ဦး ဂ်စ္July 30, 20111min384
ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြပါသော မွတ်စလင်ဘာသာဝင်များသည် လွန်ခဲ့သော ၄ ရက်ခန့်မှစ၍ ဗီစာ မပါပဲ လွတ်လပ်စွာသွားလာခွင့် ရရှိသွားကြပြီ ဖြစ်ပါကြောင်း ရွာသူရွာသားများနှင့်တစ်ကွ အများပြည်သူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်ခင်ဗျား၊ သို့သော် အားလုံးမဟုတ်ပဲ ရခိုင်အစ္စလာမ်၊ ကမန်အစ္စလာမ်၊ ရခိုင်ကမန်အစ္စလာမ် နိုင်ငံသားစီစစ်ရေးကဒ်ပြားများကိုင်ဆောင်ထားသူများကိုသာလျှင် ခွင့်ပြုကြောင်းသိရှိရပါသည်၊ ကျန်သော သွားခွင့်မရသည့် သူများမှာ ဘင်္ဂါလီ အနွယ်ဝင်များဖြစ်ကြောင်းလည်းသိရှိရပါသည်၊ ရွာသူရွာသားများ မသိချင်အဆုံး မမြင်ချင်အဆုံးဖြစ်ခဲ့ရသည့် ယ္ခုဇတ်လမ်း အစ အဆုံး အတွက် အနှောင့်အယှက်များဖြစ်ပေါ်ရစေမှုအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်ခင်ဗျား၊ ရွာသူရွာသားများ၏ကူညီစောင်မ အားပေးမှုများကြောင့်လည်း ယ္ခုကဲ့သို့ အောင်မြင်မှုများရရှိခဲ့သည်ဟုဆိုလျင်လည်းမမှားပါခင်ဗျား၊ ကပ်ဖား ဆိုသူမှာလည်း သူ၏ လူမှန်နေရာမှန်နေရာသို့ပြန်လည်ရောက်ရှိသွားကြောင်းလည်း အသိပေးလိုပါသည်ခင်ဗျား၊ အားပေးကူညီခဲ့ပါသော admin ကြီးကိုလဲ ဤနေရာမှ ဂါရဝ ပြုလိုက်ပါသည်ခင်ဗျား၊ နှစ်ပေါင်း ၂ဝ ကျော်ခန့်အကျဉ်းကျ ဒုုက္ခရောက်ခဲ့ကြရပါသော လူများ၏ […]


“စာဖတ်သူများအားဝန်ချတောင်းပန်ခြင်း” ချမ်းချမ်း ပြီးခဲ့တဲ့ အပတ်က တင်ခဲ့ဖူးတဲ့ “ဗုဒ္ဓဘာသာဝင် တို ့အတွက် ဆောင်ရန် ရှောင်ရန် ”ပို ့စ် လေး ထဲက ကုသိုလ် အကုသိုလ် အကျိုးပေးပုံ ကို အဆတွေနဲ ့ထွက်ပြထားတာနဲ ့ပက်သက်ပြီး  ကွန်မန် ့ပေးကြတဲ့ သူူတွေထဲက အဲ့ဒီအကြောင်းအရာဟာ အမှန်မဟုတ်ဘူးဆိုလို ့ အားလုံးကိုဝန်ချတောင်းပါတယ်။ အဲ့ဒီပိုစ့်ကိုလည်းပြန်ဖျက်လိုက်ပါပြီ။ဘုရားဟော မဟုတ်ပဲ တင်မိရင် ဓမ္မအန္တရာယ် ဖြစ်မှာစိုးလို ့ပါ။ အဲ့ဒီအကြောင်းအရာဟာ ချမ်းချမ်းစိတ်ကူးနဲ ့ထင်ရာမြင်ရာ ရေးထားတာမဟုတ်ပါဘူး။အဲ့ဒီစာအုပ်လေးကို ဝါဆိုလပြည့်နေ ့တုန်းက ဘုန်းကြီးကျောင်းသွားရင် ရလာတဲ့ စာအုပ်လေးပါ။ စာအုပ်ပုံစံကို သိချင်ရင် www.namobook.com ကို နှိပ်လိုက်ပါ။ ပထမဦးဆုံး မြင်ရမယ့် စာအုပ်လေးပါပဲ။ ချမ်းချမ်းကိုယ်တိုင် မြန်မာတရားစာအုပ်တွေမှာလဲ မဖတ်ဘူး၊မတွေ ့ဘူးလို […]


