kaiJune 18, 20121min23711
သတင်းစာတန်ခိုးနဲ့အမျိုးဂုဏ်တက်စေသည် အမှတ်(၂) – ပညာရှင်ကြီးယောမင်းကြီးဦးဘိုးလှိုင် ‘အစ်မ၊နှမ၊သမီးကစ၍ဆက်နှင်း၊ လက် ဆောင်သွင်း၍၊စိုးမင်းချစ်မြတ်၊ထိုအမတ်သည်၊ အတတ်မရှိ၊သတိ္တကင်းကွာ၊ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်းတည်း။’ ဘုရင်ကိုသမီးဆက်သပြီး နေရာရရှိနေသူ ညံ့ဖျင်းသောအမတ်တဦးအား ပြစ်ပြစ်နှစ်နှစ် ဝေဖန်သောကဗျာကိုရေးသည်။ ထိုကဗျာကို ညီလာခံတွင်ဖတ်ပြသည်ကို ထောက်ရှု၍ယောအတွင်းဝန်ဦးဘိုးလှိုင်၏ သတိ္တကိုခန့်မှန်းနိုင်၏။ အမတ်တဦး၏ သမီးကိုကောက်ယူထားသောဘုရင်အဖို့ ရာဇအိန္ဒြေပျက်သွားကာလက်သုံး တော်လှံကိုဆွဲမိသည်။ ‘ဟဲ့၊ငလှိုင်၊ ဒီလှံကိုကြည့်စမ်း၊ ဘယ်သူကိုင် တဲ့လှံလဲ။’ ‘အရှင်၏ခမည်းတော်ကိုင်ဆောင်တော်မူတဲ့လှံဖြစ်ပါ၏ဘုရား။’ ‘ငါ၏ခမည်းတော်သည်ဒီလှံနှင့်မည်သူ့ကိုစီရင်သနည်း။’ ‘ကျွန်တော်မျိုး၏ကျေးဇူးရှင်အဖကိုစီရင်ပါ ကြောင်း။’ ‘ဤလှံတော်ဖြင့်မောင်မင်းကိုစီရင်ခြင်း ခံလို သည်လော။’ ‘စီရင်တော်မူပါဘုရား။ ‘ဦးဘိုးလှိုင်ကရင်ကို ကော့ပေးသည်။ ဘုရင်ပုဂံမင်းသည်မိမိဖခင်လက်ထက်ကပင် ခန့်ထားခဲ့သောဝန်ကြီးကို သေဒဏ်မပေးရက် သဖြင့်ထောင်ဒဏ်ပေးခဲ့သည်။ တနှစ်ကြာမှ နိုင်ငံခြားဆက်ဆံရေးအတွက်သူ၏အကူအညီ ကိုလိုသဖြင့်ထောင်မှထုတ်ကာ မူလရာထူးကို ပြန်ပေးသည်။ သူ၏ထူးချွန်လှသောပညာအရည်အသွေးအရ ယောမြို့ကိုစားရသောယောမင်းကြီးသည်သာယာဝတီမင်း ၊ပုဂံမင်း နှင့် မင်းတုန်းမင်းအထိ မင်း၃ဆက်ကသူကောင်းပြုခဲ့ရာတွင်သက်ဦးဆံပိုင်ဘုရင်များထံ အမှုထမ်းနေပါလျက်မိမိမှန်သည်ယူဆချက်ကိုပွင့်လင်းစွာပြောလေ့ရှိ သောကြောင့် မကြာခဏရာထူးမှဖယ်ရှားခြင်း၊ ဖမ်းဆီးခြင်းတို့ကိုခံခဲ့ရလေသည်။ […]


