ကထူးဆန္းJune 21, 20121min31927
ကြောင်ဝတုတ်ရေ .. ကျွန်တော်တို့ရဲ့ ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင် ဆိုပြီး ဇွန်လ ၁၁ ရက်နေ့ ကစလို့ အလှုငွေ ကောက်ခံလာခဲ့တာ အခုဆိုရင် နောက်ဆုံးကောက်ခံမဲ့ ရက် ရောက်ဖို့ ၁ဝ ရက်သာ လိုတော့တယ် နော် ။ ယခုထိ ကျွန်တော် ဒီစာရေးနေတဲ့ ၂ဝ ရက်နေ့ ည ၉း၄ဝ ထိ လက်ဝယ် ပိုင်ပိုင် ရောက်ရှိခဲ့ပြီး တာ ၂၃၂၅၃၀ဝ ကျပ် ( ကျပ် နှစ်ဆယ်သုံးသိန်းနှစ်သောင်း ငါးထောင့်သုံးရာကျပ် ) တိတိ ရ ရှိခဲ့ပါပြီ ။ ကြောင်ဝတုတ်ရေ .. ၁ဝ ရက်သာ လိုတော့တယ် ဆိုတော့ ဘယ်မှာ ဘယ်သူ့ကို လှုမလဲဆိုတာ […]


ပလပ်..ပလပ် ဂျွတ်ဂျွတ်…ခွီးခရား..။ ကြေးမုံဂျီးနှင့် ကြောင်ကြီးတို့ ကိုက်နေဂျဂျင်းဖြစ်သည်။ ကျင့်ဝတ်သိက္ခာ တပြားသားမှ ရှိဟန်မတူဂျဒေါ့ဂျေ။ ကြောင်ကြီး မာန်ဖီကိုက်သလို ကြေးမုံဂျီးကလည်း အားကျမခံ ရှိသမျှသွား သုံးဆယ့်နှစ်ချောင်း ဖြဲကိုက်သည်။ အမှန်မဒေါ့ ဘယ်သူပျက်ပျက် ကိုယ်တရားမပျက်ရ ဘုရားဟော ရှိထား၏။ သူမကောင်း၍ မိမိဆိုးသည်ဆိုခြင်းမှာ ညဏ်အမျှော်အမြင်ရှိသူတို့လုပ်ရပ် ဟုတ်ချေ။ လက်တုံ့ပြန်မှုနှင့်အတူ လိမ်ခြင်းပါမြောက်၍ နှစ်ပြစ်ထိုက်သည်။ နေရာဃား အင်ကြင်နှီးယာပိုင်ရှင် အန်တီမမ၏ ဇာတိချက်မြေ ပန်းတနော်မြို့ တွင်ဖြစ်သည်။ အန်တီမမဦးဆောင်ပီး ပရဟိတဆေးရုံအတွက် ဂဇက်ရွာမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းဂျင်းဖြစ်သည်။ အိမ်ရှင်ရွာသူရွာသားများမှလည်း စေတနာအပြည့် ဧည့်ခံကျွေးမွေးသည်။ လမ်းခုလတ် ရွာတရွာတွင်လည်း နံနက်စာ မုန့်ဟင်းခါး အဝတုတ်လာခဲ့ပီးလေဗျီ။ မစားဘူး မစားဘူးနှင့် ဂဇက် ရွာသူားများ တီးလိုက်ကြသီမှာ အချိန်တရာ ကုန်လေသည်။ ဘုန်းကြီးကျောင်းတွင် ချက်ထားသော […]


ကထူးဆန္းJune 13, 20122min864160
