ဟောလုပ်ပြန်ပြီ နောက်တမျိုးလို့တော မဆိုပါနဲ့ ဆက်စပ်စဉ်းစား တွေးခေါ်နိုင်စေဖို့ပါ… ဒါဟာ မှန်တယ် မှားတယ် ကျတော် မပြောပါဘူး ကိုယ်တိုင် ဆင်ခြင်ပြီး ဟုတ်၏ မဟုတ်၏ လို့သာ ကိုယ်တိုင် ဝေဖန်ကြည့်ကြပါတော…


ဘယ်လိုပြောရမှန်းတောင် မသိတောပါဘူး စိတ်တော မကောင်းပါဘူး MG ရွာသားတစ်ယောက် အဖြစ် ရောက်ရှိလာပြီး မကြာခင်ပဲ ထွက်သွားရတောမယ်ဆိုတော… ကျတော့ကြောင့် ရွာသားတွေ အနှောက်အယှက်ဖြစ်ခဲတာတွေ အတွက် တောင်းပန်ခဲပါတယ်… ဘာကြောင်း ဝင်လာခဲတယ်… ဘာအတွက်ကြောင်းထွက်သွားတောမလဲဆိုတာလဲ ပြောပြခဲရပါစေ… ဒီလိုပါ အပြင်မှာ တခါမှ မမြင်ဖူးပေမယ့် ၂၀၀၄ လောက်ကတည်းက မောင်နမ အရင်းတွေပမာ ခင်လာခဲရသော သူငယ်ချင်းက အဘဖောရဲ့ နံပါတ် ၁၈ လင့်လေးကို ပေးပြီး ဝင်ရောက်ဆွေးနွေးဖို့ အကြံပြုတော အဘဖော တင်ထားတာရော အောက်က ပြန်ထားတာတွေပါ ဖတ်ကြည့်ပြီး အချင်းချင်းကြား နားလည်မူ့ တစ်ခု ရကောင်းပါတယ်လို့ ယူဆပြီးတော အဘဖောရဲ့ နံပါတ် ၁၈ အောက်မှာ စတင်ဝင်ရောက် ဆွေးနွေးခဲတာပါ… အဘဖောကို တစ်ခုလောက် တောင်းဆိုပါရစေ… […]


Foreign ResidentApril 14, 20123min35627
စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ )   ဟဲဟဲဟဲ ၊ Return of အဘ ဖေါ ၊ ဒန် ဒန့် ဒန် ။ ဒန် ဒန့် ဒန် ။ အဘဖေါ ပြန်ရောက်လာပါပြီကွယ် ။   ဟဲဟဲ ။ ဟဲဟဲ ။ Sorry ပါကွယ် ။ Swal Taw Ywet က အကြံပေးထားတဲ့ အတွက် အဲဒီ ” ဟဲဟဲ ၊ ဟဲဟဲ ” တွေကို ယခုမှစပြီး ၊ ရှောင်သုံးပါ့မယ် ။ ဟဲဟဲ ။ […]


