thit minJanuary 21, 20123min39037
မိတ်ဆက်စကား အားလုံးသော ဝင်ရောက်ဖတ်ရှူ့သူများကို ပထမဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျနော်တို့ ဂေဇက်ဆီမီနာကို ဝိုင်းဝန်းဆွေးနွေးကြတဲ့ အခါ တော်တော်များများဟာ လာဖတ်သွားတယ် ဆိုတာတွေ့ရပါတယ်။ဆီမီနာ -၂ မှာ လာဖတ်သူ ထောင်ကျော်ရှိကြောင်း စာရင်းအရ သိရလို့ လူတထောင် ကျော်တက်သော ဆီမီနာတခုဖြစ်ခဲ့ပါတယ်။(Hits ကိုကြည့်ပါ။) သို့ပေမဲ့ ဝင်ရောက်ဆွေးနွေးသူကတော့ ၆ဝ နဲ့ ၇ဝ ကြားသာရှိခဲ့တာကို ကော်မန့်တွေအရ သိရပါတယ်။ နောက်တခုကတော့ မpadonmar ကခုလို ပြော(ကော်မန့်ပေး)လာပါတယ်။ —————————————————— ဒီ post လေးကို မှော်ဆရာဂရုမှာတွေ့လိုက်ရပါတယ်။ အစိမ်းရင့်ရင့်ဆိုသူလေးက တင်ထားတာပါ။ကြိုက်လို့ share လိုက်တာနေမှာပေါ့။ http://groups.google.com/group/mrsorcerer/browse_thread/thread/ffd897e997ad0040 ကိုသစ်သိအောင် အကြောင်းကြားတာပါ။ ကိုသစ်စာတွေက များများပျံ့နှံ့လေ ကောင်းလေလို့မြင်ပါတယ်။ ——————————————————— ကျနော် ဆိုလိုချင်တာက လူတော်တော်များများက ပြုပြင်လိုစိတ်ရှိတာ၊ပြုပြင်ရမယ်လို့သိလာတာ၊ […]


Foreign ResidentJanuary 20, 20127min21817
စဉ်းစားကြစေလိုပါတယ် ( ၆ )   အင်း ဒီ Post ကတော့ ဦး fatty ရဲ့ ” အချိန်ကောင်းအခါကောင်း တို့မြန်မာတွေဘာလုပ်ကြမလဲ “ Post မှာ မန့်ထားတဲ့ ရွှေဘိုသားရဲ့ Comment ကို ချဲ့ပြီး တွေးမိတာလေးပါ ။   ရွှေဘိုသား says: ” သူတို့မလာခင်ကတည်းက အလုပ်သမားအခွင့်ရေး ကိုလည်း အမှန်အကန် ပြဌာန်းထားသင့်တယ်လို့ထင်တယ်ဗျာ ။ လစာကျတော့ သူတို့နိုင်ငံမှာပေးရသလောက်ရဲ့ အစွန်းထွက်လောက်ရှိတဲ့ 40000 နဲ့ 50000 လောက်ပဲပေးနေတယ် “   ကိုရင် ရွှေဘိုသား ပြောတာတွေ မမှားပါဘူး ။ သို့ပေသည့် လစာ လည်း သူများနိုင်ငံ တန်းတူ ပေးရမယ် […]


TTNUJanuary 19, 20121min61953
အလုပ်နှင့် စရိုက် လူတို့၏ စရိုက်အမျိုးမျိုး စိတ်နေပုံစံ အသီးသီးတို့ကို ဖော်ပြသော စကားလုံးများအနက် အောက်ဖော်ပြပါ စကားလုံးအချို ့ကို သင့် မိတ်ဆွေများထံတွင်၎င်း ၊ သင့်ထံတွင်၎င်း တွေ့ရမည်ဟု ယူဆမိပါသည်။ (၁) ဖန်တီးတတ်သော (creative) (၂) ဝေဖန်နှိုင်းဆတတ်သော (critical) (၃) စိတ်ပုတ်သော (bad-tempered) (၄) ဖရိုဖရဲနှိုင်သော (disorganized) (၅) တိတိကျကျ ကြိုတင်စီမံထားတတ်သော (well-organized) (၆) ကျွမ်းကျင်သော၊ ကျင်လည်သော (efficient) (၇) မေ့တတ်သော (forgetful) (ဂ) သတိရှိသော (careful) (၉) သတိမမူသော (careless) (၁၀) နမောနမဲ့နှိုင်သော (reckless) (၁၁) ရက်ရောသော (generous) (၁၂) အလုပ်ကြိုးစားသော (hardworking) […]


