kaiSeptember 10, 20141min46631
၂၀၁၄မတ်-ဧပြီတွင်ကောက်ယူသောသန်းခေါင်စာရင်းအရ မြန်မာ့အိမ်ထောင်စုပေါင်း၁၁သန်းခန့်တွင် လူဦးရေမှာ ၅၁.၄သန်းရှိသည်ဟုဆိုသည်။ ယခုထုတ်ပြန်မှုသည် ၁၉၈၃တွင်နောက်ဆုံးထားကောက်ယူခဲ့သော သန်းခေါင်စာရင်း(၃၅.၄သန်း)အား ကလေးမွေးဖွားနှုန်း ၃.၄ဖြင့်တွက်လျှင်ဖြစ်လာရမည့် သန်း၆ဝကျော်ထက် ၉သန်းမျှလျှော့နည်းနေပါလေသည်။ ဘယ်ဆီရောက်၍ပျောက်သနည်း။ ကိန်းဂဏန်းများသည် မလိမ်ညာ။ အတိတ်ကိုဖတ်နိုင်ရန် လှစ်ပြလိုက်ခြင်းသာဖြစ်၏။ အဆုံးသတ်ရလဒ်အားအခြေတည်ကာ ပြောင်းပြန်အင်ဂျင်နီယာနည်းပညာဖြင့် ပြန်ပြောင်းတွေးတွက်ကြည့်ကြပါစို့။ ပြောင်းခိုသူများ လွတ်လပ်ရေးရသည့် ၁၉၄၈မှစ,ဖြစ်သော ပြည်တွင်းစစ်များ။ နိုင်ငံတော်ဘာသာပြုသည်မှထ,ဖြစ်သော ပြည်တွင်းပဋိပက္ခများ၊ နယ်မြေလုခြင်းကြောင့်တည်သော မတရားသည့်စစ်ပွဲများသည် လူပေါင်းမည်မျှကိုသုတ်သင်ပစ်ခဲ့ပါသနည်း။ လူ၉သန်းမျှကို အမိမြေမှဖယ်ရှားပစ်လိုက်သည်နှင့်အလားတူနေလေသည်။ စစ်တမ်းများအရ ထိုင်းမြန်မာနယ်စပ်တလျှောက်မှ မြန်မာတိုင်းရင်းသား ၄၁၅၀၀ဝတို့ကမ္ဘာ့နိုင်ငံများသို့ ပြောင်းခိုခဲ့ကြသည်။ အမေရိကပြည်ထောင်စုသို့ပြောင်းခိုသူ(Refugees)များအဖြစ်အခြေချသူသည်ပင် ၁၃၂၂၃၁ဦးရှိသည်ဟု(Burmese American Community Institute – BACI) မှစာရင်းကောက်ယူထားပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမား၂သန်းမှ၄သန်းအထိ( The International Organization for Migration (IOM) ခန့်မှန်းတွက်ချက်)နှင့် အစ္စလမ်မစ်နိုင်ငံဖြစ်သော မလေးရှားတွင် ၅သိန်းကျော်၊ […]


ကျနော်တို့ ရွာထဲမှာဗျာ………. ဩဂုတ် လ အတွက်တော့ တခြား ထွေထူး မပြောတော့ပါဘူးဗျ နော့။ ပို့(စ) ညွှန်းလေးတွေသာ ကြည့်ပါတော့။ . . . . https://myanmargazette.net/202190 ခေတ်သစ်ဈေးလည်ခြင်း – ကိုပေါက်(မန္တလေး) ဟိုး အရင် ရပ်ကွက်အိမ်ဆိုင်မှ စ ခု နောက်ဆုံးဝယ်နေကျနေရာများဖြစ်တဲ့ မီနီမတ် တွေ အကြောင်းပါ။ ကိုပေါက် ရဲ့ ရေးဟန် အတိုင်း အတော် နှံ့နှံ့စပ်စပ် ပြည့်ပြည့်စုံစုံရေးထားပါတယ်။ ခေတ် အလိုက်ပြောင်းလဲလာတဲ့ ဈေးသည် ဈေးဝယ် ဟန်တို့ရဲ့ နောက်ကို နည်းပညာ၊ အသိစိတ်ဓာတ်၊ ဝန်ဆောင်မှုတို့ က အမှီလိုက်ရဲ့လား ဆိုတာ အတွေးပွါးစရာ ပို့(စ) တစ်ပုဒ်ဖြစ်ပါတယ်။ ဖတ်ကြည့်ပါဦး ခင်ဗျာ။ . . […]


