OnyxApril 29, 20121min22919
ဒီပိုစ်ကို တင်မယ်တင်မယ်နဲ့ လုပ်နေတာ ကြာပါပြီ ။ ဒီကြားထဲ ခရီးပါ ထွက်လိုက်ရတော့ ပိုပြီး ကြာသွားပါလေရော ဖြစ်ကြောင်းအစက ဂလိုပါ …………. ရန်ကုန်မှာ နေပြီး ဘတ်စ်ကား စီးပြီး ရုံးတက်ရတဲ့ လူတွေ နေစဉ် လိုလိုကြုံတွေ့နေကြ ပါ ။ ရုံးတက်ရုံးဆင်း ဆို မီးပွိင့်တွေမှာ ကားတွေက ပိတ်တာ တော်ရုံနဲ့ မလွတ်နိုင်ပါဘူး တစ်ခါတစ်ခါဆို မီးပွိင့်မှာ နှစ်ခါ သုံးခါ လောက်ကို ပြန်မိ နေတက်ပါတယ် ။သာမန် သူလိုကို လို ရုံးတက် မမှီတာတို့ ကားလမ်းပိတ်လို့ အိမ်ပြန်နောက်ကျ တာကတော့ ဘာမျှ မပြောလိုပါဘူး ။ဘာလို့ဆို ထွက်ချိန်ကို မိနစ် ၂ဝ နာရီဝက်လောက်စောထွက်ရင်လွတ်နိုင်သေးတယ်မဟုတ်ပါလား ။အဲဒါက ထားတော့ မီးပွိင့်မှာ […]


မနေ့က ကေလယ်မြို့လည်မှာ (Bersih)သန့်ရှင်းရေး၊အင်အား (၃၀၀၀၀)ဝန်းကျင်ခန့် ဆန္ဒထုတ်ဖေါ်ပြသခဲ့ပါတယ်၊ရဲနှင့်လုံထိန်းများက မျက်ရည်ယိုဗုံးများ၊မီးသတ်ပိုက်များ အသုံးပြု၍ လူစုခွဲခဲ့ပါတယ်။လူပေါင်း ၄၇၁ ဦးကိုလည်းထိန်းသိမ်းခဲ့ပါတယ်၊ သတင်းဓါတ်ပုံများကို…http://www.stratstimes.com/Breaking News/SEAsia/Story/STIStory-793815.html…မှရရှိပါသည်။ မလေးရှားနိုင်ငံအတွက်တော့နောက်ထပ် ရုပ်ဆိုးအကျီးတန်စေတဲ့ဖြစ်ရပ်တစ်ခုပါပဲ။


Ko out of...April 29, 20121min1195
ကလေးငယ်တွေကို တံခါးပိတ်ပြီး ထိန်းတာနဲ့ တခါးဖွင့်ပြီး ကလေးထိန်းတာ ဘယ်က ပိုခက်မယ်ထင်သလဲ?.. တံခါးဖွင့်ပြီးတော့ ကလေးထိန်းရင် ပိုခက်လိမ့်မယ်ဆိုတာ လူတိုင်း သိပါတယ်.. အေးအေးဆေးနေချင်သမားကတော့ တံခါးပိတ်ပြီးထိန်းကျောင်းတာပိုကောင်းတယ် လွယ်တယ် လို့ပြောမှာဘဲ…ဒါကလေး ထိန်းနည်း အမှန်လို့မဆိုနိုင်ဘူး… ကလေးတွေရဲ့ ကာယအား…ဉာဏအားဖွံ့ဖြိုးအောင် လွတ်လွတ်လပ်လပ် အပြင်မှာ လှုပ်ရှားပြေးလွားစော့ကစား ခွင့်ပေးမှရတယ်..ဒါမှပတ်ဝန်ကျင် လေကောင်း လေသန့်တွေ ရှုရှိုက်ရမယ်… နောက်ကျယ်ဝန်းတဲ့ပတ်ဝန်းကျင် တွေကို တွေ့ရတော့ အမြင်ကျယ်လာမယ်..သီးခံတတ်၊ခွင့်လွတ်တတ်၊နားလည်တတ်လာမယ်၊ချစ်တတ်လာမယ် သူမသိသေးတာရှိရင်လည်း မေးခွန်းတွေမေးမြန်းတတ်လာမယ်?… စသည်စသည်ဖြစ်ပေါ့..ဒါသူတို့ကို အရောင်သွေးပေးတာနဲ့ အတူတူဘဲ မဟုတ်လား?.. ဟာ… ကလေးတွေကများတယ်? လူမျိုး ဘာသာတွေကလည်းစုံတယ်?…ခက်တယ် ခက်တယ်လို့ပြောပြီး..ကျွန်တော်တို့ရဲ့ ကလေးကို အိမ်မှာဘဲ တံခါးပိတ်ပြီး ထိန်းနေဦးမှာလား?.. ခက်တယ်လို့ပြောပြီး အိမ်မှာဘဲ ထိန်းနေဦးမယ် ဆိုရင်..အပြင်လောကမှာ ဘာဖြစ်တယ်ဆို တာ မသိဘဲ အူတူတူ အတတတွေဖြစ်သွားမယ်…တနေ့ကျ […]