လင်းဝေJanuary 18, 20121min31720
ဒီခေါင်းစဉ်ကိုစဉ်းစားမရခင် ကပေါက်တိကပေါက်ချာဂေဇက်လို့ ပဲ ပေးလိုက်ရမလား လို့ စိတ်ကူးမိသေးတယ်။ ကပေါက်တိ ကပေါက်ချာ ဂေဇက် ဆိုတာ ဟိုတုန်းက မဟေသီမှာ ဆရာသိမ်းတင်သား(ခ) ကိုကြွက်နီ ရေးခဲ့တဲ့ ပင်တိုင်အခန်းကဏ္ဍပါ။ ကြိုက်လွန်းလို့ အမြဲတမ်း မဟေသီမှာ စောင့်ဖတ်ရတယ်။ သို့သော်လည်းပဲ ကပေါက်တိကပေါက်ချာဂေဇက် အခန်းက သူ့အမည်နဲ့ လိုက်စွာ လတိုင်းပါချင်မှ ပါတာပါ။ မပါတဲ့လ ဆို မဟေသီမဂ္ဂဇင်းထဲ ဖင်ပြန်ခေါင်းပြန်ရှာ မာတိကာကို အခါခါပြန်ဖတ်ပြီး အင်း မပါဘူးဆိုပြီး တစ်အုပ်လုံးတောင်ဖတ်ချင်စိတ်မရှိတော့တာမျိုးလည်း ရှိဖူးပါတယ်။ ( ဖူး နဲ့ ဘူး ကို အသုံးပြုနည်း သတိချပ်ရန် သတိပေးဖို့ စာလုံးပေါင်းသတ်ပုံဌာနကို သတိပေးပါသည်။) သိမ်းတင်သားရဲ့ အရေးအသားက အလွန်မှကိုကောင်းတဲ့ သရော်စာ အရေးအသားပါ။ ကျနော်သိသလောက်တော့ မြန်မာစာပေမှာ သူ့လိုရေးပုံမျိုး […]


ムラカミJanuary 16, 201211min32642
သဂျီးနာမည် KAI နဲ့ ဇမ်ဗုဒ္ဓဘာသာ ဝါဒ ZEN ကိုတွဲရေးထားတယ်ဆိုပြီး ခေါင်းစဉ်ဖတ်ပြီး လန့်မသွားပါနဲ့ဗျာ..KAIZEN ဆိုတာ သည်လိုပါ...။ 改善(KAIZEN) ရယ်ပါ ။ သူ့ကို သည်လို အဓိပ္ပါယ်ဖွင့်ကြတယ်ခင်ဗျ။ 改(Kai) - change, alter, correct, rectify 善(Sen) - be good at, be apt to, be expert in သည်တော့ ခြုံငုံ ဘာသာပြန်လိုက်ရရင်ဖြင့် "ပိုမိုကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲခြင်း" လို့ အဓိပ္ပါယ် ထွက်မယ် ခင်ဗျ.. သည်တော့ ကျနော် ဆွေးနွေးချင်တာလေးက ..ကောင်းသောဘက်ကိုရောက်အောင် ပြုပြင်ပြောင်းလဲခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်က လို့ ဆိုနိုင်ပါတယ်ဗျာ ...။ အားလုံး သိကြတဲ့အတိုင်း […]


htet wayJanuary 15, 20121min25214
ကျွန်တော်က စာပေကိုချစ်သည်။ဘဝတစ်ခြမ်းကိုယ်လွမ်းစရာကဗျာဟုတင်စားမိသည်လေ။ ကဗျာကို ချစ်သူလို မက်မောခဲ့သည်။ကဗျာကို ချစ်တတ်သော ချစ်သူတစ်ယောက် ကံကောင်းစွာပဲ ရခဲ့ဖူးသည်။ကဗျာတွေရွတ်ပြခဲ့ ကြ၊လသာညတွေမှာ နှစ်ယောက်သားဆုံတွေ့ကာ ကဗျာတွေ ပြောဖြစ်ရင်းသူမက ဂစ်တာတီးလို့ သီချင်းဆိုပြခဲ့သည်။ဘဝဟာ အလှတရားနှင့် ကဗျာဆန်ခဲ့ ဖူးပါသည်။ အညာရွာမှာ ညာတာဝါတာမရှိ အချစ်ကြီးချစ်တတ်ပေမယ့် ညစ်တီးညစ်ပတ်တွေမရှိ…..။ ကွန်စစ်ကောင်းရဲ့ ကဗျာ တစ်စ သတိရမိသည်။သို့သော် အချစ်စစ်သည် ဆုံးစည်းရန်ခဲယဉ်းသည်ထင်ဝေးခဲ့ ကြရသည်။ဝေးတာမှ ရေခြားမြေခြား။ ချစ်ခြင်းတစ်စ ၊သမုဒယအပူ သူ့မှ သူဆိုတဲ့ အစွဲ….။ကျွန်တော်၏တဏှာ အစွဲကို တော်တော်ကြီး ပါးအောင်ပြုခဲ့ရသည်။ ဒီတော ကျားရဲပေါ၏….လာအချစ်မျှစ်ချိုးလိုက်ခဲ့။အချစ်သည် ကျားကို မကြောက်၊အန္တရာယ် ကိုပင်ရင်ဆိုင်ရဲသည်။အချစ်သည် တစ္ဆေမကြောက်မြွေမကြောက်ပါမောင်လာခဲ့ မည် လာခဲ့ မည်ဟု ကြွေးကြော်ခဲ့သည်လေ.အော် ငါငယ်ခိုက်ပေမို့ မိုက်မိတယ်ပဲပြောလေမလား။ မောင်မဝါရဘူးနော် သူပြောတဲ့ နေ့က ကောက်ရိုးနံ့သင်းတဲ့ တလင်းပြင်မှာ […]


