သူကေလးSeptember 2, 20131min57849
– – – – – =============================== ကဗျာ ကို ကျမ ချစ်တယ်။ ဘယ်အချိန်တည်းက ကဗျာ ကို ကျမ ချစ်မိနေလဲဆိုတာ ကျမ မမှတ်မိ။ ဒါပေမယ့် ဆယ်ကျော်သက် အရွယ်မှာ မတောက်တခေါက် ကာရံ ကဗျာတွေဟာ ကျမ လက်ကို ခပ်ဖွဖွလေး နမ်းရှိုက်နေခဲ့ပြီလေ။ အခုများ အချိန်မှာတော့ ကဗျာ ဆိုတာ ကျမ နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးဆီမှာ နေရာယူထားတတ်ခဲ့ပါပြီ။ ကဗျာ ချစ်တတ်တဲ့ ကျမ ….. ဒီဘဝတစ်ကွေ့မှာ ကဗျာ ချစ်တတ်တဲ့ မောင်နဲ့ တွေ့ခွင့်ရခဲ့တယ် ….။ ဒါကို ဟိုသီချင်း စာသားလို “ဘုရားပေးတဲ့ ဆု” လို့ ပြောလို့ ရနိုင်လေမလားပါပဲ။ မောင်က ကျမနဲ့ […]


kaiAugust 30, 20131min31216
ကျွန်တော့်ဘဝမှာ အလုပ်တွေအများကြီး လုပ်ကိုင် ခွင့်ရခဲ့ပါတယ်။ ပြည်တွင်းမှာရောပြည်ပမှာပါ အလုပ်မျိုးစုံ။ ဒီအလုပ်တွေအထဲမှာ ကျွန်တော်အခင်မင်ဆုံးအလုပ်က ကျောင်းဆရာအလုပ်ဖြစ်တယ်။ တစ်နည်းပြောရရင် ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ခဲ့ရတာကို ကျေနပ်တယ်၊ သဘောကျတယ်။ ဒါကြောင့်လည်း အခုအချိန်ထိ အခွင့်ရတိုင်းစာသင်တယ်၊ ဟောပြော တယ်၊ ဆွေးနွေးတယ်။ ပညာရေးလောကကြီးဟာ အခုခေတ်မြန်မာနိုင်ငံမှာ ရေပန်းစားနေတာ တွေ့ရတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ ဆွေးနွေးနေကြတယ်။ ကွန်ရက်တွေလည်း အများကြီးပဲ။ နေပြည်တော် မှာလည်း မကြာခဏ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေး ပွဲတွေ လုပ်နေကြတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လည်း အခုလိုပဲ ဦးစားပေးပြီး တိုင်ပင်နေကြတယ်။ ဆွေးနွေးနေကြတယ်၊ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ပြီး လည်း ပြောနေကြတယ်။ အခုလိုဖြစ်လာတာကို ကျွန်တော့်အနေနဲ့ ကြိုဆိုမိပါ တယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ ပြောကြ၊ […]


kaiAugust 28, 20131min30525
အရင်းရှင်ပါလီမန် ဒီမိုကရေစီကို ဝန်ချတောင်းပန်တဲ့ သခင်စိုးနဲ့သူ့လူများ ရဲမြင့်ကျော် | သောကြာနေ့၊ ဩဂုတ်လ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၅၃ မိနစ် (၁) လွန်ခဲ့တဲ့ငါးလ တစ်ညနေခင်း။ ၃၉ လမ်း အထက်ငါးလွှာက မောက္ခပညာရေးရုံးခန်းမှာ ကျွန်တော်ရှိနေစဉ် အရပ်ရှည်ရှည်၊ အသက် ၇ဝ ကျော် အဖိုးကြီးတစ်ဦး ကျွန်တော့်နာမည်မေးပြီး တံခါးခေါက် လာပါတယ်။ နောက်သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ ဦးအောင်မော်ပါတဲ့။ ကျွန်တော် အံ့ဩဝမ်းသာသွားပါတယ်။ ဦးအောင်မော် ဆိုတာ မိုးဝေမဂ္ဂဇင်း အယ်ဒီတာလုပ်ခဲ့သူပါ။ “ဓား” ဝတ္ထုရေးတဲ့ နာမည်ကြီးစာရေးဆရာကြီး မင်းဆွေရဲ့သားပါ။ ဆရာဦးအောင်မော်က ကျွန်တော့်ကို တွေ့ချင်နေတယ်လု့ိ ကြားရတာ ကြာပါပြီ။ ကျွန်တော် မဲဆောက်နဲ့ချင်းမိုင်ကို မသွားခင်လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက် ကတည်းကပါ။ […]