လင်းဝေJuly 6, 20111min22221
အလုပ်တွေများနေလို့ ဒီဆိုက်ကိုမရောက်ဖြစ်တာ ကြာသွားပါတယ်။ အခုတစ်လော တက်ဖြစ်တော့ တိုနံ့နံ့ နဲ့ ပို့စ်မဟုတ်တာတွေကို တင်ထားတာတွေ့ဖြစ်တယ်။ မေးခွန်းတွေပါတယ်။ နည်းနည်းဖွကြည့်တာပါဆိုတာမျိုးတွေပါတယ်။ ဒီလို အကြောင်းကိစ္စတွေအတွက် ဖိုရမ် လေးလုပ်ပေးထားရင်ကောင်းမယ်။ ဖိုရမ်မှာ ပါဝင်ဆွေးနွေးနိုင်မှုကို အမှတ်ပေးချင်လည်းပေးပေါ့။ မပေးချင်လည်း နေပေါ့။ ဖိုရမ်လောက်မှာ သာ ရေးရမယ့် အကြောင်းလေးကို (ခပ်တိုတိုအကြောင်းကို) ပို့စ်အဖြစ်တင်ရင်၊ စာလုံးရေမပြည့်ပဲ တင်ရင် ပွိုင့်ကို အနှုတ်ပြန်လုပ်ကြည့်ပါလား။ ဒီဆိုက်မှာ စာတွေ တတ်နိုင်သမျှ သန့်သွားလိမ့်မယ်။ သတင်းတွေကို ကိုယ်ပိုင်အမြင်မပါပဲ အခြားက ကူးပြီး လာတင်ရင်လည်း နှုတ်မယ်လုပ်လိုက်ပေါ့။ သူများစာတွေ မေးလ်ထဲက ရတာတွေကို အလွယ်ကူးတင်တာတွေ မလုပ်ဖို့လည်း အနှုတ်စနစ်နဲ့ တားပေးပေါ့။ ( ပြန်လည်ဝေဖန်သုံးသပ်ချက်ပါရမယ် လုပ်ပေါ့ ) အခု ဒီအကြံကိုလည်း ဖိုရမ်မရှိလို့ ပို့စ်လုပ်ပြီး […]


etoneJuly 5, 20111min33622
ရွာသူရွာသား အားလုံးပဲ ခါတော်မှီသတင်းလေးပေးချင်ပါတယ် … ။ အခုလေးတင် သဂျီးဆိုက်ကို ပြင်တဲ့အခါ အယ်ရာ နည်းနည်းရှိနေပါသေးတယ်။ သုံးစွဲရတာ မြန်ဆန်လာပေမဲ့ … ပရိုက်ဗိတ်ဆီနဲ့ နည်းနည်းပတ်သတ်တဲ့ အယ်ရာ တွေ့လို့ သဂျီးကို လှမ်းပြောထားပါတယ် … အရင်ကလို ဖွက်သင့်တဲ့စာသားတွေ မဖွက်ပဲ ပေါ်နေတာလေးတွေ ရှိနေသေးလို့ … ကိုယ်နဲ့ မသိတဲ့လူရဲ့  ပို့စ်မှာ မန်းတာလေးတွေ ခဏလောက်မလုပ်ပါနဲ့ သေးဦးလို့ ကြိုပြောထားချင်ပါတယ်… ။ သဂျီးကိုလည်း အကြောင်းကြားထားပြီးပါပြီ … ။ comment ပေးတာလေးတွေ ခဏဆင်ခြင်သင့်အောင်ပါ …။  ပြင်ပြီးပြီလို့ သဂျီး confirm လုပ်တော့မှ ဆက်မန်းလျှင် အားလုံးရဲ့    ပရိုက်ဗိတ်ဆီ လုံခြုံပါလိမ့်မယ် … ။  


