alinsettMarch 2, 20123min1368
ကျွန်တော်ချစ်သော..ပုံကလေးများ…. ________________________________ ________________________________ __________________________________ ___________________________________ ___________________________________ ____________________________________ ____________________________________ ______________________________________ ______________________________________ _____________________________________ ______________________________________ _______________________________________ ______________________________________________ ______________________________________________ အလင်းဆက် တစ်ယောက်..လိုင်းပြောင်းသွားပြီလို ့ ထင်ကုန်ကြမှာ စိုး လို ့..ပြောရပါဦးမယ် ။ ကျွန်တော် …လိုင်းမပြောင်းသေးပါဘူးနော် ။ ကျွန်တော်က မော်ဒန်ကဗျာ ၊ ဝတ္ထုတို နဲ ့…စာပေ ဝေဖန်ရေး ဆောင်းပါးတွေ.. ၊ အတွေး ခံစားမှု ဆောင်းပါး နဲ ့.။ ထူးခြားသော အယူအဆ တင်ပြမှု များကို ပြန်လည် တင်ပြ ခြင်း များ…လုပ် နေချင်တဲ ့ စာရူးပေရူးလေးပါ။ အခု… ပုံတွေ..ပဲ..တင်ပြ ဖြစ်နေတာကတော့.. ကျွန်တော် […]


“ကျနော်ဘယ်နားကလမ်းလျှောက်ရမ လဲဗျာ”   ပြီးခဲ့တဲ့ရက်က နယ်က သူငယ်ချင်းတစ်ယောက်မန်းလေးရောက်လာပါတယ်။ သူက မုံရွာဘက်က လာတော့ 22စီလမ်းဘက်က သိရိမန္တာကား ဝင်းကြီးမှာ ကားဂိတ်ဆုံးပါတယ်။ ကျနော်ဆီဘယ်လိုလာရမလဲမေးတော့ လာခေါ်ရမလားမေးပေမယ့် မရောက်တာကြာလို့ လမ်းလျှောက်ချင်တယ်လို့ပြောပါတယ်။ နောက်သူက သယ်စရာ ခရီးဆောင်အိတ်တစ်လုံးဘဲပါလာတော့လာမကြိုနဲ့ဆိုပြောပါတယ်။. အဲဒါနဲ့သူနဲ့ကျနော်ဆုံရအောင် လမ်း30 80-81 ကြားကလက်ဖက်ရည်ဆိုင်မှာချိန်းလိုက်ပါတယ်။ သူအလွန်ဆုံးကြာ နာရီဝက်ပေါ့။ ကျနော်လဲသူနဲ့ဖုန်းပြောပြီး အတော်လေးကြာတာတော့ လက်ဖက်ရည်ဆိုင်ကနေသွားစောင့်နေလို်က်ပါတယ်။ မလာမလာ နဲ့စောင့်နေလိုက်တာ လမ်းများမှားသွားလားလို့တောင် ပူမိပါတယ်။ သူဖုန်းဆက်ပြီး တစ်နာရီကျော်ကျော်လောက်ကြာမှ မောကြီးပန်းကြီးနဲ့ရောက်လာပါတယ်။ ဘာလို့ဒီလောက်ကြာလဲဆိုတာကို မေးတော့ “လမ်းလျှောက်စရာနေရာမရှိလို့ပါတဲ့” လမ်းမပေါ်တက်လျှောက်တော့လဲ ကားတွေဆိုင်ကယ်ပြည့်ညှပ်နေတော့ မလျှောက်ရဲဘူးတဲ့ဗျာ။ သူကျနော်ကို မေးတဲ့မေးခွန်းက   “ကျနော်ဘယ်နားကလမ်းလျှောက်ရ မလဲဗျာ”တဲ့။ နောက်နေ့ ကျနော်အပြင်ထွက်ရင် ဟိုနားဒီနား တို့တို့တိတိနဲ့ လက်ဆော့ခဲ့ပါတယ်။ ဒီပုံတွေကိုပြန်ကြည့်လိုက်မှ သူမေးခွန်းကိုဘယ်လိုဖြေရမှန်းမသိဖြစ်သွားပါတယ်။. ကျနော်တို့ကသွားလေရာရာ […]


