manawphyulayFebruary 8, 20122min752
နားခိုချွေးသိပ် ဆည်းဆာရိပ် ဆည်းဆာကညို အဘွားအို ငိုပါနဲ့ အားတင်းပါကွဲ့။ ညနေချိန်ဆို အဘိုးအို ပျိုချိန်ငဲ့ တမ်းတပါရဲ့။ အဘိုးနဲ့ အဘွားအို ပျိုချိန်ကို မျှော်ကာတမ်းလို့ လွမ်းပါနဲ့ဗျို။ ပျိုစဉ်က ဟန်မာန်ပို ကြံဖန်ကာ လှုပ်ရှား ကြင်ဖက်ပါ သားနဲ့သမီးတွက် သွက်တဲ့လုပ်အား။ ဝဋ်ကြွေးရယ် ရှောင်မရလို့ ကြုံကြတဲ့ ကံကြမ္မာ ဆိုးချက်ကနာ။ သမီး သား ကြင်ဖက်ပါ ဝဋ်ကြမ္မာဖယ်ရှား။ ဇရာအို ကံတရားက ဆိုးလှချည်လား။ နေဝင်ချိန် အရွယ်မှည့် တွယ်ရာမဲ့ ဘိုးဘွားအို စိတ်ပျက်နဲ့ဗျို။ သဒ္ဓါတရား ပိုမို ကုသိုလ်က ဆပွား ဆည်းဆာဆို ဒီအရိပ်မှာ ချွေးသိပ်ပါလား။ လက်ယာ(မေတ္တာတံခွန်) ဒီအဘိုးက ဇာတ်သဘင်လောကက ဇာတ်မင်းသား ဦးဗျာကစိန်လို့ပြောပါတယ်။ ခုက ဖျားနေတယ် သူက နေကောင်းနေရင် […]


manawphyulayFebruary 7, 20121min19825
မနော အလှူ သဂျီးကောင်းမှုဆိုတဲ့အတိုင်းပါပဲ။ မန်းဂေဇက်ရွာထဲသို့ ၂၀၁ဝ ခုနှစ် မေ ရ ရက်မှာ မနော စတင်ရောက်ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မေ ရ ရက်ဆိုရင်ဖြင့် မနော ရောက်ရှိခဲ့တာ ၃ နှစ်တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ ၃ နှစ်မပြည့်ခင်အတွင်း လှူဒါန်းခွင့်ကြုံဆုံလာခဲ့ပါတယ်။ မနော လှူတယ်ဆိုပေမယ့်လည်း စာမူခ တစ်သိန်း ပေးအပ်တဲ့ သဂျီးကို အလွန်တရာမှ ဒီနေရာလေးကနေ ဂါရဝပြု ကျေးဇူးတင်လိုက်ပါတယ်။ ကိုယ့်ရဲ့စာမူခအဖြစ် ဒီလို ရရှိလာမယ်လို့ မနော ဘယ်တုန်းကမျှ မတွေးမိပါဘူး။ စိတ်ထဲလည်း မရှိခဲ့ပါဘူး။ ဝါသနာကြောင့် ကိုယ်ပိုင်ဆိုက်တွေ ဖိုရမ်တွေ ဝင်ရောက်ရေးသားရင်း မန်းဂေဇက်ရွာထဲမှာ နွေးထွေးပျော်ရွှင်လာခဲ့ရပါတယ်။ ဒီအရာကတော့ ဘာနဲ့မှ မလဲနိုင်အောင် ဖြစ်မိတာပါပဲ။ မိတ်ဆွေတွေ အပေါင်းအသင်းတွေ နှစ်နှစ်ကျော် […]