kaiAugust 28, 20131min25619
“ဆန်းနှင့် ကြည်” (ဒဂုန်တာရာ) ဂျပန် ဝင်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာပြီးနောက် ဂျပန်တို့ ဝင်ရောက် လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့် ကျောင်းသားသမဂ္ဂ လုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ကို ထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က သိမ်းတာ၊ အဲဒါ ခင်ဗျား ရန်ကုန်သွား၊ အလံပြ ဘုရားလမ်းကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့ လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော် ရန်ကုန်သွားသည်။ အရှေ့ အာရှ စစ်ဖြစ်သည်နှင့် ရန်ကုန်ကို ဂျပန်တို့က ဗုံးကြဲလိုက်သည်။ ထိုအခါ အသွားအလာများ ပျက်ကုန်တော့သည်။ ခါတိုင်း သွားနေကျ ဧရာဝတီသင်္ဘောလည်း မရှိတော့။ သည်တော့ ဘိုကလေးမှ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ပန်းချီဆရာ ကို အုန်းလွင် […]


CourageAugust 23, 20131min24814
သာသနာတော် မညှိုးနွမ်းစေလိုပါ   ကျွန်တော့ရဲ့ ကိုယ်တွေ့အဖြစ်လေးမို့လို့ ခပ်ရှက်ရှက်နဲ့ပဲ ရေးလိုက်ပါရစေ။ စကားပုလ္လင်တွေတော့ ရှည်ရှည်ဝေးဝေး မခံတော့ပါဘူး။ လိုရင်းကိုပဲ ဆိုကျစို့။ ၂၀၁၃ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ ( ၁၃၇၅ခုနှစ် ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာ အခါတော်နေ့) ညပိုင်း ရနာရီဝင်းကျင် အချိန် ကျွန်တော်တို့ မိသားစု ရွှေတိဂုံဘုရားမှ ဘုရားဖူးပြီးအပြန် ကြုံခဲ့ရတဲ့ အဖြစ်လေးပါ။ အဲ့နေ့က ဘုရားဖူးပြီး ပြန်တဲ့အချိန်မှာ မိုးတွေက မသဲပေမယ့် ဖွဲစိဖွဲစိတော့ ရွာလို့ပေါ့။ ဘုရားတောင်ဘက်မုဒ် ဓါတ်လှေကားဝင်ပေါက်ကနေ အငှားကားကို ငှားပြီး အပြန် ရွှေတိဂုံဘုရားတောင်ဘက်မုဒ် ကန်တော်မင်္ဂလာ ပန်းခြံ မီးပွိုင့်မှာ မီးနီကြီး စိမ်း သွားမယ့်အချိန်ကို စောင့်နေတုန်း ကားဘေးနားကို ကိုရင်လေးတစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဖတ်ရွေး အဖွဲ့သားများအလိုရှိသည် Wanted….Best Web Awards ရွာသူားများအားလုံး မင်္ဂလာပါဗျာ…. ရေးမယ်…ရေးမယ်နဲ့ အချိန်ကြာသွားလို့ မနေ့ညကတော့စာလေးအပီးသတ်ပြီး ဒီမနက်တင်မယ်လုပ်တော့မှ…မဟာရာဇာကပို့စ်တက်နေပြီ… တကယ်က ကျုပ်တာဝန်လုံးလုံးပါ…အံဇာကိုလည်းကျေးဇူးတင်ပါတယ်… ကျုပ်ဒီနေ့ ပြောချင်တဲ့အကြောင်းကတော့ ရွာရဲ့ `ဖတ်ရွေး´ ကိစ္စပါ ဒီအကြောင်း ပီးခဲ့တဲ့ တွေ့ဆုံပွဲတုန်းကပြောမလို့ဘဲဗျ… မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲနဲ့ ရွာသူားများတွေ့ဆုံပွဲအပျော်တွေကြားမှာ ကျုပ်ပြောချင်တာတွေပျောက်နေခဲ့လို့ရယ်..တစ်ရွာလုံးကိုသိစေချင်တာရယ်ကြောင့် […]


