alinsettJanuary 8, 20157min1113
မင်္ဂလာပါ ။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ … သတင်းအစီအစဉ်ကနေ ယခုအပတ်တင်ပြပေးမယ့် သတင်းတွေကတော့…   အမေရိက ပြည်ထောင်စုရဲ့ ပြည်နယ်တချို့မှာ ဖြစ်ပွါးနေတဲ့ ရာသီဥတုဆိုင်ရာ သတင်းများ… US နဲ့ ဆက်စပ်တဲ့ ဟော်တယ်များ ၊ ဘဏ်လုပ်ငန်းများကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက နောက်ဆက်တွဲသတင်းများ… Java ပင်လယ်ပြင်အတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ A320 Airbus ,                                               Air Asia လေယာဉ်ပျက်ကျခဲ့တဲ့နောက်ဆုံးရ သတင်းများ၊ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသား (၁၀၀) ကျော်ပါဝင်တဲ့ တရားမဝင်သစ်ခိုးထုတ်နေအဖွဲ့ကို မြန်မာစစ်တပ်တပ်က ဖမ်းဆီးလိုက်တဲ့ သတင်း… အစိုးရက လျော်ကြေးငွေ ပေးတာကို လက်မခံနိုင်ဘူးလို့ ငြင်းဆိုလိုက်တဲ့ […]


မန်းဂဇက်ချစ်သူများစာပေဆု (နိုဝင်ဘာ+ဒီဇင်ဘာ ၂၀၁၄) ဆုရပို့စ်လေး ကြေငြာပေးရပေအုံးမပေါ့နော.. 🙂 မကြေငြာခင်… ရွာသူားတွေ တွေးကြည့်ဖို့ စကားစုလက်ဆောင်လေးပေးပါရစေအုံးဗျာ….. ထုံးစံအတိုင်း ကျုပ်ပြန် ဖတ်နေတဲ့ ဆရာသက်လုံဘာသာပြန်တဲ့ စေ့ထားသောတံခါးများ စာအုပ်ထဲက..“တောက်တယ်ကျင်း” ရဲ့ ၄၈ ပုဒ်မြောက်စာပိုဒ်ကလေးပါ… နှစ်သစ်ကူးလက်ဆောင်ပေါ့…တကယ်ပါတာက ၈၁ပုဒ်တောင်ပါ…..   ၄၈။ ကျေးဇူးပြုခြင်း ပညာရှိ၏ စိတ်အာရုံသည် လွတ်လပ်၏။ သို့သော် လူတို့၏အကျိုးသို့ ညွတ်သည်။ ကောင်းသူအပေါ်ရော မကောင်းသူအပေါ်ရော တစ်သဘောတည်းထား၏။ ငါကားကောင်းရမည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည် ကောင်းမှုပင် ဖြစ်သောကြောင့်တည်း။ ရိုးသားသော သူများအပေါ်ရော မရိုးသားသူများအပေါ်ပါ တစ်သားတည်းပင် ငါသည်ရိုးသားမှုကို ဆောင်နှင်းသည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည်                                                  ရိုးဖြောင့်သော သဘောရှိသောကြောင့်တည်း။                                                   ………………. …………………….                                                  ပညာရှိသည် လမ်းထွက်သောအခါ […]


black chawJanuary 6, 20151min19117
စာကြမ်းပိုး ဆိုတဲ့ အဖွဲ့လေးကို ကျွန်တော် ဘလက်ချော နဲ့ ညီငယ် အလင်းဆက်တို့ ၂ ယောက် ဆွေးနွေးမှုက စတင်ခဲ့တာပါ။ မန္တလေးဂဇက် ဆိုတဲ့ ရွာထဲမှာ လိုအပ်မယ်ထင်တဲ့ ကွက်လပ်လေးတွေကို စာကြမ်းပိုးကလောင် နဲ့ ဖြည့်ဆည်းသွားကြမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ၂ ယောက်တည်း နဲ့ ခရီးမရောက်နိုင်ဘူးဆိုတာ တွက်မိလို့ နောက်လူတွေ ထပ် ဖြည့်ခဲ့ပါတယ်။ တတိယ စာကြမ်းပိုး အဖွဲ့ဝင်က ခင်ဇော် လို့ လူကြောက်များ…တဲ့ ခိုင်ဇာ ပဲ ဖြစ်ပါတယ်။ စတုတ္ထ စာကြမ်းပိုး အဖွဲ့ဝင် အဖြစ် ရောက်ရှိလာသူကတော့ ကိုပါကြီးခေါ် ကိုပါလေရာ ပါ။ ပဉ္စမ စာကြမ်းပိုး အဖွဲ့ဝင် ကတော့ ဂီဂီ ခေါ် ညီငယ် […]