ဇွန်လ(၃)ရက်နေ ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို ့မှ အကြမ်းဖက်လူသတ်မှုကြီးတွင် နောက်ဆက်တွဲ မင်္သကာဖွယ်ရာများ (၁)အခင်းမဖြစ်ပွားမှီ ကျောက်နီမော် မုဒိန်းမှုကိစ္စစာရွက်များ ဝေငှထားခြင်း (၂)ထိုစာရွက်များ ဝေငှသည်ကို NLD ပါတီမှလုပ်ဆောင်သည်ဟု လုပ်ကြံ သတင်းလွှင့်ခြင်း (၃)ဒေါ်အောင်ဆန်းစုကြည်မှ မော်လဘီ များနှင့် တွေ ့ဆုံပြီးနောက် ဘူးသီးတောင်၊ မောင်တော ပြဿနာ ပိုမိုကြီးထွားလာခြင်း (၄)ဒုက္ခသည် မှန်လျှင် လူမျိုး၊ဘာသာမရွေး ကူညီပါဟု မှာသည်ကို ကုလားအားပေးလုပ် သည်ဟု စွပ်စွဲခြင်း (၅)တောင်ကုတ်၊စစ်တွေ မြို့တို ့၌ ဗိုလ်ချုပ်ဦးအောင်ဆန်းနှင့် သမီးဒေါ်စု ပုံတို ့ကို မီးရှို ့ခြင်း၊ ပါတီ ဆိုင်းဘုတ်ကို ဖျက်ဆီးခြင်း၊ဓါတ်ပုံများကို မြောင်းများထဲသို ့လွှင့်ပြစ်ခြင်း။ခြေထောက်ဖြင့် ချနင်းခြင်း (၆)ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဒေါက်တာဦးအေးမောင် မှ လူမျိုးရေးအဓိရုဏ်း ဖြစ်အောင်၊ပိုမိုဆူပူအောင် ဖန်တီးပြောဆိုနေခြင်း (၇)တောင်ကုတ်မြို ့အခင်းဖြစ်ပွားရာနေရာမှ သတင်းထောက်၏ ဓါတ်ပုံ(၁၁)ပုံကို တိုက်ဆိုင်၍ လိုက်လံ […]


Mr. MarGaJune 17, 20121min108
အင်း……………. တစ်လှမ်းချင်းစီ ရှေ့ဆက်လာခဲ့တာ ပြခန်း သုံးတောင် ရောက်လာပါပြီဗျာ ဒါကတော့ ပြခန်း သုံးက ကဗျာလေးတွေပါ။ စာသားနဲ့ပါ တွဲတင်ထားပါတယ်။ ကြည့်ရှု ခံစားကြပါကုန်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အာဇာနည်ဗိမာန် ဪ…အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော အခေါင်မမြန်းခင်က အောင်စာတန်းချို့စေဘို့၊ အောင်ပန်းညှို့ရရှာတဲ့ တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့် သောင်းမြန်မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင် ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့်သင်္ဂြိုလ်ချင်။ ဪ…တပည့်အရင်းတွေမို့ ကဝိမကင်းနိုင်ဘူးကွဲ့ သတိကင်းကာ မျက်ရည်ကျကျပြီး ခက်ကပြီ လက်ဆည်လို့မရနိုင်ဘူ့ သောက ဗလောင်ဆူတော့ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက ယခေါင်မူ ယမန်သနစ်တွေပေါ့ ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒီဇမ္ဗူ ရမ်းနေကြ ကျန်ရစ်ကဲ့မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့် လူကြမ်းဒမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့ သွေးချောင်းစီးကာ သေပုံရှာရဲ့ပြင် ရွှေမြန်မာဘုံမှာ […]


ရ ။ စမ်းချောင်းမြို ့နယ် ၊ ကြည့်မြင်တိုင်မြို ့နယ်၊ ကမာရွတ်မြို့နယ် ၊ မရမ်းကုန်းမြို ့နယ် ၊ ဗဟန်း မြို ့နယ်၊ တာမွေမြိ်ု ့နယ်..များရှိ လမ်းများ၏ မြန်မာ အမည်များကိုလည်း..ချိုြိမိန်စွာ ကြားခွင့် ရှိလာခဲ့လေသည်။ ဥပမာ ကင်းဂျော ့ အဲဗင်းနယူးလမ်း ..၊ ( ကွမ်းခြံလမ်း ) ၊ ဂွတ္တလစ် လမ်း ( ဆရာစံလမ်း ) ကင်းပဲ လမ်း ( ငါးထပ်င်္ကြီ း ဘုရားလမ်း ) ချင်းချောင်း အဲဗင်းနယူးလမ် း( ကမ္ဘောဇ လမ် း) လင့်ခ်လမ်း ( ရွှေဂုံတိုင်လမ် း) လောင်းဝစ် လမ်း […]


