ဒီတစ်ပတ်ပြောပေးမယ့်အကြောင်းအရာကတော့ အမျိုးသမီးတို်င်း အထူးသဖြင့် အမျိုးသမီးကြီးတွေ ဝတ်ဆင်လေ့ရှိတဲ့ ပါတိတ်အကြောင်းပဲဖြစ်ပါတယ်။ ပါတိတ်မှာဆို ဒါးကြီးကအကောင်းဆုံးပဲလို့တော့အက်မင်ကြားဖူးပါတယ်။ အဲ့ဒါးကြီးပါတိတ်ကို ဘယ်နိုင်ငံကထုတ်ပြီး နာမည်ပိုကြီးသလဲဆိုရင် အင်ဒိုနီးရှားနိုင်ငံကပဲဖြစ်ပါတယ်။ အက်မင်တိုု့မြန်မာနိုင်ငံမှာ ပါတိတ်ကို အမျိုးသမီးတွေသာ ဝတ်ပေမဲ့ သူတို့နိုင်ငံမှာ တော့ အမျိုးသားရော၊ အမျိုးသမီးတွေပါဝတ်ဆင်ကြတယ်။ သူတို့ရ ဲ့ရိုးရာအထည်ဖြစ်လို့ဆိုပြီး ပါတိတ်ကို အမြတ်တနိုးထားဝတ်ဆင်ကြပါတယ်။ အက်မင်တို့ ဘာလီကိုသွားတုန်းကဆို အမျိုးသားဂိုက်ကိုယ်တိုင်ကကို ခေါင်းပေါင်းကအစပုဆိုးအဆုံး ပါတိတ်ပဲဝတ်တာတွေ့ပါတယ်။ အက်မင်တို့လည်း ဘာလီဆို ပါတိတ်ကမဝယ်မဖြစ်ဆိုတော့ အိမ်ကအမေတွေ၊ အဒေါ်တွေအတွက်ဝယ်သွားတာပေါ့။ နာမည်ကြီးတဲ့အတိုင်း အသားလည်းကောင်းတယ်။ လမ်းဘေးမှာလိုက်ရောင်းတဲ့ပါတိတ်ကအစသူတို့မှာကောင်းတာ။ အနံ့လည်းမွှေးလို့။ ပါတိတ်ကအသားကောင်းရင် အနံ့မွှေးတယ်တဲ့။ ဒီတော့ အက်မင်က ဘာလီရောက်ခဲ့ရင် ပါတိတ်ဝယ်လို့ကောင်းမယ့်ဆိုင်များကိုဖော်ပြပေးပါမယ်နော်။ #Bali_Bidadari_Batik လိပ်စာကတော့ Jl. WR Supratman No.343, Kesiman Kertalangu, Kec. Denpasar Tim., […]