၈-ပုဒ်မြောက် တောက်တယ်ကျင်း အမြင့်မြတ်ဆုံးသော ကောင်းမွန်မှုကား ရေနှင့်တူလှ၏ ။ အရာရာတိုင်း၏ကောင်းကျိုးကိုသာဆောင်လျှက် လူအပေါင်းတို့ မထီမဲ့မြင်ပြုသော နေရာများသို့ မညည်းမငြူ သွား၏ ။ သို့ရာတွင်…သူသာလျှင် ကျင့်စဉ်တော်နှင့် အနီးစပ်ဆုံး သဘာဝရှိချေမည် ။   အိမ်၏ကောင်းမွန်မှုသည် မြေ၌တည်သည် ။ စိတ်၏ကောင်းမွန်မှုသည် နက်ရှိုင်းတည်ငြိမ်မှု၌တည်သည် ။ အချစ်၏ကောင်းမွန်မှုသည် အကျွမ်းဝင်ခြင်း၌တည်သည် ။ စကား၏ကောင်းမွန်မှုသည် မှန်ကန်သောသစ္စာတရား၌တည်သည် ။ အစိုးရခြင်း၏ကောင်းမွန်မှုသည် တရားဥပဒေစိုးမိုးမှု၌တည်သည် ။ လုပ်ငန်း၏ကောင်းမွန်မှုသည် ကျွမ်းကျင်ခြင်းစွမ်းရည်၌တည်သည် ။ ပြုမူချက်တစ်ရပ်၏ကောင်းမွန်မှုသည် အချိန်အခါ ဆီလျှော်မှု၌တည်သည် ။ ထို့အတူပင် ကျင့်စဉ်တော်၏ ကောင်းမွန်မှုသည် ပန်းတိုင်ဖြစ်သော ငြိမ်းချမ်းခြင်း၌တည်သည် ။ ကျင့်စဉ်တော်လမ်းအတိုင်းလိုက်သူသည် မည်သည့်အခါမှ ပန်းတိုင်မှမသွေဖည်ချေ ။ ( ဆရာသက်လုံ ၏ စေ့ထားသောတံခါးများစာအုပ်မှ) […]


alinsettJanuary 1, 20156min1449
မင်္ဂလာပါ ။ အခုတစ်ပတ်တင်ပြပေးသွားမယ့် သတင်းတွေကတော့… မြေမြှုပ်မိုင်းကြောင့် သေဆုံးရသူ အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက တတိယနေရာမှာ ရှိနေတယ်ဆိုတဲ့ သတင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆက်တိုက်ဖြစ်ပွါးနေတဲ့ ပဋိပက္ခများနဲ့ နောက်ဆုံးရ သတင်းအချက်အလက်များ … မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မြန်မာ့တိုင်းရင်းသား အစားအစာတွေကို လေ့လာနေတဲ့  US သမ္မတအိမ်ဖြူတော်ရဲ့ စားတော်ကဲမှူးရဲ့ သတင်း ၊ အစိုးရဝန်ထမ်းများ လစာတိုးသင့် မတိုးသင့်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှာ စစ်တမ်းကောက်ယူနေတဲ့သတင်းနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွမှုနှုန်းဆိုင်ရာ သတင်းအချက်အလက်များ… မြန်မာနိုင်ငံ အလယ်ပိုင်းကနေဖြတ်ပြီး၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ချိတ်ဆက်မယ့် လမ်းတစ်လမ်း ဖောက်လုပ်မယ်ဆိုတဲ့ သတင်း ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ် အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ပွဲအတွက်အစီအစဉ်များနဲ့ လက်ပံတောင်းတောင်အရေး ပြောကြားချက်များ… ၊ […]


