အပိုင်း (၆) ဆက်ကပ်ရန်- သဘာပတိ မြို့နယ်သံဃာ့ဝိနိစ္ဆယအဖွဲ့ အမှတ် (၁) စစ်ကိုင်း။ နေ့စွဲ…၁၉၈၁၊ အောက်တိုဘာ(၈)ရက် အကြောင်းအရာ။     ။တပည့်တော်ရှင်ဉာဏနှင့် ရှင်ဂုဏဝန္တတို့အား စတုတ္ထ                         ပါရာဇိက သင့် မသင့် စီစစ်ဆုံးဖြစ်ပေးပါရန် သောဓ                         နာလွှာပါဘုရား။ (၁)။ တပည့်တော်(ရှင်ဉာဏ၊ ရှင်ဂုဏဝန္တ)တို့သည် နိုင်ငံတော်သံဃာက သာသနာ့အရှုပ်အထွေးနှင့် အညစ်အကြေးများ သုတ်သင်မည်ကို ဝိုင်းဝန်းကူ ညီရန် ရဟန်းသံဃာတိုင်း၌ တာဝန်ရှိသည်ဟု သိသဖြင့်၊ တရားမသိသူတို့၏ အန္တရယ်အထပ်ထပ်အကြားမှ တပည့်တော်တို့အသိကို မြှပ်ကွယ်ထားရန် ကာလမဟုတ်တော့သဖြင့် သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ ဟု အမည်တတ်၍ နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌသို့ တင်ခဲ့ကြသည် မှာ အမှန်ဖြစ်ပါသည်ဘုရား။ (၂)။ ဤလျှောက်ထားတောင်းဆိုလွှာ၌ တပည့်တော်များ လျှောက်ထား တောင်းဆိုသော သာသနာတော်က ဖယ်ရှားရမည့် […]


အကြောင်းအရာ – အောက်တိုဘာ၁၂ရက်၊ ၂၀၁၁ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ဦးသိန်းစိန် စစ်အစိုးရ မှလွှတ်ပေးမည်ဆိုသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ သဘောထား။ အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ ကြောင်အဖွဲ့ချုပ်၏ စိုးရိမ်ပူပန်ချက်ကို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်အသိပေး တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းလိုကြောင်း၊ သဘောထား မတူသူများနှင့် စေ့စပ်ညှိနှိုင်း သွားလိုကြောင်း၊ အစိုးရ အပြောင်းအလဲ (Regime Change) မဟုတ်ဘဲ စနစ်အပြောင်းအလဲ (System Change) လုပ်ဆောင်နေကြောင်း အစဉ်တစိုက် ဒေါ်စုပြောဆိုခဲ့တာ သတိပြုမိပါသည်။ ကြောင်များသည် ဆရာကောင်းတပည့် ပန်းကောင်းပန်သကဲ့သို့ ဒေါ်စုလိုလားသည့် အရပ်သားနိုင်ငံရေးစနစ် ကို ယုံကြည်သူများ ဖြစ်ကြပါသည်။ နိုင်ငံရေးတွင် […]


BurmaOctober 11, 20111min20012
သူတို့တွေ မြန်မာပြည်ကို နှစ်ပေါင်း 22 နှစ်ကျော်ကြာ ကြီးစိုးခဲ့ကြတယ် ၊ သူတို့တွေ ဒီမြန်မာပြည်မြေကြီးရဲ့ အောက်က သဘာဝ ဓာတ်ငွေ့တွေ ၊ ပုလဲ တွေ ၊ ရွှေတွေ ၊ ကျောက်စိမ်း ၊ သယံဇာတတွေကို ဒီ 22 နှစ်အတွင်း ရသမျှ အကုန်ထုတ်ရောင်းခဲ့ကြတယ်။ သူတို့တွေ မြန်မာပြည်ကြီးကို သူတို့စိတ်ကြိုက် ဖန်တီးခဲ့ကြတယ်။ သူတို့တွေ မြန်မာ့သမိုင်းရဲ့ သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းတော်တွေကို လုပ်ချင်တိုင်းလုပ်ခဲ့ကြတယ် ၊ သူတို့သည် သူတို့ နှစ်သက်တဲ့ သူတို့ စိတ်ကြိုက်သူကို တင်မြှောက်ခဲ့ပြီး ၊ ရွေးကောက်ပွဲကို ဂိမ်းကစားသလို ကစားခဲ့ကြတယ် သူတို့ကို မေ့နေကြပြီလား ?? သူတို့ ဘယ်ရောက်သွားလဲ?? သူတို့ဘယ်မှာလဲ?? သူတို့ ဘယ်သွားနေကြလဲ?? […]