ムラカミMarch 1, 20121min15510
အော်… ရယ်… ခက်ကပြီ … ကိုယ့်ဆြာလေး ကို ကိုယ်အားပေးတဲ့ဂီ တ ကို အစစ်အမှန်ဝယ်ယူတဲ့အတွက် လေးစား ချီးကျူးပါရဲ့ဗျာ …. ဒါပေမယ့် ကိုယ့်ဆြာလေး ရဲ့ အတွေးအခေါ်ပိုင်း လမ်းချော်နေတာလေးကိုတော့ ပြောပြချင်ရဲ့ …. ဒါ အားလုံးလည်း သိသင့်လို့ပါဗျ… (ရှည်သွားရင် ခွင့်လွှတ် ..) သည်တော့ စစချင်း နည်းနည်းလေး ခွဲပြီးဆွေးနွေးကြည့်ရအောင်နော.. နိုင်ငံခြား ရုပ်ရှင်ကား မြန်မာကား (ရုပ်ရှင် ကို ခနဖယ်ထား..) ကျုပ်တို့ ခိုးသုံးနေတဲ့ ဆော့ဖ်ဝဲ တွေကို ခန ဖယ်ထား … မြူးဇစ် ကိုပဲ ဆွေးနွေးမယ်ဗျာ …နော.. အဲ့ ..မေ့တော့မလို့ နိုင်ငံခြားကလာတဲ့ မြူးဇစ်ကိုလည်း ဖယ်ထား.. ပြည်တွင်း ဂီတ ဗျာ […]


***New Version (still working) *** ++++++++++++++++++++++++++++++++++ ဂေဇက်မှာ မန်ဘာဝင်ထားသူပေါင်း ၇၀၀ဝ ကျော် ရှိတယ်လို့ သိရပါတယ်။ အခု ကျနော် တင်ထားတဲ့ ပို့စ်ထဲမှာ ဂေဇက် မန်ဘာ ၁၃ဝ လောက်ပဲ ရှိနေပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကျနော် သိသလောက် တွေ့မိသလောက်သာ စာရင်း ပြုစုထားခြင်း ဖြစ်လို့ပါပဲ။ ဒီစာရင်းထဲ မပါတဲ့သူများလည်း အောက်က ကွန်မန့်ထဲမှာ ပြောထားခဲ့နိုင်ပါတယ်။ ကျနော် ထပ်ပြီး ဖြည့်ပေးသွားပါ့မယ်။ (အနည်းဆုံး ပို့စ် (၁) ပုဒ် တင်ပြီးသူ ဖြစ်ပါက ပိုကောင်းပါမည်။) ပြီးတော့လည်း ကျနော့်အနေနဲ့ အမျိုးမျိုး ပြောင်းလဲလို့ ရနိုင်တဲ့ နာမည်ကို မြင်ရုံနဲ့ သူ့ရဲ့ မန်ဘာလင့်ခ် ကို ရှာဖွေဖို့ […]