အလှုငွေ ထည့်ဝင်သူများခင်ဗျား ။ နံမည် စာလုံးပေါင်း မှားယွင်းခြင်း ၊ ထည့်ဝင်သော ငွေ တန်ဖိုးမှားယွင်းခြင်းနှင့် ပြင်ဆင်လိုသော အကြောင်းများရှိပါက အားမနာတန်းပြန်ပြောစေလိုပါသည် . ပြန်လည် ပြင်ပေးပါမည်.။ 11-6-2011 တွင် စတင်ကောက်ခံရရှိငွေ ၁။ ကိုဝင်း မိသားစု .. ၁၅၀၀ဝ ကျပ် (တစ်သောင်းငါးထောင်ကျပ်) xxxx ့ 12.6.2011 .. ၂။ ကိုလွင်အောင် … ၁၀၀၀၀ဝ ကျပ် (ကျပ် တစ်သိန်း) ၃။ ဒေါ် Aye .KK .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း) ၄။ ကိုကြောင်လေး .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း) နေ့လည် တစ်နာရီ […]


Swal Taw YwetJune 11, 20125min810
သဝဏ်လွှာ (၄၅) by May Aye Oo on Friday, May 18, 2012 at 8:28am ·    အလှူခံပါရစေ .. ရှင် …. ။   ပညာရေးအလှူ အခမဲ့ဆေးခန်း ပြည် – ပရဟိတကျောင်း ဂန္ဓမာ စက်မှုရပ်ကွက်၊ ပြည်မြို့။ ၂၆-၂ရ မေလ ၂၀၁၂   တြိ ဘုဝနာဒိတျ ဓမ္မရာဇာမည်သော နတ်မင်း (ကျန်စစ်မင်း) သည် စိတ်နှလုံးပူပန်ခြင်းကြောင့် ကျရသော ပြည်သူအပေါင်း၏ မျက်ရည်၊ နှပ်၊ ချွေးတို့ကို ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပေးအံ့ ..။ တြိ ဘုဝနာဒိတျ ဓမ္မရာဇာမည်သော နတ်မင်း  သည် ပြည်သူအပေါင်းအား […]


ကထူးဆန္းJune 10, 20121min912110
ဟုတ်ကဲ့ ။ “ရခိုင်သွေးချင်းများပြန်လည်ထူထောင်ရေးလက်ဆောင်” ပေးကြရအောင်ပါ။ အစွန်းရောက် အကြမ်းဖက်သူများ လက်ချက်ကြောင့် ကြားထဲမှာ မြေစာပင်ဖြစ်ရတဲ့ ရခိုင်ဒေသ နေ မြန်မာပြည်ဖွား သွေးချင်း တို့နဲ့ ကျွန်တော်တို့ တစ်တွေ တစ်သွေးထဲ တသားထဲ ရှိနေပါတယ် ဆိုတာ ပြသချင်ပါတယ်။ ပြသကြပါစို့ ့ ဆိုတဲ့ ဘဘဘလက်ရဲ့ ပြောစကားလေး နဲ့အတူ ကျွန်တော်တို့လုပ်မဲ့ အစီအစဉ်လေးကိုတင်ပြလိုက်ပါရစေ။ ဒီ ခေါင်းစဉ်လေးကိုတော့ ကျွန်တော်တို့ ရွာသား တစ်ဦးမှ ရေးပေးတာပါ ။ သူဘယ်သူလဲဆိုတာတော့ ပြောနိုင်တဲ့ အချိန်တစ်ခုမှ ပြောတော့မယ်။ဘယ်သူဖြစ်မလဲဆိုတာတော့ တွေးချင်ရင်တွေးထားပေါ့နော်။ ဒီနေ့ (၁၀-၆-၂၀၁၂) နေ့လည် နှစ်နာရီမှာ ကျွန်တော်၊ ဘဘဘလက်ချော၊ ဦးဦးပါလေရာ၊ ကိုရွှေတို်က်စိုး၊ ကိုအမတ်မင်း၊ နဲ့ ခုန ခေါင်းစဉ်လေး ရေးပေးတဲ့ ရွာသား […]