hmeeJanuary 14, 20124min33944
ရွာလမ်းမ။ green house အတွင်းပိုင်း။ Green House ဌက်ပျောခင်း ခြင်ထောင်ထောင်ထားတဲ့ပုံ။ အပင်အောက်ခြေမှာ ရေပေးတဲ့ပိုက်။ ဌက်ပျောစိုက်ခင်း အတွင်းဖက်။ ပန်းပင်အောက်မှာ ပိုက်လေးတွေသွယ်ထားသလို စိုက်ခင်းတွေမှာလည်း ဒီလိုပဲ သွယ်ထားတာ။ စတော်ဘယ်ရီပင်လေး။ စိုက်ခင်း ရေပေးနေတဲ့ပုံ။ အစ္စရေးစိုက်ပျိုးရေးခြံတွေကို အလည်သွားတုန်းက ဓါတ်ပုံတွေ ရိုက်ရတဲ့ ရည်ရွယ်ချက်က ကျွန်မ အဖေကို ပြဖို့ အတွက် ရည်ရွယ်ပြီး ရိုက်လာတာပါ။ အဖေကလည်း တောင်သူလယ်သမားကိုး။ အဖေတို့ လုပ်ကိုင်နေတာနဲ့ ခေတ်မှီတဲ့နိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင် ဘယ်လိုကွာတယ် ဆိုတာရယ်၊ လယ်လုပ်နေတဲ့ လယ်သမားဆိုပေမဲ့ ဘယ်လောက် အဆင့်အတန်းမြင့်မြင့်နေနိုင်တယ် ဆိုတာကို ပြချင်တာပါ။ ကျွန်မတို့ တိုင်းပြည်လို ရေမြေအခံကောင်းကောင်း မရှိပေမဲ့ သဲမြေမှာ သဘာဝကို အန်တုပြီး အောင်မြင်အောင် ဘယ်လိုတွေ ကြိုးစားကြတယ်ဆိုတာ […]


YingLampJanuary 14, 20121min30946
လုပ်ဖြစ်အောင်လုပ်မည်။ (အမြေ ှာက် ၁ဝ သိန်း) ======================================= ၁။ ရန်ကုန် ခရီးစဉ် ) ရွှေတိဂုံရင်ပြင်တော်ပေါ ်မှာ စိတ်ရှိသလောက်နေမယ် .. *10 ) လှည်းတန်းမှာ မာလာငါးကင်. ပြောင်းဖူးပြုတ်. မြေပဲပြုတ်. မုန် ့လင်မယား. မုန် ့ရေပါး စားမယ် .. *5 ) မန္တလေး ကြာဇံချက် ဆိုင်က ထမင်းသုပ် .ငါးဖယ်သုပ်. အသဲကြော် ကို ကြာဇံဟင်းခါးလေးနဲ ့ ဆွဲမယ် .. *4 ) ရသာ က ဖက်ထုပ်ဆီချက် နဲ ့ ဖာလူဒါ စားမယ် … *3 ) အိုင်တီ က ပူတင်း. ပေါ့စိမ် […]