alinsettJune 16, 20121min26310
”မင်းမှ ရေမကူးတတ်တာ၊ ဟက်ဆန်” ဟက်ဆန်ရယ်သည်။ ”အိပ်မက်ပါဆိုမှ၊ အစ်ကိုအေမားရာ … အိပ်မက်ထဲ ကြိုက်တာလုပ်နိုင်တာပေါ့။ အဲဒါထားဦး။ ငါတို့ရေဆင်းကူးတော့ ‘ပြန်တက်၊ ပြန်တက်’ ဆိုပြီး လူတွေအော်ကြတာ ဝက်ဝက်ကွဲပဲ။ ငါတို့ကတော့ ဆက်ကူး၊ ကန်အလယ်ကိုတောင် ရောက်နေပြီ။ ရေတွေကလည်း အေးလို့။ ကမ်းဘက်က လူတွေကိုလက်ပြတော့ လူတွေကသေးသေးလေး။ပုရွက်ဆိတ်လေးတွေလိုပဲ။ ဒါပေမယ့် လက်ခုပ်သံကိုတော့ အကျယ်ကြီးကြားရတယ်။ ရေထဲမှာ ဘာမိစ္ဆာမှမရှိဘူး၊ ရေပဲရှိ တယ်ဆိုတာ လူတွေသိသွားကြရောတဲ့။ နောက်တော့ ရေကန်ကို နာမည်ပြောင်း လိုက်တယ်။ ကဘူးမြို့ရဲ့ ပသီဘုရင်များ – အေမားနဲ့ဟက်ဆန်ရဲ့ကန် တဲ့။ လူတွေ ကန်ထဲရေဆင်းကူးရင် ငါတို့ကို ပိုက်ဆံပေးရတယ်တဲ့” ”ဒီအိပ်မက်က ဘာအဓိပ္ပါယ်လဲ” __________________________________________________ ”ဒီအိပ်မက်က ဘာအဓိပ္ပါယ်လဲ” ကျွန်တော်စားဖို့မုန့်ကို ဟက်ဆန်က ယိုသုတ်၍ ပန်းကန်ပြားထဲထည့်ပေး […]


မင်ဂါပါဂျား..။ တူဒေး…လေဒီဗိုက်က ကျုပ်ကို ဒီမိုကဒေစီ ပေးထားသမို ့…အပျင်းပြေ စိတ်ပြေလက်ပျောက် (စီးပွားရေးကလဲ နည်းနည်း ကျနေသမို ့..) ပို ့စ်မတင် ဖြစ်တာလဲ ကြာပြီသမို ့.. ဘာဖြစ်လို ့.ညာဖြစ်လို ့.ဆိုပြီး…တစ်ခုတင်ပါရစေပေါ့ဗျာ..။ အီဂါး စဂါးပလ္လင်။   ကျနော်လဲ အားအားယားယားရှိတာနဲ ့ စာရေးတင်တဲ့အခါ ဘာကြောင့် ကွန်းမန် ့တွေက အော့ဖ် ဖြစ်ပြီး ဘာကြောင့် % တွေနဲ ့စာတွေ တစ်ဝက်တစ်ပျက် ဖြစ်နေသလဲ ဆိုတာလေး အဖြေထုတ်ဖို ့စဉ်းစားမိပါတယ်။ စာအပြည့်မပေါ်၊ ကွန်းမန် ့အော့ဖ် ပြဿနာဟာဘာကြောင့်ဖြစ်ရသလဲ အနော်လဲ သေချာမသိပါဘူး.. ။ တိန်….. ဒါပေသိ ဖြစ်နိုင်မယ်ထင်တာလေးတော့ အကြံပေးခွင့်ပြုပါခင်ဗျား..။   1.Word Count အတော်များများက စာရေးတဲ့အခါ  တစ်ခုခု ထဲမှာ အရင်ရေးထားပြီးမှ ဆိုဒ်မှာ New Post ခေါ်၊ Word ထဲကစာကို ပြန်ကူးပြီး Publish လုပ်ကြတယ်ထင်ပါတယ်..။ အဲဒီမှာ သတိထားမိလားမသိ..။ ကူးထည့်လိုက်တဲ့ စာတွေကတော့ Text Body ထဲမှာ အပြည့်ရှိတယ်..ဒါပေသိ.. […]


