ဂျာနယ်တစ်စောင် ထုတ်ဝေခြင်း စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကြည့်မယ် လို့ စပြီး စိတ်ကူးမိတော့ ၊ ကိုယ်ဘာလုပ်ရမလဲ အရင်တွေးကြည့်တယ်။ လုပ်စရာတွေကတော့ တပုံတပင်ပါပဲ။ လုပ်ချင်စရာလုပ်ငန်းတွေက အများကြီးရယ်။ ဒါပေမယ့်လည်း ကိုယ်ဝါသနာပါတဲ့ ဟာတွေနဲ့လည်း မကိုက်ညီလေတော့ အချိန်ကြာကြာလုပ်လေ စိတ်ညစ်လေဖြစ်မှာလည်းစိုးရသေးတယ်လေ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်တဲ့ အချိန်မှာသေချာစဉ်းစားရတာပေါ့။ ကိုယ်ကိုယ်တိုင် ဝါသနာဘာလဲ လို့ စဉ်းစားမိတော့။ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ မီဒီယာလုပ်ငန်းတွေကို သိပ်စိတ်ဝင်စားတာကလား။ ဒီခေတ်ကလည်း မီဒီယာတွေ အလွန်ကို ခေတ်စားပြီး၊ အတော်လေး အလုပ်ဖြစ်ကြတာက မျက်မြင်ကိုယ်တွေ့ပဲမဟုတ်လား။ အွန်လိုင်းမီဒီယာဖြစ်ဖြစ် ၊ တယ်လီဗေးရှင်းန်ပဲ ဖြစ်ဖြစ် ၊ Printed Media ပဲဖြစ်ဖြစ် လူတွေက စိတ်ဝင်တစားရှိကြတာ လေ။ ဒါကြောင့် မီဒီယာ […]