မြန်မာ ဟစ်ဟော့ အဆိုတော် တစ်ဦးမှ ” Facebook  မှ သူငယ်ချင်းများ နဲ ့ ကျွန်တော်ရဲ ့ပရိတ်သတ်များ အားလုံး အပန်းမကြီးဘူးဆိုရင် profile picture နဲ ့cover picture နေရာတွေမှာ ဖယောင်းတိုင်လေးတွေ ထွန်းပေး ကြ ပါ လား ဗျာ. … .. လမ်းပေါ် မတက်နိုင်ပေမဲ့ Facebook က တစ်ကမာ္ဘလုံးကို ရိုက်ခတ် နိုင်ပါတယ်..” ဆိုပြီး ကမ်ပိန်လေး လုပ်နေပါတယ်..။ လမ်းပေါ်ထွက်ပြီး မလုပ်နိုင်ပေမယ့် မြန်မာတပြည်လုံးက ဖယောင်းတိုင်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသကြတဲ့ ပြည်သူပြည်သားတွေကို ဂုဏ်ပြုလျက် ကျနော့် ဖေ့စ်ဘွတ် မှာရော ဂေဇက်က ပရိုဖိုင်ပုံကိုပါ ဖယောင်းတိုင်လေး ထွန်းထားပါတယ်..။ တတ်နိုင်သလောက် ပါဝင်တဲ့ […]


anyatayaMay 19, 20121min1418
လူသား အချင်းချင်းစာနာမှု့ဖြင့် ဖွဲ့စည်းထားသော မိုးကြိုးအသင်း၏ ငါးကြိမ်မြောက်  ဈေးပွဲတော်ကို တနင်္ဂနွေနေ့ (ဂျွန်လ ၃ရက် ၂၀၁၂)နေ့Aviation High School 45-30 36th street Long Island City, NY 11101တွင်  ကျင်းပမည် ဖြစ်ကြောင်းကြားသိရပါသည်။ အဆိုပါဈေးပွဲတော်တွင် မြန်မာ့ရိုးရာ စားစရာပေါင်း ၄ဝကျော် ပါရှိသည့်သည့်အပြင် ဖျော်ဖြေရေးအတွက် ကာရာအိုကေ အစီအစဉ် ထည့်သွင်းထားကြောင်း သိရပါသည်။ အသေးစိတ် များကို အောက်ဖော်ပြပါ ဖလိုင်ရာတွင် ကြည့်ရှူနိုင်ပါသည်။ ၎င်းဈေးပွဲတော်ကိုမွန်းတည့် ၁၂နာရီမှ ညနေ ၄နာရီအထ်ိကျင်းပသွားမည် ဖြစ်ကြောင်း ရတနာပုံနေပြည်တော် သတင်းစာမှ သတင်းရရှိပါသည်။


ဂ်စ္စူMay 14, 20121min41433
သူတို ့နှစ်ယောက်ကို ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ပထမအကြိမ် မြင်ဖူးခဲ့ပါသေးတယ်။ တစ်ယောက်က အရပ် ခပ်ရှည်ရှည်၊ ကျန်တစ်ယောက်က သူ ့ထက် ခပ်ပုပု ခပ်ငယ်ငယ်။ အဲတုန်းက ခပ်ရှည်ရှည် တစ်ယောက်က ပိုလီယို ဆွဲသလို ခေါင်းက စောင်းငန်းစောင်းငန်း၊ ခြေလှမ်းက လိမ်ဖယ်လိမ်ဖယ်နဲ ့ အရှေ ့ကလျှောက်နေတာကို ခပ်ငယ်ငယ် ပုတုတုတစ်ယောက်က အနောက်ကနေ ပိုလီယို ့ဖင်ကိုစောင့်စောင့် ကန်ရင်းနဲ ့ နှစ်ယောက်သား ပျော်ရွှင်ရယ်မောပြီး ကျနော့်ရှေ ့က ဖြတ်သွားကြတာကို ပထမဆုံး မြင်မိတာပါ။ ကျနော်လဲ သူတို ့ကို ကြည့်ပြီး ပျော်သလို ခံစားမိပေမဲ့ ပိုလီယိုနဲ ့ သူတောင်းစားပမာ နှစ်ယောက်ကို သနားသလိုလို ဂရုဏာဖြစ်ပြီး စိတ်မကောင်းဖြစ်မိပါသေးရဲ့ဗျား။ အခုလဲ.. သွားရင်းလာရင်းနဲ […]


