Foreign ResidentOctober 19, 201415min17811
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၅ ( Wall Street & Empire State ) ။   ဝ၅ – ဝ၅ – ၂၀၁၄ ။   အဘတို့ Liberty Statue Cruise စီးပြီးတဲ့ အခါမှာတော့ ၊ နာမည်ကျော် Wall Street လမ်းမ အတိုင်း အပေါ်ကို လမ်းလျှောက်ပြီး ၊ New York ရဲ့ Financial District ဆီကို ပြန်တက်လာခဲ့ပါတယ် ။   5 ဒီဟာက နာမည်ကျော် Wall Street […]


Foreign ResidentOctober 18, 201416min22116
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၄ ( New York Time Square & Liberty Statue ) ။   ဝ၄ – ဝ၅ – ၂၀၁၄ ။   အဘ တို့ Woodbury Common Premium Outlets ကနေပြန်ထွက်လာတော့ ၊ ညနေ ၃ နာရီ ကျော်လောက် ရှိမပေါ့ ။ အဲဒီကနေ တစ်နာရီလောက် ကားမေါင်းပြီးတဲ့အခါ ၊ ၄ နာရီ ခွဲ လောက်မှာ ၊ New York ရဲ့ နာမည်ကြီး […]


weiweiOctober 16, 20147min26615
ဖိုလ်ဝင်တောင်ဆီကို မရောက်ဖြစ်တာကြာခဲ့ပါပြီ။ မေ့သလောက်တောင် ရှိနေပြီမို့ ဒီတစ်ခေါက် မုံရွာရောက်တုန်း ရောက်ဖြစ်အောင်သွားလိုက်ပါတယ်။ သီတင်းကျွတ်လဖြစ်လို့ အညာဒေသဖြစ်ပေမယ့် ပါတ်ဝန်းကျင်က စိမ်းစိုလို့နေပါတယ်။ မုံရွာမြို့ထဲကနေ တစ်နာရီကားမောင်းလိုက်ရင် ဖိုလ်ဝင်တောင်ကိုရောက်ပါတယ်။ မြစ်ကိုဖြတ်ပြီး သွားရတာမို့လို့ ရေလမ်းကသွားလို့ရသလို တံတားဖြတ်ပြီး ကားနဲ့လဲ သွားလို့ရပါတယ်။ တံတားကိုကျော်ဖြတ်လိုက်တာနဲ့ ပါတ်ဝန်းကျင်က တစ်မျိုးပြောင်းလာတယ်။ တောင်တန်းတွေ၊ တောင်ကတုံးတွေ၊ အဲဒီတော့မှ သတိရမိတာက လက်ပန်းတောင်းတောင်ဆိုတာ ဘယ်ဟာများပါလိမ့်ပေါ့။ ဘယ်တောင်ဖြစ်မလဲလို့ လျှောက်ပြီးမှန်းကြည့်ခဲ့ကြတယ်။ တောင်ကြီးတစ်ခုထိပ်မှာ ယန္တရားနဲ့ အလုပ်လုပ်နေကြတာတွေ့ခဲ့ရသေးတယ်။ ကားပေါ်ကနေမို့လို့ ဓါတ်ပုံသေချာမရိုက်ခဲ့ရဘူး။ ကားသွားရင်း ဒီအတိုင်းရိုက်လိုက်တာမို့လို့ သိပ်တော့ မထင်ရှားဘူး။ ထူးထူးခြားခြား သတိထားမိခဲ့တာက တွင်းသေးသေးလေးတွေ၊ လမ်းတစ်လျှောက် တွေ့ရတယ်။ ကြေးနီတွေကို တစ်နိုင်တစ်ပိုင်များတူးနေကြတာလားလို့ တွေးကြည့်မိသေးတယ်။ ဟုတ်မဟုတ်တော့မသိ။ ဖိုလ်ဝင်တောင်ကို အဝေးကနေမြင်ရပါတယ်။ လောင်းလှေကြီးတစ်စင်းမှောက်ထားတဲ့သဏ္ဍာန်မျိုးဖြစ်ပါတယ်။ အလောင်းတော်ကသဖခရီးစဉ်ရှိတဲ့ရာသီတွေမှာ လူသွားလူလာများပေမယ့် တခြားအချိန်တွေမှာ […]


“ည၏……………..”   အခုနောက်ပိုင်းဓါတ်ပုံရိုက်တဲ့အခါ  ညအလှတွေကို ရိုက်ဘို့စိတ်သန်ပါတယ်။ အဲတော့ ဓါတ်ဆရာတွေ စု ပြီး ည ပုံ တွေ ထွက်ရိုက်ဖြစ်ပါတယ်။ အများဆုံးရိုက်ဖြစ်တာတော့ ကျုံးဒေါင့်  နဲ့ ဘူတာကြီးအရှေ့ ဝရန်တာကနေ ရိုက်ဖြစ်ပါတယ်။     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 12-10-2014


