Ma MaMarch 29, 20131min50628
မနှစ်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ ရွာသူားတွေ စုပေါင်းပြီး ကို်ယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြတဲ့ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ဘာလိုလိုနဲ့ တစ်နှစ်နီးပါးတောင် ကြာခဲ့ပါပြီ။ ကျေးလက်လူထုကျန်းမာရေးအတွက် အကျိုးပြုဖို့ အားယူနေတဲ့ တည်ဆောက်ဆဲ ဆေးရုံလေးကို လူအင်အားအများကြီးလိုက်ပါပြီး  လှူဒါန်းပံ့ပိုးပေးခဲ့မှုကို ဦးဆောင်သူ ဆရာတော်နဲ့ ရွာခံများက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြောင်းနဲ့ ဖွင့်ပွဲကျရင် လာကြစေချင်ကြောင်း ပြောပြကြပါတယ်။ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက ဆေးရုံဖွင့်ပွဲအကြိုအနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွားကျန်းမာရေး၊၊ မျက်စေ့ဆေးခန်းနဲ့ အထွေထွေရောဂါကုသမှုတွေကိုတတ်နိုင်သလောက် ဆောင်ရွက်နေကြပါတယ်။ တရားဝင်ဆေးရုံဖွင့်ပွဲကို ၂၃ ၊၄၊ ၂၀၁၃ အင်္ဂ ါနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဖွင့်ပွဲနေ့မှာပဲ ဆေးဝါးကုသမှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ မျက်စေ့ခွဲစိတ်ကုသပေးမှာဖြစ်လို့ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ မျက်စေ့ဝေဒနာရှင်များအနေနဲ့ အခုကတည်းက […]


Ma MaMarch 29, 20131min16511
လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ဘုရင့်နောင် ပွဲရုံဝင်းအတွင်းမှာ အခမဲ့ ဆေးခန်းတစ်ခု တည်ထောင်ထားပါတယ်။ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များရဲ့ သင်းလုံးကျွတ်အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက်အရ အသင်းသူ/သားများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အခြေခံလူတန်းစားများရဲ့ ကျန်းမာရေးစောင့်ရှောက်ရန် ရည်ရွယ်ချက်နဲ့ အသင်းအမှုဆောင်များ၏ မတည်ငွေဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှာ နေထိုင်နေကြသော၊ အလုပ်လုပ်ကိုင်နေကြသော ကားဂိတ်များမှ ဝန်ထမ်းများ၊ လုပ်သားများ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များ၊ ပွဲရုံနဲ့ အခြားလုပ်ငန်းများမှ ဝန်ထမ်းများ လုပ်သားများစတဲ့ အခြေခံလူတန်းစားအားလုံးရဲ့ ကျန်းမာရေးကို အခကြေးငွေမယူပဲ ကူညီစောင့်ရှောက်ပေးနေပါတယ်။ ကျမတို့ ရောက်သွားတဲ့အချိန်မှာ ဆေးခန်းရဲ့ပင်မအလှူရှင်လည်းဖြစ်၊ ဆေးခန်းတည်နေရာပိုင်ရှင်လည်းဖြစ်တဲ့သူက ဆေးခန်းရဲ့ လည်ပတ်နေမှု၊ လုပ်ဆောင်နေမှုတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။ ယခုအချိန်မှာတော့ လူသိနည်းနေပါသေးတယ်။ ဆက်လက်ပြီး ရေရှည်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ […]