၂၀၁၂ခု၊မတ်လ(၁၀)ရက်နေ ့ သံတွဲမှစတင်ထွက်ခွာဖြစ်ပြီး၊ဧပြီလ(၇)ရက်နေ ့တွင်ပြန်လည်ရောက်ရှိခဲ့ပါသည်။စတင်ထွက်ခွာခဲ့ရာ သံတွဲမှ တောင်ကုတ်(၄၄မိုင်)၊ထို ့နောက် တောင်ကုတ်တောင်ကြားလမ်းအတိုင်း ဥသျှစ်ပင်(၈၅မိုင်)၊ဆက်ပြီး ပုသိမ်-မုံရွာလမ်း(၁၀၆မိုင်)အတိုင်း ပဒန်း၊မင်းဘူး၊မကွေး။မကွေးမှ ပြည်သို ့(၁၄၅မိုင်) နဂိုလမ်းဟောင်းအတိုင်းဆက်ခရီးနှင်ခဲ့သည်။လမ်းတလျှောက် ဓါတ်ပုံများရိုက်ကူးလာနိုင်ခဲ့သော်လည်း ပျက်စီးသွားသည်များရှိသလို၊တန်ဖိုးရှိသော ပုံများမှာ ကံကောင်းသည်ဟုဆိုရပေမည်။ ပြည်မှ ရန်ကုန်သို ့ရောက်ရှိပြီး မှတ်မှတ်ရရ မမဆူးထံ အလှူငွေထည့်ဝင်နိုင်ခဲ့သည်။ရန်ကုန်မှတောင်ငူ၊ထိုမှတဆင့်တောင်ကြီးခရီး၊ပြီးနောက် တလတာ အလည်အပတ်အဆုံးသတ်လေ၏။လူလဲမော၊ငွေလဲ ကုန်ပါလေသည်။မှတ်မှတ်ရရ ပုံများထဲမှ အကောင်းဆုံးဟု ကိုယ်တိုင်ထင်ရသမျှတင်ပေးပါမည်။ မှတ်ချက်ချီးမြှင့်ပေးစေလိုပါသည်။လမ်းခရီးတလျှောက် အစစရာရာ လိုရာရောက်အောင် ကူညီပေးခဲ့သော စီးတော်မြင်းကြီး CBR-150i ကိုလဲ ကျေးဇူးတင် ကြောင်းပြောရပါမည်။ထပျက်နေရင် ဒုက္ခမဟုတ်ပါလား။                               […]


San Hla GyiApril 14, 20121min27643
(ဒီဆောင်းပါးကို မရေးခင် အဘတဦး ပြောသလို အတော်စဉ်းစားပါသည်။ ရင်နာနာနဲ့တော့ မရေးပါ။ ကိုယ့်ယုံကြည်ချက် အတိုင်းရေးပါသည်။ သမိုင်းအကြောင်းရေးရာမှ အငြင်းပွားစရာများ ဖြစ်လာသောကြောင့် ကိုယ်လည်းတချက်ဝင်ရေးကြည့်ပါသည်။အဓိကမှာ ဆောင်းပါးပါ အချက်များနဲ့ပက်သက်ပြီး သဘောမတူသည့် အချက်များရှိသလို အဓိကကရည်ရွယ်ချက် လွဲနေတယ် ထင်လို့ပါ။ မှားတာတွေ့လျှင်လည်း ဆွေးနွေးပေါ့ဗျာ။ စကားပြောဟန်နဲ့ ရေးကြည့်သလို စာရေးဟန်နဲ့ရော လိုအပ်တဲ့နေရာမှာ တိုက်ဆိုင်တယ်ထင်တဲ့ ဥပမာလေးတွေရောပေါ့ သိပ်မကောင်းပေမယ့် စေတနာနဲ့ပေါ့ ကဲ စပါပြီ)။ ကဲ အဘဖောရေ ခင်ဗျားက အဘပါဆိုတော့လည်း အဘပေါ့ဗျာ။ အဘရေ ကိုယ်ပြောတဲ့ ရေးတဲ့ စကားတွေက ကိုယ့်သဘောထား ကိုပြနေပါတယ်ဗျာ။ ပညာတတ် လူယာဉ်ကျေးဆိုတာ အဲဒါကိုခေါ်ပါတယ်။ “ယာဉ်ကျေးမှု မရှိတဲ့ လူ့အရိုင်းအစိုင်း မြန်မာလူမျိူးများ” ကြောက်စရာကောင်း လိုက်တဲ့ အသုံးအနှုန်းတွေ ပါလားဗျာ။ ကျနော်ရေးတဲ့ […]