– – – – – ============================ အန်တီဘုမ်မာ ကတော့ ပြောပြောတတ်တယ်။ ဖတ်ရွေး ဆိုတာ “ဂျီးဒေါ် နွားကျောင်းတဲ့ အလုပ်” ပါတဲ့ …..။ ဂျီးဒေါ် နွားကို ကျောင်း ပေးရတယ် ဆိုတော့ နွားကျောင်းခ မရ။ အခန့်မသင့်ရင် အဆူအဆဲပါ ခံရနိုင်ကိန်း ရှိသေးတယ်။ ကိုယ့်ဂျီးဒေါ်ရဲ့ နွားဆိုတော့ အမျိုးတွေမို့ ဖရီး ကျောင်းပေးရတယ်။ ဂျီးဒေါ် ကောင်းစားရေးအတွက် ကိုယ်က အလကား လုပ်ပေးနေရတာ။ အခုလည်း မန်းဂဇက် က ဖတ်/ရွေး ဆိုတာလည်း ဒီလိုပါပဲ ….. တဲ့ …။ ဒါ …. တား ပေါဒါ မီဟုတ်ဝူးနော်။ သူ .. သူ .. […]


ဇီဇီAugust 19, 201314min629120
ကဲကွယ်။ ကဗျာပြခန်းအမှတ် (၇) တော့ စပါပြီ။ လာလာကြည့်ရတာ ပျင်းနေကြပြီလားးးးး မပျင်းကြနဲ့နော်။ အစီအစဉ်လေးတစ်ခုလုပ်ထားတယ်။  😀   ခု ဒီမှာရေးထားတဲ့ ကဗျာရှင်နဲ့ စကားစမြည်လေးတွေ ကို ဖတ်သွားပါ။ ပြီးမှ ပြခန်းကို ဝင်ပါ။ ပြီးရင် ကဗျာရှင် နဲ့ ကဗျာနဲ့ကို တွဲပေးပါ။ (ကဗျာပြခန်း စီစဉ်သူတွေ အပါဘူးနော်။ ဝင်မဖြေရဘူးး။) ၁၅ ပုဒ်လုံး မှန်ရင် ဆုငွေ ၁ သောင်းး (နောက်ပြခန်း ကြေညာရင် ကိုယ့်ကော်မန့်နဲ့ကိုယ် ပြန်တိုက်ကြတာပေါ့နော်) ၁၅ ပုဒ်လုံး မှန်တဲ့သူ မရှိဘူးဆိုရင်တော့ ၁ဝ ပုဒ် အထက် အများဆုံးမှန်တဲ့သူ  ၂ ယောက် ကို ဆုငွေ ၅၀၀ဝ စီ ၁ဝ ပုဒ် […]


ဇီဇီAugust 18, 20131min67136
ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် ရွာထဲက ကျနော့ အချစ်ဆုံး ကလေးမ ၂ ယောက်ရဲ့ မွေးနေ့။ ကြည် ၂ ကြည် ပါ။ ရွှေကြည်နဲ့ ကြည်ပြာ။ ပျော်ရွှင်စရာ မွေးနေ့ ကျင်းပနိုင်ပြီး ဘဝမှာ စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ။ နောက် တောင်းရမဲ့ ဆု တစ်ခုကလည်း တူတူပဲ။ လူတော်လူကောင်း EQ/IQ မြင့်သော သစ္စာရှိသော၊ ပြောစကားနားထောင်သော ဖူးစာရှင်နဲ့တွေ့ပါစေ။