Ma MaMarch 27, 20131min69440
ပိတ်ရက်နှစ်ရက်ဆက်နေတာနဲ့ ချက်ပြုတ်ကြော်လှော်စားသောက်ဖို့ ကြံမိပါတယ်။   ဈေးဝယ်ထွက်ရမှာ ပျင်းသမို့ ရှိတာနဲ့ပဲ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အကြံထုတ်မိတယ်။   မနေ့ကချက်ထားတဲ့ ထမင်းတွေ ကျန်တာများနေတော့ မျှင်ငပိထမင်းကြော် ကြော်စားဖို့ စီစဉ်လိုက်တယ်။   ပုစွန်ဟင်းက ကျန်တဲ့ ပုစွန်ဆီနည်းနည်းကိုလည်း အစပြတ်သွားအောင် ထည့်ချင်သေးတယ်။ အသားအတွက်တော့ လွယ်လွယ်ကူကူ ရှိနေတဲ့ ပုစွန်ခြောက်နဲ့ ဘဲဥကိုပဲ ထည့်လိုက်မယ်။   စိတ်ကူးရင်း စားချင်စဖွယ် လှတပတလေးဖြစ်အောင် ထမင်းကို အရောင်၃မျိုးစပ်လိုက်ဖြစ်တယ်။ အမြင်နဲ့ စားကြပါအုံးနော်။   ကဲ- ထမင်းစကြော်တော့မယ်နော်။ အရင်ဆုံး ထမင်းကို ၃ပုံ ပုံတယ်။ ၁ပုံကို ပုစွန်ဆီနဲ့ နယ်တယ်။ နောက် ၁ပုံကို မျှင်ငပိနဲ့ နယ်တယ်။   ဘဲဥကို ပွနေအောင် ခေါက်ထားတယ်။ ကြက်သွန်ဖြူကို […]


ခင္ခMarch 25, 20131min23522
“တစ်နှစ်တွင်း ကလေးအရွယ် နဲ့ အဟာရ´´   မွေးစ မှ ၃ လအတွင်း – မိခင်နို့တိုက်ပါ။   ၃ လ ကလေးငယ် – မိခင်နို့ နှင့် သောက်ရေသန့် နဲ့ သစ်သီးရည် ကျဲကျဲတိုက်နိုင်ပါသည်။ မိခင်နို့ မလုံလောင်ရင် နို့ဖျော်တိုက်ပေးလို့ ရပါတယ်၊ သတ်မှတ်တဲ့ အပျစ်အကျဲမျိုးဖြစ်သင့်ပါတယ်၊ ယေဘူယျအားဖြင့် ရက်သတ္တနှစ်ပတ်ဆို ၂ အချိုး ၁ ၊ ၃ ပတ်အရွယ်ဆို ၃ အချိုး ၁ ဖြစ်ပါတယ်၊ ၂ လသားအရွယ်မှာ နိုအန်တတ်တာ သတိပြုပေးသင့်သလို ဖြည့်စွက်စာတွေ ကျွေးရင် ကလေးငယ်ကို မတ်မတ်ထိုင်စေတာ ပိုကောင်းပါတယ်၊   ၄ လ ကလေးငယ် – မိခင်နို့ […]


zaw winMarch 24, 20131min2569
၁။ Hello ဒန်ပေါက်၊ အမှတ်-၈၊ ဦးဖိုးထူးလမ်း၊ သာဓုအနောက်ရပ်ကွက်၊ ကြည့်မြင်တိုင်။ ဖုန်း – 0943176040 , 0973107993, 095093740 ၂။ ချန်ပီယံဒန်ပေါက်၊ အမှတ်-၁၅၊ ၃လမ်း၊ ဟံသာရိပ်မွန်အိမ်ယာ၊ (၄)ရပ်ကွက်၊ ကမာရွတ်မြို့နယ်။ (ဘုရင့်နောင်တာဝါအနောက်၊ လှည်းတန်းကုန်းဆင်း) ဖုန်း – 727168, 527889 ၃။ ကောင်းသန့်ဒန်ပေါက်၊ အမှတ် (၂/ဘီ)၊ ပါရမီလမ်းမကြီး၊ ချော်တွင်းကုန်းမီးပွိုင့်နှင့်မဉ္ဖူလမ်းကြား၊ ရန်ကင်းမြို့နယ်။ ဖုန်း-703415, 098627378 ၄။ ဦးဆန်းမင်း ဒန်ပေါက်၊ အမှတ် (၈၈၇)၊ အေးသိဒ္ဒိလမ်းသွယ်(၁)၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်။ ဖုန်း – 09 73077323 ၅။ ရသာမွန်ဒန်ပေါက်၊ အမှတ်(၂၈)၊ အောင်ချမ်းသာလမ်း၊ (၅)ရပ်ကွက်၊ ဆင်မလိုက်၊ ဟံသာရိပ်မွန်အိမ်ယာ၊ ကမာရွတ်မြို့နယ်။ […]