kaiOctober 10, 20111min856
ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နိုင်ငံတိုင်းမှာ စစ်ရေးနည်းနဲ့ပဲဖြစ်ဖြစ်၊ တော်လှန်ရေးနည်းလမ်းနဲ့ပဲဖြစ်ြ ဖစ်၊ ပြည်ပကူညီဝင်ရောက် ဖြေရှင်းပေးမှုကြောင့်ပဲဖြစ်ြဖစ်၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာမှု ကြောင့်ပဲဖြစ်ဖြစ် ပဋိပက္ခတွေ ပြေလည်ပြီးတဲ့အခါ နိုင်ငံတော်ပြုပြင် တည်ဆောက်ရေးကို ပြုလုပ်ရပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ နိုင်ငံတော်တွင်းမှာမှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံးရဲ့ လုံခြုံရေး၊ တရားဥပေဒေစိုးမိုးရေး၊ တန်းတူညီမျှ အခွင့်အရေး ရရှိရေး၊ လူနေမှုဘဝ တိုးတက်သာယာရေး စတာတွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာြဖစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လူဦးရေရဲ့ တဝက်ကျော်ကို ကိုယ်စားပြုနေတဲ့ အမျိုးသမီးများအရေးကိုလဲ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတော်ပြုပြင်တည်ဆောက်ရေးမှာ အမျိုးသမီးများအရေးကို ဆောင်ရွက်ကြတဲ့အခါ ကဏ္ဍသုံးမျိုးကို ဦးစားပေးတည်ဆောက်ဖို့ လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုထားကြပါတယ်။ ပထမကဏ္ဍကတော့ အမျိုးသမီးများနဲ့ အမျိုးသားများအကြားက တန်းတူညီမျှမှုမရှိတဲ့ အခွင့်အရေးတွေ၊ ပညာရေးနဲ့ အရင်းအမြစ်တွေ၊ အာဏာခွဲဝေမှုပုံစံတွေကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတော် တည်ဆောက်ရေးမှာ […]


kaiOctober 9, 20111min1508
ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ထုတ်ပြန်ချက်ကိုရလို့ တင်ပေးလိုက်တာပါ..။ အောက်ဆုံးက.. ပီဒီအက်ဖ် ကိုဒေါင်းလုပ်လုပ်ဖတ်ဖို့ပါပဲ..။ အဲဒီအထဲ..အဓိကပြောလိုရင်း၂ချက်တွေ့မိပါတယ်..။ (တကယ်ကတိုက်ရိုက်ကူးတင်ပေးမလို့ဟာ.. စာကဘာဖေါင့်နဲ့ရေးထားမန်းမသိ..ကူး တင်လို့မရတာနဲ့..။) ၁) အဲဒီမြစ်ဆုံဒေသမှာ.. National Park Land လုပ်ဖို့ကိုလွှတ်တော်က ဥပဒေပြုပေးဖို့။ ၂) မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က.. အခုလိုစီမံကိန်းရပ်လိုက်လို့..ဖြစ်လာနိုင်မဲ့နိုင်ငံတကာဥပဒေဆိုင်ရာ ပြသနာတွေကို ကူညီဖြေရှင်းဖို့အသင့်ရှိကြောင်း.. အဲဒါတွေပါ..။ တင်ခိုင်းလို့.. တင်ပေးတာနော… ဒီစာကို.. သမ္မတရုံးအရောက် ပေးချင်တာပါတဲ့..။ သမ္မတကြီးဖတ်မိပါစေသတည်း…။ 😀 2011 Oct 06 Myitsone to be National Park – be ready for International Letigation-(Bur)    


လျှောက်ထားသူ၏ဘဝကို မသိလျှင် လျှောက်ထားလွှာ၏ အတိမ်အ နက်ကို ချိန်စက်ရန်ခက်မည်မှ ဖယ်ရှားနိုင်ရန် တပည့်တော်တို့၏ဘဝ တင်ပြ လျှောက်ထားမည်ကို သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ၏ နိဒါန်းအဖြစ် ခွင့်ပြုစေလိုပါသည်ဘုရား။ မြန်မာနိုင်ငံရှိ သံဃာတော်များအားလုံးကို ကိုယ်စားပြုသည်ဖြစ်၍ အလေးအမြတ်ပြုအပ်ပါသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နှင့် သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော် အရှင်မြတ်များဘုရား။ တပည့်တော် တို့သည် မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်မြတ်ကြီးတို့ ထုံးကို နှလုံးမူ၍ လျှောက်ထားပါရစေပါ။ မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်များသည် တရားကျင့်သုံး၍ ပြီးဆုံးသွား သော ကိလေသာများကို မြတ်စွာဘုရားထံပါး၌ ဝပ်တွားဦးတင်တတ်ကြ ကြောင်း သိရပါသည်။ ယနေ့အချိန်၌ အန္တရ ဓာယန ဖြစ်ခဲ့ပါပြီ။ ထိုသို့ဖြစ် သော်လည်း သံဃာတော်တို့၏ ထိပ်သီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့အစည်းကြီးကိုကား တပည့်တော်တို့ သာသနာတော်၌ တည်ဆောက်နိုင် ခဲ့ပါပြီ။ […]