JUDGEMENTMarch 1, 20121min17110
ချဲထိုးကြမလား Mandalay Gazette ရွာသူ/ရွာသားအပေါင်းတို့ ဒီနေ့ ဘာနေ့လဲ ။စောစောက Gazette ထဲမှာဖတ်လိုက်ရတာကတော့ မတ်လ (၁) ရက်နေ့။ နိုင်ငံတော်သမ္မတကြီးမိန့်ခွန်းပြောမဲ့နေ့။ ဒါပေမဲ့ သမ္မတကြီးလက်ထပ်မှာ ဘာတွေပဲကောင်းအောင်လုပ်လုပ် ဘာတွေဘယ်လိုပြည်သူ တွေဘက်ကိုပဲကြည့်ကြည့် အမှန်တကယ် လောင်းကစားတိုက်ဖျက်မှု့တွေမရှိသေးပါဘူး။ ပြောရမယ်ဆိုရင် – သာသနာတော်သန့်ရှင်းရေးရော – လောင်းကစားပပျောက်ရေးရော အမှန်တကယ်ဘာမှမလုပ်ခဲ့သေးပါဘူး။ အသံကောင်းဟစ်နေတာပဲရှိပါတယ်။ လောင်းကစားမှု့ပပျောက်ရေး ဟာ (ဆင်းရဲမွဲတေမှု့ရဲ့ အဓိကအချက်ပါ ။ဒါကို ဖြေရှင်း ပေးရမှာပါ။) ဒါ့အပြင် သာသနာတော်မှာ ချဲဘုန်းကြီး ၊ အရက်သမား ( ဝိနည်းမညီတဲ့ ဘုန်းကြီးတွေကြောင့်) သာသနာတော်ဟာ ညိုးနွမ်းနေရတာပါ။ ဟိုတစ်နေ့ကများ အခွေတစ်ခွေထဲမှာ ဘုန်းကြီးနဲ့ ဒကာမမဖွယ်မရာပုံကို တွေ့လိုက်ရပါတယ်။ JUDGEMENT သိတဲ့ ဆရာတော်ကြီးတွေကိုလျှောက်ထားတော့ ဆရာတော်ကြီးကတော့ တိုတိုတုတ်တုတ်ပဲမိန့်တော်မူပါတယ်။ သံဃာ […]


black chawFebruary 29, 20124min27143
ကဲ ကျောင်းဒကာ။ တီးတိုင်းရောက်ပြီ…။ ခံတွင်းချဉ်နေတယ်ဗျာ။ လဖက်ရည်ချိုပေါ့ကျလေးတစ်ခွက်လောက်သောက်ကြရအောင်။ လဖက်ရည်သောက်ရင်း ဂျာနယ်ထဲက သတင်းလေးတွေအကြောင်း ပြောကြရအောင်ဗျာ။ ထူးအိမ်သင်ရဲ့ ချိုပေါ့ကျသီချင်းလေး ကို နောက်ခံမြူးဇစ်လေး အဖြစ် ဖွင့်ထားလိုက်ဗျာ။ ရော့ဒီမှာ ကိုငှက်ရဲ့ ချိုပေါ့ကျ သီချင်းလေး အလွယ်တကူသာ ဒေါင်းပြီး ဖွင့်တော့ဗျာ။ ကိုငှက်ကိုလွမ်းလို့ မျက်ရည်ကျရင် ကျုပ်နဲ့ မဆိုင်ဘူးနော်။ chopawtkya အိုကေ စလိုက်ကြစို့…။ ဗိုလ်ချုပ်အောင်ဆန်း နှင့် ကိုကိုကြီး (Messenger) မရည်ရွယ်ပါဘူးကျောင်းဒကာ။ အခုတလော ဒေါက်တာတွေဘက် ဓါတ်ကျနေတယ်လို့တော့ မစွတ်စွဲပါနဲ့။ ဒေါက်တာစိုင်းခမ်းလိတ် ရေးခဲ့တဲ့ သီချင်းလေးတစ်ပုဒ်အကြောင်းပြောမလို့ပါ။ ဟောကြည့်၊ စိုင်းခမ်းလိတ်ဆိုတာနဲ့ စိုင်းထီးဆိုင်ကြီး ပြေးမြင်လိုက်ပြီ မဟုတ်လား။ ကောင်းရောဗျာ။ ပလက်ဖေါင်းမင်းသား ဆိုတဲ့ သီချင်းလေးနည်းနည်းညည်းပြမလို့ပါ ကွယ်။ ရေးနေရင်းနဲ့မှ သတိရသွားပြန်ပြီဗျို့။ တိုက်ဆိုင်မှု ဆိုတာကြီးကကြောက်စရာကြီးနော့။ […]


