အလိုလေး နယူးတွေနယူးတွေ သီအိုးလ်ဒီးတွေကလိုက်ရှင်းပြနေရတယ် ရွာထဲဝင်လာတာကြိုဆိုပါတယ် ဒါပေမယ့် “ပညာတတ်ခေတ်လူငယ်တွေဖြစ်ပြီး စဉ်းစားချဉ့်ချိန်သုံးသပ်ဆင်ခြင် နိုင်စွမ်းရှိမှပို့စ်တစ်ခုဆိုတာဖြစ်ပေါ်ပါတယ် ” ပို့စ်တစ်ခုကွန်မန်းတစ်ခုရေးမယ်ဆိုရင်ကိုယ်ရေးမယ့်အတိုင်းအတာ ဟာဖြင့်ဘယ်အထိတာသွားတယ် ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာဝေခွဲသုံးသပ်သင့်ပါတယ် ကြားဖူးတယ်မလား တံတားအိုမှောင်ကိုမလျောက်နဲ့စကားကိုတောင်လိုမမောက်နဲ့လို့ပြောတဲ့စကားပုံလေးလို ထမင်းကိုကုန်အောင်စားစကားကိုကုန်အောင်မပြောကြပါနဲ့ကွယ် ရောမရောက်ရင်ရောမလိုကျင့်ရတယ် ကွယ့် ပို့စ်ပိုင်ရှင်ကော မသိလို့မေးတဲ့သူတွေကောတော်တော်များများဟာနယူးမန်ဘာတွေလို့သိရပါတယ် ပို့စ်တင်ခါနီး လမ်းညွန်တွေသေချာဖတ်ခဲ့ရဲ့လား စည်းကမ်းချက်တွေသေချာနားလည်ခဲ့ရဲ့လားကွယ်တို့ရယ် မဖတ်မရှုဘဲဝင်လာတဲ့သူတွေဆိုရင်တော့ ကို်ယ့်ကိုမြုပ်မယ့်သေတွင်းမှာ ဤကျင်းထဲတွင်ရတနာများရှိ တယ်ဆိုယုံနဲ့မမေးမမြန်းခုန်ဆင်းမယ့်သူတွေပဲဖြစ်လေတော့မယ်ကွယ် ဂေဇက်ကသေတွင်းမဟုတ်ပေမယ့် ဒီနေရာက ပြည်ပရောက်ပညာတတ်တွေနဲ့ပြည်တွင်းကအသိမိတ်ဆွေတွေပညာဖလှယ် ရင်းသတင်းမေး ကြတဲ့ရွာကြီးတစ်ရွာဖြစ်ပါတယ် ရွာထဲကိုဝင်ချင်သလိုဝင်ပြီးထွက်ချင်သလိုထွက်နေကြပေမယ့် ဒီပေါ်ရောက်လာတဲ့ သူအများစုကတော့ မိမိရဲ့ဂုဏ်သိက္ခာမိမိရဲ့လူမျိုးမိမိရဲ့ဘာသာတရား မိမိတို့ရဲ့နိုင်ငံ ကြီးကိုတိုးတက်အောင်လုပ်ဖို့အတွက် ကြံဆောင်နေကြတဲ့သူတွေပါပဲ ဒီလိုလူတွေထဲမှာကိုယ့်ထက် တတ်ကျွမ်းတဲ့ပညာရှင်တွေ နားလည်တဲ့ပညာရှိတွေလည်းပါနေပါတယ် ကိုယ်လုပ်လိုက်တဲ့အပြုအမူ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဘယ်အတိုင်းအတာကိုသွားကြတယ် ဆိုတာပညာရှိတွေကမေးမ ကြည့်ပေမယ့်တွေးကြည့်ယုံနဲ့သိကြပါတယ်ကွယ် လမ်းမှန်တွေကိုလည်းညွန်ဖို့အသင့်စောင့်ဆိုင်းနေကြပါ တယ် လွတ်လပ်စွာပြောရေးဆိုခွင့်ပေးထားတယ်ဆိုပေမယ့် ခြောက်လမ်းသွားလမ်းမပေါ်မှာ ပလာတာ ရိုက်သလို ဟိုရမ်းဒီရမ်းရမ်းပြောကြမယ်ဆိုရင်တော့ ဒီရွာကြီးထဲကငြိမ်းချမ်းတဲ့လွတ်လပ်တဲ့ အနှစ်သာရများ […]