mgwaloneAugust 17, 20132min1594
=============================== ကျွန်တာ် ပုဂံကို မကြာခဏ ရောက်ပါတယ်။ ရောက်တိုင်းလည်း ဘယ်တော့မှ မရိုးနိုင်ခဲ့ပါ။ ဒါကြောင့်လဲ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ လာကြတာ၊ မြန်မာပြည်အနှံ့က ခရီးသွားတွေလည်း လာကြတာ။ ကျယ်ပြောလှတဲ့ ပုဂံလွင်ပြင်ရဲ ့အလှကို အပြည့်အဝခံစားနိုင်ဖို့ ပုဂံဘုရားပုထိုးတွေပေါ်ကို တက်ပြီး ကြည့်ကြပါ တယ်။ ယခင်က နိုင်ငံတော် အဆင့် ဧည့်သည်တော်များကို ပုဂံမှာ ဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့ သဗ္ဗညုဂူဘုရားပေါ်က ပုဂံနေဝင်ချိန်အလှကို ကြည့်တဲ့ အစီအစဉ်တွေ လုပ်ခဲ့ ကြတာပါ။ နောက်ပိုင်းမှာတော့ ပုံစံအမျိုးမျိုး အယူအဆ အမျိုး မျိုးနဲ့ ပြင်တယ်၊ ထိန်းသိမ်းတယ် စသဖြင့် လုပ်ခဲ့လိုက်ကြတာ ဘုရားပုထိုးတွေပေါ်ကို လာရောက်တဲ့ ဧည့်သည်တွေ တက်ခွင့် မရှိတော့ပါဘူး။ အစပိုင်းက တက်ခွင့်ရှိတဲ့ ဘုရားပုထိုး အရေအတွက်က များပေမဲ့ […]


kaiAugust 16, 20131min45914
ဒိဗ္ဗစက္ခု/သောတရပြီ ရှေးအသိ၊အတွေး၊အရေးတို့တိုက်စားခံ၍ ယိုင်နဲ့ကြပါလေပြီ၊ လူတို့သည်စမတ်ဖုံး(Smart Phone)များဖြင့်ဒိဗ္ဗစက္ခုရသည့်အလား ကမ္ဘာ့တလွှားသိလိုသိချင်သည်တို့မြင်နိုင်ပြီ။ ဒိဗ္ဗသောတဖြင့် မိုင်ထောင်သောင်ချီကမ္ဘာတလွှား နာကြား စကားပြောနိုင်ပြီ။ နည်းပညာအစွမ်းဖြင့်ဣဒိ္ဓသိဒ္ဓိရသည့်အလား လကမ္ဘာကျော်၍ အင်္ဂါဂြိုလ်လည်း ဆွတ်ကြည့်ကြပြီ။ စင်္ကြဝဌာထဲတွင် စိန်သားအတိဖြင့် ဖြစ်တည်သည့် ဂြိုလ်ရှိကြောင်း ကမ္ဘာတူဂြိုလ်ပြာများလည်းရှိကြောင်း  ကြယ်စင်၂လုံးထိခိုက်တိုက်တွေ့မှုမှ ရွှေစင်အတိဖြစ်လာကြောင်းတို့ သက်သေပြပြောနိုင်လာကြ၏။ လူသတ္တဝါမည်ပုံဖြစ်လာသနည်း မြေကမ္ဘာအဘယ်သို့ဖြစ်နေသနည်း၊ ဦးနှောက်မည်သို့ တွေးခေါ်စဉ်းစားသနည်း.. စသည်စသည်တို့ အားပို၍တိုး၍သာ အမှန်အတိုင်းသိလာကြသည့်ခေတ်သို့ရောက်နေပါလေသည်။ သိပ္ပံနှင့်နည်းပညာသည် တိုးတက်ယုံမက နေ့စဉ်လူနေမှုဘဝတို့ကိုလည်း တွန်းတိုက်၍ ပြုပြင်ပေးသည်။ လက်ကိုင်ဖုံး အိုင်ပက် တက်ဘလက်နှင့် အင်တာနက်စာမျက်နှာများသည် လူတို့၏ပုံမှန်အသိအတွေ့အတွေးအခေါ်တို့ကို အရှိန်ဖြင့်အချိန်တိုင်းပြောင်းနေစေပါသည်။ လောကကြီးကို ဝတ်လစ်စလစ်မြင်သွားစေပါသည်။ မှိုင်းမိမှုမှ လွတ်မြောက်ခြင်း မကြာမှီဆယ်စုနှစ်တို့တွင် လူသားတို့ အင်္ဂါဂြိုလ်တက်ကြဦးမည်၊ အာတိတ်ရေခဲထုကိုထွင်းဖေါက်၍ ပင်လယ် သွားလမ်းဆောက်ကြမည်၊ လူ့ဦးခေါင်းကိုဖြတ်တေ့ဆက်ချုပ်ခြင်းပြုကြမည်။ လူတူမျိုးပွားထုတ်ကြမည်။ ချုံ၍ပြောရပါသော်… ကိုးကွယ်ယုံကြည်ထားကြရာ ဘာသာတရားကြီးတို့၏ […]


