linpin zawMarch 10, 20121min1047
မတ်(၇)ရက်(တပေါင်းလပြည့်နေ့)တွင်ကျွန်တော်တို့ ရွှေစာရံဘုရားပွဲ သို့ သွားရာ မန်းလေး-ပြင်ဦးလွင်လမ်းမကြီး အုန်းချောကျေးရွာ ရွှေစာရံလမ်းခွဲတွင် နေ့လည်၂နာရီမှ ညအထိ ကားများပိတ်ကျပ်သွား ခဲ့သည်။ထိုနေ့က ဘုရားဖူးများသည် ကား၊ထော်လာဂျီ၊ဆိုင်ကယ်များ နှင့် မေမြို့သိုသွားသော ကားဆိုင်ကယ်များသည် ရွှေစာရံလမ်းခွဲတွင် တစ်စီးကိုတစ်စီး ဦးစားမပေးဘဲ ကျော်တက် ရာမှ တစ်ဖက်နှင့်တစ်ဖက် သွားလာမရတော့ဘဲ ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ရသည်။ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဘုရားဖူးများနှင့်ခရီးသွားများထဲမှ သက်ကြီးရွယ်အိုများနှင့်ကလေးများ ကားထဲတွင်ပိတ်မိပြီး ရေငတ်ခြင်း၊မူးဝေခြင်း၊ပူလောင်ခြင်းများ ခံရကာ နီးစပ်ရာကျေးရွာဆေးခန်း များတွင်ဆေးကုသမှုခံယူပြီး မော်တော်ယာဉ် အချင်းချင်းလုမောင်း ရာမှ တိုက်မိခြင်း၊ကားပျက်ခြင်း ကြောင့်ယာဉ်များထပ်ပိတ်ရပြန်သည်။ ပုသိမ်ကြီးရဲ၊ယာဉ်ထိန်းရဲများရှင်းလင်းမှုကြောင့်ညတွင်းချင်း ယာ်ဉ်ကြောများပြန်လည်ပွင့်သွားခဲ့သည်။


မြစပဲရိုးMarch 10, 20121min44731
ကျောင်းသူ/ကျောင်းသားတွေ အတွက် ဒီမိုကရေစီ အကြောင်း ကို ပုံပြင်လေးနဲ့ ပြောထား တဲ့ The Democracy ဆိုတဲ့ စာအုပ် ကလေးပါ။ ဒီစာအုပ်ကို ရေးသားတဲ့ Dr. Jerry Dean Epps, (Ph. D. in Human Services, M.A. in Sociology, B.A. in education) ဟာ အမေရိကန်မှာ နေထိုင်ပြီး တက္ကသိုလ် ဆရာ လဲ ဖြစ်၊ အတိုင်ပင်ခံပညာရှင် လဲ ဖြစ်ပါတယ်။ သူဟာ အမေရိကန် က 9/11 ဖြစ်ရပ် အပြီးမှာ အဲဒီလို အကြမ်းဖက်မှုမျိုးတွေကို ဘယ်လို ရပ်အောင် လုပ် ရမလဲဆိုတာကို စဉ်းစားရင်း ဒီစာအုပ်ကိုရေး ခဲ့ပါတယ်။ […]


    မင်းဟာ…ကိုယ် ့ဘဝ အတွက် သိပ်ကို…အရေးပါတဲ ့ သူပါ ။ နှုတ်က ဖွင့်ဟပြီး..ခဏခဏ မပြောပေမယ့်…. ငါ့ ရင် ထဲမှာ… အမြဲ..ထာဝရ..သိမ်းဆည်းထားတဲ ့ ခံစားမှုလေး တစ်ခုပါ ။ အခက်အခဲတွေ.. ကြုံတွေ ့လာတဲ ့အခါမှာ သောက ဝန်ထုပ်ကြီးကို….မင်းရဲ ့အကုူအညီတွေ ၊ နားလည်မှုတွေ..၊ ပံ့ပိုးမှုတွေနဲ ့… လျော့ပါး စေခဲ့တာ….။ မင်း…ကိုယ့်ကို…အောင်မြင်စေချင်မှန်း… ကိုယ်…သိပါတယ် ။   ဒါ့ အပြင်….    မင်းရဲ ့ တစ်ကိုယ်ကောင်း မဆန်မှု.. ၊  အားပေးမှုတွေ.က… ကိုယ် အစွမ်းကုန်..ကြိုးစားအောင်.. နှိုးဆော်ပေးခဲ့တယ် ။   ဒီလို ဂရုတစိုက်နဲ ့…ဘဝကို ပုံပြိးတော့..ပေးတာမျိုး.. သူငယ်ချင်းများစွာ..တို ့… […]