htet wayJune 15, 20121min48740
ကိုယ်ချင်း စာသောနုတ်ခမ်းများနှင့် စကားပြောပါ ထက်ဝေး ညီမလေးရေ စိတ်ထောင်းတော့ ကိုယ်ကြေ ..တဲ့ လူမှာ စိတ်ချမ်းသာဖို့ အရေးကြီးလှပါတယ်။အသား အရည် စိုပြေ ပြီး အဝလွန်တဲ့ အမျိုး သမီးတစ်ယောက် ပိန်သွားတော့ ဟယ်..ပိန်သွားလိုက်တာ ပိန်ဆေးတွေ သောက်လို့ လားတဲ့။ တကယ်တော့ ကလေး မလေး ခမျာ မှာ အလွမ်း ဆိုတဲ့ နိပ်စက်မူအောက်မှာ ပိန် ချုံး ကျခဲ့ရတာ ဆို ညီမလေး ယုံနိုင်မလား။ အချစ်ဆိုတာ မလေးနက်သူတွေ အတွက်ပျော် စရာ လေးနက်သူတွေ အတွက်တော့ ဝေဒနာပါ ညီမလေးရယ်။နုစဉ်တုန်းကတော့ အကိုတို့ လည်း ကြေကွဲ ခံစားဖူးခဲ့ပါတယ် နာကျင် ဖိစီး ခဲ့ရဖူးတယ် သွေးပေါင်ကျလောက်အောင် စိုးထိတ်ကြေကွဲ လွမ်းတ လောင်မြိုက်လို့..။ […]


alinsettJune 15, 20121min1153
ဟိုမှာ ကျလာပြီ” ဟု ဟက်ဆန် မိုးပေါ်လက်ညှိုးထိုးပြသည်။ မတ်တပ် ထရပ်ပြီး ဘယ်ဘက်ကို သုံးလေးလှမ်းသာလျှောက်ရသည်။ ကျွန်တော် မော့ကြည့် လိုက်တော့ စွန်က ကျွန်တော်တို့ဆီ ဇောက်ထိုးစိုက်ဆင်းလာနေသည်။ တဆက်တည်း မှာပင် စွန်လိုက်သူတစ်စု၏ ခြေသံအော်သံများ။ သူတို့ခမျာ အချိန်ကုန်ရုံသာ အဖတ်တင်သည်။ ကျလာသည့်စွန်ကို ခံယူရန် ဟက်ဆန်သည် လက်နှစ်ဖက် ဆန့်ကား၍ ပြုံးပြုံးကြီးစောင့်နှင့်နေပြီ။ ……………………………………… ___________________________ ၁၉၇၅ ခု ဆောင်းဥတုတွင် ဟက်ဆန်တစ်ယောက် နောက်ဆုံးအကြိမ် စွန်လိုက်သည်ကို ကျွန်တော်ကြည့်ခဲ့ရသည်။ ပုံမှန်အားဖြင့် ရပ်ကွက်များသည် ကိုယ့်ရပ်ကွက်အတွင်း၌သာ စွန်တိုက်ပွဲ ဆင်နွှဲကြသည်။ ထိုနှစ်ကတော့ ရပ်ကွက်ပေါင်းစုံ တံခွန်စိုက်စွန်တိုက်ပွဲကို ကျွန်တော်တို့နေထိုင်သော ဝဇီရာအက္ခဘာခန်ရပ်ကွက်ထဲတွင် ကျင်းပသည်။ ကာတာချား၊ ကာတာပါဝမ်၊ မီခရိုရေယန်၊ ကိုတာရှန်ဂီ စသောမြို့နယ်များကို ပြိုင်ပွဲဝင်ရန် ဖိတ်ကြားထားသည်။ […]