ဇီဇီAugust 14, 20133min26712
မနေ့ညက ပြန်ရောက်မှာ ကမန်းကတန်း ကြွားချင်ဇောအားကြီးပြီး ရိုက်ထားတာ။ မပြင်တော့ဘူးးး ခပ် မှုန်မှုန်ပဲ တင်လိုက်ပြီ။ တနင်္လာနေ့က လူကြုံနဲ့ ရောက်လို့။ မဖတ်ရသေးသူ မရသေးသူတွေကို မာတိကာပဲပြတော့မယ်။ ကိုကြီးမိုက် ပို့(စ) လေးကို ခု စာအုပ်မှပဲဖတ်ဖြစ်တာ။ ရွာထဲလိုက်ဖတ်တုန်း ဘာလို့ကျော်သွားမိလည်းမသိ။ ဖတ်ရင်း မျက်ရည်လည်ပါတယ်။ စာအုပ် အညွှန်းကတော့ ဒီကိုပဲသွားကြည့်။ အထူးခြားဆုံး စာအုပ်တစ်အုပ်ကို ညွှန်းဆိုဝေဖန်ခြင်း အလက်ဆင်းရေးတာ ပိုကောင်းတယ်။ စီစဉ်ပေးသူ ပါဝင်ပေးသူ လက်မှတ်ထိုးပေးသူ ဒီ စာအုပ်ကို ဒီကို အရောက်ပို့သူ အားလုံးကို ကျေးဇူးတင်ပါသည်။   😀            


” ဟေ… ဟုတ်လား  ‘.. အေးအေး  သားတို ့အဖေကိုပြောလိုက် ။ မနက် ဆယ်နာရီခွဲ ရောက်အောင် လာခဲ့မယ်လို ့…ကြားလား ” ဟုတ်  ဟုပြောဆိုကာ.. ဆယ်အိမ်မှူးသား ..လှစ်ခနဲ..ပြေးထွက် သွားသည် ။ ရာအိမ်မှုးကြီးမှာ တအံ့တဩ ဝမ်းပမ်းတသာ မျက်နှာနှင့်  သူ ့မိန်းမကို “‘ ဟိုဘက်ရပ်ကွက်က  ဝါဆိုသင်္ကန်း ကပ် ဒံပေါက် ကျွေးမယ်ဆိုလို ့.. လာဖိတ်တာလေ ..” ဟု အားပါးတရ ပြောလိုက်သည် ။ ဟိုတလောက  နာရေးတစ်ခု ဖြစ်သည် ။ နာရေးဖြစ်သေ ာအိမ်က အနည်းငယ် ဆင်းရဲသည် ။  ရပ်ကွက် ရဲ ့ သာရေးနာရေး ကူညီမှု အသင်းက ကူညီတာကို […]