Swal Taw YwetMarch 9, 20128min58152
ဒီရက်ထဲမှာ ဟိုးတုန်းက ဖတ်ထားခဲ့ဘူးတဲ့ ကဗျာတို စာစလေးတွေ ခဏခဏ ပြန်ပြန် ပေါ်နေတယ်။ ဒီစာစုလေးခေါင်းစဉ်က “ကဗျာဝိုင်း၊ စာဝိုင်းနှင့် ကျနော်” လို့ ထင်နေတယ်။ သတိရနေတဲ့ စာသားလေးတွေက ဒီလို…. “ဤသို့ဖြင့် အမှန်တရားသည် ပုန်းကွယ်ရာမှ ရှေ့သို့ထွက်လာသည်။  အိပ်နေရာမှ နိုးထလာသည်။ နိုးထရာမှ ထင်ရှားလာသည်။ ထင်ရှားရာမှ ပျံတက်လာလေတော့သည်။  ဤကား ဤစကားဝိုင်းလေး၏ အနှစ်သာရပင်တည်း ”   အခုလည်း ဝင်ငွေခွန်ကိစ္စနဲ့ ပတ်သက်ပြီး ကိုကြီးမိုက်နဲ့ ကျနော် ဆွေးနွေးတဲ့နေရာမှာ တခြားသူတွေရဲ့ အတွေ့အကြုံတွေ၊ မတူနိုင်တဲ့ ရှုထောင့်အမြင်တွေ စုပေါင်းပြီး ကောင်းသထက်ကောင်းတဲ့ အဖြေတစ်ခု ရလာစေချင်လို့ ဆရာသစ်မရှိတုန်း ကြားဖြတ် ဆီမီနာလေးအသွင် ဖန်တီးကြည့်ချင်ပါတယ် ဗျို့ …. ဝိုင်းကြပါဦးနော… အစပျိုးပုံလေးက စပါမယ်။ […]


ေရႊညာသားMarch 8, 20121min25312
မြန်မာ့ဆက်သွယ်ရေးမန္တလေးက ဝန်ထမ်းတွေငွေလိမ်တောင်းနေပါတယ်ဗျို့   အရင်ပေါ် (၁၅)သိန်းတန် GSM တွေကို ဒီလ (၁ – ၃ – ၂၀၁၂ )နေ့မှာ ငွေဖြည့်ကဒ် စံနစ်ပြောင်းလိုက်တဲ့အတွက် အကုန်အဆင်ပြေပြီဆိုပြီးတော့မှဝမ်းသာနေရာကနေပြီး ဒီနေ့ ဆက်သွယ်ရေးရုံး မန္တလေးက ဝန်ထမ်းတွေကြောင့် ခံစားခဲ့ရတာကို တင်ပေးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနေ့က ( ရ – ၃ – ၂၀၁၂ ) နေ့ကြီး လပြည့်နေတောင်မှ Message ဝင်လာပါတယ်။ကြွေးကျန်ရှိနေတဲ့အတွက် ( ၁၆ – ၃ – ၂၀၁၂ )နောက်ဆုံးထားပြီး အကြွေးသွင်းပါရန်ဆိုပြီးမှပါ။ဒီတော့ အဲဒီ့ ဆက်သွယ်ရေး – စောက်ရုံးကိုသွားရပြန်တာပေါ့။ ဒါပေမဲ့ ငွေဖြည့်ကဒ်စံနစ်သုံးမို့ ကြွေးကျန်ပဲဆောင်မယ်ဆိုတာကို ဆက်သွယ်ရေးက ကောင်မ ( သူများမယားငယ်ခံတဲ့ […]