fattyJanuary 11, 20121min36042
သူကြီးခင်ဗျား ……… မေးစရာလေးရှိလို့မေးမြန်းလိုက်ရပါသည်။ မန်းလေးဂေဇက်မှာရေးနေရင်း တချို့အခန်းကဏ္ဏလေးများကိုစိတ်ကူးရပြီးဖန်တီးချင်ပါသည်။ ဥပမာ အင်တာဗျူးကဏ္ဏအတွက် လူပုဂိ္ဂုလ်များကိုသွားပြီးမေးမြန်းပြောဆိုရာတွင် မန်းလေးဂေဇက်တွင်သုံးရန်ဟုပြောပြီး အင်တာဗျူးချင်ပါသည။ သူကြီး၏မူပိုင်ဖြစ်ပြီး ကျနော်တို့အားလည်းတရားဝင်ခန့်ထားခြင်းမဟုတ်သဖြင့် ဂေဇက်နာမည်ကိုသုံးခွင့်ရှိမရှိမေးလိုပါသည်။ နောက်တခုမှာသူကြီး၏ရတနာပုံသတင်းစာအတွက် သတင်း သို့ဆောင်းပါးရေးရန် သတင်းစာ၏ အမည်ကိုပြောပြီး အသုံးပြုခွင့်ရှိမရှိလည်းသိလိုပါသညိ။ သတင်းစာအတွက် သူကြီးမှ တရားဝင် အထောက်အထားတခုခု ထုတ်ပေးရန် အစီအစဉ်ရှိမရှိလည်း သိလိုပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေးဆုံပြီးမေးမြန်းလိုပါသည်။ မေးမြန်းအင်တာဗျူးချက်များကို သတင်းစာ (သို့) ဂေဇက်တွင် သုံးချင်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထောက်အထားလိုကောင်းလိုပါမည်။ သူကြီးမှပြန်ကြားပေးပါရန်ခင်ဗျား …။


thit minDecember 25, 20111min53484
အားလုံးသိပြီးသားများကိုပြန်လည်ပြောပြခြင်းသာဖြစ်ပါသည်။ ဝိုင်းဝန်းဆွေးနွေးပေးပါလို့မေတ္တာဖြင့်။ တဦးချင်းပြုပြင်ရန်လိုအပ်ချက်များကိုလည်းဖြည့်စွက်ဆွေးနွေးနိုင်ပါကြောင်း နှင့် ပို့စ်တခုသီးသန့်တင်၍ဆွေးနွေးလျှင် လည်း ပါဝင်ဆွေးနွေးပါမည် ဆိုသည်ကိုပါအသိပေးအပ်ပါသည်ခင်ဗျား။ ကျနော်ကိုယ်တိုင်အပါအဝင် တဦးချင်းကိုဘယ်လိုပြင်မယ်…….. ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပါ့မယ်။ ဒီဆီမီနာဟာဘာလဲဆိုတော့…………. အားလုံးမိမိတို့ရဲ့ အမြင်တွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးစေချင်တဲ့ အိုးပင်းဆီမီနာပါ။ ကျနော် တယောက်ထဲကဆွေးနွေးတာမျိုးမဟုတ်ဘဲ ဂေဇက်ကြွလာမိတ်သဟာ ဂေဇက်ဝင်မိသားစုများပါ ပါဝင်ဆွေးနွေးတာမျိုးပါ။   ဒီ ဆီမီနာရဲ့ ရည်ရွယ်ချက်ကတော့……….   ၁။ မိမိတို့၏ ငုတ်လျှိုးနေသော ကိုယ်ပိုင်အတွေးအခေါ်များကို ဖော်ပြပေးရန်နှင့်အများနဲ့ညှိနှိုင်းပြီးအတည် ပြုချက်ရယူရန်။ ~~~~~~~ဥပမာ။ ။ကိုပေါက်(မန္တလေး)ရေးသောအတွေးပါးပါးစာများ။   ၂။အကြောက်တရားများ၊အားကိုးရာရှာစိတ်ဓာတ်များကြောင့်”ကျ”ဆင်းနေသောကိုယ့်ကိုကိုယ်ယုံကြည်မှုများ ကိုပြန်လည်ဖော်ထုတ်လာစေရန်။   ၃။အူမ မတောင့်ခဲ့၍ သီလ မစောင့်နိုင်ခဲ့သော ဝန်ထမ်းဘဝမှ ဘဝ၏စိတ်ဖိအားများကိုထွက်ပေါက်ရှာရန်အတွက် ဘီယာဖိုးကေတီဗီဖိုး  မာဆတ်ဖိုး စသည်တို့အတွက် လာဘ်စားသောဝန်ထမ်းဘဝသို့ ရောက်နေခြင်းအတွက် အမှားပြင် အမှန်ရောက် နည်းလမ်းများ ရှာဖွေနိုင်ရန်။ ~~~~~~ဥပမာ။  ။ကိုကြောင်လတ်၏ဂေဇက်ဆီမီနာ-1ဆွေးနွေးမှုမှ။   […]


