ဂီတလောက ကိုဝင်လာကြတယ်ဆိုရင် ကိုယ်သုံးမယ့်နာမယ်ကို လှအောင်ဆန်းအောင် ခေါ်ကောင်းအောင် ပေးလေ့ရှိကြပါတယ်။ လူစိတ်ဝင်စားအောင်ဖြစ်စေ ကိုယ်ကိုးကွယ်ဆည်းကပ်တဲ့ဆရာတော်ပေးတဲ့နာမယ်ဒါမှမဟုတ်ရင်လဲ နာမယ်ကြီးဗေဒင်ဆရာပေးတဲ့နာမယ် တွေကိုသုံးတတ်ကြပါတယ်။ ဒီအထဲကနေ ရိုးရိုးလေး နဲ့ဖောက်ထွက်လာတဲ့သူကတော့ (ဖိုးချို)ပါ။ ပိုင်စိုးမူ့ဧကရီတမ်းချင်း ဆိုတဲ့သီချင်းခွေလေးထဲက (ဆူးများတဲ့ပန်း။အဆောင်သူရဲ။အလွမ်းညဟေမာန်။ရေလိုအေးလို့ပန်းလိုချမ်းမြေ့ပါစေ။)စတာတွေနဲ့လူငယ်တွေကြား၊ အထူးသဖြင့်တက္ကသိုလ်ကျောင်းသားတွေကြားမှာ အရမ်းကိုခေတ်စားလို့သွားပါတယ်။ နောက်သူပြန်လည်ဖော်ထုတ်သီဆိုလိုက်တဲ့အတွက် ဆလိုင်းသွှအောင်တို့ ဂျွန်သင်ဇမ်းတို့ရဲ့ (မြိုင်နန်းစံပန်းတစ်ပွင့် (အရင်က ဂျေမောင်မောင်ဆိုဘူးတယ် လူသိပ်မသိခင်ကပေါ့)၊ ဝေးလွင့်ခြင်းနောက်ဆုံးခြေရာ)တွေက ပိုအောင်မြင်သွားပါတယ်။ သူကလဲသူ့ထွက်တဲ့ဆီးရီးစ်တိုင်းမှာ သူတို့သီချင်းတွေပါအောင်ထည့်ဆိုတတ်ပါတယ်။ (ညိုှ့မျက်ဝန်း။ပြန်လည်တမ်းတခြင်း၊ကဗျာမျက်နှာ။ပြန်မြင်စေချင်တယ်။ချစ်သူကို။ချစ်သူ့ရင်ခွင်)တွေကတော့ ပြောစရာမလိုအောင်ကောင်းတဲ့သီချင်း။ သူ့ထဲမှာ ထူးခြားတဲ့သီချင်းကတော့ (တပင်ထဲရင်ထဲကနွယ်)ပါ။ လူမောင်(ဆေး-1)ရေးတဲ့သီချင်းပါ။ ဖိုးချိုကတော့ငယ်ငယ်ရွယ်ရွယ်နဲ့သူချစ်သော သူ့ကိုချစ်ကြသောဂီတလောက ကိုစွန့်ခွာသွားပါပြီ။ သူမသေခင်မှာ သူ့သီချင်းတွေကို ပြန်လည်ဆန်းသစ်ရာမှာ အသံလေးမမှီတမှီနဲ့ကြိုးစားဆိုသွားတာကို နားထောင်ရတဲ့ ဖိုးချိုပရိတ်သတ်တိုင်းလွမ်းကျန်ရင်အောင်ချန်ထားခဲ့သလိုပါဘဲနော်။ မြန်မာ့ဂီတလောက အကြောင်းပြောမယ်ဆိုရင် ချန်ထားလို့မရနို်င်သူတစ်ယောက်ကလဲ ဖိုးချိုလို လောကကိုစွန့်ခွာသွားခဲ့ပါပြီ သူကတော့ နာမယ်အဆန်းဆုံး ငှက်လို့ချစ်စနိုးခေါ်ကြတဲ့ (ထူးအိမ်သင်)ပါ။ သူ့ဘဝမှာ […]