yama nyaApril 14, 20121min651
           ကျွန်တော့်ရဲ  ့ “ညီနောင်သားရင်း သွေးချင်းနီးစေ” ဆို ့တဲ့ ပိုစ့်အောက်မှာ ကိုဇော်ရီက ကျွန်တော်နဲ ့ ထပ်တူ မကျတဲ့ အမြင့်အချို ့ကို Comment မှာ ပြန်လည် ဆွေးနွေးထားတာကို ဖတ်ရပါတယ် ။ ဒီအတွက် ကျွန်တော် ကိုဇော်ရီကို ကျေးဇူးတင်ပါတယ်လို ့ပြောချင်ပါတယ် ။ ကျွန်တော် MG မှာ စာတွေ ဝင်ရေးနေတာ ဟာ အခုလို မတူညီတဲ့ အမြင်တွေကို ဆွေးနွေးဖလှယ်ချင်လို ့ပါပဲ ။ ကျနော် ဒီအကြောင်းကို ကျနော့်ရဲ ့ ပထမ ဆုံး ပိုစ့်မှာလည်းပြောခဲ့ပြီးပါပြီး ။ လူတစ်ဦးချင်းစီရဲ ့အတွေးအခေါ် ၊ အယူအဆ ၊ ထင်မြင်သုံးသပ်ချက်တွေဟာ တစ်ယောက်နဲ ့ […]


kaiApril 14, 20121min2399
ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ် ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက် ဝန်ကြီးချုပ် ဒေးဗစ်(ထ်) ခယ်မရော(န်) မြန်မာနိုင်ငံသို့ လာရောက်သည့် သမိုင်းဝင် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး အယ်(န်)ဒီ ဟေး(န်)က ကြိုတင်ရေးသားခဲ့ပါသည်။ သင်္ကြန်ရေပွဲတော် အရှိန်အဟုန်အပြည့် ဖြင့် ဆင်နွှဲနေခိုက်တွင် သူ၏ ဧည့်သည်တော်ကြီး ရေတွေ စိုစိုရွှဲမကုန်ပါစေကြောင်း သူက ဆုမွန်တောင်းနေပါလေ၏။ “မှတ်တမ်းမှတ်ရာတွေကို ပြန်ကြည့်ခဲ့ပြီးတဲ့နောက် ဧပြီလ ၁၃ ရက်နေ့မှာ ရောက်လာမယ့် ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ ဖြင့်ရင် ဗြိတိန်နိုင်ငံ အကြီးအကဲတစ်ဦး မြန်မာနိုင်ငံကို လာရောက်တဲ့ တကယ့် ပထမဦးဆုံး ခရီးစဉ်ဖြစ်နေတာ တော်တော်ကြီး သေချာသွားပါတယ်။ “သမိုင်းဝင်”ဆိုတဲ့ စကားရပ်ကို တစ်ခါတလေကျတော့ သည်လိုပဲ လွယ်လွယ် ကူကူ […]


yama nyaApril 12, 20121min1538
တကယ်တော့ ကျွန်တော်တို ့ နိုင်ငံမှာ တိုင်းရင်းသားအရေးနဲ ့ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တာဟာ ဆတ်ဆတ် အထိမခံတဲ့ ကိစ္စတွေပါ ။ တိုင်းရင်းသားလို ့ ပြောရင် ဗမာနဲ ့ အခြားလူမျိုးစုတွေကို ခွဲမြင်နေကြတယ် ။ ဒါဟာ ညီညွတ်ရေးကို ထိခိုက်စေတယ် ။ ဘုရင်ခေတ်က အစဉ်အလာတွေဟာ အခုချိန်ထိလည်း မပျောက်သေးပါဘူး ။ ကြီးနိုင်ငယ်ညှင်း ဝါဒတွေ ။ လက်နက်ရှိရင် စည်းကမ်းဥပဒေဆိုတာ မရှိကြတော့ဘူး ။  ဒါဟာ လက်နက်ကိုင်အားလုံးရဲ ့ လမ်းစဉ်ပဲ ။  လူထုကပဲ ကြားက မြေဇာပင်ဖြစ်ရတယ် ။ ကျနော်တို လိုချင်တာက လူ ့ဂုဏ်သိက္ခာနဲ ့ ပြည့်စုံတဲ့ အသက်ရှင်သန်မှုမျိုးပဲ ။  စဝ်ရွေသိုက် သမ္မတဖြစ်လဲ  […]