ကန်ရေပြင်ကိုမျက်နှာမူလို့… မတ်လတစ်ရက်မှာဆုံခဲ့တယ်… စနေရယ်လို့ မှတ်ထား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ကန်ဘောင်ပေါ်မှာထိုင်ခဲ့တယ်… မတ်လတစ်ရက်မှာဆုံခဲ့တယ်… လူတွေအတော်တော့စုံသား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ကန်ဘောင်ပေါ်မှာ အိပ်သူရှိခဲ့ဖူးတယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… မူးတဲ့လူတွေတော့ အများသား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ရေကန်ထဲကို ပြုတ်ကျဖူးသူရှိခဲ့တယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… အရွယ်မျိုးစုံပါခဲ့တာတော့များသား ၃၆၅ရက်ပြည့်ဖို့ နီးပါပေါ့လား…   အစိမ်းရောင်သီချင်းဆိုသူရှိခဲ့ဖူးတယ်… မတ်လတစ်ရက်မှာဆုံခဲ့တယ်… ဂစ်တာငှားပေးတဲ့လူတော့ ရှိခဲ့ဖူးသား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   ဖုန်းတစ်လုံးကိုင် အင်တာဗျူးသူရှိခဲဖူးတယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… ပိုစ့်အပေါ်မှာ ကော်မန့်တွေများခဲ့သား… ၃၆၅ ရက်ပြည့်ဖို့ နီးပါပေါ့လား…   တစ်ယောက်ကဖုန်းမောင်ကဗျာရွတ်ခဲ့ဖူးတယ်… မတ်လတစ်ရက်မှာ ဆုံခဲ့တယ်… အားပေးမှုတွေတော့အများသား… […]


Mr WorldWideMarch 18, 20131min1102
သဘာဝပတ်ဝန်းကျင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထွက် ပိုမိုပျက်စီးစေနိုင်သော ဓာတ်ငွေ့တစ်မျိုးရှိနေပါသည်။ ၎င်းမှာ နိုက်ထရပ်အောက်ဆိုဒ် (Nitrous Oxide) ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အဆပေါင်းသုံးရာခန့် အဖျက်စွမ်းအား ပိုမိုပြင်းထန်၍ အိုဇုန်းလွှာ ကို အလွန်အမင်းထိခိုက်စေပါသည်။ ၎င်းသည် စိုက်ပျိုးရေး၊ စွန့်ပစ်ရေဆိုးများ ပြန်လည်သန့်စင်ရေးနှင့် ရုပ်ကြွင်းလောင်စားများ လောင်ကျွမ်းခြင်းတို့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကျွန်ုပ်တို့  သဘာဝပတ်ဝန်းကျင်တွင် အဆိုပါဓာတ်ငွေ့ကို တန်ပြန်တိုက်ခိုက်နိုင်သော စွမ်းအားရှိနေပါသည်ဟု University Of Tenesses မှမစ္စတာ ဖရန်လော့ဖလာမှ ပြောကြားခဲ့ပါသည်။ Denitrifiers ဟုခေါ်သော အဏုကြည့်မှန်ဘီလူးဖြစ်သာ မြင်ရသော သက်ရှိပိုးမွှားတစ်သည် နိုက်ထရပ်အောက်ဆိုဒ်ကို တိုက်ခိုက်ဖျက်ဆီးပြီး အန္တရာယ်မရှိသော နိုက်ထရိုဂျင်ဓာတ်ငွေ့အဖြစ် ပြောင်းလဲ ထုတ်လုပ်ပေးပါသည်။ မစ္စတာလော့ဖလာနှင့်အဖွဲသည် အခြားသက်ရှိပိုးမွှားအုပ်စုများတွင်လည်း အဆိုပါစွမ်းအားမျိူးရှိနေကြောင်း တွေ့ရှိခဲ့ပါသည်။ အဆိုပါစွမ်းရည်မျိုးရှိနေသော ပိုးမွှားလေးများအား မြေဆီလွှာနှင့် အနည်အနှစ်များတွင် အများဆုံးတွေ့ရှိရပါသည်။ […]