kalinkJune 15, 20121min52742
ဒီနေ့ထွက်နေကြအတိုင်း လမ်းပေါ်ထွက်ပီး လိုင်းကားတိုးစီးလာခဲ့တာ.. တယ်ကံကောင်းလှပါတယ်အောင်းမေ့မိတယ်။ ကားပေါ်တက်လိုက်တာနဲ့ထိုင်ခုံလဲအဆင်သင့်ရတာခင်ဗျား…။ ဟော..လှည်းတန်းဘက်ဖြတ်လာတော့လည်း လူတွေရှင်းနေတာဘဲ..ကားတိုးစီးမဲ့သူတောင်မရှိဘူး..။ ကြာလှချည်ရဲ့ဆိုတဲ့ လှည်းတန်းပွိုင့်တောင် ဘယ်လိုဖြတ်ခဲ့မှန်းမသိဘူး..မြို့ထဲကို ခဏချင်းရောက်လာတယ်။ ဟော မြို့ထဲရောက်တော့လည်း…လူတွေရှင်းနေလိုက်တာမှာဘဲ…ကိုယ့်ကိုယ်ကိုတောင် အားငယ်မိတယ်။ ပြည်သူ့ရင်ပြင်ရှေ့မှ သတိထားမိတယ် အောဒီနေ့က လူတွေလိပ်ပြာလန့်အောင် ကောလဟာလ သတင်းတွေလွင့်ထားတာကိုးလို့…။ ဘာဖစ်ဖစ် လာမဲ့ဘေး ..ကြိုရှောင်ထားတာကောင်းပါတယ်ဆိုပီး အိမ်ကနေမထွက်ကြတာနေမှာပေါ့ဆိုပီး စိတ်ထဲမှာတွေးမိတယ်။ တချို့မိဘတွေလည်း ပေးမထွက်ဘူးဒီနေ့ ဘာဖစ်မယ် ညာဖစ်မယ်ဆိုပီး…။ ကျနော်တော့ မျက်စိဖွင့် နားစွင့်ပီး ရုံးကို အပြေးလာခဲ့တော့တာဘဲ။ လူအများ နေ့စဉ်လှုပ်ရှားမှုများအား လိပ်ပြာလန့်အောင်လုပ်သူများ လူအများ လိပ်ပြာလန့်သလို သူ့တို့လဲ ပြန်လန့်ပါစေ….. အားလုံးလိပ်ပြာလှပါစေ..  


alinsettJune 14, 20121min2006
မေလ 28 ရက်နေ့တွင် ဖြစ်ပျက် ခဲ့သော အဖြစ်ဆိုးတစ်ခုအကြောင်းကြားသိရသောအခါ… ကျွန်တော် အံ့ဩရုံမျှမက.. တုန်လှုပ် ချောက်ချားခဲ့ရသည် ။ ရခိုင်ပြည်နယ် ၊ ကျောက်နီမော် ကျေးရွာ အုပ်စု ၊ သပြေချောင်းကျေးရွာမှ ရခိုင် အမျိုးသမီးငယ်. (မသီတာထွေး .) ကြုံခဲ့ရသော အဖြစ်သည် သွေးပျက်ဖွယ်ရာပင်..ဖြစ် ၏။ မသီတာထွေး..၏ အလောင်းကို ပြန်တွေ ့ရချိန်တွင်..အဝတ်အစားများ စုတ်ပြဲလျက်..၊ မုဒ်ိမ်းအကျင့် ခံထားရပါသည် ။ လည်ပင်းနှင့် နားရွက် နှစ်ဖက်ကို လှီးဖြတ်ခံထားရသည် ့ အပြင်… ညာဘက် ပုခုံးမှာ ဓါးဒဏ်ရာ…တစ်ချက်..၊ ရင်အုံ တစ်ဖက် တစ်ချက်စီ မှာ ဓါးဒဏ်ရာ တစ်ချက်စီ…၊ အဲဒါ အပြင်… ခါးအနောက်ဘက်မှာ ဓါးဒဏ်ရာ..တစ်ချက်….၊ ဘယ်လောက်များ..နာကျင် လိုက်လေမလဲ..၊ […]


alinsettJune 13, 20121min1538
အချိန်နှင့်အမျှ နှုတ်ခမ်းဒဏ်ရာ အရောင်ကျလာသည်။ မကြာခင်မှာပင် နှုတ်ခမ်းအပေါ်ဘက်၌ ပန်းနုရောင် ချုပ်ရိုးကြောင်းလေး ကောက်ကောက်ကွေးကွေး ပေါ်လာသည်။ သည်လိုနှင့် ဆောင်းဝင်လာချိန်၊ ဟက်ဆန့်ဒဏ်ရာကလေးလည်း ရေးရေးမျှသာ ကျန်တော့ချိန်၊ အထင်နှင့်အမြင် ပါစင်အောင်လွဲခဲ့ရသည်။ အဘယ် ကြောင့်ဆိုသော် ထိုနှစ်ဆောင်းရာသီတွင် ဟက်ဆန်တစ်ယောက် အရယ်အပြုံး နားသွားခဲ့သည်။ …………………………………………….. ……………………………………………. ________________ အခန်း(၆) ဆောင်း။ နှစ်စဉ်နှစ်တိုင်း ပထမဆုံးနှင်းကျရက်၏ ကျွန်တော့်လုပ်ငန်းဆောင်တာ များကို ပြောပြပါမည်။ နံနက်စောစော ချမ်းချမ်းစီးစီးထဲ ညအိပ်ဝတ်စုံ မချွတ်ဘဲ အိမ်မှထွက်သည်။ အအေးဒဏ်ကို လက်မောင်းပိုက်၍ အံတုခံသည်။ ဆင်ဝင်လမ်းနှင့် အဖေ့ကား၊ နံရံ၊ သစ်ပင်၊ အိမ်ခေါင်၊ တောင်ကုန်း အရာအားလုံး နှင်းထဲမြုပ်လျက်။ ပြုံးမိတော့သည်။ ကောင်းကင်သည် ချုပ်ရိုးမဲ့အပြာရောင်။ မျက်လုံးဖန်အောင် ဖြူနိုင် လွန်းသော နှင်းဖြူငွေလွ။ […]