black chawFebruary 27, 20122min34742
(ဟိုင်းဝေးလမ်းမကြီးထက် မင်းလက်တွဲခေါ်ပြေးလွှား အားလုံးထားခဲ့ပစ်လိုက်စမ်းပါ အချစ်လေး ဝေးကြဖို့တော့ သတ္တိမရှိပါ တို့မဝေးဘူး အတူဆိုပျော်မယ်သိတယ် အားလုံးအဝေးပြေးချင်တယ်) ဟေးဟေး။ ဟုတ်တော့ ဟုတ်နေပြီ ကျောင်းဒကာ ရယ်။ နည်းနည်းတော့ သည်းခံပြီး ဖတ်ပေးဗျာ။ အပေါ်က စာသားတွေ ပါဝင်တဲ့ သီချင်းလေးက မင်းရဲ့သူရဲကောင်း ဆိုတဲ့ စီးရီးနဲ့ အောင်မြင်တဲ့ အဆိုတော်ဘဝကို နေ့ခြင်းညခြင်းရောက်သွားခဲ့တဲ့ ဆရာဝန်အဆိုတော်လေး တေးရေးတေးဆို ဒေါက်တာဆောင်းဦးလှိုင်ရဲ့ သီချင်းလေး တစ်ပုဒ်ပါ။ အဲဒီအခွေက အစပြုလို့ ဂီတလောကမှာ ဒေါက်တာဆောင်းဦးလှိုင် စိုက်ထူခဲ့တဲ့ ဂီတ မှတ်တိုင်တွေကို လည်း အစပြန်ဖေါ်ပေးလိုက်ဦးမယ်ဗျာ။ ခရီးသွားငါးယောက် ဆိုတဲ့ အဖွဲ့လေးဖွဲ့ပြီး ထုတ်ခဲ့တဲ့ စီးရီးကလည်း အောင်မြင်ခဲ့ပါတယ်။ နောက် စည်သူလွင်၊ အဲလက်စ် တို့နဲ့ သုံးယောက်ပေါင်းပြီး 19:18 ဆိုတဲ့ စီးရီးတွေကလည်း […]


alinsettFebruary 25, 20122min39823
_______________________________________ _________________________________________ ___________________________________________ ______________________________________________ ______________________________________________ _______________________________________________ _____________________________________________ ပုံလေးတွေ..ကို…. forward မေးလ်..တစ်ခု ထဲက ရပါတယ် ။ ကျွန်တော် အရမ်းသဘောကျ တဲ ့ပုံလေးတွေပါ ။ စားသောက်စရာတွေ..နဲ ့တည်ဆောက်ထားတဲ ့မြို ့တစ်မြို ့ပေါ့နော် ။ ချစ်စရာကောင်း လွန်းလို ့..အားလုံး မြင်ရအောင် မျှဝေ တင်ပြလိုက်ပါတယ် ။ တကယ်လို ့…မြင်ဖူးပြိးသား..( ဂေဇက်မှာ တင်ပြ ဖူးပြိးသား..) ဖြစ်နေရင်တော့….. ကျွန်တော်တို ့ ရဲ ့တိုက်ဆိုင်မှု ကို နားလည် ခွင့်လွတ်ပေးကြပါ..လို ့။ ____________________________________________________________________ (( ပြီးတော့ ပြောရဦးမယ် ။ ကျွန်တော်က စာပေ..ဝေဖန်ရေး ဆောင်းပါးတွေ.၊ မော်ဒန်ကဗျာ..နဲ ့ […]