ခင်မင်လေးစားရပါသော မြန်မာ့ဂဇက်(မန်းဂဇက်)ရွာသူရွာသားအပေါင်းသူတော်ကောင်းတို့…. မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်း နှစ်သစ်အကြို နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာ ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အခါသမယ ကူးပြောင်းဖို့အချိန်လည်းအလွန်ကိုနီးကပ်လို့လာပါပြီ ဒီလိုပဲ ကျနော်တို့ရွာသူားတွေ ပျော်ရွှင်စွာဆုံတွေ့ပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကြီးကိုလည်း မကြာမီကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်……. မန်းဂဇက်မှာမန်ဘာဝင်ပြီး စာရေးကြ၊ ကွန်မန့်ပေးကြနဲ့ ခင်မင်ရင်းနှီးခဲ့ကြတာလည်းကာလကြာရှည်ခဲ့ပြီပေါ့ ဒီလိုရေးကြ မန့်ကြရင်းနဲ့ စိတ်ကူးတူတဲ့ ရွာသူားတစ်ချို့တိုင်ပင်ကြပြီး မန်းဂဇက်ချစ်သူများအကြိုက်စာပေဆု ပေးဖို့၊ တစ်လတစ်ကြိမ်အကြိုက်ဆုံးစာမူရွေးကြပြီး ၆လတစ်ကြိမ် တွေ့ဆုံပွဲနဲ့ဆုပေးပွဲလုပ်ကြဖို့သဘောတူကြပြီး ကိုယ့်ရံပုံငွေနဲ့ကိုယ်ဆောင်ရွက်လာခဲ့ကြတာ အားလုံးသိပြီးဖြစ်မှာပါဗျာ…အဲ့ဒီမှာ ဖတ်ရွေးအဖွဲ့ဥက္ကဋ္ဌအဖြစ် အလှည့်ကျရွေးချယ်ပြီးဆောင်ရွက်လာခဲ့တာ…ခုနောက်ဆုံးအလှည့်ကျတာဝန်ယူနေရတာကတော့ ကျုပ်ဆိုတဲ့…ကြီးမှ မိုက်နေတဲ့… ကြီးမိုက်ပါပဲ….ဒီလိုနဲ့လိမ်ဖယ် လိမ်ဖယ်နဲ့ လျှောက်လာခဲ့ကြတာ..ခုဆိုရင်ဖြင့်…. “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကို..လေးကြီမ်မြောက်ကျင်းပဖို့ ရက်တွေနီးလာပြန်ပါပကော။ ဘာပဲပြောပြော..ဒီဖတ်ရွေးအဖွဲ့ကြီးဟာ…. ဝေဖန်ခံရမှုပေါင်းများစွာ ချီကျူးထောပနာမှုပေါင်းများစွာ ပံ့ပိုးကူညီမှုပေါင်းများစွာ ပါဝင်အားဖြည့်ပေးမှုပေါင်းများစွာ အထင်လွဲ ရှုံ့ချမှုပေါင်းများစွာ စိန်ခေါ်အကဲစမ်းမှုပေါင်းများစွာ လေ့လာစောင့်ကြည့်မှုများစွာ – – […]


kaiDecember 23, 20141min1197
မြန်မာပြည်ကို တော်လှန်ရေးကောင်စီ စစ်အစိုးရ ပထမအုပ်ချုပ်ပြီး ၊ ဒုတိယသက်တမ်းရှည် အသက်ဆက်ဖို့လက်ရှိ ဝတ်ထားကြတဲ့ စစ်ဝတ်စုံယူနီဖောင်းတွေကို ချွတ်ရင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆိုတဲ့ နာမည်နဲ့ အရပ်ဝတ် ပြောင်းဝတ်ပြီး အုပ်ချုပ်ခဲ့တဲ့ကာလအထိ ၊ ဌာနဆိုင်ရာတချို့မှာ ဝန်ထမ်းမိသားစုတွေ နေထိုင်ဖို့ ပေးထားတဲ့ လိုင်းခန်း ပြဿနာတွေဟာ ရှိနေတုန်းပါပဲ။ ဝန်ထမ်းမိသားစုတိုင်းလည်း နေအိမ်လိုင်းခန်း မရကြပါဘူး ။ ဌာနဆိုင်ရာတိုင်းမှာ ရှိတဲ့ ဝန်ထမ်းနဲ့ လိုင်းခန်းအရေအတွက်က မမျှတလို့ပါပဲ။ ဝန်ထမ်းတွေ ရတဲ့ နေအိမ်လိုင်းခန်းတော်တော်များများကျပြန်တော့လည်း၊ မြန်မာပြည်ကို နှစ်ပေါင်းရှည်ကြာ အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ်အစိုးရလက်ထက်က ဆောက်ပေးသွားခဲ့တဲ့ လိုင်းခန်းတွေပဲ ဖြစ်ပါတယ်။ အမိုးတွေက အုတ်ကျွပ်မိုးတွေပါ။ အကာနဲ့ အခင်းရယ် တိုင်ရယ်ကတော့ သစ်သားပေါ့ ။ အရာရှိတွေနေတဲ့လိုင်းခန်း မဟုတ်ဘဲ ရိုးရိုးအောက်ခြေဝန်ထမ်းတွေနေဖို့ ဆောက်ထားတဲ့ လိုင်းခန်းတွေမှာ […]