kaiSeptember 8, 20141min33139
ကျမနာမည် Cha Cha (ခ) ဆုပြည့်မှူးအိမ်ဖြစ်ပါတယ်။ အသက်၂၄နှစ်ပါ။ အနုပညာလုပ်ငန်းကို ၂၀၀၉ခုနှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ Model အနေနဲ့ စတင်လှုပ်ရှားရင်း Show ပွဲပေါင်း ၇ဝကျော် လျှောက်ခဲ့ပါတယ်။ Myanmar Beer Singing Contest မှာ သီချင်းသီဆိုယှဉ်ပြိုင်ရင်း ပြိုင်ပွဲဝင်အယောက်၉၀ဝကျော်မှာ Top Ten Finalist ရခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစပြီး အဆိုတော်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ၂၀၁ဝမှာ Tiger Girls Band ဖွဲ့ဖို့အတွက် ပြိုင်ပွဲဝင်တွေခေါ်ခဲ့ပါတယ်။ မိန်းကလေးပြိုင်ပွဲဝင်အယောက်၂၀ဝကျော်ထဲကမှ Cha Cha က ” Missy Tiger” အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီ့နှစ်မှာပဲ ” Year of the Tiger Girls” အခွေထွက်လာခဲ့ပါတယ်။ Tiger Girls အဖွဲ့ဝင်အဖြစ်တနှစ်လှုပ်ရှားပြီးတဲ့အခါမှာ  […]


alinsettSeptember 7, 20147min25825
မင်္ဂလာပါ ။ အခုတစ်ပါတ်အတွက် အလင်းခြုံတဲ့ သတင်း Zone ကဏ္ဍကနေ တင်ပြပေးမယ့် သတင်းတွေကတော့… *မေမြတ်နိုးရဲ့ သတင်းစာရှင်းလင်းပွဲသတင်း * ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် ၂၄၁၅ ဦးကို ပြန်လည်စိစစ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရဘက်က လက်ခံလိုက်ပြီး၊ ဆက်လက်ဖြစ်ပေါ်ခဲ့တဲ့ နောက်ဆက်တွဲသတင်း၊ *မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို US အခြေစိုက်ကုမ္ပဏီ I.I (W.S) က တရားစွဲဆိုမယ့် သတင်း၊ *၂၀၁၄ခုနှစ် မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်လိုက်တဲ့သတင်း၊ *မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်း ၁၀ဝ ဦး ကို  တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့တွေမှာ ပြန်တမ်းဝင်အရာရှိများအဖြစ်ခန့်အပ်လိုက်တဲ့သတင်း၊ *ပျူမြို့ဟောင်းများရဲ့ မြေယာရှုခင်း (Landscape) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး   ထိုင်းနိုင်ငံ […]


ကုိ ထြဋ္September 4, 20141min35922
1.  He Who Has Never Loved Has Never Lived… – မည်သည့်အခါကမှ မချစ်ခဲ့ဘူး သူသည် အသက်ရှင်နေထိုင်သူတစ်ယောက်မဟုတ်… ( တသက်မှာ တခါတော့ ချစ်ခဲ့ဖူးမှာပါ… )   2.  It Is Not The Most Beautiful Women That Inspire The Greatest Passion… – အမျက်ဒေါသကြီးသည့် မိန်းကလေးသည် မိန်းမချော မိန်းမလှ မဖြစ်ပါ…   3.  A Good Wife Is A Good Prize… – ဇနီးကောင်းတယောက်သည် ကောင်းသောဆုတခုဖြစ်သည်…   4.  Hearts Are […]


ကုိ ထြဋ္September 2, 20141min28317
. မရေးဖြစ်တော့လဲ မရေးဖြစ်လို့… ရေးတော့လဲ  အပြစ်ဖို့တယ်ပဲဖြစ်တော့မယ်… . မနေ့က ကိုဌက်ကြီးရဲ့ လွမ်းချင်းအားဖြင့်  ခိုးကူးပါ… Official ခွေတော့ မဟုတ်ဘူး… ကြည့်လိုက်ရတယ်… . ကျွန်တော် အွန်လိုင်းမှာ ဒီအစီအစဉ်မလုပ်ခင်ကတည်းက ငြင်းကြခုန်ကြ ဆော်ကြအော်ကြ အသံတွေ ကြားတယ်… သိပ်တောင် သတိမထားမိပါဘူး… . ကြိုက်တော့ကြိုက်တယ်… ကိုလေးဖြူတို့လောက် မစွဲဘူးပေါ့… အဲလို ထင်ထားခဲ့တာ… သီချင်းတွေလဲ ငါ သိပ်မရပါဘူးလေဆိုပြီး… အမှုမဲ့ အမှတ်မဲ့ပါပဲ… . တကယ်တမ်း နားထောင်ဖြစ်ကြည့်ဖြစ်တော့ အကုန်နီးပါး ကျွန်တော်ရနေတာကို ထူးဆန်းစွာသိခဲ့ရတယ်… . တဆက်တည်း ဘာလို့ မစွဲလဲ ဆိုတော့ မဆိုဖြစ်လို့… ဘာလို့ မဆိုဖြစ်လဲ ဆိုတော့   အဲဒီပွဲမှာ ဆုန်သင်းပါ ပြောသလို မဆိုရက်ခဲ့တာလဲ ပါတယ်ဆိုတာ […]


ေရႊညာသားAugust 26, 20141min878222
အကို့အနေနဲ့ ဒီ Post  က အရေးပေါ်ရေးလိုက်တဲ့စာပါညီရေ…… အချိန်မရတာထက် .. ရှင်းရမှာကြောင့် .. နောက် Post တွေကို မမျှော် သေးဖို့ အောက်က ရေးလက်စ Comments တွေကိုပဲ Copy ချပေးလိုက်ပါတယ်….. ဖတ်ကြည့်တော့ကွာ…. အလင်းဆက် အပါအဝင်   …. အားလုံးပဲ နှုတ်ဆက်လိုက်ပါတယ်… ခက်တာက ကျွန်တော်ပြောတဲ့အထဲမှာ .. ကျွန်တော့်အမြင်အမှန်လို့ မပြောခဲ့ဘူးနော်… ကျွန်တော့်ခံစားချက်ကို ပဲ ပြောခဲ့တာ… လေးလေးစားစား နဲ့ ကျွန်တော်မှားချင်လည်း မှားမယ်လို့ပြောခဲ့တယ်နော်….. တစ်ခုပဲကျွန်တော်ပြောမယ်… မှားကောင်းမှားနိုင်ပါတယ်လို့ ပြောခဲ့ပေမယ့် … အတင်းကြီး ဒါမှမှန်တယ်ဆိုပြီးရန်လုပ်သံတွေပါလာသလိုပဲ… ကျွန်တော်သက်သေပြတာပါ.. အားလုံးရင့်ကျက်ဖို့လိုပါတယ်.. ကျွန်တော်အပါအဝင်ပေါ့… နောက်ဆုံး… အလင်းဆက်လေးကိုပြောရေးရေးနေတဲ့ Post မှာတောင် ညှီတယ်တွေ ခါးအောက်ပိုင်းစာတွေစသဖြင့်ရော… နေရာမရတာတွေရော..စုံလာတယ်.. (၁) […]


black chawAugust 25, 201413min49565
လိုရင်းကိုသာ တန်းပြောပါရစေတော့ ခင်ဗျာ။ ကိုသစ်မင်း နဲ့ ကျွန်တော် တို့ ရွာသားအချို့ တွေ  ့ဖြစ်ကြပါတယ်။ အဲဒီကနေပြီး စကားဝိုင်းလေးတစ်ခု ကို အခုလိုပဲ ဖန်တီးဖြစ်ကြပါတယ်။ ပြောကြဆိုကြတာတွေကို မှတ်တမ်းတင်သူက ကျွန်တော် ဘလက်ချောပါ။ လက်ဖက်ရည်ဆိုင်မှာ ပြောတဲ့ စကားဝိုင်းလေးမို့ တချို့ အမှားအယွင်း အကျအပေါက် လွဲချော်တာတွေရှိခဲ့ရင် ကျွန်တော့် အားနည်းချက်လို့သာ မှတ်ယူပေးကြပါ။ ဒီစကားဝိုင်း ဖြစ်မြောက်ရေးအတွက် ကျွန်တော်နဲ့ အတူ ကြိုးပမ်းခဲ့ကြသော ကိုသစ်မင်း၊ ကိုပါလေရာ၊ ကိုဆာမိ၊ ကိုဆွေ၊ ကိုဂီ၊ ကိုအမတ်ကြီး၊ မပဒုမ္မာ တို့အားလည်းကောင်း၊ အထူးသဖြင့် သတ်ပုံ ဝိုင်းပြင်ပေးခဲ့သော အစ်မပဒုမ္မာအားလည်းကောင်း၊ ဝင်ရောက်ဆွေးနွေးပြောဆိုပေးခဲ့ကြသော ကိုသစ်မင်း၊ ကိုလင်းဝေ၊ ကိုဇော်သန့်၊ ကိုနို၊ ကိုပါ၊ ကိုဆာ၊ ကိုမတ်၊ မပဒုမ္မာ၊ […]


ေရႊညာသားAugust 22, 20145min104757
ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃)       ညီလေးရေ ပြီးခဲ့တဲ့ အပိုင်းတွေမှာ မြန်မာစာရဲ့ ချစ်စရာကောင်းပုံလေးတွေကို အကိုက ညီ့ကို သေသေချာချာရှင်းပြပေးပြီးတော့မှ ရေးပြခဲ့ပြီးပြီ။တစ်ချို့ တွေက အကို့ကို ပြောကြသကွ ညီရေ။ ညီလေးလို့ ခေါင်းစဉ်တပ်ထားတာကို ခဏခဏပြောကြပါတယ်။လွယ်လွယ်တပ်လိုက်တာ မဟုတ်ပါဘူးလို့။ ပြောကြမယ်ဆိုရင် ကဗျာတွေ စာတွေကိုချစ်တတ်ဖို့ဆိုတာကလည်း ညီလေးရေ အသွေးအသားထဲကို စိမ့်ဝင်နေတဲ့ ချစ်စိတ် မျိုး ရှိမှပဲ ကဗျာတွေ စာတွေကို ချစ်တတ်တာလို့ပဲ ပြောရမှာပဲညီလေးရေ။ ရွာထဲမှာ ကဗျာချစ်တယ်လို့ ကြွေးကြော်ထားကြတာ ညီလေးရယ် ကိုကမ်း ကိုခ ကိုဘလက် တို့က နာမည်ကျော်တွေမို့ပါ။ ဆြာပေါက်က ဒါ့ပုံချစ် ကဗျာချစ် အတွေးပါးပါးလေးတွေ ချစ်တတ်သူလို့ အကိုက ခံစားသကွ။ မိကေဇီ […]


ဇီဇီAugust 19, 201412min95374
အပိုင်း (၁) မှ (၄) အထိ https://myanmargazette.net/tag/%e1%80%87%e1%80%ae%e1%80%87%e1%80%ae-%e1%80%86%e1%80%ac%e1%80%86%e1%80%ac   ဒီ အပိုင်းထိ ပါဝင်ပြီးသူများထဲမှ ကိုယ့် ပို့(စ) ကို အက်ဒစ် လုပ်လို့ မရသေးတဲ့ သူရှိရင်လာပြောပေးကြပါ။       ၆၆) ဟိ။ ပထမဆုံး ကျနော့ အချစ် ယောက်ခမွ သဲ အကြောင်း စ ပြောမယ်။ စတွေ့တုန်းကတော့ ဒီလောက် ချစ်ဖို့ကောင်းမှန်းမသိဘူးဗျ။ လှတယ် ဆိုတာပဲ သတိထားမိတယ်။ နောက်တော့ ရှင်ဒေါင်ဟန့်/ ဂျူး / အမေစု ချစ်သူ အချင်းချင်း မို့ ချစ်သွားပြီးး  ကျနော့ ပင်တိုင် စားဖိုမှူးလည်းဖြစ်လာရော အချစ်ဆုံး ဖြစ်သွားတော့တာပါပဲ။ ခိခိ။ စ စကားပြောဖူးကတည်းက ကျနော့ အကြောင်းတွေ […]


ဇီဇီAugust 18, 201417min77599
ကော်ဖီ သမား မယ်ပု (Pooch) အတွက် ရေးပါတယ်။ :s:   လက်ဖက်ရည်ဆိုင် ပို့(စ) မှာတော့ လက်ဖက်ရည်ကို ဦးစားပေးရေးခဲ့သလို “မှန်ခန်း ကော်ဖီဆိုင် ထက် လက်ဖက်ရည်ဆိုင်လောက် မကြိုက်ဘူး” လဲ ပြောခဲ့ရဲ့။ ဟိ။  :mrgreenn: အမှန်ကတော့ သောက်ဟေ့ဆိုရင် ကော်ဖီရော လက်ဖက်ရည်ရော အလွတ်မပေးပါဘူးးး။ စိန်ခေါ်ရင် ရင် အိမ်ပေါ်ထိလိုက်ပါတယ်။ ကော်ဖီသောက်မို့ပါ။  :mrgreenn:   မှန်ခန်းဆိုင်ဖျော် ကော်ဖီ အကြောင်း မပြောခင် အရင် အိမ်ဖျော် ကော်ဖီ လွမ်းချင်းလေး နားထောင်လိုက်….. အဲလေ ဖတ်လိုက်နော်။ (ပိတ်သတ်ကြီး ခမျာ ဝဋ်ကြီးရှာတယ်။ ခိခိ) :mrgreenn:   ကျနော် ငယ်တုန်းက ကော်ဖီရာဇဝင်ရှိသဗျ။  :mrgreenn: ကျနော့ […]