BayoteOctober 6, 20111min910
The Guardian သတင်းစာတွင် လူထုခေါင်းဆောင် အောင်ဆန်းစုကြည်အတွက် ဒုတိယအကြိမ် Nobel Peace Award – Vote ပေးနိုင်ပါပြီ။ http://www.guardian.co.uk/world/poll/2011/oct/06/nobel-peace-prize


kaiOctober 5, 20112min21415
ဦးဝင်းတင်နဲ့ မေးခွန်းများကို မိုးမခမှ တိုက်ရိုက်ကူးယူဖေါ်ပြသည်။ http://moemaka.com/ သေချာစွာဖတ်ရှုလေ့လာပြီး အောက်ပါ Poll ကို ဖြည့်စွက်ပေးစေလိုပါသည်။ ပြောရရင် မိုးမခက.. ဒီရက်ပိုင်းဘာမပြောညာမပြောနဲ့.. ဝက်ဘ်ဆိုက်ရဲ့ CMS စံနစ်တခုလုံးပြောင်းထားပါတယ်.။ အဲဒီတော့.. ကျုပ်တို့ နဲ့တူူတူ WordPress  ဖြစ်လို့နေတာပေါ့..။ အခုစာတွေယူသုံးတာ.. ခွင့်မတောင်းထားပါဘူး..။ မကျေမနပ်ဖြစ်မယ်တော့ မထင်ပါ။ ထင်လည်း တောင်းပန်ပြီး ပြန်ဖျက်လိုက်တာပေါ့နော..။ ဦးဝင်းတင်တို ့မှာ ကိုယ်ပိုင်မီဒီယာမရှိတော့.. . ပြောနေတာတွေက.. လူတွေအသိပေးချင်လို့ပဲယူဆပြီး.. (အချိန်လည်းကိုက်နေတာမို့..) ကူးတင်ပေးလိုက်တာပါပဲ..။ ဆိုတော့.. အဲဒီမိုးမခမှာလည်း ..ကော်မန့်တွေသွားရေးလို့ရပါတယ်..။ အဲဒီမှာတော့..ပွိုင့်မပေးပါဘူး..။ ဦးဝင်းတင်ဆီ International Calling ဖုံးဆက်ရတာမို့.. ဖုံးဖိုးကုန်မှာက ပိုများမယ့်ပုံပေါက်ပါတယ်..။  🙂 ဒီမှာတော့.. ပြည်တွင်းလူတွေလည်း တော်တော်ကြည့်ကြဖတ်ကြတာမို့…  Poll လုပ်ပေးထားတာပါ…၊ စိတ်ရှင်းရှင်းထားပြီး.. အစွဲမပါပဲ ဖြည့်ကြည့်စေလိုတာပါပဲ..။ […]


ac051126October 4, 20111min22821
ဟောင်ကောင် သတင်းဌာနရဲ့ မြစ်ဆုံဆည်အကြောင်းရုပ်/သံ ဘာသာပြန်   http://www.youtube.com/watch?v=_zlsxl-e3F0&feature=player_embedded မှတ်ချက်…ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာနကဖြစ်ပါတယ်.. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်.. သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ် အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြား ပါတယ်.. ဆည်ကိစ္စမှာ သမ္မတဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့ အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် တရုတ်ဖက်က သေချာ စဉ်းစားသင့်တ ဲ့အကြောင်း အခြေအနေ တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထားကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်မတ်ချ်လမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊ […]