လူသားတို့သည် နေ့တဓူဝ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး။ ပညာရေး၊ သားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ အစရှိသော လူ့အရေးများကို အချိန်နဲ့အမျှ ဆောင်ရွက်နေကြသည်။ ထိုသို့ဆိုလျှင် ဘာသာရေးသည်၊ မည်သူ့အရေးလဲဆိုလျှင် ဘာသာရေးသည်လည်း လူ့အရေးပင်ဖြစ်သည်။ သို့သော် ယနေ့ဘာသာတရားများသည် လူ့အရေးဖြစ်မလာဘဲ၊ လူလွန်အရေးများ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။ နိုင်ငံရေးသည်လည်း လူ့အရေးပင်ဖြစ်သည်၊ နိုင်ငံရေးသည် လူ့အရေးဖြစ်နေပါလျက် ဘာသာရေးနှင့်နိုင်ငံရေးကို ရောယှက်ခွင့်မရှိဟု မည်သည့်ပညာရှင်က ပြဌာန်းလိုက်သည်ကို စဉ်းစား၍မရအောင် ဖြစ်နေပါသည်။ ထိုအချက်ကို ပြဌာန်းလိုက်သူသည်လည်း ယနေ့ဘာသာရေး အခြေအနေများအရ မှားမည်ဟု မဆိုသာပေ။ အဘယ့်ကြောင့် ဆိုသော် ယနေ့ဘာသာတရားများသည် လူ့အရေးမဟုတ်၍ဖြစ် နေပါသည်။ ဘာသာရေးအား သီးသန့်ကမ္ဘာသို့ ပို့ဆောင်ထား၍ပင်ဖြစ်သည်။ ဘာသာဟူသည် အလင်းရောင်ဖြစ်ပြီး တရားဟူသည် အဆောင်ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာတရားဟူသည် လူသားတို့အတွက် […]


မြစ်ကြီးနား-မန္တလေး ခရီးစဉ်ပြေးဆွဲသော ၄၃အစုန် အိပ်စင်ရထား မိုင်းဗုန်းထိမှန်မြစ်ကြီးနားမြို့မှ မန္တလေးမြို့ (၂၈-၄-၂၀၁၂)နေ့ သို့ ထွက်ခွါလာ သော ၄၃အစုန် အိပ်စင်ရထား (နေ့ ၁း၄၅ထွက်) သည် နန်စီးဟောင်ဘူတာနှင့် မော်ဟန်ဘူတာ အကြားတွင် မိုင်းဗုန်း ထိခဲ့သည်ဟု ဒေသခံများ ပြောကြားချက် အရသိရှိရပါသည်။ အဆိုပါ ရထား၏ တွဲတစ်တွဲ ကို မိုင်းဗုန်း ထိခဲ့ပြီး အခြား ရထား တွဲများမှာ ဘီးချော်ခြင်း ၊ တိမ်းမှောက်ခြင်းများ ဖြစ်ခဲ့သည် ဟု သိရှိရပါသည်။ အဆိုပါ တိမ်းမှောက် သည့်နေရာ သို့ လူနာများကို တင်ဆောင်နိုင်ရန် အတွက် မြစ်ကြီးနားဘူတာမှ ၃၈ တရုတ်ရထား ထွက်ခွါသွားပြီ ဟု မြစ်ကြီးနားဘူတာမှ အမည်မဖေါ်လို သူတစ်ဦး မှ ပြောကြားခဲ့ပါသည်။ […]


