“” ကွီ ကွီ ကွီ ကွီ ………… “” ဟိုက် ရှာလပတ် !! အိပ်မည်ဆိုကာမှ ဖုန်းမည်သံကြားရပြန်လေသည် ။ ဒီနေ့ တစ်နေ့လုံး လာသမျှဖုန်းတွေအထဲ အနက်စောစောပထမဆုံးဝင်လာသော ကိုကြီးဘလက်ချော၏ ဖုန်းသာလျှင် မင်္ဂလာအရှိဆုံးဖြစ်သည် ။ မင်္ဂလာရှိပေမပေါ့ …… စောစောစီးစီး နံနက်စာအတွက် လဘက်ရည်တိုက်မုန့်ကျွေးချင်သမို့ ကြွတော်မူပါတဲ့ ။ သူ ဒကာခံပါမည် ဟုဆိုသည်မဟုတ်ပါလား …… သည်လိုစိန်ခေါ်လာခြင်းကိုတော့ မောင်ဆာမိတို့က နဲနဲမှ ငြင်းမည်မဟုတ် ။ လာထား …… ပေါ့ကျနှစ်ခွက်ဆင့်သောက်ပစ်လိုက်သည် ။ အသားကင်ပေါက်စီလေးပါ အဆစ်တီးလိုက်သည်မို့ ကိုကြီးဘလက် အတော်လေးတော့နေသာထိုင်သာရှိသွားမည်ထင်၏ ။ ကိုဘလက်ကြီးက စေတနာကောင်းသည် ။မယုံမရှိလေနှင့် […]