ကုိ ထြဋ္October 11, 20142min28430
တယောက်တည်း အလှပုံ…. 🙂 လှတော့ မလှဘူးပေါ့… ဟဲ စုံတွဲပုံကိုမှ အနောက်က မီးခိုးထည့်ရတာ… တော်တော်ပင်ပန်းတယ်ဗျ… Smoke အလွှတ်… မီးလဲ နောက်က အထိုး… လူကလဲ သရုပ်အဆောင်… ဓာတ်ပုံကလဲ အရိုက်… အံကိုက်ဖြစ်မှ… 😀 ဒီပုံက မင်္ဂလာခန်းမ ရှေ့မှာ ထောင်တဲ့ ပုံပေါ့… ဟီး… လူကို မမြင်ရဘူးမလား… 🙂 ဒါကတော့ ၂ ယောက်စလုံး အကြိုက်တူတဲ့ ပုံပါ… 🙂 ဝတ်စုံက ၂ စုံထဲ ယူထားတာဆိုတော့… အပေါ်အကျီင်္ချွတ်ပြီး နောက်တစုံ ပုံစံ ဖမ်းထားတာ… ဟီး… နေရောင်လေးကိုပါ ကြိုက်လို့ဗျ… တော်တော်ပင်ပန်းတယ်… ဒီပုံတွေလဲ… ကင်မရာမင်းလဲ ဝမ်းလျားကို မှောက်… အဲဒါ ၁၂ နေတည့်တည့်ပဲ… […]


weiweiOctober 10, 20145min30020
ပတ္တမြားမြေသို့အလည်တစ်ခေါက်ပို့စ်ရဲ့ အဆက်ဖြစ်ပါတယ်။ ဓါတ်ပုံတွေများလို့ ၂ ပိုင်း ခွဲလိုက်တာပါ။ ပတ္တမြားစေတီတောင်ပေါ်ကနေ မြင်ရတဲ့ မိုးကုတ်မြို့က အလွန်လှပါတယ်။ နေ့လည်စာ စားပြီးတဲ့အချိန်မှာ ဖောင်တော်ဦးဘုရားဆီကို သွားခဲ့ပါတယ်။ ဖောင်တော်ဦးဆိုတော့ ကန်အစပ်မှာရှိမယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး။ ဒီအတိုင်း မြို့ထဲမှာပဲ ရှိပါတယ်။ ပုံတွေကြည့်လိုက်ကြပါအုန်း။ ဖောင်တော်ဦးဘုရားကနေ မြို့လည်ကို လှမ်းမြင်ရပါတယ်။ ထူးခြားတာကတော့ မိုးကုတ်ဈေးပါ တြိဂံပုံ သဏ္ဍာန် တည်ထားပါတယ်။ မိုးကုတ်က အပြန်မှာတော့ လာလမ်းဖြစ်တဲ့ ပြင်ဦးလွင် မိုးကုတ်လမ်းကို ပြန်မသွားပဲနဲ့ သပိတ်ကျင်း မန္တလေးလမ်းကနေ ပြန်ခဲ့ပါတယ်။ မိုးကုတ် မန္တလေး ၁၂၆ မိုင်ရှိပါတယ်။ သပိတ်ကျင်းအထိ မိုင် (၄၀) လောက် တောင်တက်လမ်း အကွေ့လမ်းတွေရှိပေမယ့် သပိတ်ကျင်းကျော်သွားရင် မြေပြန့်ဖြစ်သွားပါပြီ။ အသွားအလာပိုများပါတယ်။ ပြင်ဦးလွင်လမ်းကတော့ လုံခြုံမှုမရှိဘူးလို့သိခဲ့ရတယ်။ သူပုန်တွေရှိပြီး […]


ပန်းပြပွဲ…ဓါတ်ပုံပိုစ်   ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့် နေ့က မေမြို့ကိုရောက်သွားပါတယ်။   အဲ့မှာရိုက်စရာကတော့ ပန်း ဘဲ ရှိတယ်လေ   အဲ့တော့       ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   10-10-2014


alinsettOctober 10, 20143min29236
                                      ==========                                                             ——————————–       ———————————————————— […]