kaiJuly 2, 20114min1688
တခါတုန်းက မိုးကုတ်က သူငယ်ချင်းဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတို့ ရပ်ကွက်မှာက လီဆူး လူမျိုးတွေ အများအပြား နေထိုင်ပါတယ်။ ဒါနဲ့ သူငယ်ချင်းက သူ့သူငယ်ချင်းတွေနဲ့ ထပ်မိတ်ဆက်ပေးရင်း အိမ်တအိမ်က ကျွန်မကို ထမင်းစားဖိတ်ပါတယ်။ ထမင်းဝိုင်းမှာ ပျော်ပျော်ပါးပါး စားသောက်ကြရင်း ပြန်ခါနီးတော့ အိမ်ရှင်ကောင်မလေးက ကျွန်မသူငယ်ချင်းကို လှမ်းမေးပါတယ်။ နက်ဖြန် ထာပွဲသွားမလား ဆိုပြီးတော့ပါ။ အဲဒီအချိန်မှာ ကျွန်မက ထာပွဲဆိုတာကို ပွဲတော်တခုခုလို့ ထင်သွားပါတယ်။ ဒါနဲ့ ပွဲရှိတာလား။ ကျွန်မလဲ လိုက်ချင်တယ်လို့ မနေနိုင်၊ မထိုင်နိုင် ဝင်ပြောမိပါတယ်။ အဲဒီကောင်မလေးက ပြုံးစိစိ ဖြစ်သွားပြီး၊ သူငယ်ချင်းကို လှမ်းကြည့်ပါတယ်။ နောက်မှ သိရတာက ထာပွဲဆိုတာ မိုးကုတ်မှာ ရှေးတုန်းက ကျောက်တွေပြရင် ထာလို့ ခေါ်တဲ့ ကြေးလင်ဗန်းကြီးတွေနဲ့ ထည့်ပြလေ့ရှိတာကြောင့် ကျောက်မျက်ရတနာတွေ […]


nigimi77July 2, 20111min1268
မေးချင်လွန်းလို ့ပါ။ ပြီးခဲ့တဲ့  အင်္ဂါနေ ့ကပေါ့။    ရုံးကို စရောက်ပြီး ကတဲက တမနက်လုံး  ဘယ်သူ ့ဆီကမှ Phone မလာသေးဘူး။  တယ်ထူးဆန်းနေပါလား။ အရင်ဆို  တစ်ယောက်နဲ ့ပြောပြီး phone ချလိုက်တာနဲ ့နောက်တယောက်ဆီက တန်းလာပြီ။  ဒီ Phone က အဝင်ပဲ လက်ခံတာများတယ်။ မနက် 10:30 လောက်နေတော့ ဘာဖြစ်တာပါလိမ့်ဆိုပြီး  ဖုန်းခွက်ကို မလိုက်တော့….. မိန်းမ ၂ ယောက်  (အသံအရဆို လူလတ်ပိုင်းလောက်)  အာလာပ သလာပ ပြောနေလိုက်ကျတာ အစုံပဲ။   အသံက တော်တော်ကို ကြည်လင်ပြတ်သားလွန်း နေတယ်။  လိုင်းပူးတာလား  မဟုတ်သေးပါဘူး။ လိုင်းပူးတဲ့ အတွေ ့အကြုံ  ကျုပ်မှာ  အများကြီး ရှိခဲ့ပါတယ်။  ဒီလို မျိုး […]


panpanJuly 1, 20111min46729
ဦးကြောင်ကြီး၏  mdyleaks တွင် “ရေးတဲ့မှတ်ချက်တိုင်းကို သဂျီးက အပိုပွိုင့် ၅၀၀၊ ဝင်ရောက်ဖတ်ရှုသူတိုင်းကို အပိုပွိုင့် ၁၀ဝစီ ပေးထားကြောင်း” ဦးကြောင်ကြီးကပြောပြတယ်။ အဲဒါမတွေ့ရင် သဂျီးထံ တင်ပြတောင်းခံနိုင်ပါတယ်ဆိုလို့..။ cube points မှာကြည့်တာ မတွေ့လို့ သဂျီးကို အကြောင်းကြားတာပါ။ (မဆူးကလည်းပြောပါတယ်၊ ပိုစ့်အသစ်ထောင်ပြီး ကြေညာပါတဲ့) nozomiကတော့ သူဘာမှလုပ်စရာတောင်မလိုဘဲ ပွိုင့်တိုးတယ်တဲ့ အဲဒါကျမလိုများ ဘာမှမထူးခြား၊ cube points မှာသွားကြည့်တော့လည်းမတွေ့ရသူများ ရှိပါသလား ရှိရင်ပြောကြပါလို့……. ဒီစာနဲ့ သဂျီးကိုရော၊ သဂျီး၏ ရွာသူရွာသားအပေါင်းကိုရော အကြောင်းကြားလိုက်ပါတယ်ရှင့်…. ဒူဝေဝေ…………………..    