Foreign ResidentMarch 29, 20121min28813
စဉ်းစားကြစေလိုပါတယ် (၁၅ ) ( Dual Citizenship )   အခွန်နုံးထားများပြောင်းလဲသတ်မှတ်တဲ့ အကြောင်း ဖတ်မိပြီးတော့ ဆက်တွေးမိတာလေးတွေပါ ။   ဟီဟိ ၊ မြန်မာ နိုင်ငံက တော်တော် နေပျော်လာပြီ ။ အဘ ဒီနှစ် January မှာ သင်္ဘော စတက်တာ အခွန် လုံးဝ ဆောင်စရာ မလိုတော့ဘူးတဲ့ ။   စင်္ကာပူ နိုင်ငံသား ခံယူထားပြီးသား ၊ သင်္ဘော ကပ္ပတိန် နှင့် အင်ဂျင်နီယာချုပ် သူငယ်ချင်းတွေ ကတော့ ၊ မချင့်မရဲ ဖြစ်ကုန်တော့မှာပဲ ။   ဩဇီ နိုင်ငံသား ခံယူထားပြီးသား အဘ မိန်းမ နှင့် သူ့ […]


eternitymindMarch 27, 20121min25529
အခု ဒီ post ကိုရေးဖြစ်တဲ့အကြောင်းကတော့ ကျွန်မရဲ့ ထင်မြင်ချက်တွေကို share  ချင်ပြီး လူအများရဲ့ အယူအဆတွေနဲ့ ချိန်ဆ ကြည့်ချင်လို့ ပါ။ Facebook မှာလဲ တော်တော်များများ ပြောနေကျပြီး  ကျွန်မဘေးပတ်ဝန်းကျင်က လူအတော်များများလဲ ပြောနေကျတဲ့ တရုတ်မကောင်းကြောင်းပါ။  “တရုတ်တွေ နယ်ချဲ. လာတယ် သေနတ်တချက်မပစ်ပဲ.. မြန်မာနိုင်ငံကို သိမ်းသွားတယ်”  “လုပ်ငန်းရှင်အများစုက တရုတ်လူမျိုးတွေပဲ ဖြစ်နေတယ်”  “မြို.လည်ခေါင်က တိုက်တာတွေကို တရုတ်တွေပဲ ပိုင်နေတယ် “   “နေရာတကာမှာ တရုတ်လူမျိုးတွေ ကြီးစိုးနေတယ်”   “ ဒို.မြန်မာတွေ ကျွန်ဖြစ်နေပြီ ..”  စသဖြင့် ခဏ ခဏ ကြားနေရပါတယ် ကျွန်မကိုယ်တိုင်လဲ တခါတလေမကျေမနပ် ဖြစ်မိပါတယ်။ တကယ်လက်တွေ.ကျကျ စဉ်းစားကြည့်တော့  ဒါတွေကကိုယ်စိုက်ခဲ့တဲ့အသီးကိုယ်ပြန်စားရတာပါပဲ။ တရုတ်လူမျိုးတွေကိုကြည့်ပါ သူတို့ ကြိုးစားကျတယ်။ […]


  နွေရာသီ ပွင့်လင်းသာယာချိန်ကိုရောက်ခဲ့ပြီ။ဆယ်တန်းစာမေးပွဲတွေလဲပြီးပြီ။     သင်္ကြန် ရက်ကလည်းနီးပြီ။နွေရာသီ သင်္ကြန်ကျောင်းပိတ်ရက် မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးကားတွေ တဂျီဂျီ လိုက်ပြီးကြေညာနေကြပြီ။ အိမ်ရှေ့မှာ မဒမ်ကြောင်လေးနဲ့ အိမ်နားက အမျိုးသမီးတစ်ယောက် အားတက်သရောပြောနေကြတာ နားစွန်နားဖျား ကြားလိုက်မိသည်။ ပြောကြတဲ့အကြောင်းက ဘယ်ကားက ဝန်ဆောင်မှုကောင်းကြောင်း၊ အစားအသောက်ကောင်းကြောင်း၊ တည်းခိုစရာ စီစဉ်ပေးမှုကောင်းကြောင်း၊ ဘယ်ဘုရားတွေ ပို့မှာဖြစ်ကြောင်း၊ ဘယ်လမ်းကြောင်းတွေ သွားမှာဖြစ်ကြောင်းပြောနေကြတာပါ၊ ဒါ့အပြင်  မနှစ်က ဘယ်ဘုရားတွေရောက်ခဲ့ကြောင်း၊ ဒီနှစ်တော့ ဘယ်ဘုရားတွေဖူးချင်ကြောင်း၊ ဘယ်ဘုရား ဘယ်ဘုရားသုံးဆူကို မွန်းမတည့်ခင် ရောက်အောင် ဖူးနိုင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ၊ဘယ်ဘုရား ဘယ်ဘုရားတွေကို နေ့မကူးခင် ရောက်အောင်ဖူးနိုင်ရင် ဘာဖြစ်မယ်ညာဖြစ်မယ် ဆိုတာတွေ ပြောသံကြားလိုက်ရပါတယ်။ အကြောင်းအရာအဓိကပြောချင်တာဖြစ်လို့ ဘယ်စေတီတွေဆိုတာကိုတော့သေချာမှတ်မထားလိုက်မိပါ။ ကျနော်စဉ်းစားမိတာလေးတစ်ခုက ဟိုတုန်းက လူတွေဟာ ဘုရားဖူးဖို့အတွက် တောတွေတောင်တွေကိုကျော်ဖြတ်ပြီး လှည်းတတန် ၊လှေတတန် […]


Alexendre PingpoungMarch 26, 20122min1278
ကျားနေမြဲ ပိုနေမြဲ Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။   ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင် Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။   ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။   ဂါထာပေး တေးဖြစ် မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။   ငါးစိမ်းမြင် ငါးကင်ပစ် ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX  စသည်ဖြင့် အဆင့်ဆင့် […]


naywoon niMarch 24, 20121min16513
အဆိုးဆုံး ငို၍ ရယ်၍ မရတဲ့အချိန်တွေဟာ နေဝန်းနီ ဒေါသတွေ ထွက်နေတဲ့ အချိန်ပါ…။ ရယ်ခြင်းငိုခြင်းရဲ့ အခြားတစ်ဘက်က အရာဟာ ဒေါသ လား ? ဒါမှမဟုတ် ရယ်ခြင်းနဲ့ငိုခြင်းကြားထဲမှာ ဒေါသ ရဗိနေသလား မတွေးတတ်တော့ပါ……..