KingFebruary 25, 20121min2418
မိုးအတိတ်မှာ စိုးထိတ်ခဲ့တဲ့ မင်းရဲ့အကြင်နာ ဆောင်းအကူးမှာ မပြောင်းဘူးလို့ပဲ ငြင်းခဲ့ ငြင်းခဲ့ နွေအရောက်မှာ ဗွေဖောက်ခဲ့တဲ့ မင်းရဲ့သစ္စာကြောင့် နွေဦးအလယ်မှာ ခြေဦးတည်စရာမရှိ အခုတော့လည်း မောင့်ရဲ့ဘဝ ကျားရဲလည်းသေ တောလည်းကြေခဲ့ပြီပေါ့ …


kyawkyaw11February 25, 20121min1276
သံတွဲဈေးကိုဘယ်လိုပုံစံပြန်ဆောက်မလဲဆိုဒါ ဈေးသူဈေးသားမြို့သူမြို့သားတွေစိတ်ဝင်စားနေကြပါတယ် ကျွန်တော်တို့ဖြစ်ချင်တာကတော့ ခေတ်မှီပြီးလှပတင့်တယ်တဲ့ 4 ထပ်ဈေးကြီးဖြစ်စေချင်ပါတယ် ဥပမာ     ယုဇနပလာဇာလိုဟာမျိုးပါ မြို့တိုးတက်ခေတ်မှီဘို့ဆိုတာမှာလဲ ဈေးက တခန်းတကန်န အဓိကကျပါတယ် ဒါကြောင့် ဝာာဝန်ရှိသူတွေအနေနဲ့ မိမိတို့ စားရမဲ့ ဟာဘဲမကြည့်ဘဲ မြို့သာယာလှပရေးအတွက်စဉ်းစားပေးပါလို့ တောင်းဆိုပါရစေ


ムラカミFebruary 24, 20122min38930
သူမ နာမည်ဟာ Marie Colvin ဖြစ်ပါတယ် … အမေရိကန်နိုင်ငံသူ သူမဟာ တချိန်က ကိုယ့်ကိုကိုယ် ကမာ္ဘမြေအတွက် မီးသတ်သမား အဖြစ် ကင်ပွန်းတပ်ခဲ့တဲ့ သတင်းထောက်တယောက် ဖြစ်ပါတယ်..။ နိုင်ငံရပ်ခြားဒေသတွေမှာ တာဝန်ထမ်းဆောင်တဲ့ မကြောက်မရွံ့့သော ရဲရင့်သော သတင်းထောက် အဖြစ် လက်ရှိမျိုးဆက် တခုလုံးက လေးစားရတဲ့သူပါ..။ ၂၀၀၁ခုနှစ် သီလိလင်္ကာ နို်င်ငံမှာ ဗုံးဆန်ထိမှန်ပြီး ကတည်းက ဆုံးရှုံးခဲ့ရတဲ့ ဘယ်ဘက် မျက်လုံး မှာ မျက်လုံး အကာတပ်ဆင်ပြီး ဆက်လက် တာဝန်ထမ်းဆောင် ခဲ့သူ ကမာ္ဘတဝှမ်းက မီဒီယာတွေ ပေါ်မှာ မကြာခန တွေ့မြင်ရတတ်သူလည်း ဖြစ်ပါတယ်…။     ၁၉၈၅ ခုနှစ်ကတည်းက ဗြိတိသျှ သတင်းစာ the Sunday Times အတွက် […]


