Facebook သုံးသူများအတွက် ကိုယ့် Facebook သူငယ်ချင်းများရဲ့ မေးလ် လိပ်စာများကို အလိုအလျောက်နဲ့ မြန်မြန်ဆန်ဆန်နဲ့ ကိုယ့် Gmail ထဲကို ပို့လို့ရမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့် သူငယ်ချင်းများက သူတို့ရဲ့ Facebook profile မှာ Gmail လိပ်စာများကို ဖုံးထားတတ်ကြပါတယ်။ ဒါကြောင့် အရေးကြုံ့ရင် အီးမေးလ် ပို့တဲ့အခါ အီးမေးလ် လိပ်စာ မသိလို့ အခက်အခဲဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုကို ပြောပြလိုက်ပါတယ်။ ဒီနည်းလမ်းမှာ အသုံးပြုရမှာက ဝက်ဘ်ဆိုက်တစ်ခုကို အသုံးပြုပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်က   FriendstoGmail ပဲဖြစ်ပါတယ်။  ပေးထားတဲ့ လင့်ခ်ကို ကလစ်နှိပ်ပြီး ရင် အောက်ပုံမှာ ပေးထားတဲ့ အတိုင်း Load […]


NovyApril 27, 20122min15513
ကိုပေါက်ကို အားကျလို့ မနို ထန်ဆန်းဂူသွားတုံးက ပုံလေးတွေတင်လိုက်ပါတယ် 2010သွားတုံးကတော့ ဂူကြီးကို ပြုပြင်နေစဲပါ အခုတော့ ပိုပြီးလှလာမယ်လို့ ထင်ပါတယ် ကျေက်စက် ပန်ဆွဲ လုပ်အားပေးနဲ့ ဂူအဝ   ဂူကြမ်းပြင်နဲ့ ထိနေတဲ့ ကျောက်စက်ပန်းစွဲ ကျောက်ပန်းစွဲတွေ ကို ကြည့်နော် ကောင်လေးတွေနဲ့ တူတဲ့ကျောက်ပန်းစွဲ ကျောက်ပန်းစွဲ 2 ကျောက်ပန်းစွဲ 3 ဘုရားတွေပေါ်ကို သွားတဲ့ လှေကားလေး  


phone_kyawApril 27, 20121min19018
ရိုဟင်ဂျာတွေကို အသိအမှတ်ပြုရမဲ့အချိန်ရောက်ပြီ ရိုဟင်ဂျာဖြစ်ဖို ့က လုံးဝကို မလွယ်ကူပါဘူး။ ဝေးလံခေါင်ဖျားတဲ့နေရာတွေကနေ တကူးတက လာရပါတယ်။ ဘာသာစကားမတူ ယဉ်ကျေးမှု ့မတူပဲ ရရာအလုပ်ကို လုပ်ရတဲ့အပြင် အနှိမ်လည်းခံရပါသေးတယ်။ အတော်သနားဖို ့ကောင်းပါတယ်။ သူတို ့တွေကို ရိုဟင်ဂျာဆိုပြီး အသိအမှတ်မပြုချင်ကြပါဘူး။ ဘင်္ဂါလီတွေဆိုပြီးပြောကြပါတယ်။ သူတို ့ကလည်း ရိုဟင်ဂျာဆိုပြီး ပြောပါတယ်။ ကျနော် ၂ဝဝ၂-ခုနှစ်မှာ ချင်းမိုင်အခြေစိုက် နိုင်ငံတကာ အန်ဂျီအိုတစ်ခုမှာ ပဋိပက္ခတွေကို သုတေသနပြုတဲ့ ကူဖော်လောင်ဖတ်တစ်ယောက်အနေနဲ ့အလုပ်လုပ်ရတော့ ရိုဟင်ဂျာကြီးတွေကို အင်တာဗျူးလုပ်ရတယ်။ ကျနော်တို ့လုပ်ထားတဲ့ ရီပို ့ကို အီးအာအိုင် ဝက်ဆိုက်ဒ်မှာရှာလို ့ရပါတယ်။ ရိုဟင်ဂျာတွေက မြန်မာတိုင်းရင်းသားဖြစ်ကြောင်း ကိုယ်ပိုင်နယ်မြေရှိကြောင်းပဲ ထပ်ခါတလဲလဲ တောင်းကြပါတယ်။ မြန်မာတိုင်းရင်းသားတွေထဲမှာ လုံးဝကို သူတို ့နာမည်မရှိကြောင်းပြောလည်း မရဘူး။ ဆိုတော့ […]