ဒီလိုနဲ့ပဲရန်ကုန်ရွှေမြို့တော်ကြီးမှာနေလာတာ (၃)ရက်မြောက်လာတဲ့အခါမှာတော့မောင်ရှမ်းတို့မူလ projectဖြစ်တဲ့မာတာမိခင်ကြီးကို ဆေးကုသဖို့စီစဉ်ရပါတော့တယ်…အမေဖြစ်သူကရွှေမိုးပွင့်အေးဆိုတဲ့ဆေးကုခ န်းကိုMRTV-4ကနေတစ်ဆင့်သိထားပြီးသုံးလပိုင်းလောက်က လာလို့စတင်ကုသခဲ့ပါတယ်…မိခင်ကြီးပြောသမျှကတော့ဒီဆေးကုခန်းလေးကနေပြီး ESG(Electro-Somoto Graphy) Scanနဲ့ဖတ်ကြည့်တဲ့အခါ မှာတော့ အစာအိမ်မှာကင်ဆာဆဲလ်တွေတွေ့နေရတယ်…အသည်းကလဲသိပ်မကောင်းဘူးကျောက်ကပ်ကလဲအလုပ်လုပ်နိုင်စွမ်းနဲနေတဲ့အတွက် ခြေထောက်တွေဒူးအောက်ပိုင်းကစလို့ခြေဖဝါးအထိကိုယောင်ကိုင်းနေပါတယ်..ခြေသလုံးအရှေ့ခြမ်းညိုသကျည်းဖက်ကကြွက်သားတွေဆို နဲနဲဖိပြီးနှိပ်ကြည့်လိုက်ရင်၄၅စက်ကန့်လောက်ကိုချိုင့်ဝင်နေတတ်ပါတယ်… အာရုံကြောတွေကလဲအားနည်းနေလို့တစ်ခါတစ်လေခြေဖျားလေးတွေ ကပ်လက်ဖျားလေးတွေကပ်တတ်သလိုအပူအအေးမညီမျှရင်ကွေးတတ်ကောက်တတ်ပါသေးတယ်… နောက်ပြီးမျက်လုံးတွေမှာသွေးကြောမျှင်လေးတွေ ပေါက်ပြီးသွေးခဲတွေပိတ်နေတတ်ပါသေးတယ်….အဲဒီလိုဖြစ်တဲ့အတွက်အမြင်အာရုံကိုမထိခိုက်ပေမယ့်…အများအမြင်မှာမျက်လုံးတစ်ခုလုံနီရဲပြီး ကြောက်စရာကြီးဖြစ်နေတတ်ပါသေးတယ်…ဒီခေတ်လူငယ်တွေပိုင်ဆိုင်လိုကြတဲ့မျက်ခုံးမျက်တောင်နက်နက်မျက်လုံးတစ်စုံလုံးနီရဲနေတာမျိုးပေါ့ Vampireတွေလိုဖြစ်နေတတ်ပါတယ်…နှလုံးလဲမကောင်းဘူး…အရိုးအဆစ်တွေလဲသိပ်ပြီးကြံ့ခိုင်မှုမရှိပါဘူး….. ဒါတွေကကျွန်တော့်ရဲ့မိခင်အရင်က နှစ်များစွာထဲကခံစားနေရတဲ့ဝေဒနာတွေပါ…..ဆေးမျိုးစုံစား၊ကုသနည်းမျိုးစုံနဲ့ကုသပြီးအသက်ခြောက်ဆယ်အရွယ်အထိကိုနေမကောင်းရင်း… လမ်းလျောက်နေတဲ့ရောဂါစုံဆေးရုံးကြီးတစ်ရုံလိုဖြစ်နေပါတယ်…..