အဘဖောက တိုင်းရင်းသားတွေနေရာက ဝင်ရေးခဲတယ်… ဒီလိုပဲ ရွာစားကျော်ကလဲ ဗမာတွေ နေရာက ဝင်ရေးခဲပါတယ်… ကျတော် ဖတ်ရသလောက်ကတော နှစ်ယောက်လုံးဟာ သူ့နေရာကနေ သူမှန်ကန်နေကြပါတယ်…. ဒီတော ဘယ်ဟာက လိုနေတာလဲ ဆိုတာ ကျတော်တို့ အဖြေမရှာသင့်ပေဘူးလားဗျာ… အဖြေရှာဖို့အရေး ကျတော့ရဲ့ အမြင်လေး တစ်ခုလောက် တင်ပြ ဆွေးနွေးပါရစေ…. တိုင်းရင်းသားတွေ လိုချင်တာ ဗမာတွေကို ပြန်ကလဲ့စားချေဖို့ မဟုတ်ပါဘူး၊ ဗမာတွေကို သတ်ချင်နေတာ မဟုတ်ပါဘူး။ ကိုရွာစားကျော်ပြောသလို အသက်သေပေးတယ်ဆိုတာ ဘာမှ အကျိုးမရှိတဲ့ အလုပ်ပါပဲ၊ ကျတော့ကို သတ်ချင်တဲ့သူ ရှိရင်တောင် သူ့ကို သတ်ခွင့်မကြုံအောင်နေပြီး သူ သတ်ချင်စိတ်ပျောက်အောင်ပဲ ဖန်တီးဖို့ ကြိုးစားမိမှာပါ… ဒါဟာ သေရမှာ ကြောက်လို့ မဟုတ်ပါဘူး… သူ့ကို အပြစ်မဖြစ်စေချင်တဲ့ ဆန္ဒပါ… “ကျတော့ […]


မြန်မာ့သမိုင်းပါမောက္ခကြီး ဒေါက်တာသန်းထွန်းက မအအောင် သမိုင်းသင်ကြရမယ် လို့ ပြောထားဖူးလေတော့ကာ အားလုံးကို ကျနော်ကြိုပြီး ဝန်ခံထားချင်တာတွေရှိပါတယ်။ ကျနော်ဟာ တော်တော်ကြီးကို အ.ပြီး တော်တော်ကြီးကိုညံ့တဲ့ လူအ.လူညံ့လေး တစ်ယောက်ပါဗျာ။ ဆယ်တန်းမှာ သချင်္ာ ၉၅ မှတ်ရအောင်ဖြေနိုင်ခဲ့ပေမယ့် သမိုင်းအဖြေလွှာမှာ ၁၅ မှတ်ဖိုးလောက် ပါသွားဖို့ အတော်ဖြစ်ညှစ်ရေးခဲ့ရလောက်အောင် ညံ့လှ၊ အ.လှ ပါတယ်။ ကိုစံလှကြီး ရေးနေတဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းရုပ်ပုံလွှာ ပို့စ်တွေကိုလည်း ရှေးရှေး တခေတ်ဆီက ဘုရင်တပါးအကြောင်းရယ်သာပဲလို့ (ကျနော့အနေနဲ့) ဟိုးငယ်ငယ် မောင်ရှင်လောင်းလှည့်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်လောက်တောင် ပြန်အောက်မေ့စရာမထင်ခဲ့တော့ ဖွင့်မဖတ်မိတဲ့အကြောင်း ထပ်ပြီး ဝန်ခံပါအုံးမယ်။ ဘဖောကြီးရေးတဲ့ စဉ်းစားကြစေလိုပါတယ်(၁၈) ကိုဖတ်မိတော့မှပဲ ဟာ.ဟင်ဆိုပြီး ရွာထဲမှာခေါင်းစားနေကြတဲ့အကြောင်းသိပြီး ဦးအောင်ဇေယျကိုရော၊ လူမျိုးကြီးဝါဒ မြန်မာပြည်ကိုပါ ပြန်လှန်လှောကြည့်မိပါတော့တယ်။ အဲဒီကမှ […]