black chawMarch 8, 20127min11813
မနေ့က တပေါင်းလပြည့်နေ့။ ရွှေတိဂုံဘုရားကြီး နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးရဲ့ နောက်ဆုံးရက်။ နယ်က ညီမတွေက သွားချင်တယ်ဆိုလို့ လပြည့်နေ့ဆို ရွှေတိဂုံဘုရားရှောင်လေ့ရှိတဲ့ ကျွန်တော် ရွှေတိဂုံဘုရားတက်ဖြစ်ခဲ့ပါတယ်။ လူတွေလူတွေ တချို့များ ထမင်းတွေဟင်းတွေ ချက်ယူလာပြီး ဘုရားပေါ်ကျမှ ပျော်ပွဲစားထွက်သလို စားနေကြတာလည်း တွေ့ရဲ့။ လမ်းကို မနည်းလျှောက်ယူရလောက်အောင် လူတွေကများလွန်းပါတယ်။ ထုံးစံအတိုင်း ကင်မရာလေးနဲ့ လက်ဆော့လာခဲ့တယ် ပေါ့ဗျာ။ အဝေးရောက် မြန်မာပြည်ကို လွမ်းနေကြသူတွေ၊ နယ်မှာနေသူတွေအတွက် အလွမ်းပြေ ပေါ့ဗျာ။


black chawMarch 8, 20121min18214
မှတ်မှတ်ရရ မတ်လ ၆ ရက် ညပိုင်းက ပါရမီ စိန်ဂေဟာကို ရောက်ပါတယ်။ ထုံးစံအတိုင်း မဒမ်ဘလက်နဲ့ တူတွေ တူမတွေ ရှော့ပင်းထွက်နေတုန်း မြေညီထပ်က စာအုပ်ဆိုင်မှာ စာအုပ်တွေလိုက်မြည်းမိပါတယ်။ ၂၀၁၂ ခုနှစ် မတ်လထုတ် ရနံ့သစ်မဂ္ဂဇင်း ကောက်မြည်းလိုက်မိတဲ့အခါ လက်ကပြန်မချမိတော့ဘဲ ဝယ်ဖြစ်သွားပါတယ်။ စာအုပ်ထဲမှာပါတဲ့ NLD ဦးတင်ဦးကြီးရဲ့ တော်လှန်ရေးအတွေ့အကြုံတွေ၊ ဆရာဆူးငှက် ရဲ့ မန်းတက္ကသိုလ် အကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ သခင်ဗဟိန်းအကြောင်းရေးထားတဲ့ ဆောင်းပါးရယ်၊ အခုဖေါ်ပြပေးမယ့် ဆရာ ပြည်သွေးနိုင် ရဲ့ ဆောင်းပါးရယ် ဖတ်စရာစုံလင်လွန်းတာကြောင့် ဝယ်ဖြစ်သွားတာပါ။ အောက်ပါဆောင်းပါးကို ရေးခဲ့တဲ့ ဆရာ ပြည်သွေးနိုင် ဟာ အခုလက်ရှိ ရနံ့သစ်မဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ပါတယ်။ စီးပွားရေးတက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပြီး မေခ ဆောင်မှာနေပြီး ကျောင်းတက်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ […]


JUDGEMENTMarch 7, 20121min34021
မြို့ရွှေမန်းကသတင်းစကား အပိုင်း(၃) လာဘ်စားသော မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်   Judgement အနေနဲ့ပြီးခဲ့တဲ့ ချဲထွက်မဲ့နေ့မှာ  ချဲကိုတရားဝင်လုပ်ကိုင်ခွင့်ရနေတဲ့ ဒိုင်တွေအကြောင်းကို Mandalay Gazette မှာဖွင့်ချခဲ့ပေမဲ့ ဘယ်ရဲမှဖမ်းတာမတွေ့ရပဲနဲ့ အကုန်လုံးဘယ်သူမှအဖမ်းခံရတယ်မကြားမိပါဘူး။ ဒါဟာ သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ် ဦးရဲမြင့်လာဘ်စားတယ်ဆိုတာဟာ တနိုင်ငံလုံးသိ အောင်ကြေညာလိုက်တာပါပဲ။ဘာကြောင့်လဲဆိုတော့ မြို့တော်ဝန် ဦးဖုန်းဇော်ဟန် လာဘ်စားတာကိုလည်း ပိုပြီးတော့မှ လာဘ်ယူလို့ကောင်းတဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာကိုပို့ လိုက်ပါတယ်။ဦးရဲမြင့် ဘယ်လောက်ရတယ်ဆိုတာ သူပဲသိပါလိမ့်မယ်။ အဲဒီ့နေက ချဲဒိုင်တွေစာရင်းနဲ့ အမှတ်(၆)စခန်းမှူး နဲ့အဖွဲ့ လာဘ်ယူတဲ့ ဓါတ်ပုံ ၊ အမှတ်(၈) စခန်းမှူးနဲ့ အဖွဲ့ လာဘ်ယူတဲ့ပုံတွေကို တင်ပြပေးခဲ့တဲ့အပြင် သက်ဆိုင်ရာ ရဲမှူးကြီး ရဲ့ လာဘ်ယူပုံကိုဝန်ကြီးချုပ်ဦးရဲမြင့်ဆီကိုတရားဝင် စာပို့ တင်ပြပေးခဲ့ပါတယ်။အရေးလဲမယူခဲ့ပါဘူး။ ဒါကြောင့် ဦးရဲမြင့်အနေနဲ့ လာမဲ့ ရွေးကောက်ပွဲမှာ ပြုတ်ဖို့သေချာနေပါပြီ။ NLD နဲ့ပြိုင်တဲ့ရွေးကောက်ပွဲဆိုရင်တော့ […]