zoeFebruary 7, 20129min1515
(Lantern Festival) Lantern_Festival  မီးပုံးပွဲတော်   ကို  တရုပ် ရှေးဘုရင် လက်ထက် နှစ်ပေါင်း   ၂၀၀ဝ ကျော် မှစတင် ပြီး နှစ်စဉ် တရုပ်  ပြက္ခဒိန် နှစ် ဆန်း ၁၅ရက် မှာ ကျင်းပ ပါတယ် ။   ရှေးအခါက မီးပုန်းချိတ်ဆွဲ ပြီး  လာတ်လာဘ တိုးတက် စေရန် ၊ ကံကောင်း စေရန်  ၊  တိုင်းပြည် အေးချမ်း သာယာ စေရန် အထိမ်းအမှတ်  နဲ့ ကျင်းပပါ  တယ်  ။ မီးပုံးပွဲတော် ကိုထိုင်ဝမ် အမြို့မြို့ အနယ်နယ်မှာ ကျင်းပပါတယ်။ (Taipei Lantern Festival) introduction.html  ်ထိုင်ပေ    ် မီးပုံးပွဲတော်  […]


anyatayaJanuary 21, 20121min1497
ကိုဇာဂနာရဲ့စကားပြောပွဲကို ဖေဖော်ဝါရီလ  ၁၁ရက် ၂၀၁၂ တွင် နယူးယောက်မြို့ရှိ Helen Mills Theater တွင် ညနေ ၃နာရီမှာ ညနေ ၆နာရီထိကျင်းပပြုလုပ်မည်ဖြစ်ကြောင်းကြားသိရပါသည်။ အသေးစိပ်ကို အောက်ပါ ဖလိုင်ရာတွင်ဖတ်ရှူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


manawphyulayJanuary 17, 20121min16710
သတ္တမအကြိမ် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန ၁။ လျှောက်လွှာလက်ခံချိန်။ ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့မှအပ) နံနက်ပိုင်းတွင် ၈ : ၃ဝ နာရီမှ နေ့လည် ၁၂ : ဝဝ အထိ မွန်းလွဲပိုင်းတွင် ၁ : ၃ဝ နာရီမှ ညနေ ၅ :၀ဝအထိ လျှောက်လွှာပုံစံများကို လူကိုယ်တိုင်လာရောက်ထုတ်ယူပြီး လျှောက်ထားနိုင်ပါသည်။ လူဦးရေကန့်သတ်ထားသည့်အတွက် လျှောက်ထားသူဦးရေ ပြည့်သွားပါက လျှောက်လွှာလက်ခံခြင်းအား ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။ ၂။ လျှောက်လွှာတင်ရမည့်နေရာများ ရန်ကုန်မြို့ ။ ။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန အမှတ် […]


tunlinaungJanuary 15, 20121min1164
တောင်ငူပြည်ခိုင်ဖြိုးနှင့် အော်ပီကျယ်၊ မောင်သာချို၊ ဦးဘုန်း(ဓာတု) အပါအဝင ်စာရေးဆရာ(၁၀)ဦး ၏ စာပေဟောပြောပွဲကြီး တောင်ငူမြို. မိုင်ဒါအားကစားကွင်းကြီးတွင် ဇန်နဝါရီလ(၂၆)ရက်နေ. မှ(၃၀)ရက်နေ. အထိကျင်းပမည် ဟုကြေငြာထားပါတယ်။ တောင်ငူမြို.ခံများနှင့် စာဖတ်ပရိတ်သတ်တွေ မထင်မှတ်လောက်အောင် အံ့အားသင့်ပြီး ဝိရောဓိများစွာ ဖြစ်သွားရပါတယ်။ ထာဝရဂရုဏာရှင်စုပေါင်း သွေးလှုရှင်များအဖွဲ. နှင့် တောင်ငူကာတွန်းဆရာများ ကျင်းပသောစာအုပ်ဈေးရောင်းပွဲတော်နှင့်စာပေဟောပြောပွဲ လို. ကြေငြာထားပါတယ်။ စာပေဟောပြောပွဲတွင်ပါဝင် သောစာရေးဆရာစာရင်းမှာ ကြေငြာစာရွက်အရ (၂၆)ရက်နေ.မှာ ဆရာဟိန်းလတ်နှင့် ဆရာမသန်းမြင့်အောင်။ (၂၇)ရက်နေ.မှာဆရာမောင်သာချို နှင့်ဆရာ မောင်ဝံသ ။ (၂၈)ရက်နေ.မှာဆရာ ချစ်စရာနှင့်ဦးဘုန်း(ဓာတု)ပါ။ (၂၉)ရက်နေ.မှာတော့ ဆရာကျော်ရင်မြင့်နှင့် ဆရာအော်ပီကျယ်ပါတဲ့ဗျာ။ နောက်ဆုံ.နေ. (၃၀)ရက်နေ.မှာ ပြည်သူခေတ်က ကျနော်တို.ရဲ. ဆရာဖေမြင့်နှင့် ဆရာလယ်တွင်းသားစောချစ် တဲ့ ဗျာ။။ ………… ကဲ… ကဲ…..တောင်ငူသားတွေမှ စိတ်ရှုပ် မသွားရင်၊ […]