ဗုဒ္ဓဘာသာဝင်သည် အနည်းဆုံး ကမ္မဿကတာဉာဏ်ဟု ဆိုအပ် သော ကံနှင့် ကံကျိုး ဆက်သွယ်မူ၌ အသိဉာဏ်ရှိရမည့်သူ ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှ မရှိသူများ ဖြစ် နေကြပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ ပြောရိုးစကားပင်ရှိပါ သည်။ ကံထမ်းလာသည်ကိုမမြင်ရ၊ လှံထမ်းလာသည်ကိုသာမြင်ရသည်ဟူ၍ ဖြစ်ပါသည်။ ထို့ပြင်လည်း ဗုဒ္ဓဘာသာဝင်များသည် ကမ္မဝိသယော အစိန္တေ ယျောဟုဆိုပြီး ကံအရာမကြံရဟူလည်း ဆုံးမခဲ့ကြသည်။ ကံကို အရိယာများ မှသိနိုင်သည်ဟုလည်း ဆိုခဲ့ကြပါသည်။ ဤသို့ပင် ကံမှ မသိလျှင် ကံနှင့် ကံအကျိုး ဆက်သွယ်မှု၌သာဖြစ်သော ကမ္မဿကတာဉာဏ် ဘယ်သို့မျှ ဖြစ် ရန်အကြောင်း မရှိပါ။ ဗုဒ္ဓဘာသာဝင်လောက၌ ဤအသိဉာဏ်သည် အောက် ထစ်ဆုံးဉာဏ်ဖြစ်ပါသည်။ ဤဉာဏ်မျှမထင်လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ရန်ပင် အားနည်းလှမည်ဖြစ်ပါသည်။ ဤသို့ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှမရှိ […]


politicalviewOctober 2, 20111min952
မင်္ဂလာပါဗျာ အခုရက်တွေ လွှတ်တော်မှာ အစည်းအဝေးတွေ က အဆက်မပြတ်လုပ်နေတော့ ကျွန်တော်လည်းဒီဆောင်းပါလေးရေးချင်တဲ့ စိတ်ကဖြစ်လာတယ်။ အခုလစက်တင်ဘာလ ကလည်းသံဃာ့အရေးတော်ပုံလေးနှစ်ပြည့်တဲ့နှစ်လဲဖြစ်နေတယ်။ တစ်ခုစဉ်းစားမိတာက လွှတ်တော်ကပြည်သူကိုယ်စားလှယ်အမတ်တွေက ကိစ္စတစ်ခုကိုအဆိုတင်သွင်းသင့်တယ်လို ့မြင်မိတယ်။ ၂၀၀ရ အရေးတော်ပုံအပါအဝင် အရေးခင်းတို်င်းမှာ လုပ်သားပြည်သူ၊ ကျောင်းသား၊ သံဃာမကျန် သေဆုံးခဲ့ရတယ်။ ဒီ့အပြင် နှစ်များစွာထောင်တွင်းအကျဉ်းချခြင်းကိုခံခဲ့ရတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတစ်ချိန်က အပြစ်လုပ်ခဲ့တဲ့ သူတွေကို အရေးယူသင့်တယ်လိုု ့မြင်မိတယ်။ အနီးဆုံးပြောရရင် လက်ရှိ အနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အပါအဝင် တစ်ခြားစစ်ခေါင်းဆောင်တွေ မှာ တာဝန်ရှိတယ်လို ့မြင်မိတယ်။ ဒါဆိုရင်ဒီကစ္စကိုဒီအတိုင်းဘဲထားမှာလား။ ဒါမှမဟုတ်ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်အမတ်တွေက ပြည်သူတွေ ကိုယ်စား ဒီကိစ္စကို ဒီအချိန်မှာ အရေးယူပေးဖို ့အဆိုတင်သွင်းသင့်တယ်လို ့မြင်မိပါတယ်။ ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုကိုသာတင်ပြတာပါ။ လွှတ်တော်အစည်းအဝေးဆိုတာကလဲအားလုံးသိတဲ့အတိုင်း လွှတ်တော်အမတ်တွေ တင်သွင်းတဲ့ ကိစ္စရပ်တွေအားလုံးကို […]


zaymdyOctober 2, 20111min16912
သမတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း ဆက်လက်မလုပ်ဆောင်တောဘူးလို. ပြောခဲ.တာကို တရုတ်နိုင်ငံ က ပြန်လည်. ဆေးနွေးဖို. သတင်းထုန်ပြန်ပါတယ်..ဒါကတရုတ် အစိုးရအနေနဲ. မြန်မာနိုင်ငံကို ခြိမ်းခြောက်တာလား အာဟာပြတာလား ပြည်သူဆနတာအရ မလုပ်တာကို သိရဲသားနဲ. ဘာလို. အိမ်နီးချင်းကောင်းလို. အသံဟစ်ထားတယ် တရုတ်ကြီးက… သူတို.အကျိုးအမြတ်ထိတော. အသံထွက်လာပါပြီးဗျာ… ကျွန်တော် အနေနဲ.ကတော. ဘာမှပြန်လည်း ဆွေးနွေးစရာမလို.ပါဘူး မလုပ်တော.ဘူးဆို. မလုပ်တော.ဘူးပဲ ဘာမှ လာရှင်းပြမနေနဲ. တရုတ်ကြီး မကျေနပ်ရင် ချမယ်ဗျာ အခုချမလား ရွာတည်းက လူတွေ.ခော်လိုက်ဦးမယ် ဒါပဲ… 😛