အလှုငွေ ထည့်ဝင်သူများခင်ဗျား ။ နံမည် စာလုံးပေါင်း မှားယွင်းခြင်း ၊ ထည့်ဝင်သော ငွေ တန်ဖိုးမှားယွင်းခြင်းနှင့် ပြင်ဆင်လိုသော အကြောင်းများရှိပါက အားမနာတန်းပြန်ပြောစေလိုပါသည် . ပြန်လည် ပြင်ပေးပါမည်.။ 11-6-2011 တွင် စတင်ကောက်ခံရရှိငွေ ၁။ ကိုဝင်း မိသားစု .. ၁၅၀၀ဝ ကျပ် (တစ်သောင်းငါးထောင်ကျပ်) xxxx ့ 12.6.2011 .. ၂။ ကိုလွင်အောင် … ၁၀၀၀၀ဝ ကျပ် (ကျပ် တစ်သိန်း) ၃။ ဒေါ် Aye .KK .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း) ၄။ ကိုကြောင်လေး .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း) နေ့လည် တစ်နာရီ […]


thu thu . sittweJune 12, 20121min40131
  ရခိုင်ပြည်နယ်အတွင်းမှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဘယ်လိုအကြောင်းကြောင့် ရောက်ရှိနေထိုင်ကြတာလဲ????? ဘင်္ဂါလီလူမျိုးများ လူဦးရေ အဆမတန်တိုးပွားလာမှုနှင့် အကျိုးဆက်အနေဖြင့် တိုင်းပြည်ဆင်းရဲမွဲတေလာမှု၊ မုန်တိုင်းမကြာခဏဝင်ခြင်းကြောင့် ရေလွှမ်းမိုးမှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် စိုက်ပျိုးရေးမဖြစ်ထွန်းနိုင်သဖြင့် ဆင်းရဲခြင်းဒဏ်နဲ့ သဘာဝဘေးဒဏ်များကို ခံနိုင်ရည်မရှိတော့သည့်အဆုံး နယ်မြေခြင်းကပ်လျက်ရှိသည့် ရခိုင်ပြည်နယ်အတွင်းသို့ တစ်စတစ်စ ခိုးဝင်အခြေကျလာကြပါသည်။   ရခိုင်လူမျိုးတွေ ဘင်္ဂါလီရိုဟင်ဂျာတွေကို လူတန်းစားခွဲခြား ဆက်ဆံပါသလား???? ကျွန်မငယ်ငယ်တုန်းက ဘင်္ဂါလီရိုဟင်ဂျာဆိုတာကို စသိချိန်မှာ ဟာရီကုလားတဲ့ … ငယ်ငယ်တုန်းက ရခိုင်ပြည်နယ်မှာ ရေလောင်းအိမ်သာစနစ်မရှိခဲ့ပါ … ဇလားအိမ်သာကိုသာ သုံးခဲ့ကြပါသည်။ အဲဒီဇလားတွေကို လာသိမ်းတာက ဟာရီကုလားတွေပါ။ မြောင်းတူးမယ်၊ အညစ်အကြေးလျှော်ဖွတ်မယ်၊ အထွေထွေသန့်ရှင်းရေး လုပ်ငန်းတွေကို ရခိုင်လူမျိုးတွေက ဘင်္ဂါလီကုလားတွေကို ပိုက်ဆံပေးပြီး ခိုင်းကြတယ်။ မြူနယ်စီပါယ်သန့်ရှင်းရေးဝန်ထမ်းတွေအားလုံးဟာ ဘင်္ဂါလီကုလားတွေပဲများတယ်။ အထမ်းသမားတွေ၊ စပါးရိတ်သမားတွေ၊ တံငါသည်တွေအများစုဟာလဲ ဘင်္ဂါလီကုလားတွေပါ။ […]