black chawMarch 7, 20122min42251
ဟုတ်ကဲ့ ဘလက်ချောပြောနေပါတယ်ခင်ဗျာ။ အော်တီးတိုင်းရောက်နေပြီလား…။ အခုချက်ခြင်း လဖက်ရည်ချိုပေါ့ကျလေး စီစဉ်ပေးလိုက်ပါ့မယ်။ ကောင်းပါပြီခင်ဗျာ။ အားပေးတာ ကျေးဇူးပါ။ သာဓုခေါ်စရာ သတင်းလေးနဲ့ စလိုက်ရအောင် ကျောင်းဒကာ။ မနောအလှ ဂီတည ရန်ပုံငွေ ဖျော်ဖြေပွဲမှ ရရှိတဲ့ ငွေကျပ်သိန်း ၆၅ဝ ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းဆယ်ခုမှာ အဆိုတော် အယ်လ်ခွန်းရီ၊ ကေဂျာနူးတို့ ဦးဆောင်တဲ့ သရုပ်ဆောင်အဆိုတော်များက မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ တွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ် လို့ ပေါ်ပြူလာဂျာနယ်မှာ ဖေါ်ပြလာပါတယ်ခင်ဗျာ။ ကြည်နူးစရာသတင်းလေးအတွက် သာဓုခေါ်ပါ ကျောင်းဒကာ။ သာဓု သာဓု သာဓု ပါ ဒေါ်အယ်လ်ခွန်းရီနဲ့ မနောအလှ ဂီတည အဖွဲ့သားများ ခင်ဗျား။ သူတို့တတွေ ရဲ့ […]


alinsettMarch 7, 20121min3477
(ကိုယ့် အကြောင်း….) ဘာအကြောင်းမှ မရှိပါဘဲ……… ကြယ်တွေ ကြွေကျ လို ့ ကာရန်မဲ့ လိပ်ပြာတွေလည်း….. တဝုန်းဝုန်း လဲပြိုကျရင်း……သေ အဲဒီနေ ့ဟာ ဘီလူးလို လူရဲ ့သွေးကို ဖောက်ပစ်တဲ့နေ့ပါ။ ။ (ညင်သာ ရက်စက်စွာ…..ပေါ့) ဘာရယ်လို့ မဟုတ်ပါဘဲ…… မနက်ဖြန်တွေ ဟာ…ခလုပ်တိုက် ကုန်ပြီ။ ဘာရယ်လို့ မဟုတ်ပါဘဲ……….. ပင်လယ် တစ်စင်း…မီး ထ လောင်တယ်။ ဘာရယ်လို ့…………………….. ထားပါတော့……………………. ငါ့ နှလုံးသား ထဲက ထွက်လာတဲ့ ဘီလုူးရစ်သမ် ကို တိတ်ဆိတ်စေဖို့ ဆိုရင် မင်းရဲ့ မျက်ရည် အစစ်… တစ်စက်လောက် တော့………လိုပါတယ်။ အလင်းဆက် __________________________________ (အလွမ်းတေး…..) ကျပျောက်ခဲ့ဖူးတဲ့ စာရွက်ဖြူလေးပါ…… ….. ပြန်တွေ […]