Good IdeaJune 26, 20111min73
အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ်တစ်ယောက် ဂျာနယ်တိုက်တွေကို စုံစမ်းမေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ်ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီး ရင်ဖွင့်တာပါလို့ နတ်သံမနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။   ရွှေရှာကျောက်တူး နေမကောင်းလို့ စာတောင်မရေးနိုင်တဲ့အချိန် ဖြစ်နေပေမယ့် သူ့ခမျာ ဒီလို ရင်ဖွင့်ဖို့ သက်သက် ဝေးလံခေါင်ဖျား ဒေသက တပင်တပန်း လာခဲ့ရရှာတာ ဖြစ်တဲ့အတွက် သက်သာသလို နေရင်း နားထောင်ပေးခဲ့တယ်။ စကားပြောရင်သာ မောပြီး နားထောင်တာက မောမှမမောတာ။ သူပြောတာက သူတို့ဒေသ တစ်ဝိုက်က လယ်သမားတွေ လယ်မလုပ်တော့ဘဲ မြစ်ရိုးတစ်လျှောက် ရွှေရှာသူတွေက ရှာကြ၊ […]


kaiJune 24, 20111min3639
မြန်မာနိုင်ငံ၏ ထွက်ကုန်များမှာ  အဓိကအားဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာများနှင့် သားငါးပုစွန်တို့ ဖြစ်ကြပါသည်။ ၂၀၀၉-ခန့်မှန်းချက်အရ ပြည်တွင်း ကုန်ထုတ်လုပ်မှု ပမာဏ GDP သည် 91.1 billion dollars  ခန့် ရှိပါသည်။ လယ်ယာထွက်ကုန် ဖြစ်သော ဆန်စပါးနှင့် ပဲမျိုးစုံသည် ပြည်ပပို့ကုန် စုစုပေါင်း ပမာဏ၏ ၄၀% ခန့်ရှိပါသည်။ ပဲမျိုးစုံဟုဆိုရာတွင် အဓိကအားဖြင့် ကုလားပဲ၊ ပဲကြီး၊ ထောပတ်ပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ဘိုကိတ်ပဲ စသည်တို့ပါဝင်ကြပါသည်။ ထိုသို့ ပဲမျိုးစုံအနက် ဘိုကိတ်ပဲအကြောင်းတင်ပြလိုသည်။ ဘိုကိတ်ပဲသည် မြန်မာ့ပဲမျိုးစစ်မဟုတ်ပါ။ ဘိုကိတ်ပဲ၏ ဇာတိမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပါသည်။ ဘိုကိတ်ပဲမျိုးအား မြန်မာနိုုင်ငံသို့ ယူဆောင်လာသူများမှာ အမေရိကန်လူမျိုး မစ္စတာ ဘရေတွန်ကေ့(စ်) (MR. BRAYTON […]


kaiJune 24, 20111min591
သက်ရှိရုပ်ကြွင်း၆၆ ၂၀၁၁ ဇွန်၁၉ ဘုန်းကျက်သရေတိုးပြီး လိုရာဆန္ဒပြည့်ဝပါစေ။ ဒီနေ့မနက်ခင်းမှာ မေမေ့ရဲ့ခွပ်ဒေါင်းပျိုဟာ ငြိမ်းချမ်းရေးသက်တန့်ကိုထမ်းပိုး အရှေ့စူးစူးအရပ်ဆီ ပြန်လည်ဦးမော့လို့။ ၆၆မြစ်ကျဉ်းအလွန်မှာ… တတိယမြောက်မျက်လုံးဖွင့်မယ်။ ၆၆မြစ်ကျဉ်းအလွန်မှာ… လောကပါလဖြတ်စ၄၉ကို မေမေပန်နေကျစံပယ်ပန်းပွင့်လေးတွေလို တစချင်းစီပြန်သီမယ်… ပန်းကုံးကလေးဆက်ထုံးမှာ မြန်မာပြည်ရဲ့သမိုင်းဘီးတပတ်ပြန်လည်ကြဖို့ပါ။ ၆၆မြစ်ကျဉ်းအလွန်မှာ… အဝေးရောက်ကြယ်တံခွန်ပြန်လာမယ်။ အလင်းနက်ရင် သန်းခေါင်ပျက်ရမယ် မြင့်မြတ်သော ရဲဝံ့သော စွန့်လွှတ်သော စွန့်စားသော ငြိမ်းချမ်းရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ။ ညိုခက်ကျော် (ဇွန်၁၉၊၂၀၁၁၊နံနက်၄နာရီ၄၃မိနစ်)   မှတ်ချက်။  ။ ဇွန်လထုတ် မန္တလေးဂေဇက်တွင် ဖေါ်ပြပြီး ဖြစ်ပါသည်။