။ တစ်ခါတစ်ရံဒေါသတို့သည် အိတ်ကာလမှလာချေ၏။ တစ်ခါတစ်ခါလည်း လတ်တစ်လောအခြေအနေကြောင့်ဖြစ်ပေါ်လာတတ်ချေသေး၏…။ အတိတ်ကာလ မှလာသောဒေါသတို့ကား တစ်နည်းနည်းနှင့် ဖြေသိမ့်ခြင်းငှာ ရပေသောငြား ……လတ်တစ်လော ပေါ်ပေါက်လာသောဒေါသတိ်ု့ကား ဖြေသိမ့်စရာနည်လမ်းမရှိ ….။ တစ်ယောက်ထဲ ဒေါဖောင်းနေရသောအဖြစ်ကားဆိုးဝါးလှချေ၏….။ တစ် ရက်သား ကော်နက်ရှင်မကောင်း၍ အိမ်သို့စောစီးစွာပြန်ရောက်ချေ၏…။ အိမ်၌ကား မာတာမိခင်သည် MRTV ဖွင့်ချေ၏ ….။ ဒီအထိ ပြဿနာမရှိသေး…။ သတင်းပြီးလာလိုက်သည်က ဇာတ်လမ်းတွဲများ ….။ MRTV လူကြီးမင်းများသည် မြန်မာပြည်ရှိ အနုပညာရှင်များနှင့် ရန်ဖြစ်ထားသည်ထင်၏…။ သူတို့ အကြောင်းမလွင့်ပါချေ….။ […]


Foreign ResidentMarch 22, 20122min40323
စဉ်းစားကြစေလိုပါတယ် ( ၁၃ )   ကို evolution ရဲ့ ” တရုတ်ကလာတဲ့ မြေပဲအနံ့ပါ တံဆိပ်မရှိ စားဆီတွေတဲ့ ” Post မှာ ရေးထားတဲ့ Comment လေးတွေကိုဖတ်မိပြီး ၊ တွေးမိတာလေးတွေပါ ။   Thel Nu Aye says: အင်း မြန်မာပြည်ကတရုတ်တွေကိုတော့အားနာပါရဲ့။ တရုတ်တွေမျိုးပြုတ်ကုန်ရင်ကောင်းမယ်။ မြန်မာပြည် ကတရုတ်တွေမပါဘူးနော်။ ပြည်ကြီးကတရုတ်တွေပြောပါတယ်။   အသူရာ says: အင်း တရုတ် တရုတ် တို့မြန်မာပြည်ကို လုံးပါးပါးအောင် လုပ်နေတာလား ?   အလကား ပါကွယ် ။ လူတွေက တရုတ်တွေ ၊ ကုလားတွေ သာ ရှောက်ပြောနေတာပါ ။ ဘယ်သူမပြု […]


etoneMarch 21, 201210min40638
    အခုတင်မယ့် ပို့စ်က … စာဖတ်သူတွေအတွက် … ဘယ်လို သုတရသမှလည်း မပေးနိုင်သလို …. အဓိပ္ပါယ်မရှိတဲ့ ပို့စ်လည်း ဖြစ်ချင်ဖြစ်မှာပါ … ။ အချိန်ဖြုန်းမယ့် … ခပ်ကြောင်ကြောင်ပို့စ်လို့ပဲ ယူဆယူဆ … ကျွန်မကတော့ သိချင်စိတ်ပြင်းပြနေခဲ့တာ အမှန်ပါပဲ … ။  သိချင်စိတ်ကြောင့်သာ ဖြစ်ပြီး .. အမြင်မတူညီမှုအပေါ် ငြင်းခုန်လိုစိတ်လည်း မရှိပါဘူး … ။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် … ။ ရွာသူရွာသားတို့ရဲ့ … အယူဆ နဲ့ … သက်မှတ်ချက်လေးလည်း .. သိချင်ပါတယ် … ။ အခု သိချင်နေတဲ့အကြောင်းက ပြောင်းဖူးပါ … ။ ပြောင်းဖူးကို ပြုတ်စားလျှင် […]