kaiDecember 23, 20141min366711
ဇန်နဝါရီ ၂၅ရက်နေ့ (8-11 p.m. ET) မှာ Florida International University, Doral-Miami, Florida မှာလုပ်မယ့် ၆၃ကြိမ်မြောက် Miss Universe 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့်Miss Universe 2014 သရဖူရှင် သျှားထွဋ်အိန္ဒြာဟာ ယူအက်စ်ကို ဒီဇင်ဘာ ၃ဝမှာသူမရဲ့မိခင်ဖြစ်သူနဲ့အတူရောက်ရှိပါမယ်။ ဇန်နဝါရီ ၄ရက်နေ့ကစလို့ ပြိုင်ပွဲပြီးတဲ့အထိ ပြင်ပကသူများနဲ့ဆက်သွယ်ပြောဆိုခွင့်မရပဲရှိနေမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ National Costume ယှဉ်ပြိုင်မှု ဝတ်စုံတွင် ဗိဿနိုး ပန်ထွာဘုရင်မ ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်တယ်လို့ သိရပါတယ်။ Donal Trump ရဲ့ Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်ကမှ  နှစ်ပေါင်း ၅၃ နှစ်ကျော်ကြာပြီးနောက်ပထမဦးဆုံးအနေဖြင့် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး Miss […]


alinsettDecember 22, 20143min47333
  မင်္ဂလာပါ… ချစ်သော ရွာသူား မိတ်ဆွေများခင်ဗျားးးး     ဂဇက်တံဆိပ်ရိုက်ထားတဲ့ အမှတ်တရ တီရှပ်လေးတွေ ရပါပြီခင်ဗျ။ တစ်ထည်ကို (အထည်ဖိုး တံဆိပ်ရိုက်ခ စုစုပေါင်း)2000 ကျပ်လောက် ကျတာမို့ တစ်ထည် 2500 ကျပ်နဲ့ ရောင်းပါ့မယ်။ ပိုရောင်းထားတဲ့ အစွန်းထွက်ငွေကို ရွာ့အလှူထဲ ထည့် လှူမှာဖြစ်ပါတယ်။ တီရှပ် ယူဖို့စာရင်းပေးထားကြတာ စုစုပေါင်း ၆၃ ထည် ရှိပါတယ်။ အထည် ၇ဝ ထုတ်ထားပါတယ်။ ရ ထည် ပိုပါတယ်။   အခုမှ ဝယ်မယ့်မိတ်ဆွေများ အဲ့ဒီ ရ ထည်ထဲက ဝယ်ကြပါဦးနော်။ နောက်ပြီး ယူမယ်လို့ စာရင်းပေးထားသူများထဲက မန်းလေးက အန်ကယ်ကြီး ၊ ဘုံဘုံ မမပုချ် နဲ့ သဂျား […]


kaiDecember 12, 20141min31932
မျိုးစောင့် ဥပဒေများဟုဆိုသော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း။မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တလင်တမယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်းများကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာ လွှတ်တော်သို့ တင်သွင်းခဲ့ပြီဖြစ်သည်။ အဆိုပါဥပဒေတို့ အတည်ဖြစ်ပါက မြန်မာ့လူမှုရေးဘဝတခုလုံးအပြင် တိုင်းရေးပြည်ရေးခြေအနေတို့များစွာပြောင်းသွားမည်ဖြစ်ပါသည်။ မျိုးစောင့်ဥပဒေများသည် လူနည်းစုကိုးကွယ်ရာဘာသာတရားများနှင့် မတူကွဲပြားတိုင်းရင်းသားများကို လွှမ်းခြုံ၍ ဗမာဓလေ့ပြုပစ်ခြင်းဆန်လွန်းနေသည်ထင်ပါသည်။ တလင်မယားအများ မြန်မာ့ရှေးကာလက တဦးအလုပ်လုပ်လျှင် တအိမ်ထောင်လုံးစားဝတ်နေရေးလောက်ငှသည့် ဝင်ငွေရှိ၍ အင်အားရှိသူ ယောက်ျားမှသာလုံခြုံစိတ်ချမှုပေးနိုင်ပေရာ အိမ်ထောင်ဦးစီးလင်ယောကျာ်းသည် တင်ကျွေးထားနိုင်လျှင် ဇနီးတယောက်ထက်ပို၍လက်ထပ်ယူနိုင်သည့် ဓလေ့ဖြစ်ခဲ့သည်။ သက်ဦးဆံပိုင်ဘုရင်စနစ်တွင် ဘုရင်သည် မိဘုရားနှင့်ကိုယ်လုပ်တော်တို့ကို တင်ကျွေးစောင့်ရှောက်ထားရသူဖြစ်လေသည်။ စားဝတ်နေရေးနှင့် ဘဝလုံခြုံမှုကိုပါတာဝန်ယူထားနိုင်သောဘုရင်ထံသို့ မိမိသမီးအချောလှကိုဆက်သပေးအပ်မည့်သူများလည်း တန်းစီစောင့်နေပေလိမ့်မည်။ ဤသို့အားဖြင့် “ယောက်ျားေကောင်း မောင်းမတထောင်”ဆိုကာ […]


alinsettDecember 11, 20142min32735
  အဟိ။ ဂွိဂွိ ။     မောင်သူရတို့ရပ်ကွက်ထဲက ဒေါ်ဖွားမေတို့ ပြောပြောနေတာ ကြားဖူးတယ်ဗျ။ စကားပုံတစ်ခုပါ။ .ပြောတော့ဖြင့် မိုးလားလေလား ရလဒ် ထွက်လာတော့လည်း ဘာမှ မဟုတ်ပါဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပြောတာ. . . စကားက နည်းနည်းတော့ ကြမ်းတယ်ဗျ။ ဘာတဲ့ !!!!   ”အော်တော့ဖြင့် (၇) အိမ် ကြား (၈) အိမ် ကြား. . . မွေးလာတော့ (၁)ပေါင်တောင် မပြည့်ဘူး” တဲ့။   အဲ့စကားပုံနဲ့တော့ မတင်စားလောက်ပါဘူးနော့။ စကားကြို ခံထားတာ။ :k: ။ ။ ။ ။ ။ ။   ဒီလိုပါ။ လာမယ့် […]


alinsettDecember 10, 20142min30526
တကယ် အသုံးကျသော စာကြည့်တိုက်များကို လိုအပ်ခြင်း   ~~~~~~~~~~~     ရန်ကုန်မြို့မှာနေသည့် လူငယ်တော်တော်များများသည် အလွန်တရာ အားလပ်နေကြခြင်းတော့  မဟုတ်ချေ။   အများစုသော လူငယ်တို့သည် ကုမ္ပဏီများ၊ ရုံးများ ၊ စက်ရုံ လုပ်ငန်းခွင်များထဲမှာ မနက်ကနေ ညနေအထိ အချိန်ပေးထားရသည်။   စားဝတ်နေရေး စရိတ်မြင့်မားသော မြို့ပြမှာနေလျှင် မိဘစဉ်ဆက်က ချမ်းသာလျှင်သာ သွားချင်ရာသွား စားချင်ရာစားဖြင့် အေးအေးလူလူနေနိုင်ပေလိမ့်မည်။   နယ်မှ ပြောင်းရွှေ ့ လာသူများနှင့် အောက်ခြေလူတန်းစားအလွှာမှ လူငယ်များသည် ဘဝ ဝမ်းရေးအတွက် ရုန်းကန်နေကြရသည်။   တချို့က  လစာရလျှင် ဘီယာသောက်ခြင်း၊ မိန်းမကိစ္စ လှိုက်စားခြင်း၊ လောင်းကစားခြင်းတို့နှင့် ဘဝအမောကို ပြေလိမ့်နိုးနိုး ဖြေရှင်းသည်။ အဲသည် စက်ဝိုင်းထဲ […]