Wai PhyoeJanuary 14, 20121min32211
ဒီတပတ်တော့အရင်နဲ့မတူတဲ့Post လေးတစ်ခုတင်လိုက်ပါရစေ။ပြန်ပြော၇ရင်ဇာတ်လမ်းတပုဒ်လိုပါပဲ။ကျွန်တော်တို့မြန်မာပြည်မှာအဖိုးတန် ကျောက်မျက်ရတနာ တွေထွက်တာရှိတာကျွန်တော်အပါအဝင်အားလုံးအသိပါ။ ကျောက်မျက်ရတနာထဲမှာ အမြုတေ ပာာလဲ အပါဝင်ဆိုတာအားလုံးသိစေချင်ပါတယ်။ အမြုတေကို လူတိုင်းမတွေ့ဘူးပါဘူး။သို့သော်လူတိုင်း အမြုတေကို သိကြပါသည်။ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်က တော့ထူးဆန်းပါတယ်။အားလုံးလဲကြုံဘူးကြမယ်လို့မထင်ပါဘူး။အမြုတေလဲ မပာုတ် သို့သော် ပြာလဲ့လဲ့နဲ့ကျောက်လေးနှစ်လုံး ထူးဆန်းတာကမြေကြီးထဲကရတာမပာုတ်ပါ။ဝါးပင်  အဆစ်ထဲမှ၇ရှိခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့မိဘများပာာအငြိမ်းစားယူပြီးနောက်ပိုင်း စပျစ်ခြံတစ်ခုကို  ရမည်းသင်းခရိုင် စံပြသိမ်ကုန်းကျေးရွာမှာ ဝယ်ယူခဲ့ပါတယ်။ကျွန်တော်ကို့က တောင်ကြီးကပါ။တစ်ခါတစ်ရံရန်ကုန်မှာလဲနေပါတယ်။စပျစ်ပင်စိုက်ခဲ့ရတာ ကျွန်တော်တို့အတွက်အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ကျွမ်းကလဲမကျွမ်းကျင်၊အလိမ်ကလဲခံရသေး။ပွင့်ပွင့်လင်းလင်းပြော၇ရင် ကျွန်တော်တို့မိသားစုစီးပွားရေးပျက်ခဲ့တယ့်အထိပါ။သို့သော်တစ်နေ့ ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ကျွန်တော်တို့ခြံထဲမှာ အလုပ်ခိုင်းဘို့ဆိုပြီး ခေါ်ထားတယ့်ဦးကြည်ဆိုသောလူတစ်ယောက်ရှိပါတယ်။သူကအလုပ်သမားတွေထဲမှာ အယုံကြည်ရဆုံးသောလူဆိုမမှားပါဘူး။ကျွန်တော်အဖေက တစ်နေ့”ငါတို့သရက် ပင်လေးအောက်မှာကွပ်ပစ်လေးထိုးကြရအောင် နေပူရင်နားရတာပေါ့” ဆိုပြီး ဦးကြည်ကို ဝါးနှစ်လုံးဝယ်ခိုင်းလိုက်ပါတယ်။မှတ်မှတ်၇ရ အဲ့တုန်းက တစ်လုံး ၁၅၀ဝ ပေးရပါတယ်။ ဦးကြည်က ပိုက်ဆံလိုချင်တော့ ဝါးကိုမဝယ်ပဲနဲ့ တောင်ပေါ်တက်ခုတ်ပါတယ်။(ထိုအရပ်ဘက်တွင် ပိုက်ဆံသည်အလွန်တန်ဖိုးရှိပါသည်။တစ်နေကုန် နေပူထဲတွင် အလုပ်လုပ်မှနေ့စားခ ၃၀ဝ သာရပါသည်။တော်ကြာ တစ်လုံး ၁၅၀ဝ ထဲနဲ့တောင်ပေါ်တက်ခုတ်သည်ပာုထင်မှာစိုးလို့ပါ။) (ရမည်းသင်းခရိုင် စံပြကျေးရွာ […]