စနေနေ့ နေ့လည်ပိုင်းအချိန် ဂန္ဓမာ Whole Sales မှာ သူငယ်ချင်းတစ်ယောက်ကို အလုပ်တစ်ခုနဲ့ချိန်းထား တာနဲ့ ရောက်ခဲ့တယ်… အချိန်းထားတဲ့အချိန်ထက် နာရီဝက်ခန့်စောရောက်နေတော့… ပျင်းပျင်းလဲရှိ အိမ်အတွက် လိုအပ်တာလေးလဲ ဝယ်မယ်ဆိုတဲ့စိတ်နဲ့ ဂန္ဓမာထဲမှာ ပတ်ကြည့်မိတယ်… ကျွန်တော်ကိုယ်တိုင်ကလဲ စာရေးကိရိယာတွေကို စိတ်ဝင်စားတတ်တော့ ဝင်ပေါက်နဲ့အနီးဆုံး စာရေးကိရိယာ ရောင်းတဲ့ဘက်မှာ တအံ့တဩတွေ့လိုက်ရတာက ဗိုလ်ချုပ်ပုံ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဗလာစာအုပ်တွေ… ဗိုလ်ချုပ်နဲ့ ပတ်သက်ရင် နိုင်ငံရေးသမားမဟုတ်ပေမယ့်…ဗိုလ်ချုပ်ကို ဘာ့ကြောင့်ချစ်တယ်ဆိုတာတော့ ရေရေရာရာသိတယ်… ဗိုလ်ချုပ်ကို ဘာလို့လေးစားတယ်ဆိုတာ လေးလေးနက်နက်ခံစားနိုင်တယ်… အခုလို ဗိုလ်ချုပ်ကို ကိုရီးယားမင်းသားမင်းသမီးတွေ၊ ကျန်ကျောင်းတို့ ပေါင်ချိန်တို့နဲ့ တစ်တန်းထဲ ထားတာကျတော့ ရင်ထဲမှာတမျိုးပဲခံစားရတယ်…ဗိုလ်ချုပ်ကို မလေးစားသလိုမြင်မိတယ်… သေချာစဉ်းစားကြည့်ရင် ဝတ်မှုန်ရွှေရည်ကို မေတ္တာရှိတာနဲ့ ဗိုလ်ချုပ်ကို မေတ္တာရှိကြတာ နှိုင်းယှဉ်လို့မရအောင် ကွာခြားတယ်… တိုင်းပြည်ကိုအသက်ပေးချစ်ပြီး၊ ပြည်သူပြည်သားတွေအကျိုးကို မိသားစုထက်ပိုပြီးအလေးပေးလို့ […]


weiweiMarch 20, 20121min53241
ဒီပို့စ်မှာ ပြောပြချင်တာက တကယ့်အဖြစ်အပျက်လေးတစ်ခုပါ။ တပေါင်းလပြည့်နေ့တုန်းက ပန်းတနော်ကို သွားလည်ရင်း မြတောင်ဆရာတော်ကျောင်းကို ရောက်ခဲ့ပါတယ်။ ဆရာတော်ဆီမှာ လှူဖွယ်ဝတ္ထုတွေလှူဒါန်းကြပြီးနောက် ဆရာတော်မှ တစ်ခါထဲ ရေစက်ချအမျှပေးဝေခဲ့ပါတယ်။ ရေစက်ချပြီးနောက် ဆရာတော်မှ အဖြစ်အပျက်လေးတစ်ခုကို ပုံပြင်သဖွယ် ပြောပြခဲ့ပါတယ်။ ပန်းတနော်မြို့နယ်က ရွာတစ်ရွာမှာ (ရွာနံမည်မေ့သွားလို့ ..) အဖွားကြီးတစ်ယောက်ရှိခဲ့တယ်။ ရွှေတွေငွေတွေ စုဆောင်းထားတယ်လို့ သားသမီးတွေအနေနဲ့ သိထားကြပေမယ့် ဘယ်နားမှာ သိမ်းထားမှန်းမသိခဲ့ကြဘူး။ တစ်နေ့တော့ အဖွားကြီးသေသွားတယ်။ သားသမီးတွေလဲ တစ်အိမ်လုံးအနှံ့ပစည်းလိုက်ရှာကြပေမယ့် ဘယ်မှာဝှက်ထားခဲ့မှန်း မသိခဲ့ကြဘူး။ ဒီလိုနဲ့ လတွေ နှစ်တွေကြာသွားပြီး တစ်ညမှာ သားတစ်ယောက်ဆီကို အိမ်မက်လာပေးတယ်တဲ့။ အိမ်မက်ထဲမှာ ငါဒီပစည်းတွေကို မစောင့်နိုင်တော့ဘူး။ နင်တို့ပဲ ယူလိုက်တော့လို့ ပြောတယ်တဲ့။ ပြောတဲ့နေရာက ရွာလယ်ကန်သင်းဘေးနားမှာ … လက်ထဲမှာ တောင်ဝှေးတစ်ချောင်းကိုင်ထားပြီး တောင်ဝှေးနဲ့ လယ်ကန်သင်းကို ထောက်ပြပြီး […]


စေတီနဲ့ ဌာပနာ “အခုခေတ်တော့.. စေတီပုထိုးကြီးတွေ..မြင့်မားထိုးထောင်များပြားအောင်လုပ်.. အဲဒီကထုံးသင်္ကန်း..အဲဒီကနေ.. ရွှေရောင်..အဲဒီကနေ..ရွှေအစစ်.အဲဒီကနေ.. စိန်ဖူးတော်..အဲဒီကနေ..ကျောက်မျက်ရတနာတွေ.. အဲဒီကနေ.. အဲဒီကနေ..အဲဒီကနေ.. မဆုံးနိုင်အောင်အားစိုက်နေတာနဲ့..ငွေအရင်းအမြစ်တွေဆုံးရှုံးနေတာမို့……” သဂျီးရဲ့ကွန်မန့်လေးဖတ်လိုက်ရတော့ စေတီတည်တာနဲ့ ဌာပနာထည့်တဲ့ကိစ္စကို ဆရာတော်တစ်ပါးမှတ်ချက် ချတာလေးသတိရသွားတယ်။  ဗုဒ္ဓဘာသာရဲ့ အမှန်စေတီလေးမျိုးက ဓာတုစေတီ၊ဓမ္မစေတီ၊ဥဒ္ဓိသစေတီ၊ ပရိဘောဂစေတီ ဆိုပြီး ရှိတာအများသိပြီးဖြစ်ပါမယ်။ အကျယ်မချဲ့တော့ပါဘူး၊ ဓါတုစေတီဆိုတာ မြတ်စွာဘုရားရဲ့ ဓါတ်တော်တွေကိုဌာပနာထားပြီး အုတ်နဲ့ စေတီ တည်ထားတာပါ၊ ဓါတ်တော်တွေကိုရည်မှတ်အာရုံပြုပြီး ပူဇော်ကိုးကွယ်ကြတာပါ။  နောက်ပိုင်းမှာ ရှေးဘုရင်တွေက သူ့ထက်ငါအပြိုင် စေတီတွေ တည်ပါတယ်၊“လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရာပေါင်း”၊တို့ “သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း”တို့ကြားဖူးကြမှာပါ။ ရခိုင်ဘုရားကပိုများပါတယ်။ ပုဂံဘုရားတွေဧရာဝတီမြစ်ရေတိုက်စားလို့ ပါသွားတာက “ရွှေလသာဝါဝါဝင်း၊ဘုရားရေချိုးဆင်း” ဆိုတော့ နှစ်ခုပေါင်းမှ လေးသန်းကျော်ပါ၊ရခိုင်ဘုရားက ခြောက်သန်းကျော်၊ အဲဒီအထဲကို ထည့်စရာ                       ဗုဒ္ဓရဲ့ အမွေအနှစ်တွေ ထည့်စရာမရှိတော့ ရွှေငွေကျောက်သံပတ္တမြားတွေထည့်ကြတယ်၊     […]


Swal Taw YwetMarch 15, 20121min32824