may flowersApril 29, 20121min12917
KFC ကြက်ကြော်စားခဲ့မိသောကြောင့်    ဩစတြေးလျနိုင်ငံမှ  မော်နီကာ ဆယ်မွန်   ဆိုသောမိန်းကလေးတစ်ဦးသည်   ၂၀၀၅  ခုနှစ် အောက်တိုဘာလမှကာ  ဦးနှောက်ထိမိပြီး အဆိပ်အတောက်ဖြစ်ကာ  လေဖြတ်သွားခဲ့သည်ဟုဆိုပါသည်။   ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှ  အခြားသော KFC အသင့်စားကြက်ကြော်ကို စားသုံးခဲ့မိသောသူများမှလဲ  ထိုကြက်ကြော်   ကြောင့်  အခန့်မသင့်ပါက  ဖျားတတ်ခြင်း ခြေလက်အင်္ဂါ များ  အကြောဆိုင်းကာ မသန်စွမ်းတော့ခြင်းများ  ဖြစ်နေကြောင်း စော   ဒကတက်  ပြောဆိုမှုများလည်းရှိနေပါသည်။   New  South  Wale တရားရုံးမှ  သက်သေခိုင်လုံသောကြောင့်  KFC ကြက်ကြော်ကုမ္မဏီအား ဝေဒနာခံစားနေရသော အမျိုးသမီး   လေးအား  ဩစတြေးလျဒေါ်လာ (၈.၃) သန်းပေးရန်  အမိန့်ချမှတ်လိုက်သည်။ KFC  မှတရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်  ပြန်လည်   […]


htet wayApril 29, 20121min14615
ကျွန်တော်က ကဗျာကို ခရေစီဖြစ်သည်။ ကဗျာဝါသနာကြီးခဲ့သည်။ကဗျာတွေကို ရွတ်ရုံနှင့် အလွတ်ရခဲ့လောက်အောင်ဖြစ်ခဲ့သည်။ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)နှင့် တက္ကသိုလ်ကျောင်းသားဘဝ့ လှည်းတန်းရဲ့ ပြုံးပန်းတစ်ရာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ကဗျာဆရာရဲ့ စကားတွေ ကိုနားထောင်မိခဲ့ကြည်နူးခဲ့ ။ အတိတ်က ရနံ့ဟောင်းပါပဲ။ အိမ်မဲမြို့ စာပေဟောပြောပွဲကို ( ၃.၄ ၂၀၁၂ )မှာ ကျင်းပမယ်ဆိုတော့ ကျွန်တော်ပဲ ဆရာတွေကို ပင့်ဖိတ်ရတာပါ။ ဒီမှာလည်း တလမ်းလုံး ကဗျာအကြောင်း ၊ စာပေအကြောင်း ရုပ်ရှင် အကြောင်းတွေ ပြောဖြစ်ခဲ့ ကြ ပျော်စရာ ကြည်နူးစရာပါ။ဒါရိုက်တာအောင်စိုးဦးက ရုပ်ရှင် အကြောင်းတွေ ပြော ပြတယ်။သင်္ကြန်မိုး ၊နော်ရင်မွှေးာတ်ကားရဲ့ ဇာတ်ညွှန်းနဲ့ ဖန်တည်းခဲ့ရတာတွေ ဆရာ အကြည်တော်ကလည်း ကျောက်သင်ပုန်းတွေ မိုးထားတဲ့ အိမ် နောက် ဘီးလူးကို ငွေလေး ၄သောင်းထဲနဲ့ ရောင်းခဲ့ရပြီး […]


manawphyulayApril 29, 20121min1854
မလေးရှားရဲ့ အလုပ်ရဖို့အတွက် ပွဲစားနဲ့ တွေ့ပုံအစ ကျွန်တော်တို့ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ကိုရောက်ခဲ့ပြီး ပွဲစား စီစဉ်ထားတဲ့ အခန်းမှာ တစ်ညတာနားခိုပြီးတဲ့ နောက်တစ်နေ့မှာတော့ မလေးရှားနိုင်ငံရဲ့ ပွဲစားကြီး တရုတ်လူမျိုး ကမ်ဆိုတဲ့ လူတစ်ယောက်ရောက်လာပြီး ပွဲစားမြန်မာတွေနဲ့ စကားတွေပြောကြတာပေါ့ခင်ဗျာ။မလေးရှားဘာသာနဲ့ပြောနေတော့ ကျွန်တော်တို့ရောက်ကာစလူငယ်တွေ ဘယ်သိပါ့မလဲနော်။ဒါနဲ့ပဲ ပွဲစား ကမ်က ကျွန်တော်တို့ ယောကျင်္ားလေး ၄ယောက်ကို သူ့ရဲ့ ဗင်ကားနဲ့ခေါ်သွားတာပေါ့ခင်ဗျာ။အမျိုးသမီး ၃ယောက်ကတော့ ပွဲစား မြန်မာတွေဆီမှာကျန်ခဲ့တာပေါ့နော်။ကျန်မှာပေါ့ သူတို့က အောက်ပါအရည်အချင်းနဲ့ ပြည့်စုံသူတွေမို့ အလုပ်ကောင်းတွေရှာပေးမှာလေ။ခေတ်စကားနဲ့ ပြောရရင် အစ်ကိုတို့က ညီမလေးတို့ကို အကောင်းဆုံးအလုပ်တွေရှာပေးမယ်နော်။မပူနဲ့ အားလုံး တာဝန်ယူတယ်။အလုပ်ကောင်းတွေ မရမခင်ထိ အစ်ကိုတို့ တင်ကျွေးထားမယ်နော်။(သားသားတို့ကတော့ကျားတွေမို့ သနားမဲ့သူမရှိဘူးပေါ့နော် ကိုယ့်လက်ကလွတ် ပြွှတ်ပေါ့နော်။ရတဲ့ အလုပ်ဝင် ဒါပဲ)ကွာတယ်နော် အမေပေးတဲ့ လယ်တစ်ကွက်က အသုံးဝင်တယ်နော် ဟဲဟဲ (ရိုင်းတာ မဟုတ်ဘူးနော် မြင်သာအောင် […]


  ကျွန်ုပ်သည် မင်းအဖြစ် ဘိသိက် ခံယူပြီး ဖြစ်သော်လည်း မိဖုရားကား မရှိသေးပေ။ ယင်းကြောင့် ကျွန်ုပ်၏ မှူးကြီးမတ်ရာ သေနာပတိများနှင့် တိုင်ပင်၍ ကျွန်ုပ်အတွက် ကြင်ဖော် ကြင်ဖက် မိဖုရားမြတ်ကို ရှာဖွေရလေသည်။ ထို့သို့ ရှာဖွေရာတွင် သူတို့လည်း သူတို့နည်း သူတို့ဟန်နှင့် ရှာဖွေကြရန်၊ ကျွန်ုပ်လည်း ကျွန်ုပ်နည်း ကျွန်ုပ်ဟန်ဖြင့် ရှာဖွေရန် ရည်ရွယ်ထားလေ၏။ သို့ရာတွင်မူ မိဖုရား ဖြစ်မည့်သူ၏ အရည်အချင်းများ ကိုမူကား ဤသို့ဤနှယ် သတ်မှတ်ထားလေသည်။ ရုပ်ရည် မချောလွန်း၊ မဆိုးလွန်းခြင်း (ရုပ်ချောပါက သူများနောက် ထပ်ပြီး ပါသွားနိုင်၍၊ ရုပ်ဆိုးလွန်းပါက တစ်ရေးနိုးသည့်အခါ သရဲဟု ထင်မှတ်၍ လန့်ဖြတ် အသတ်ထွက်သွားနိုင်၍ …) အသက် (ဆံမဖြူ၊ သွားမကျိုး၊ ပါးမတွန့်၊ ခါးမကိုင်းသေးပါက […]


Moe ZApril 29, 20121min31265
ကျွန်မရဲ့တစ်နေ့တာအချိန်ဇယားအတိုင်း နံနက် ၆ နာရီမှစတင်ကာ ဆရာဖြစ်လိုက်၊ တပည့်ဖြစ်လိုက် ရုံးတက်ရုံးဆင်းဖြင့် မိုးချုပ်ရသည့် နေ့ရက်များကိုအပြောင်းအလဲမရှိကျော်ဖြတ်ရင်း သံပတ်ပေးထားသည့် စက်ရုပ်တစ်ရုပ်လိုလှုပ်ရှားနေရပါသည်။ ကိုယ်တိုင်က နှစ်သက်မက်မောစွာ ရွေးချယ်ခဲ့သည့်ဘဝဟုဆိုသော်လည်း တစ်ခါတစ်ရံ မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းများအကြား တာဝန်မကျေသလို ခံစားမိပါသည်။ ဘယ်တုန်းကမှ အိမ်အကူမထားခဲ့တဲ့ကျွန်မတို့အိမ်တွင် မနက်စာ၊ နေ့လည်စာ၊ ညစာအားလုံးကို မေမေကပဲတာဝန်ယူထားပါသည်။  အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေးအားလုံးကတော့ ကျွန်မရဲ့တာဝန်ဖြစ်ပြီး၊ ခြံဝန်းအတွင်းသန့်ရှင်းရေးနှင့် အပင်များရေလောင်းခြင်းက ဖေဖေ့ရဲ့တာဝန်ဖြစ်ပါသည်။ အကိုတော်က အိမ်ထောင်ကျပြီး အိမ်ခွဲနေနေသောကြောင့် ဖေဖေရဲ့တာဝန်က ပိုများပါသည်။ ဒီတနင်္ဂနွေတစ်ရက်မှာတော့ ကျွန်မတို့မိသားစု မနက်စာကိုအပြင်ထွက်စားဖြစ်ပါသည်။ သွေးတိုးရှိတဲ့မေမေ့အတွက် ဆီ၊ အချိုမှုန့်မပါ အငံလျှော့ထားတဲ့ မြီးရှည်တစ်ပွဲမှာပေးပြီး စားစရာတွေစောင့်နေတုန်း ကျွန်မရဲ့မျက်လုံးက ခပ်လှမ်းလှမ်းက စားပွဲတစ်လုံးကိုရောက်သွားပါသည်။ ကျွန်မဖေဖေနဲ့ ရွယ်တူလောက်ရှိမယ့် ဦးလေးကြီးတစ်ယောက်က အသက် ၉ဝ […]


