အိမ်ဦးခန်းမှ အမေ၏ ဘုရားရှိခိုးသံကြောင့် ကျနော်အိပ်ရာမှ နိုးလာသည်။ ခေါင်းရင်းမှ နာရီကိုကြည့်မိတော့ နံနက်လေးနာရီထိုးချေပြီ။ ကျနော် အိပ်ရာမှ ကမန်းကတတန်းထလိုက် ၏။ ဒီနေ့ ကျနော်သွားစရာရှိနေသည် မဟုတ်လား။ မနေ့ကတည်းက အစီအစဉ်တွေကို အမြန်ရေးဆွဲခဲ့ရပြီး ဒီနေ့မှာ အားလုံးအဆင်ပြေစေရန် ကျနော်ရှိနေမှ ဖြစ်ပေမည်။ ဒီပွဲကို စီစဉ်သူ ဆရာတော် ဦးအာဒိစ္စဝံသက ကျနော်အား အလုံးစုံလွဲအပ်ထားခဲ့၏။ ဒီပွဲဖြစ်မြောက်အောင် အားထုတ်ခဲ့ရသည်များကို ကျနော်ပြန်တွေးနေမိချေသည်။ ပွဲဆိုလို့ ရှင်ပြုပွဲ မင်္ဂပွဲတော့ မဟုတ်ပါ။ ဆရာတော်နှင့် ကျနော်၏ ကြိုးပမ်းအားထုတ်မှု ကြောင့် ပြင်ဆင်ပြီးစီးသွားခဲ့သော စာသင်ဆောင်လေးအား ရပ်ရွာသို့ လွဲပြောင်းပေးအပ် ကြမည့်ပွဲလေးပင်..။ ဒီစာသင်ဆောင်လေးကို ရွာသူရွာသားတွေ စုပေါင်းဆောက်လုပ်ခဲ့ကြ ပေမယ့် ငွေရေးကြေးရေး မတတ်နိုင်သဖြင့် ဆောက်လက်စကို အပြီးမသတ်နိုင်ပဲ ပစ်ထားခဲ့ ရသည်မဟုတ်လား…။ ကျနော်တို့ […]