အခုတော့ကိုယ်ကဘာရောဂါတောင်ဖြစ်တယ်ဆိုတာကြိုမပြောရသေးဘဲ… Scanဖတ်လိုက်တာနဲ့တင်……ဒီရောဂါတွေရဲ့အခြေအနေကို…အတွင်းကလီစာတွေနဲ့လူခနဓာကိုယ်အစိတ်အပိုင်းတွေရဲ့လုပ်ဆောင်မှုတွေကို စစ်ဆေးခြင်းအားဖြင့်သိရှိရတဲ့အတွက်…ကျွန်တော့်မိခင်ကြီးဟာဒီရွှေမိုးပွင့်အေးဆေးကုခန်းလေးမှာဆေးကုသမှုခံယူဖို့ဆုံးဖြတ်ခဲ့ပါတ ယ်….. First  Package နဲ့ Second  Packageကို အမ်အိုင်အင်နာဂျီဆိုတဲ့စက်ကလေးနဲ့ လျှပ်စစ်ဓါတ်တွေကိုယ်တွင်းကိုစီးဆင်းစေပြီးကုသပြီးတဲ့အခါမှာတော့… ကျွန်တော့်မိဘတွေဟာကျွန်တော်တို့နေထိုင်ရာအိမ်ရှိတဲ့ရှမ်းပြည်တောင်ပိုင်းကိုပြန်လာခဲ့ပါတော့တယ်…. ဒီနေရာမှာကျွန်တော့်အနေနဲ့ရွာသူားတွေကိုတင်ပြချင်တာကတော့….ကျွန်တော့်အမေရဲ့Before  and  After  အခြေအနေကိုပါ…. ဒီဆေးခန်းလေးမှာကုသခြင်းမပြုခင်မှာတော့ကျွန်တော့်အမေဟာမကြာမကြာဗိုက်အောင့်တတ်ပါတယ်…. အသည်းဘက်ခြမ်းကအောင့်သလို အစာအိမ်ကလဲအောင့်ပါတယ်…. အဲဒီ့တုန်းကတော့ဆရာဝန်တွေအထူးကုတွေနဲ့ပြကြည့်တဲ့အခါမှာအသည်းမကောင်းလို့ဖြစ်တာဆိုပြီး… ကုထုံးတွေအမျိုးမျိုးနဲ့ကုသခဲ့ပါတယ်….ပျောက်ကင်းတယ်ဆိုတာတော့မရှိခဲ့ပါဘူး…..အသက်အရွယ်ရလာတာနဲ့အမျှ…… ရောဂါဟာပိုပိုပြီးပဲတိုးလာခဲ့ပါတယ်…..တရုတ်ပြည်ကလာတဲ့လင်ဇီးဆေးတွေလဲစားတယ်…..စားနေတုန်းပဲကောင်းတယ်….ဈေးကြီးတော့ ဆက်မစားဘဲနေရင်….ရောဂါကနှစ်ဆပိုတိုးလာသလိုခံစားရပါတယ်…..ကိုယ်တွေလက်တွေလဲကိုက်ခဲရင်…….အသည်းရောဂါနဲ့…. အကိုက်ခဲပျောက်ဆေးတွေနဲ့မတည့်ဘူးဆိုပြီး……ကိုက်တာခဲတာတွေကိုကြိတ်မှိတ်ပြီးခံစားခဲ့ရပါတယ်….. ဒီစက်ကလေးနဲ့runပြီးတဲ့အခါမှာတော့အသားအရည်ဟာလဲစိုစိုပြည်ပြည်ဖြစ်လာတယ်….အရင်ကလိုမွဲခြောက်ခြောက်နဲ့ညိုညစ်ညစ်မဖြစ်တော့ဘူး… ဗိုက်အောင့်တာတွေလဲသက်သာလာတယ်……ကိုက်တာခဲတာတွေလဲမရှိတော့ဘူး…..ကိုက်လို့ခဲလို့ဆေးသောက်ရင်လဲ…ဆေးမှာပါတဲ့…. side  affect  ဘေးထွက်ဆိုးကျိုးတွေကိုဒီ  MI  Energyစက်ကလေးကနေခြေဖျက်ပေးတဲ့အတွက်ကြောင့်အရင်ကလို….ကိုက်ခဲမှုဝေဒနာကို အံကြိတ်ပြီးခံစားနေစရာမလိုတော့ပါဘူး……ဈေးနှုန်းကလဲ  Packageတစ်ခုကိုမှ…သောင်းဂဏန်းသာဖြစ်တဲ့အတွက်လူလတ်တန်းစား…. ရောဂါဝေဒနာသည်များအတွက်တစ်မျိုးတစ်ဖုံထောက်ပံ့မှုတွေရရှိအောင်ကုသနိုင်တဲ့ဈေးနှုန်းမျိုးပါ…… […]