               “သာယာသော ………..စည်ကားသော………အေးချမ်းသော ..လာသင့်သော ပိတ်ချင်းမြောင်”   ပိတ်ချင်းမြောင်ကို အရင်ကရောက်ဘူးပေမယ့် ဓါတ်ပုံမရိုက်တော့ မြင်မြင်သမျှ ကြည့်သာကြည့်လိုက်တယ် အမှတ်တမဲ့ပါဘဲ။ အခုတစ်ခေါက်က စောစောလဲရောက်တော့လူရှင်းတာရယ် ကိုယ်ကလဲ ဓါတ်ပုံရိုက်ချင်တာရယ်ကြောင့် ကိုယ်က သတိထားကြည့်မိတော့မှ ရိုးသားတဲ့အရပ်ဒေသက ဈေးသည်လေးတွေကိုသတိထားမိပါတယ်။ မီးဖိုပေါ်မှာတင်ထားလို့ အငွေ့တထောင်းထောင်းထနေတဲ့ကောက်ညှင်းထုပ်တွေ၊ ကောက်ညှင်းနည်းနည်းငှက်ပျောသီးမှည့် တစ်ဝက်တိတိပါတဲ့ ငှက်ပျောထုပ်၊ ကောက်ညှင်းကျည်တောက် မြင်သမျှစားချင်စရာ။ မျစ်ချဉ် ၊လက်ဖက်ခြောက်၊စတော်ဘယ်ရီသီးနီနီ၊မက်မန်းဝိုင်၊မက်မန်းသီးဆားစိမ်။ ကြက်သွန်ဖြူ၊ဆတ်သားခြောက် အသည်စုံလို့ပါဘဲ။ ကျနော်အကြိုက်ဆုံးကတော့ ရှမ်းတို့ဟူးသုတ်ပါဘဲ။ တစ်ပွဲမှာသုံးရာ ကောင်းချက်ကတော့ရက်စက်တယ်။ လှိုဏ်ဂူထဲက ဆင်းလာတဲ့ရေတွေကြောင့်ဖြစ်နေတဲ့ရေတံခွန်စမ်းကလဲအေးဆေးလို့သာယာ။ ကဲ သွားသာကြည့်လိုက်ပါတော့……………………….   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)  


Ko out of...April 29, 20121min884
(၁) လောကတွင် ဘာသာရေးကလွဲရင် အားလုံးသောကိစ္စဟူသမျှသည် အမြဲပြုပြင်ပြောင်းလဲ လျှက်ရှိသည်..အဝတ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အယူအဆ စသည်တို့မှာ အမြဲပြောင်းလဲလျှက်ရှိသည်… (၂) ကျွန်ုပ်တို့၏ ယခုရှိရင်းစွဲ အနေအထိုင်၊အဝတ်အစား စသည်တို့ကို ပြုုပြင်ရန်များစွာ လိုပေသည်..ဥပမာ..မြန်မာစစ်တပ်ဖွဲ့လျှင် မြန်မာ့လုံချည်သည် မသင့်သော် မြန်မြန်ပြေး လို့ မဖြစ်ပေ စစ်သားအတွက်ဘောင်းဘီသည် အကောင်းဆုံးဖြစ်၏။ လေးနှင့် မြှားသည် ရှေးအခါက ကောင်းသော်လည်း ယခုခေတ်မှာ သေနတ်သည် ပိုကောင်း၏… (၃) အများသဘောသည် အမှားပေါ၏။ လောကတွင် ပညာရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်လျှင် ပညာရှိသောသူသည် မနှိုင်းယှဉ် နိုင်လောက်အောင် နည်း၏… (၄) မည်သည့် ကိစ္စမဆို ” ဟာ အများသဘောပေါ့” ဟုပြောသောသူသည် အသုံးမကျသောသူ လို့မှတ်အပ်၏။ အများသဘောသည် မှားလျှင်မှားကြောင်း […]