ဘဲရႈပ္February 26, 20131min1734
( ဖြစ်နေသော မိတ်ဆွေအကိုကြီး အတွက်လည်း အလွယ်တကူ သိရှိစေချင်ပါသည် …လူသားများ အားလုံး အသက်ရာကျော် ရှည်ပါစေ ) သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖေ ျာ်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။ ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ […]


weiweiFebruary 25, 20131min61624
ဒီကနေ့ တပို့တွဲလပြည့်နေ့မှာ ထမနဲနဲ့ဆွမ်းတော်ကပ်ရအောင်လို့ မနေ့က အဖိတ်နေ့မှာ ထမနဲထိုးဖြစ်ပါတယ် … မိသားစုအားလုံး ဝဝလင်လင်စားရအောင် ကိုယ်တိုင်ထိုးကြမယ်ဆိုပြီး စီစဉ်ကြပါတယ်။ ကောက်ညှင်းဆန်တစ်ပြည်ထိုးမယ်ဆိုပြီး ထိုးနည်းတွေလေ့လာကြည့်တယ် … လုပ်တတ်တဲ့သူတွေကိုလဲ မေးကြည့်ပါတယ်။ ခပ်ဆင်ဆင်တွေပေမယ့် မတူကြတာတွေ့ရတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် လုပ်ချင်သလိုလုပ်မယ်စိတ်ကူးပြီး ကောက်ညှင်းဆန်ကို ၄ လုံးစီခွဲပြီး နည်းလမ်းတစ်မျိုးစီနဲ့ ၂ မျိုး စမ်းသပ်ကြည့်ပါတယ်။ ပထမနည်းလမ်း ကောက်ညှင်းဆန် (၄) လုံးအတွက် အုန်းသီးခပ်ရင့်ရင့်တစ်ခြမ်းစာကို ခြစ်ထားပါတယ်။ မြေပဲဆန် နို့ဆီဗူး တစ်ဗူးစာကို တစ်ဝက်ကို ခပ်ညက်ညက်ထောင်းပြီး တစ်ဝက်ကို လေးစိပ်ကွဲ ထောင်းပါတယ်။ နှမ်းအဖြူ + နှမ်းအနက် က နို့ဆီဗူး တစ်ဗူးစာပါ။ ဂျင်း ၁ဝ သားခန့်ကို အခွံနွှာပြီး အချောင်းသေးသေးလေးတွေဖြစ်အောင် လှီးရပါတယ်။ ဆား […]


ခင္ခFebruary 21, 20131min35120
“ဦးနှောက်အကြောင်း တစေ့တစောင်း´´   စိတ် ဟာ ဦးနှောက်ဖွဲ့စည်းပုံအရ တည်ရှိဖြစ်ပေါ်လာသလို စေတသိက်ဆိုတဲ့ စိတ်နဲ့ယှဉ်ပြီး ဖြစ်လာတဲ့သဘော ဟာ လူဘဝမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ စေတသိက်ရဲ့ အဓိပ္ပာယ်ကို ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန်မှာတော့ စေတသိက်ဟာ(လိုချင်ခြင်း၊ အမျက်ထွက်ခြင်း၊ မသိခြင်း စသည် ကဲ့သို့သော) စိတ်၌ယှဉ်သော သဘောလို့ ဖွင့်ဆိုထားပါတယ်၊ ဒီ စေတသိက်ကို တက္ကသိုလ်များ စာအုပ်ပြုစု ထုတ်ဝေရေး ကော်မတီက ထုတ်ဝေတဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာ ပေးထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ကတော့ စိတ်နဲ့အတူဖြစ်ပြီး စိတ်ကို ခြယ်လှယ်ဖန်တီးတတ်သော တရားလို့ဖြစ်ပါတယ်။ ဆေးပညာသဘောအရ ဦးနှောက်ဖွဲ့စည်းပုံမှာ ဦးနှောက်ကြီး၊ ဦးနှောက်သေး နဲ့  စသည်တို့ရဲ့လုပ်ဆောင်မှု့ကို ဒီ (myanmargazette.net/166746/health-fitness ) နဲ့ ရေးသားမျှဝေခဲ့ဖူးပါတယ်။ […]