maungmoenyoApril 12, 20121min1194
တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဟာ တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုလွတ်လပ်စွာစီမံခွင့်ရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ခွင့်ပြုချက်ဟာ အကြွင်းမဲ့အာဏာကိုများပေးထားသလား။ မပေးပါဘူး။ ဒါပေမဲ့ ဒီပြဌာန်းချက်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ တပ်တွေနဲ့ပါတ်သက်ပြီးချထားခွင့်၊ဖြန့်ကျက်ခွင့်၊ တပ်စွဲခွင့်၊ ချဲ့ထွင်ခွင့်၊ စစ်ဆင်ခွင့်တွေ ဟာ လူထုရဲ့သဘောတူညီချက် (ဝါ) အစိုးရ (သို့) ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့တွေရဲ့ ခွင့်ပြုချက်၊ ဒါမှမဟုတ် အတည်ပြုသဘောတူခွင့်တွေရှိမှ အတည်ဖြစ်ပါတယ်။ ကျန်ကိစ္စတွေအားလုံးဟာလည်း၊ ဗဟိုအစိုးရ နဲ့ ဒေသဆိုင်ရာအစိုးရတွေရဲ့အချုပ်အခြာအာဏာ နဲ့ ယှဉ်လာရင် ကြိုတင်ခွင့်ပြုချက်ယူရပါမယ်။ တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဟာ နိုင်ငံတော်မှာအရေးပေါ်အခြေအနေအရ အချုပ်အခြာအာဏာကိုရယူသုံးစွဲခွင့် အချိန်မရွေး ရှိတယ်ဆိုတဲ့ ပြဌားချက်ကရော။ ဒါလည်း အစိုးရ နဲ့ လွှတ်တော်တို့ရဲ့သဘောတူညီချက်ပါရပါမယ်။ ဒါကြောင့် ကာ/လုံ လို့ခေါ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတာရှိနေတာပါ။ “အရေးပေါ်အခြေအနေ” ဆိုတဲ့ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာလည်း အစိုးရကိုပြစ်တင်ရှုတ်ချယုံသက်သက်၊ ကိုယ်ရဲ့ဆန့်ကျင်ဖက်ပါတီတွေရဲ့ ဆန့်ကျင်ဝေဖန်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို “အရေးပေါ်အခြေအနေ” လို့သမုတ်ခွင့်မရှိပါဘူး။ “အရေးပေါ်အခြေအနေ” ဆိုတဲ့အခြေအနေဟာ […]