ဒီပို့စ်လေးဟာ ကျနော့်ရဲ့ ဆယ်ပုဒ်မြောက် ပို့စ်လေးပါ။ စာဖတ်သူအဖြစ်သာ ပြန်ဆင်းနေတော့မှာမို့ ကြိုတင်လက်ပြ နှုတ်ဆက်တာပါနော… မန္တလေးဂေဇက်ရွာကြီးမှာ ရင်ဘတ်နဲ့ရေး၊ ရင်ဘတ်နဲ့ ဖတ်ကြတဲ့ တန်ဖိုးရှိတဲ့ ပို့စ်တွေ Comment တွေဖတ်ရင်းက ရင်ချင်းငြိပြီး မန္တလေးသားကျနော် ဝင်ရေးဖြစ်ခဲ့တာပါခင်ဗျ။ ရွာသားပေါ့လေ.. ဒါပေမယ့် ရွာထဲမှာ မျက်နှာပူစရာ လေထိုးလေလျော်သမားတွေကို တွေ့တွေ့နေရတော့ ရွာ့ကိုယ်စား ရင်နာမိလို့ ဒီနှုတ်ဆက်စာစုလေး ရေးဖြစ်သွားတာပါ။ ကျနော် ပို့စ်တစ်ခုကို ဒီလိုခေါင်းစဉ်တပ်မယ်ဗျာ..   “ဒေါ်အောင်ဆန်းစုကြည်အိပ်မက်” (Hot Item မို့ လူတိုင်းလိုလို ဝင်ဖတ်ကြမှာသေချာတယ်) စာသားကို ဒီလိုလေးဘဲ ရေးပေးမယ်…   အောင်မလေးဗျ (ဂျပိုးကိုက်တယ်) ဆန်းစသော်တာ (လဆန်းရက်) စု မြင်လိုက်ရ (?) ကြည်နူးစရာ (?) အိပ်မပျော်တဲ့ည (ကော်ဖီခါးခါးသောက်ထားလို့) မက်မက်စက်စက်ကို […]


Kaung Kin PyarMarch 14, 20121min57631
မိုးပြာက ဗေဒင်ဝါသနာမပါပါဘူး..။ နာမည်ကြီးတယ် ဘာညာပြောလဲ မသွားဖြစ်ဘူး။ ဆရာမင်းသိင်္ခရှိတုန်းကတောင် အိမ်ကလူတွေသွားကြပေမယ့် မလိုက်သွားခဲ့ဘူး။ ဒါပေမယ့် မိုးပြာအရင်အလုပ်မှာက မိန်းခလေးများတော့ ကိုးထပ်ကြီးဘုရားက ဆရာအောင်ဇေယျာဗိုဟောတဲ့ ဗေဒင်မှန်တယ် ဘာညာပေါ့နော်။ သွားရတာလဲ လွယ်တယ်၊ ညွှန်းတဲ့သူကလဲ ညွှန်းတယ်၊ ကိုယ်တိုင်ကလဲ အလုပ်ပြောင်းချင်တာလေးရှိနေတော့ သွားတော့ မေးဦးမှပေါ့။ ဒါနဲ့ အားတဲ့တစ်ရက်မှာပဲ…မိုးပြာရဲ့ ညီမလေးကိုခေါ်ပြီး မနက်ပိုင်း ကိုးထပ်ကြီးဘုရားမှာ ဗေဒင်သွားမေးပါတယ်။ မြေနီကုန်းကနေ ဟိုဘက်ကို ကားပြန်စီးရတော့ လွယ်တာပေါ့။ မရောက်တာလဲ ကြာပြီဆိုတော့ ဘုရားလေးဘာလေး ရှိခိုးပြီး ဗေဒင်ဆိုင်ခန်းကို လိုက်ရှာပါတယ်။ ဘုရားဝင်းကလဲ သိပ်မကျယ်တော့ ကြာကြာမရှာလိုက်ရပါဘူး။ တွေ့ပါတယ်။ ဆိုင်ခန်းက မကျဉ်းမကျယ်လေးပါ။ မှန်အမည်းတွေ ကာထားတော့ အပြင်က အထဲကို မတွေ့နိုင်ပါဘူး။ မိုးပြာတို့က အစောဆုံးရောက်သွားတော့ တခြားလူ မစောင့်ရဘူး။ တန်းဝင်ပြီး […]