ခင္ခFebruary 19, 20131min23621
“ ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ . . . .´´ Computer တခုရဲ ့ Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား ရှင်သန်နိူင်ကြောင်း လေ့လာတွေ ့ရှိရသည်။ ကွန်ပျူတာသုံးပြီးတိုင်း လက်ဆေးပါ . . . . ဒီနေ့ခေတ်မှာကွန်ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထား သင့်တယ်ထင်လို့ပါ ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ ့အများသုံး Toilet ထက်၅ ဆ ပိုညစ်ပတ်ပါသတဲ ့။ မယုံမရှိကြပါနဲ ့။ London National Laboratory တစ်ခုရဲ ့တိကျသေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ ့Reslut တစ်ခုပါ၊ Computer တခုရဲ ့ Keyboard […]


Ma EiFebruary 15, 20132min32124
အာလူး၊ဥနီ ပူတင်း …… ပြုလုပ်ရတာလဲ လွယ်ကူ၊စားသူအတွက်လဲ အရသာရှိ ၊အဟာရလည်း အပြည့်ပါဝင်တဲ့ အာလူး၊ဥနီ ပူတင်းလေး လုပ်စားကြဘို့ အတွက် ဒါလေးတွေ လိုအပ်ပါတယ်…   1…အာလူး အနေတော်နှစ်လုံး 2…ဥနီ တစ်ဥ 3…နွားနို့ 25 ကျပ်သား 4…ကြက်ဥ နှစ်လုံး 5…ဂျုံ စားပွဲဇွန်း 3 ဇွန်း 6…သကြား စားပွဲဇွန်း 5ဇွန်း 7…ထောပတ် စားပွဲဇွန်း 3 ဇွန်း 8…ဆားအနည်းငယ် ပြင်ဆင်ကြမယ်နော်…   1…အာလူးကိုပြုတ်ချေပါ 2…ဥနီကို အချောင်းကြီးကြီးလေးခြစ်ထားမယ် 3… နွားနို့ဆူအောင်ကြိုလိုက်ပါတယ်..ပြီးရင်တော့…   နွားနို့နှင့် ကြက်ဥ သကြား ဆား သမအောင်မွှေလိုက်ပါမယ်…. ဂျုံမှုန့်များကို ဇကာစစ်၍ ထည့်ပြီး ရောမွှေပါ…သမသွားလျှင် ပန်းကန်လုံးတစ်လုံးယူ၍ လေးပုံတစ်ပုံစာလောက် […]


ခင္ခFebruary 11, 20131min35836
စိတ် သို့မဟုတ် ဦးနှောက်   ကာယကံ၊ ဝစီကံ၊ မနှောကံ ဆိုတဲ့ ပြုမူမှု့ သုံးမျိုးရှိတာကို သိကြမှာပါ။ အဲဒီ သုံးမျိုးကို စေစားသူဟာ ဦးနှောက် ဖြစ်ပါတယ်၊ အင်္ဂလိပ်လို Mind ဆိုတဲ့ ဦးနှောက်တွင်း ဖြစ်ပေါ်တဲ့စိတ်၊ အဲဒီကမှတဆင့် မှတ်ဉာဏ်ဖြစ်တော့ Memory ပေါ့၊ ပြီးတော့ စိတ်ကူးစိတ်သန်းကို Idea တဲ့ စသည်ဖြင့် ဝေါဟာရတွေရှိတယ်။ အဲဒါတွေဟာ ဦးနှောက်ကနေ ဖြာထွက်မှု့တွေပါဘဲ။ သာမန်လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ နိုင်ငံတကာအလေးချိန်နဲ့ဆို ၃ ပေါင်၊ မြန်မာအလေးချိန်နဲ့ဆို ၈၅ ကျပ်သား လောက်ရှိတယ်လို့ ဆေးကျမ်းမှာဖော်ပြထားပါတယ်၊ ယောက်ျားရဲ့ ဦးနှောက်က မိန်းမရဲ့ ဦးနှောက် ထက် ပိုလေးပါတယ်၊ တစ်ချို့ကတော့ ဦးနှောက်အလေးချိန်စီးလေ ဥဏ်ပိုကောင်းလေလို့ပြောကြပါတယ်၊ သုတေသီတွေကတော့ ဒီသဘောကိုလက်မခံကြပါဘူး၊ […]