asiamastersMarch 6, 20121min17610
  ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ အထူးသဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရကာစ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ အင်အားကြီးမားလာတဲ့နိုင်ငံရေးစနစ်ကတော့ ကွန်မြူနစ်စနစ် ဖြစ်ပါ တယ်။ ဆိုဗီယက်ရုရုား ဦးဆောင်တဲ့ ကွန်မြူနစ်စနစ်ဟာ အလွန်လွှမ်းမိုးလာခဲ့တယ်။ အစောပိုင်းမှာ တရုတ်နဲ့ ရုရှားဟာ ကွန်မြူနစ်စနစ်နဲ့ပတ်သက်ပြီး သဘောတရားရေးရာတူခဲ့ပေမဲ့ နောက်ပိုင်းမှာ လုံးဝသဘောထားကွဲခဲ့ပါတယ်။ အိန္ဒိယမှာလည်း ကွန်မြူနစ်စနစ်ကခေါင်းထောင်လာခဲ့ပါတယ်။ ဒီလိုကွန်မြူနစ်စနစ်ကို ဦးစီးဦးရွက်ပြုလာတဲ့နိုင်ငံကြီးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပေါ်လွှမ်းမိုးဖို့ အတွက် နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပါတယ်။ ဒီနေ့ အမေရိကန်နိုင်ငံဟာ ရေနံရဖို့နဲ့ ဩဇာအာဏာ လွှမ်းမိုးနိုင်ဖို့ လုပ်သလိုမျိုးပေါ့။ ကွန်မြူနစ်စနစ်အကြောင်းကို နဲနဲပြောမှရမယ်။ တကယ်တော့ ကွန်မြူနစ်စနစ်ဟာ ဥရောပမှာ စပြီးပေါ်ခဲ့တဲ့ Political Theory တစ်ခုဖြစ်ပါတယ်။ စပြီးပေါ်လာတာကတော့ Political Theorist တွေဖြစ်တဲ့ ကာလ်းမာခ်နဲ့ အိန်ဂျယ်တို့ရဲ့ Communist Manifesto ကွန်မြူနစ် အရင်းကျမ်းစခဲ့ပါတယ်။ […]


alinsettMarch 4, 20121min42014
( ၁ ) လူမျိုးတစ်မျိုး၏ အမူ အကျင့်နှင့်..ယဉ်ကျေးမှုသည်…ခေတ်ကို လိုက်၍ ပြောင်းလဲ.သွားသင့်ပါသလား…?? ပြောင်းလဲ.သင့်သည်..ဟု..ထင်မြင်လျှင်…ဘယ်လိုပြောင်းလဲသင့်သလဲ….ဟု ထပ်မေးစရာ ရှိပါသည် ။ အတိတ်ဆီမှ အမူအကျင့် ၊ ဓလေ့ စရိုက် များ သည်…မမှန်ကန်ဘူး…၊ မသင့်တော်ဘူး..ဆိုလျှင် ပိုကောင်းသော..၊ ပို၍ ခေတ်နှင့်လျော်ညီသော…အမူအကျင့် ဓလေ ့စရိုက်များဖြင့်..အစားထိုးပြောင်းလဲ..မည်ပေါ့လေ…။ အကယ်၍……….အတိတ်ဆီမှ အမူအကျင့်ဟောင်း..၊ဓလေုစရိုက်နှင့် ယဉ်ကျေးမှု အဟောင်းများသည်… သဘာဝကျကျ ဖြစ်နေလျှင်..၊ သင့်လျော် မှန်ကန်နေလျှင်..၊ အမှား တစ်စုံတစ်ရာ မရှိလျှင်..တော့…… ခေတ်သစ်..၊ ခေတ်ပေါ်..အမူအကျင့် ၊ ဓလေ့စရိုက်များဖြင့်…အစားမထိုးသင့်..ဟု..ကျွန်တော် ခံစားမိပါသည် ။ ယဉ်ကျေးမှု အစဉ်အလာ ကြီးမား ခမ်းနာ ခဲ ့သော …မြန်မာ များအနေဖြင့် စဉ်းစား တွေးတော့ စရာမျာ..ရှိလာပါပြီ။ ကျွန်တော်တို ့နိုင်ငံသည်…သဘာဝတရားက […]


