မကြာသေးခင်က သီရိလင်္ကာနိုင်ငံတွင် ကြက်မတစ်ကောင်သည် ဥ,ဥခြင်းမဟုတ်ဘဲ ကြက်ငယ်တစ်ကောင်ကို အကောင်လိုက်မွေးဖွားခဲ့ကြောင်း သိရသည်။ ပုံမှန်အားဖြင့် ဥများကို ဥချပြီးမှ အပြင်ဘက်၌ အနွေးဓာတ်ပေးခြင်း သို့မဟုတ်ကြက်မက ဝပ်ခြင်းအားဖြင့် အကောင်ပေါက်လာသော်လည်း ယခု ကြက်ကလေးကိုမူ အကောင်လိုက်မွေးဖွားခဲ့ခြင်းဖြစ်သည်။ အပြင်ဘက်တွင် ၂၁ ရက်ကြာဝပ်ပြီးမှ အကောင်ပေါက်သော်လည်း ယခုကြက်ကလေးသည် ထူးဆန်းစွာ အကောင်လိုက်မွေးလာခြင်းဖြစ်သည်။ မွေးလာသည့်ကြက်ကလေးမှာ ကျန်းမာ သန်စွမ်းပြီး ကိုယ်လက်အင်္ဂါစုံလင်ကာအသက်ရှင်ခဲ့သော်လည်း သူ့အား မွေးဖွားခဲ့သည့် ကြက်မကြီးမှာမူ အတွင်းပိုင်းဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ကြက်ပိုင်ရှင် လယ်သမားသည် အဆိုပါ ဖြစ်ရပ်ဆန်းကို သက်ဆိုင်ရာအာဏာပိုင်များထံသို့ အကြောင်းကြားခဲ့ပြီး တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဆိုင်ရာ အာဏာပိုင်များက ကြက်မကြီးအား ရင်ခွဲကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ပါကစ္စတန်နိုင်ငံ ဝေလီပါဒါမြို့မှ တိရစ္ဆာန်ဆေးကု ဆရာဝန်ပီအာယာပါက ယင်းကဲ့သို့သော အဖြစ်မိုျးကို သူ့အနေဖြင့် တစ်ကြိမ်သာ […]