maungmoenyoFebruary 24, 20121min25823
အုပ်ချုပ်ရေးခက်မ (မဏ္ဍိုင်) ကချင်ပြည်နယ်မြစ်ဆုံဒေသဆည်ရေကာတာ တည်ဆောက်ရေးရပ်ဆိုင်းသည့်ကိစ္စမှစ၍ နိုင်ငံရေးအကျဉ်းသားအားလုံးလိုလိုလွှတ်ပေးခြင်းကိစ္စ၊ ပြည်သူတို့၏ အနာဂါတ်မျှော်လင်ချက် ကို  ပုံဖေါ်ပေးနိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အားလွတ်လပ်စွာနေထိုင်ခွင့်ပေးယုံမက သမ္မတကြီးကိုယ်တိုင် မိမိဇနီးနှင့်အတူရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ကြခြင်းတို့သည်. မြန်မာပြည်သူအများ ကို မျှော်လင့်ချက်အသစ်များ ဖန်တီးပေးသည့် ကာလတခုသို့ချင်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ပြည်သူတရပ်လုံးက သတိမူမိချိန်ဟုဆိုရပါမည်။ သမ္မတဦးသိန်းစိန် သမ္မတသစ်အဖြစ်ကျမ်းကြိမ်ဆို စဉ်က ရေလဲနှင့်သုံးခဲ့သော good governance ဟူသော ဝေါဟာရသစ်တခု သည်လည်းမြန်မာ့နိုင်ငံရေး လောကတွင်းချင်းနင်းဝင်ရောက်နေရာယူပြီး အတော်ရေပန်းစားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံဘာလီသိုုရောက်နေသော အမေရိကန်သမ္မတအိုဘားမား မှ ဒေါ်အောင်ဆန်းစုကြည် နှင့်တိုက်ရိုက်ဆက်သွယ် ဖုံးစကားပြောရာကစ၍ မြန်မာနှင်(့အထူးသဖြင့်)အနောက်နိုင်ငံတို့၏ ဆက်ဆံရေးသည်တမဟုတ်ချင်းပြောင်းလဲသွားစေခဲ့သည်ကိုတွေ့ရပါသည်။ ရာစုနှစ်ဝက်အတွင်းအမေရိကန်မှ အဆင့်အမြင့်ဆုံးရာထူးရှိ နိုင်ငံခြားရေးဝန်ကြီး သာမက၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၊ ဥရောပသမဂ္ဂ ဝင်နိုင်ငံများမှ ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ခြေလှမ်းပျားပန်းခတ်နေသောအချိန် ဟုဆိုရမည်ပင်။ အတိုက်အခံ […]


black chawFebruary 23, 20122min38751
မနေ့က တင်တဲ့ chinese or burmese ရဲ့ ယဉ်ကျေးမှုဖလှယ်ခြင်း ဆိုတဲ့ပို့စ်မှာ ကျွန်တော် ရိုက်ခဲ့ဘူးတဲ့ နိုင်ငံခြားသားစုံတွဲပုံလေးပါလာပါတယ်ခင်ဗျာ။ ရိုက်သူကို အတိအကျ မသိတာ ပို့စ်တင်သူရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဓါတ်ပုံမှာ အမှတ်အသားမထည့်ထားမိလို့ ဒီလိုဖြစ်ရတာပါ။ ဒါပေမယ့် မှတ်ဉာဏ်ကောင်းလှတဲ့ မိုးစက်က လင့်နဲ့တကွ ဘဘဘလက် ရိုက်တာပါလို့ ပြောနိုင်ခဲ့တာကြောင့် ပီတိဖြစ်ရပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ် တူမတော် မိုးစက်ရေ။ ဒီဓါတ်ပုံလေးကို ဧရာဝတီဘလော့ဂ်မှာလည်း ဖေါ်ပြထားတယ်ဆိုတော့ ကျေနပ်ရပါတယ်။ တစ်ခုစဉ်းစားမိတာက ကျွန်တော်တို့ တင်တဲ့ ပုံတွေမှာ ကျွန်တော်တို့ နာမည်လေးတွေ ထိုးထားသင့်ပြီ ဆိုတာလေးပါ။ ကိုပေါက်ရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ်ဗျာ။ ဒီတစ်ပတ် လည်း ချိုပေါ့ကျ လဖက်ရည်အရသာလေးရအောင် ကြိုးစားထားပါတယ်။ လဖက်ရည်ပွဲလေး မစခင် […]