ムラカミDecember 13, 20112min36140
Psychology of Needs for Human Being ငယ်ရွယ်သူ ညီညီမလေးများအတွက်  ကိုသစ် စာတွေ ကို အတိုင်းအတာလေး တခုထိ နားလည်စေဖို့ အတွက် ပေါင်းကူး အနေနဲ့ အခြေခံကျတဲ့ psychology ကိုရေးသားတင်ဆက်ပါ့မယ်ခင်ဗျ… (ဆြာသမားများအတွက် မရည်ရွယ်ပါခင်ဗျား..)     Psychology ဟာ ကျနော် ကျွမ်းကျင်တတ်မြောက်တဲ့ field မဟုတ်တဲ့အတွက် အမှားအယွင်း အကျအပေါက်များ ပါခဲ့မယ်ဆိုရင် အားမနာတမ်း ဝေဖန် ထောက်ပြနိုင်ကြပါသည်ခင်ဗျား။   လူသားတွေအတွက် ရှင်သန်ဖို့ လိုအပ်တဲ့ အခြေခံအချက်တွေကို ဆွေးနွေးတင်ပြထားတဲ့ မော်ဒယ်၂ခု မိတ်ဆက်ချင်ပါတယ် ..သိပြီး နားလည်ပြီးသူများ ကို မရည်စူးဘဲ မသိသေး မကြားဖူးသေးတဲ့ စာဖတ်သူ တွေအတွက် သာ ရည်စူးပါတယ်ခင်ဗျား ။ ဤပိုစ့်ကို […]


မြစပဲရိုးSeptember 30, 20111min38439
“ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ….” အစချီပြီး  “မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး .. ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်” လို့ စာသားပါ “အောင်ဆန်းဇာနည်” ဆိုတဲ့ ကဗျာကို ငယ်ကထဲ ရွတ်၊ အာဇာနည်နေ့ ဆို အထိမ်းအမှတ် ပွဲတွေ လုပ်ခဲ့လေ့ ရှိတာကြောင့် “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာ သူရဲကောင်း ဆိုတာ သတိထားခဲ့ မိပါတယ်။ ဒါပေမဲ့ ငယ်သေးတာမို့ လေးစားထိုက်သူ လေးစားရမယ် ဆိုတာကလွဲလို့ စိတ်ထဲမှာ အလေးအနက် မရှိခဲ့ပါဘူး။ အသက်ကြီး လာတော့ စာအုပ်အစုံဖတ်နိုင်လာချိန်မှာ သူ့အကြောင်းတွေ၊ သူ့မိန့်ခွန်း တွေ ကိုဖတ်ရင်း ရင်ထဲကကို လှိုက်လှိုက်လှဲလှဲ နဲ့ လေးစားကြည်ညိုလို့ မဆုံးခဲ့ပါဘူး။ ဲသူ့မိန့်ခွန်း တစ်ခုထဲကလို […]


လေပြေSeptember 11, 20111min1200
      ဘယ်သူဆိုတဲ့ သီးချင်းလဲတော့ မသိဘူး အစအဆုံးလည်း မဆိုနိုင်တော့ သိသလောက်ကပြောရမယ် ဆိုရင် ” အရင် တို့မြန်မာပြည်က စစ်တပ်ဟာ လူတွေကို သေနပ်အစစ်တွေပြစ်တော့ သေတယ် တခါပဲ အခု ဒီမိုကရေစီ အတု အစိုးရက လူတွေကို လေသနပ်နဲ့ ပြစ်တယ် မသေမခြင်း သေနေတယ်”  နား မဒိမ်းအကျင့်ခံရတယ်ပေါ့ နော်  ပြန်လာပါ ခွင့်လွတ်ပါတယ် အတူလက်တွဲကြရအောင် စသဖြင့်ပေါ့ မေးစရာ မေးခွန်တွေက ပြည့်လာတယ် ကျုပ်တို ့ဘာတွေလုပ်သွား ခဲ့လို ့လဲ မကောင်းသာ ဘာမှမလုပ်ခဲ့ပါဘူး ကောင်းအောင်လုပ်ခဲ့သူတွေပါ ကျုပ်တို့ရဲ့ အပြစ်ကို မကြည့်ပါနဲ့ သင်တို ့ရဲ့ အပြစ်တွေက ဘာတွေလည်း ဘာလုပ်ခဲ့ကြလည်း သင်တို ့သိပါတယ်  နဝတ လက်ထက်မှာ လက်ထက်မှာ […]