manawphyulayJanuary 13, 20121min853
အိန္ဒိယနိုင်ငံရှိတက္ကသိုလ်များတွင်ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ(IT) မဟာဘွဲ့တက်ရောက်သင်ကြားရန်အတွက် ပညာသင်ဆုခေါ်ယူခြင်း (၁) လျှောက်ထားသူများသည် v မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်ဖြစ်ရမည်။ v အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ကွန်ပျူတာနှင့်ဆိုင်သော ဘွဲ့ရရှိပြီး မဟာဘွဲ့သင်တန်းတက်ရောက်ရန် အဆင့်မှီသူ ဖြစ်ရမည်။ v (၁.၁.၂၀၁၂) နေ့တွင် အသက်(၃၅)နှစ်ထက် မကြီးသူဖြစ်ရမည်။ (၂) လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ v ပညာအရည်အချင်းအထောက်အထားများ (ဘွဲ့လက်မှတ်မိတ္တူ၊ Transcript မိတ္တူ ) v မှတ်ပုံတင်မိတ္တူ၊ v အသင်းဝင်ကဒ်ပြားမိတ္တူ၊ v အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ အကြီးအကဲ ထောက်ခံစာ v ဓါတ်ပုံ(၂)ပုံ) တို့ကိုပူးတွဲတင်ပြရမည်။ (၃) လျှောက်လွှာပိတ်ရက်မှာ (၁၀.၁.၂၀၁၂) နေ့ ဖြစ်ပါသည်။ (၄) လျှောက်လွှာများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးများတွင် လျှောက်ထားနိုင်ပါ သည်။လျှောက်လွှာများကို MCPA အသင်းရုံးများတွင် […]


manawphyulayJanuary 12, 20121min752
Process & Product Show (Engineer နည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲ) နေ့ရက် ၁၃-၀၁-၂၀၁၂ မှ ၁၅-၀၁-၂၀၁၂ အထိ အချိန် ၀၉းဝဝ AM မှ 5:00 PM နေရာ အမျိုးသားအားကစားပြိုင်ပွဲရုံ အမှတ် (၂) မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းအနီး တက္ကသိုလ်များ လှိုင်နယ်မြေ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ပါဝင်မည့်ကဏ္ဍ – စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ – စက်မှုထုတ်ကုန်ပြပွဲ – Electronic ပစ္စည်းများ – ဆောက်လုပ်ရေးပစ္စည်းများ – စက်နှင့် စက်ပစ္စည်းများ (အပိုပစ္စည်းများ) – အင်ဂျင်နီယာ နည်းပညာထုတ်ကုန်များ – ပညာရေးဝန်ဆောင်မှုနှင့် လေ့ကျင့်ရေးသင်တန်းများ