စဆရ ႀကီးJune 22, 20111min22611
ဒီရက်ပိုင်းအတွင်းမှာ စာတွေအတော်များများ တက်လာတော့ ဖတ်နေရပါတယ်.. ဒါပေမယ့် ကိုယ်ပိုင်စာတွေအရေးကောင်းတဲ့ Hmee ပြောသလိုပါပဲ၊ ကိုယ့်ရဲ့စိတ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အရေးအသားတွေနဲ့ ရေးတင်နေကြသူတွေ၊ ကိုယ်ပိုင်အတွေ့အကြုံတွေကို ရေးသားတင်ပြနေကြတဲ့ စာရိုက်သူတွေ၊ ဥပမာဆို “ဆူး”၊ ကျွန်တော်ကိုယ်တိုင်ဆိုရင်လဲ ဒီ Site ကို ဝင်ရောက်ဖတ်နေကြတဲ့သူတွေ ပညာရရှိစေရေးအတွက် KFC ကြက်ကြော်နည်းတွေကို အသေးစိတ် ရေးပြဖို့ရှိသလို တစ်ခြားသော ဗဟုသုတရဖွယ်ရာတွေကို ချပြဖို့ရာ အများကြီးရှိနေပါတယ်။ ဒါပေမယ့်လည်း… ကိုယ်တင်လိုက်တဲ့ Post တစ်ခု (ကိုယ့်အတွေးနဲ့ကိုယ်ဆို သိပ်ကို တန်ဖိုးရှိမယ်လို့ထင်တဲ့ စာတွေ)ခမျာ တစ်ရက်တာတောင် စံမြန်းခွင့်တွေမရဘဲ အလိုလို နောက်ရောက်သွားရရှာလေတော့ Keyboard ပေါ် လက်တင်လိုက်တာနဲ့ စာရေးချင်စိတ်တွေ ကုန်သလောက်တော့ ရှိနေတာအမှန်ပဲပေါ့လေ။ လူသစ်တွေ များပြားလာတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်စာတွေကိုတော့ […]


etoneJune 17, 20111min293
လူ တဲ့ …ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်တာချင်းတူပေမဲ့ ပေါက်ဖွားလာခဲ့တဲ့ မိသားစုမျိုးရိုး ကွာခြားလို့လား၊ နေထိုင်ရတဲ့ ပတ်ဝန်ကျင် အသိုင်းဝိုင်း မတူညီကြလို့ပဲလားမသိဘူး … မပြောတတ်ဘူး … စိတ်ဓါတ်တွေကလည်း   နိမ့်မြင့်လတ် အစုံပါပဲ … ။ ရွှေပင်နားတော့ ရွှေကျေးဆိုပေမဲ့ …. ကျီးဟာကျီး ဒေါင်းဟာ ဒေါင်းပါပဲ … ။ ထုံးသုတ်လို့ မဖြုတဲ့ စိတ်ဓါတ်တွေနဲ့  လူအများ နေ့စဉ် ဝင်ထွက်နေတဲ့ ဒီရွာထဲမှာ အုတ်အေ်ာသောင်းနင်းဖြစ်အောင် လုပ်နေတဲ့လူတွေ ဘာလို့များ တနေ့တခြား များလာရတာလဲ … ။ အားမနာတမ်း ရှင်းရှင်း ပြောရလျှင် သဂျီးရဲ့ ရွာ အပေါ် care လုပ်နိုင်မှူ အားနည်းလာတာကြောင့်ပါ ။ ရွာထဲ ရေးနေရင်း ဇရှိတဲ့လူတွေ လည်းရှိမယ် […]