kaiMarch 4, 20121min27413
မန္တလေးဂေဇက်၊ ဆရာ့ဇာတိနဲ့မိသားစုအကြောင်းကစပြောပေးပါ၊ ဦးဝင်းဖေ၊ မန္တလေးဇာတိ၊  ၁၉၃၅တွင်မွေးဖွား၊ ငယ်အမည်မောင်ညို၊ ကာတွန်းရေးတော့ငယ်နာမည်ယူပြီး’ဖိုးညို’ဆိုပြီးရေးတယ်၊ နောက်ငယ်နာမည်က’ဇော်ဝိတ်’၊ ကျွန်တော့်မွေးတုန်းကဦးဇော်ဝိတ်ကြီးကနာမည်ကြီးနေတာကိုး၊ ကျွန်တော်ကလည်းကလေးတုန်းကတောင့်တောင့်ဖြောင့်ဖြောင့်ကြီးဆိုတော့မိဘတွေကဇော်ဝိတ်လို့အမည်ပေးတယ်၊ ညီအကို၅ယောက်မှာနံပါတ်၃၊ ဖခင်ရွှေပြည်ဦးဘတင်၊မိခင်ဒေါ်အုန်းတင်၊ ကျွန်တော့်မှာသားသမီး၅ယောက်ရှိတယ်၊ တက္ကသိုလ်၁ဝနှစ်တက်တယ်၊ မပြီးဘူး၊နောက်အမေရိကန်ပြည်ထောင်စု Iowa University for Literature Followship ( International Writing Program) မန္တလေးဂေဇက်၊  ဆရာ့သားသမီးတွေထဲကအနုပညာအမွေဆက်ခံသူတွေက၊ ဦးဝင်းဖေ၊ သမီးအဆိုတော်မီမီဝင်းဖေ၊ သားအောင်ကျော်ဆန်း၊ သူကကျသီချင်းလဲဝါသနာပါတယ်၊ နတ်ပွဲတွေလဲစိတ်ဝင်စားတယ်၊ သူကကိုတင်မိုးတို့ကိုစွမ်းရည်တို့နဲ့ဆိုတအားရင်းနှီးတာ၊ သူတို့တွေတီးကြဆိုကြ၊ ကျွန်တော့်ထက်တောင်ပိုရင်းနှီးသေး၊ မန္တလေးဂေဇက်၊  ဆရာ့ကအမျိုးသားကျောင်းဆရာကြီးရွှေပြည်ဦးဘတင်ရဲ့သားဖြစ်တယ်၊  အနုပညာအမွေဘယ်လိုဆက်ခံခဲ့တယ်၊  ဆရာဖခင်တယောက်ဖြစ်လာတဲ့အခါမှာလည်း သားသမီးတွေကို အနုပညာအမွေပေးဝေခဲ့တယ်ဆိုတာလေးပြောပြပေးပါဆရာ၊ ဆရာတို့ကမျိုးဆက်၃ဆက်ရဲ့အနုပညာလက်ဆင့်ကမ်းပုံပေါ့၊ ဦးဝင်းဖေ၊  ၊  ကျွန်တော်တို့ငယ်ငယ်ကအဖေကကျောင်းတောင်မနေရသေးဘူး၊ အနုပညာတခုခုပန်းချီဂီတမလေ့လာမလိုက်စားမနေရဆိုလုပ်ခိုင်းတယ်၊ ဝါသနာပါပါမပါပါ၊ ၄တန်းလောက်ရောက်မှဝါသနာမပါတဲ့သူရပ်၊ ဝါသနာပါတဲ့သူဆက်လုပ်လို့ခွင့်ပေးတယ်၊ ဆက်လုပ်ဆိုတာကမည်ကာမည်ကာမတ္တသဘောမဟုတ်ဘူး၊ ဆရာတွေဘာတွေသေချာငှားပေးပြီးတော့သင်ခိုင်းတာ၊ စနေနေ့ဆိုကျွန်တော်တို့အနုပညာအလုပ်အတွက်တနေ့လုံးအချိန်ပေးရတယ်၊ တခါတလေမျက်ရည်တောင်ကျတယ်၊ ကလေးကိုးဆော့ချင်တာကိုးဗျ၊ ကြီးလာတော့လဲအနုပညာလိုက်စားခဲ့တဲ့တန်ဖိုးကိုသိလာပါတယ်၊ ကျွန်တော့်အလှည့်ကျသားသမီးတွေကိုအဲလိုအတင်းအကျပ်မလုပ်ခိုင်းပါဘူး၊ […]