weiweiOctober 10, 20144min29717
ကျွန်မနဲ့ ခရီးသွားခြင်းက တစ်သားထဲဖြစ်နေသလိုပါပဲ။ ပိတ်ရက်ရလိုက်တိုင်း ခရီးတစ်ခုခုထွက်ပြီး အပန်းဖြေတတ်တာ အကျင့်တစ်ခုလိုဖြစ်နေပါပြီ။ ရက်ရှည်ရင်တစ်မျိုး၊ ရက်တိုရင်တစ်မျိုး အဆင်ပြေသလို သွားလေ့ရှိပါတယ်။ ဒီအပါတ် သီတင်းကျွတ်မှာ မရောက်ဖြစ်တာ ကြာနေပြီဖြစ်တဲ့ မုံရွာဘက်ကို သွားလည်ပြီး ပြင်ဦးလွင်မှာအပန်းဖြေမယ်လို့ စီစဉ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် မုံရွာကပြန်ပြီး ပြင်ဦးဘက် အတက်လမ်းမှာ စိတ်ကူးပြောင်းသွားတယ်။ မန္တလေး-ပြင်ဦးလွင်-မိုးကုတ် ပြေးဆွဲနေတယ် တက်စီကားလေးတွေကြည့်ပြီး မိုးကုတ်သွားကြရင်ကောင်းမယ်လို့ တွေးမိပြီး ပြင်ဦးလွင်မှာညအိပ်ပြီး မနက်ဘက် မိုးကုတ်ဘက်ကို ခရီးထွက်ခဲ့ကြပါတယ်။ ပြင်ဦးလွင်ကနေ မိုးကုတ်ကို ၉၃ မိုင်ရှိပါတယ်။ ဘုမသိ ဘမသိ ဘယ်သူမှမမေးပဲ လမ်းညွှန်အတိုင်းမောင်းသွားလိုက်တယ်။ မနက် ၈ နာရီလောက်မှာ ပြင်ဦးလွင်ကနေ စထွက်ဖြစ်ပါတယ်။ လမ်းတလျှောက် ရွာငယ်လေးတွေရှိပေမယ့် ဆိုင်ကြီးကြီးမားမားမရှိပါဘူး။ ဆီရောင်းတဲ့ပန့်ဆိုင်လဲ မရှိဘူး။ ဆိုင်ကယ်လေးတွေတော့ အသွားအလာရှိတယ်။ ပါတ်ဝန်းကျင်က အရမ်းကိုသာယာလှပတယ်။ […]


weiweiOctober 9, 20144min33818
မိုးကုတ်နဲ့ မုံရွာဘက် ခရီးထွက်ဖြစ်တဲ့အတွက် ဓါတ်ပုံတော်တော်များများ ရိုက်ဖြစ်ခဲ့ပါတယ်။ ခရီးသွားပို့စ်ကို တစ်နေရာချင်းစီ တင်ဖို့အစီအစဉ်လဲရှိပါတယ်။ ပထမဆုံးပို့စ်ကို မျောက်ပုံတွေနဲ့ စလိုက်ချင်တယ်။ (ဆွေမျိုးတွေကို ဦးစားပေးတဲ့သဘောပေါ့ .. 🙂 ) မုံရွာ ဖိုလ်ဝင်တောင်မှာ စိတ်ဝင်စားစရာ ရှေးဟောင်းစေတီပုထိုးလက်ရာများအပြင် သဘာဝအတိုင်း ပျော်ပါးနေထိုင်နေကြတဲ့ မျောက်တွေလဲရှိပါတယ်။ လူတွေနဲ့ ယဉ်ပါးနေတဲ့မျောက်တွေမို့လို့ အနီးကပ် ဓါတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။ တောင်ပေါ်မှာ မျောက်တွေက အုပ်စုဖွဲ့ပြီးနေထိုင်ကြတယ်။ အုပ်စုကြီးတစ်စုမှာ မျောက်မများနဲ့ မျောက်ကလေးများအတူတူနေထိုင်ကြတယ်။ သူတို့နားမှာ မျောက်ထီးမတွေ့မိခဲ့လို့ မေးကြည့်တဲ့အခါမှာတော့ အထီးတွေက သင်းကွဲကောင်တွေဖြစ်ပြီး သီးသန့်နေကြရတယ်တဲ့။ မျောက်မတွေကိုတော့ အင်အားကြီးတဲ့ မျောက်ထီးကြီးတစ်ကောင်ကပဲ အပိုင်သိမ်းထားတာဆိုပဲ။ မျောက်မနားကပ်ချင်ရင် အဲဒီအကောင်ကြီးကို အနိုင်တိုက်ခိုက်ပြီး ဗိုလ်လုပ်နိုင်မှ ရမယ်တဲ့လေ။ မျောက်တွေမြင်တော့ ဘောင်းဘီဝတ်ပေးချင်စိတ်ပေါက်ခဲ့တယ်။ မျောက်ပုံတွေကြည့်ရင်း အပျင်းပြေနိုင်ပါစေ …