yama nyaApril 11, 20121min1054
(10-04-2012) ရက်စွဲနဲ ့ဒီလင့် http://natmike.blogspot.com/2012_04_09_archive.html  မှာ “ပြည်ခိုင်ဖြိုးခေါင်းဆောင်များကို ပန်ကြားလိုတာက” ဆိုတဲ့ ခေါင်းစဉ်နဲ ့ဖော်ပြထားတဲ့ ဆောင်းပါးရှင် Aung Myo Naing (8888) ရဲ  ့ထင်မြင်သုံးသပ်ချက်တွေထဲက ကျနော်နဲ ့နီးစပ်တဲ့ အချက်တွေကို ပြန်လည်ဝေငှချင်ပါ တယ်။ ဒီနေရာမှာ ကျနော့အနေနဲ ့ ကြိုပြောထားချင်တာက ကျနော်ဟာ USDP လည်း မဟုတ်ဘူး NLD လည်း မဟုတ် ဘူး ။ လူထုရဲ  ့အကျိုးစီးပွားကို အကာအကွယ်ပေးမယ့် မည်သည့် အစိုးရကိုမဆို လက်ခံတယ် ။ သူရဲ ့ဆောင်းပါးမှာ “လာမဲ့ ၂၀၁၂ ဧပြီ ၂၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့လွှတ်တော်ဝင်မဲ့ ကိစ္စဟာ သာမန်ကိစ္စ မဟုတ်ပါဘူး” လို […]


kaiApril 11, 20121min122534
လူမျိုးရေးနဲ့မြန်မာပြည် တိုးသွားလိုက် ကျယ်လာလိုက်ဖြင့့် မြန်မာလူမျိုးရေးအကြောင်းဆွေးနွေးကြ တိုက်တွန်းကြသည်ကို ကြားတွေ့နေရသည်။ ။ ၂၁ရာစုတွင် လူမျိုးရေးပဋိပက္ခတို့သည် ငြိမ်းချမ်းခြင်းနှင့် တိုးတက်သောနိုင်ငံတော်ဖြစ်တည်ခြင်းအတွက် ကြီးစွာသော အဟန်ု့အတားတို့ဖြစ်သည်ကိုကား သိသာနေကြမည်ထင်ပါသည်။ ယခုခေတ်တွင် မြန်မာတို့ကမ္ဘာအနှံ ့ဖြန့်ကျက်နေထိုင်နေကြကာ မြန်မာပြည်ဥပဒေပြုလွှတ်တော်တို့တွင် နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သူ ကမ္ဘာတန်းအဆင့်ခေါင်းဆောင်ရောက်နေချိန်ဖြစ်သဖြင့် တိုင်းရင်းသား(၁၃၅)မျိုးနေထိုင်ပါသည်ဆိုသော ပြည်ထောင်စုအတွက် လူမျိုးရေးကို ကိုင်တွယ်ဖြေရှင်းရန်အသင့်လျှော်ဆုံးအချိန်ဟု ဆိုချင်သည်။ မြန်မာတို့ဘာတွေဖြစ်ခဲ့သည် ဖြစ်ဖူးသည်တို့ကို လှမ်းကြည့်လျှင် ရှေ့ဆက်၍ဘာလုပ်သင့်ကြသည်ကို ထင်ရှား မြင်သာပါလိမ့်မည်။ ကုလားမြန်မာအဓိကရုဏ်း ပုဂံခေတ်၏ ဆေးရေးပန်းချီများတွင် မှောင်သောအရောင်၊ ပြူးသောမျက်လုံး၊ ဖြူသောအရေ။ မှေးသောမျက်ဝန်းတို့နှင့် လူပုံများလည်း တွေ့ရပေသည်။ အာသံကိုမြန်မာတို့သိမ်းခဲ့သည်။ စစ်တကောင်း၊မဏိပူရလည်း ရဖူးပါသည်။ ထိုထိုဒေသမှ လူသားတို့ မြန်မာပြည်တွင်းဆီ ဥဒဟိုဝင်ထွက်သွားလာဖူးကြပါလိမ့်မည်။ သွေးနှောအမျိုးရောကြပါလိမ့်မည်။ သူတို့သည် မြန်မာ့ဘိုးဘေးတို့ဖြစ်ကြပါလေ၏။ ၁၉-၂ဝရာစုတွင် အိနိ္ဒယတောင်ပိုင်းသား ချစ်တီးတို့လည်း မြန်မာ့မြေတွင်သွေးရောနေထိုင်ကာ လူမျိုးသွေးနှောအခြေချခဲ့ဖူးသည်။ […]