ဟိုနေ့က တရားနာနေရင်း အတွေးပေါက်လာလို့။ တရားနဲ့ ပတ်သက်တဲ့အတွေးတော့ဟုတ်ပါဘူး။ ကောင်းကောင်းကန်းကန်းလည်း ဟုတ်ဘူး။ လူတွေရဲ့ အသောက်အစား တဏှာနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ အစားအသောက်ဝါသနာကြောင့်မို့ ဒီ ဥပမာပဲ ပေးနိုင်ပါတယ်။ လူတွေ အစားအသောက် ဘာနဲ့စားတုန်း မေးရင် ပါးစပ်နဲ့စားတယ် ပဲ ဖြေကြမှာပေါ့နော့။ ဟုတ်ဘူးဗျ။ တစ်ချို့က နားနဲ့စားတယ်။ တစ်ချို့က မျက်စိနဲ့စားတယ်။ တစ်ချို့က လျှာနဲ့စားတယ်၊ တစ်ချို့က လူစွဲနဲ့စားတယ်။ အကျယ်ရှင်းရရင် ဒီလိုပါ။ တကယ် နားရွက်နဲ့စားတာမဟုတ်ပါဘူး။ နား အာရုံလေးကို အားပြုပြီးစားတာမျိုး။ အနီးစပ်ဆုံး မြင်ဘူးတဲ့ သာဓက က ကိုယ့်ဖေဖေ။ သူမကြိုက်ဘူးလို့ သူပြောထားတဲ့ ဟင်းဖြစ်ပါစေ။ ဘေးကနေ အပြောကောင်းလေးနဲ့ ညွှန်းပြောရင် စားသဗျ။ “အစ်ကိုရေ၊ ဒီနေ့တော့လေ […]