာ “   ဩစီ ကနေမို့ […]


koyin sithuJuly 11, 20121min1159
မင်းသိင်္ခ အသံထွက်မှာ (မင်းသိန်ခ)။ မြန်မာ အမျိုးသား စာရေးဆရာတစ်ဦး၏ ကလောင်အမည်ဖြစ်သည်။ မင်းသိင်္ခသည် တီထွင်ကြိုးပမ်းမှုရှိသော ဝတ္တုအတို အရှည်များကို နိုင်နင်းစွာဖွဲ့နိုင်သော စာအရေးအသား ကောင်းသူတစ်ဦးလည်းဖြစ်သည်။ စိတ်ကူးအထင်အမြင် ပြောင်းလဲခြင်းမှ အစပြုပြီး (အတတ်ပညာများ) (လက်တွေ့ ရုပ်ဝတ္တုများ) (အောင်မြင်ပျော်ရွှင်မှုများ) ရရှိနိုင်ပုံကဲ့သို့ စိတ်ပညာ သဘောတရားများကို (ပုဏ္ဏားဘကွန်း) (ဖြစ်ချင်ရာဖြစ်မောင်ဘချစ်) (ပြည်ကြီးမဏ္ဍိုင်မြကြီး) စသည့်ဇာတ်လမ်းများရေးဖွဲ့ရင်း ကျွဲကူးရေပါ သဘော မိတ်ဆက်ပညာပေးခဲ့သည်။ သရုပ်ပီပြင်သော ဇာတ်ကောင်စရိုက်များ ရေးသားနိုင်ရန် လူ့စရိုက်လူ့သဘာဝများကို မှတ်တမ်းပြုစုထားသော အလေ့ တီထွင် ကျင့်သုံးခဲ့သည်ဟု သိရပြီး အမှန်တစ်ကယ်လည်း မူသေ စရိုက်ရှိဇာတ်ကောင်များ ဖန်တီးကာ ဆွဲဆောင်မှုရှိသော ဝတ္တုများရေးသားနိုင်ခဲ့ပါသည်။ စာရေးဆရာ မင်းသိင်္ခကို ၁၉၃၉ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၌ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ […]