alinsettApril 11, 20147min33627
  အဟမ်းးး   ပြောရမယ့်အကြောင်းအရာက ထူးထူးခြားခြားဆိုတော့ လည်ချောင်းအရင်ရှင်းရပါတယ်။   ခပ်တည်တည်ရေးပါ့မယ်။ ဒညင်းဝက်ဆိုတဲ့ ကျနော်. . . စာတော်တော်များများရေးဖူး ပါတယ်။  စာမျိုးစုံပေါ့ဗျာ။ ဝတ္ထုတို /ဝတ္ထုရှည် / ကဗျာ/ ဆောင်းပါး / ရသစာတမ်း/ ခရီးသွားဆောင်းပါး / သရော်စာ / ဟာသရသ / စာပေဆောင်းပါး / ဝေဖန်ရေးဆောင်းပါး စသည်ဖြင့် ပေါ့ဗျာ ။   အဲဒါတွေ ရေးခဲ့တာ. . ရေးခဲ့သမျှထဲမှာ . . . “စာပေဆုကြေညာတဲ့စာ”ဆိုတာ မပါခဲ့ပါဘူး။   အဲဒီလိုမျိုး…………. ထွေထွေလီလီတွေ ရေးခဲ့သမျှထဲမှာ . . . ဆုရသွားတဲ့ သူနဲ့ ဆုရစာမူကို ကြေငြာပေးရတဲ့ […]


kaiApril 10, 20141min57220
နာဂရီအက္ခရာ (သက္ကတဘာသာ)၊ ကဒံဗအက္ခရာ (ပါဠိဘာသာ)၊ ပျူအက္ခရာ (ပျူဘာသာ)၊ မွန်အက္ခရာ (မွန်ဘာသာ)စတဲ့ ဘာသာလေးမျိုးနဲ့ ရေးသားထားတဲ့ ပေတောကျောင်းတိုက်အတွင်းမှာ တွေ့ရှိရတဲ့ ကျောက်စာနဲ့ ပတ်သက်တဲ့ ဖိုရမ်ကို (၂၀၁၄)ခုနှစ် ဧပြီ(၇)ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖိုရမ်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းဆွေက တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ဖိုရမ်ကို တက်ရောက်လာတဲ့ ပညာရှင်များက ကျောက်စာပါ အက္ခရာတွေကို ဖလှယ်ကာ ဘာသာပြန်ဆိုမှုတွေကို အခြားကျောက်စာတွေနဲ့ နှိုင်းယှဉ်ရှင်းလင်းခြင်း၊ ပျူကျောက်စာမျက်နှာကို ဖတ်ရှုလေ့လာ ဘာသာပြန်ဆိုခြင်း၊ ပေတောကျောင်း ကျောက်စာရဲ့ တောင်ဘက်မျက်နှာ အက္ခရာပုံ လေ့လာချက်တွေကို ရှင်းလင်းခြင်း စတာတွေကို ပညာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနဲ့ ဖိုရမ်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ […]


    “အ လှူ တော် ဂု ဏ် ပြု မှတ် တမ်း တင် ခြင်း “   6-4-201 နေ့ မှာ ရွှေပြည်သာ မှ “ဓမ္မရံသီ သီလရှင် ကျောင်း” ကို အများဝိုင်းဝန်း လှူ ဒါန်းကြသော ငွေ ကျပ် သိန်း ငါး ဆယ် တိ တိ ကို အောင်မြင်စွာ လှူဒါန်း နိုင် ခဲ့ ပါ ပြီ။ ဒီ အလှူ လေး ဖြစ် မြောက် အောင် ဝိုင်း ဝန်း လှူဒါန်း ကြ သူ အ ပေါင်း နှင် ့ အလှူ […]


black chawApril 1, 20142min45662
ရေးချင်တာလေးတွေ လျှောက်ရေးထားတာပါ…။ ဖတ်ချင်တာလေးတွေ ရွေးဖတ်ကြပေါ့…။ ဝင်ဖတ်သွားတာနဲ့ကို ကျေးဇူးက အထူးအထူး တင်ပြီးသားပါ ခင်ဗျာ…။ ကွန်းမန့်လေး ရေးပေးသွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့…။ ထုံးစံအတိုင်း ဒီပို့စ် ရဲ့ မာတိကာကိုအရင်ဖတ်ကြပါ…။ စိတ်ဝင်စားမယ်ထင်ရတာလေးတွေ ရွေးဖတ်ကြပေါ့ဗျာ…။ – ကိုစောဝေကို အားနာတယ် – စောဘွဲ့မှူးလို သူရဲကောင်းတွေ – ကိုင်ဇာ+ခိုင်ထူး Two Men Show – နော်လီဇာ ပြန်လာပြီ – Sexy ဖြစ်သော ဘလက်ချောတင်ပါးကြီးများ – နာမည်သုံးလုံးနဲ့ သောက်သောက်စားစား မင်းသားလေး – မိုးမိုး ခြံထဲမှာ နှင်းဆီပန်းတွေ မပွင့်တော့ဘူး…ကိုကို…။ ကိုစောဝေကို အားနာတယ် ပြောရင် ယုံကြမယ်မဟုတ်ဘူး…။ ပြီးခဲ့တဲ့ မန်းဂဇက် ချစ်သူများစာပေဆုပေးပွဲမှာ ဆုယူရမယ့် ဆရာမတစ်ယောက်က ဆရာမ […]


ဒါက ဒီလိုရှိပါတယ် ခင်ည ……။ ဒီ မတ်လကုန်ပေါ့ ဧပြီလဆန်း (၁)မှ (၅)ရက်ကြား တနေ့နေ့ပေါ့ဗျာ။ မန်းဂဇက်က ရွာသူ/သားတွေ စုပေါင်းပီး ဟင်းချက်ပွဲ လုပ်မလားလို့ စဉ်းစားမိပါတယ်။ ဆိုတော့ကာ …….. ဟောင်ကောင်က ဇနီးမောင်နှံ(ကျော့်ကို ဖေ့ဘွတ်မှာ အစားနဲ့ ဒုက္ခပေးတဲ့ ၂ယောက်) လည်းပြန်ရောက်မှာမို့ လူစုံမယ် ထင်သဗျာ။ နောက်ပီးတော့ ………. အန်တီမမ ဦးမိုက်(မဒမ်မိုက်) အစ်မသဲနူအေး ကိုဆွေ အစ်မအိ မဝေ ကိုကမ်းဝေး မမဆွိ(အဝေးရောက်) ကျနော် တက်တူးဆြာမင်းသုဝေ(သူ့ယောက်ဖက စားဖိုမှူး) တို့လည်း အားမယ်ထင်တော့ အားဖြည့်စေချင်တယ်။ Location and Plan နေရာကိုတော့ ကျနော့် မှော်ဘီခြံ/ သူငယ်ချင်းရဲ့ ရမိုင်ခြံ/ ဒါမှ မဟုတ် တနေရာရာပေါ့ဗျာ။ ချက်ဖို့ပြုတ်ဖို့ […]


ကျော်ဘသစ်March 13, 20142min17111
Myanmar’s Great Contribution in Finding Missing MH370 …………………………………………………………………….. The completely bold predictive statements were made by Myanmar’s two awesome astrologers regarding the missing Malaysian Air-liner, MH 370, which vanished mysteriously last Friday. San Zarni Bo, the most famous astrologer of Myanmar, confirmed that the plane has been no doubt kidnapped by the terrorists, and that […]


kaiMarch 12, 20141min25210
ဖေ့ဘုတ်မှ စာများကို ကူးယူပါသည်။ သမိုင်းမှတ်တမ်းကျန်ရစ်အောင်ပါ..။ မတ်လ မော်ကွန်း ၁၉၈၈ ခု မတ်လ (၁၃)ရက်နေ့တွင် အာဏာရှင်တို့၏ ရက်စက်စွာ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသား ဖုန်းမော် ကျဆုံးခဲ့သည်။ ပဉ္စမနှစ် ကျောင်းသား စိုးနိုင်သည် ဒဏ်ရာဒဏ်ချက်များ ကြောင့် ဧပြီလ (၅)ရက်နေ့တွင် ကျဆုံးခဲ့ပြန်သည်။ သတင်းကြေညာချက်များ၌ ဖုန်းမော်သည် ခိုက်ရန်ဖြစ်ပွားမှုမှ ရရှိသော ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုစဉ်က အာဏာရှင် အစိုးရသည် သတင်းအမှောင်ချ၍ သတင်းမှားကို ဖြန့် ဝေခြင်း ၊ သမိုင်းအချက်အလက်များအား တိမ်းစောင်းစေခြင်း စသည် တို့ကို ပြုလုပ်လေ့ရှိသည်။ တကယ်တမ်းပြောရမည်ဆိုလျှင်၊ စက်မှုတက္ကသိုလ်မှ အာဇာနည်ကျောင်းသား ဖုန်းမော် နှင့် စိုးနိုင် တို့ စစ်အာဏာရှင် အစိုးရ၏ […]


kaiMarch 11, 20141min23216
သားသတ်လွတ်၊ သက်သတ်လွတ်၊သတ်သတ်လွတ်။ သားသက်လွတ် မည်သို့ဆိုကြစေ၊ အသက်ရှိသည့်သတ္တဝါ၏အသားမှလွတ်ကင်းရမည်ဟုဆိုလိုရင်းဖြစ်ပါသည်။ သတ္တဝါ၏အသားမစားရန်ဖြစ်၏။ အချို့မှာ ဥ၊နို့ထွက်ပစ္စည်းများကိုစားသုံးနိုင်ပါသည်။ အချို့မှာ ကြက်ဥမစားရ၊ အချို့မှာမူ နို့ထွက်ပစ္စည်းများမျှမသုံးဆောင်ရပေ။ အချို့မှာ တိရိစ္ဆာန်ထွက်ပစ္စည်းများကိုထိစပ်သုံးစွဲခြင်းမပြုရပေ။ ထိုမှသည် ပညတ်မီးလွတ်၊ ဝစီပိတ်တို့ကျင့်ကုန်သည်အထိသည်လည်းရှိ၏။ ဘယ်ကစ မြန်မာတို့၏ယဉ်ကျေးမှုဓလေ့သည် အိနိ္ဒယမှဗုဒ္ဓဘာသာကိုအခြေခံသော ယဉ်ကျေးမှုဖြစ်ရကား ဗုဒ္ဓတရားတော်လာစာများ အသိအတွေ့များမှကောက်သည်ဆိုနိုင်ပါသည်။ ဗုဒ္ဓမပွင့်ခင်ကတည်းက ဟိန္ဒူသာသာနာရှိပြီးဖြစ်ကာ ဗြဟ္မဏအယူရှိသူအချို့မှာ အသားမစား၊ မီးလွတ်သမားများရှိသည်ဟုဖတ်ဖူးသည်။ ဗုဒ္ဓနှင့်ခေတ်ပြိုင်လောက်တွင် ဂျိန်းသာသနာလည်းရှိပြီးဖြစ်၍ ဂျိန်းဘာသာဝင်တို့သည် ဥမစား နို့နှင့်ထွက်ကုန်မစား ကြက်သွန်ဖြူနီကိုမျှပင်မစားသော ဟင်းသီးရွက်စားသမားများလည်းဖြစ်ကြကုန်၏။ မြန်မာတို့၏သက်သတ်လွတ်မှာမူ နို့၊ဥအပါအဝင်တိရိစ္ဆာန်ထွက်ပစ္စည်းမစားပေ၊ သို့သော် တိရိစ္ဆာန်ထွက်သုံးကုန်များကိုမူထိတွေ့အသုံးပြုကြနိုင်လေသည်။ နတ်ကိုးကွယ်မှုကိုယူ၍ ဝက်သားသာလျှင်မစားသည့်သူများရှိသလို ဟိန္ဒူအယူကိုယူပြီး အမဲသားသာလျှင်ရှောင်သည့်ပုဂ္ဂိုလ်များလည်း များနေလေသည်။ ဒေဝဒတ် ဒေဝဒတ်။ ။ “ရဟန်းအားလုံး သက်ထက်ဆုံး သက်သတ်လွတ်သာ စားကြပါစေ၊ ငါး၊ အမဲကိုစားသော ရဟန်းအား အပြစ်ရောက်ပါစေ။” […]


ေမာင္ရိုးMarch 9, 20141min33275
​~~~~~ ဇေယျတုသဗ္ဗမင်္ဂလံ ~~~~   အရပ်​ ၅​ပေ ၁ဝ လက်​မ ၊အ​လေးချိန်​ ​ပေါင်​၂၀ဝ ခန်​့ရှိ၍ ဂုဏ္ဘန် ၁၀၀ဝ ရုပ်​သွင်​​ဆောင်​​လေ​သော အယာတိုလာခိုင်​​မေနီ အမည်​ရှိသည်​့ ဘာနုရာဇာဂဇက်​ရွာသဂျီးမင်​းသည်​ ခရစ်​နှစ်​ ၂၀၁၄ ခု ဧပြီလ ၁၄ရက်​ မြန်​တျန်​့စံ​တော်​ချိန်​ ၁ဝ နာရီ ၊ ၁၈ မိနစ် ၊ ၃၉ စက်​ကန်​့ အခါသမယ၌်​ မိုးပြာရောင် အဝတ်​တန်​ဆာတို့ကိုဆင်​မြန်​းပြီးလျှင်​ ပြာတီးပြာယာ အမူယာဖြင်​့ ၊ ကို​ဘေးနွားကြီးကိုစီးလျှက်​ ၊ လက်​တစ်​ဖက်​က​ဒေါင်​းဥ ၊ လက်​တစ်​ဖက်​က ကျွဲ​ကောသီးတို့ကို ပိုက်​ကာ ​၊ လော့အိန်​ဂျလိမြို့၏ ​တောင်​ဘက်​တံခါးမှထွက်​ပြီးလျှင်​ ၊ မြန်​းဂဇက်​ရွာအ​နောက်​​ပေါက်​မှ၊​ ကုတ်​​ချောင်​း​ချောင်​းအမူအယာဖြင်​့ဝင်​​လေသည်​ ။   ဤသို့ဝင်​သည်​ရှိလတ်​​သော်​ … သဂျားအမည်​ရ​မောင်​မာဃမှ […]


မမေလးMarch 8, 20141min290411
မလေး ဒီဆိုဒ်ကိုမလာဖြစ်တာ ၁ နှစ်လောက်ရှိပြီဆိုတော့ . . . password ပျောက်နေလို့လေ . . . အဟောင်းတွေမှာ COMMENT တွေပြန်ပေးမိရင် . . . စိတ်မရှိပါနဲ့လို့ . . .  နော် နော် နော် . . . ကြိုဆိုကြပါဦး . . . 😉


kaiMarch 3, 20141min45243
ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီးဖောက်လုပ်ရန် ဒေါ်လာနှစ်ဘီလျံ အတိုးဖြင့်ချေးမည်ဟု တရုတ်က မက်လုံးပေး ကမ်းလှမ်း၊ ဦးစားပေး ဖောက်လုပ်မည့် လမ်းပိုင်းများကိုပင် တရုတ်တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ သဘောတူသတ်မှတ်ပြီး ဖြစ်ကြောင်းသိရ.. = Ellen DeGeneres tweeted this pic on twitter and people has been retweeted almost two millions around the world now. This pic proved that they all are down to earth people as same as like their fans despite of their […]


– – – – – ================================ ပြီးခဲ့တဲ့ ဇန်နဝါရီ၊ ၂၀၁၄ တုန်းက ရုံထရစ် ရှိနေတာနဲ့ အလုုပ်များနေလို့မို့ ယနေ့ပို့စ်ကို မပြုစုနိုင်ခဲ့ပါဘူး။ ဒီအတွက် ခွေးလွှတ်ဂျဘာလို့ ……..။ ================================ ယနေ့ပို့စ် (ဖေဖော်ဝါရီ၊ ၂၀၁၄) ပို့စ်အမည် ရေးသူ ဖတ်ရှုရန် (လင့်ခ်) 1-2-2014 သီလခြင်းတူပေမဲ့ Thila ဦးကြောင်ကြီး Click Here သိဗျစေ ဒူဝေဝေ notice ဦးကြောင်ကြီး Click Here “ကျ နော်…….ဟာ….” ကိုပေါက်(မန္တလေး) Click Here 2-2-2014 ပြင် ဦး လွင် က ချယ် ရီ ကိုပေါက်(မန္တလေး) Click Here Fast food […]


sai saimgFebruary 23, 20141min34466
           မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာရဟန်း၊သံဃာများထဲတွင် အဓမ္မဝါဒီများနှင့် အဝိနယဝါဒီများလွမ်းမိုးနေသူများများပြားနေသဖြင့်ကိုရှင်းလင်းသုတ်သင်ရန်နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင်မှုအစည်းအဝေးတွင် သဘာပတိဆရာတော်မှမိန့်ဆိုညွန်ကြား. သတ္တမအကြိမ်ကျင်းပသောနိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်မှုအထူးအစည်းအ ဝေးတွင် သဘာပတိဆရာတော်  ဒေါက်တာဘဒ္ဒ န္တကုမာရဘိဝံသဆရာတော်မှ အထူး အစည်းအဝေးပွဲသို့ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအားမိန့်ကြား လျှောက်ထားလိုက်ပါသည်။ ထိုသတင်းကို ၂၂-၁-၂၀၂၄ ရက်နေ့သတင်းစာတွင်ဖေါ် ပြပါရှိပါသည်။အဘယ်ကြောင့်ဆိုသော်ယနေ့မြန်မာနိုင်ငံ တွင်ဖြစ်ပွါးနေ သောပြဿနာများတွင် ၉၆၉ ဘုန်းကြီးများနှင်     ့ဝီရသူကဲ့သို့သော   အစွန်းရောက် အားဓမ္မဝါဒီဘုန်းကြီးများက အမျိုးချစ်သယောင်ဖြင့် အဝိနယ၊     အာဓမ္မတရားများကို မသိနားမလည်သောပြည်သူလူထုအားသွေးခွဲဟောပြောကာအခြားဘာသာဝင်များအ ပေါ်ရန်လို့မုန်းတီးစေခဲ့သောသမိုင်းဆိုးကြီးကို ပြည်သူလူထုတစ်ရပ်လုံး ကသိရှိပြီး ဖြစ်ပါသည်။       မြန်မာနိုင်ငံတွင်သမိုင်းစဉ်ဆက်အတူတကွနေထိုင်လာခဲ့ကြသော တိုင်းရင်းသားအချင်းချင်းသွေးကွဲအောင်၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပြိုကွဲ အောင်ထိုကဲ့သို့ဘုန်းကြီးများကအစွန်းရောက်တရားပွဲများ၊ဗီဒီယိုတိပ်ခွေများဖြင့်သွေး ထိုးခြင်းလှုံဆော်ခြင်းတို့ကိုပြုလုပ်ခဲ့ကြသဖြင့်တသက်လုံးအတူတကွနေထိုင်လာ ခဲ့ကြသော တိုင်းရင်းသားအချင်းချင်း ဘာသာရေးကိုအကြောင်းပြကာ မုန်းတီရေး  တရားများကို ပေါ်ပေါ်တင်တင်ပြလုပ်ဟောပြောခဲ့ကြပြီး          ထိုသည်ကိုလည်း သက်ဆို်င်ရာအာဏာပိုင်များကသိရှိပါလျှက်မတားဆီးခဲ့သဖြင့်ပြည်သူလူထု့ပေါင်းများ စွာသေကြေပြီးအိုးအိမ်များ၊ဗလီဝတ်ကျောင်းတော်များများစွာပျက်စီဆုံးရှုံးခဲ့ကြပြီးယနေတိုင်တစ်ဦးနှင့်တစ်ဦးမယုံကြည်ကြအောင်၊ဆက်သွယ်မှုမပြုလုပ်ကြရအောင်၊ဈေးဆိုင်များတွင်ဝယ်ယူခြင်းမပြုကြအောင်ပြုလုပ်နေကြသည်ကိုဝမ်းနည်းဖွယ်ရာတွေ့မြင်နေကြရပါသည်။ မြန်မာပြည်သူများသည်လည်း ဘုန်းကြီးဟောလျှင်အမှားအမှန်ဝေဖန်ပိုင်း ခြားနို်င်စွမ်းမရှိဘဲမျက်ကန်းယုံကြည်ဆောင်ရွက်တတ်ကြခြင်း၊တရားပွဲများတွင်ဘုန်းကြီးဟောတိုင်းမှန်သည်ထင်ကာစွတ်ရွတ်ထောက်ခံတတ်ခြင်းအစရှိသောအခွင့်ကောင်းယူကာယခင်အစိုးရလက်ထက်ဘာသာရေးအစွန်းရောက်မှုဖြင့်ထောင်ကျနေသောအကျဉ်းသားများကိုပင်လွတ်ပေးပြီးအစွန်းရောက်တရားဟောကြားကာနိုင်ငံရေးဖက်အာဏာအာဏာမလှည့်အောင် လုပ်စားသွားကြသည်ကိုဝမ်းနည်းဖွယ်ရာသမိုင်းဆိုးကြီးကသက်သေ ခံနေပါသော်လည်း ၊  ဒါဘာသာရေးပဋိပခမဟုတ်  သာမန်မတော်တဆမှုဆိုကာ နိုင်ငံတော်အာဏာရှင်များဖက်မှလည်း […]