မင္း သာဂီApril 27, 20121min592
ကျွန်တော့်သားကိုကျွန်တော်က ဗုဒ္ဓဘာသာဝင်ကောင်း တစ်ဦးဖြစ်အောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲအောင်လုပ်လို့ မိဘတို့ဝတ္တရားရှိတဲ့အတိုင်း ပြောဆိုဆုံးမပါတယ်။ ကျွန်တော်သားက …..အဖေ ပုဆိုးက ခဏခဏ ပြင်ဝတ်ရတာ…ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုဆိုရင်…ခဏခဏပြင်နေရမယ့် သဘောလားတဲ့။ သင်္ကြန်တွေမှာဆိုရင်…အဖေတို့ မနက်သီလယူလိုက်. နေ့လည်ယူလိုက်….ညနေယူလိုက်…ဟိုအိမ်တက်သွားသီလယူလိုက်… ဒီဆွမ်းကျွေးယူလိုက်နဲ့ တနေ့ဆို အကြိမ်ပေါင်းမှ မနည်းတာတဲ့။ ဒါကြောင့် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို ခဏခဏပြင်ဝတ်နေကြတာလား အဖေလို့ပြန်ပြောပါတယ်။ ကျွန်တော်ဘယ်လိုပြန်ပြောရပါ့မလဲ။ သားကပြန် မေးသေးတယ်။ အဖေ အရှေကြီးတော့မဖြေနဲ့ဗျာတဲ့။ သီလဆိုတာ ဘုန်းကြီးတွေက ပေးမှရတာလားတဲ့။ ဘုန်းကြီးတွေက မပေးရင် သီလက မရဘူးလားတဲ့။ နောက် သီလဆိုတာ တောင်းမှ၊ ပေးမှ၊ ရတာလားတဲ့။ ဘုန်းကြီးတွေ မပေးရင် သီလက မရဘူးလားတဲ့။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ခဏခဏ ဘာကြောင့်သီလ ယူယူနေကြတာလဲတဲ့။ ကိုယ့်ဖာသာကို အဲဒီကျင့်ဝတ်တွေကို မကျူးလွန်ဘဲ […]


zaw winApril 27, 20121min851
မင်းရဲ့အားပေးမှုကြောင့် မုန်တိုင်းကြားက ပင်လယ်ထဲဖြတ်ကျော်နိုင်ခဲ့ မင်းရဲ့ခိုင်မာတဲ့ယုံကြည်မှုကြောင့် ငါ့မှာခွန်အားတွေဖြစ်လာခဲ့ မင်းရဲ့အားပေးမှုကြောင့် ငါ့မှာစွမ်းအားတွေဖြစ်လာခဲ့ မင်းရဲ့အားပေးမှုကြောင့် တောင်ထိပ်ပေါ် ငါရပ်တည်နိုင်ခဲ့။ မင်းသုတ 28-10-2010


မိုခ်ိဳApril 27, 20121min21521
ဒီလူ့ မျက်နှာ အရမ်းပျက် သွားပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ “ဆက်လေ ” လို့ အေးစက်စက် ပြန်ပြော ပြီး သူ့ ပေါင် ပေါ် ရောက်နေတဲ့ ကျမသားကို ခပ်တင်းတင်း ပြင် ဖက်လိုက်ပါတယ်။ ပြီးတော့ ကျမကို ခပ် တည်တည်နဲ့ ပဲ နင့် ကလး ငါ့ လက်ထဲမှာ ဆိုတဲ့ မျက်နှာပေး မျိုးနဲ့ ပြန် ကြည့် လာပါတယ်။ သူ့ မျက်နှာ ပေါ်မှာ ကြံရာ မရ ရင် တခုခုကိုဇွတ် အတင်း လုပ် တော့ မယ့် ပုံမျိုး အတိုင်း သားပေါ်နေပါတယ်။လက်တဖက် က သားကို ဖက်ထားပြီး နောက် တဖက်က ခါးနားမှာ […]


အငှားကားလေးတစ်စီး ကန်တော်ကြီးပတ်လမ်းကို မောင်းနှင်လာသည်… ထို့နောက် White Rice စားသောက်ဆိုင်ရှေ့တွင်ရပ်လိုက်သည်… အပေါက်ဝတွင် စောင့်နေသောကောင်လေးတစ်ဦးမှ ကားတံခါးကို ပြေးဖွင့်သည်… ကားပေါ်မှဆင်းလာသော ဘိန်းစားတစ်ဦး နှင့် ရသေ့တစ်ဦးကို တအံ့တဩကြည့်လိုက် သည်… သူတို့နှစ်ဦးလည်း စားသောက်ဆိုင်အတွင်းသို့ ခပ်တည်တည်ဝင်ရောက်ပြီး စားပွဲတွင် ဈေးကြီးသောအစားအစာများကို မှာယူစားသောက်သည်… ဘိန်းစားပေါက်ဖော်မှာယူစားသောက်နေသလောက် ဘေးနားမှရသေ့ကြီးမှာ အအေးသံဗူး တစ်ခွက်ဖြင့် ဥပုဉ်တည်ပြီး ဘိန်းစားပေါက်ဖော်နဲ့ စကားပြောနေတော့သည်… ထိုစဉ် ရသေ့ကြီး၏ အတွင်းခံအကျီ င်္ထဲမှ တယ်လီဖုန်းမြည်လာလေတော့သည်…   “ဟုတ်ပြီ… ဟုတ်ပြီ… ဟုတ်ပြီ…”   သုံးခွန်းပြောပြီး ဖုန်းချလိုက်သည်… ဘိန်းစားပေါက်ဖော်ခေါင်းမဖော်တမ်းစားနေရာမှ မော့ကြည့်လိုက်ပြီး…   “အရှေ့ကျွန်း” ဟုပြောရင်း မျက်လုံးကိုပင့်မေးလိုက်သည်….   “ အရှေ့ကျွန်းမဟုတ်တော့ဘူး… ဘူမိနက်သံကိုရောက်နေပြီ…”   ဘိန်းစားပေါက်ဖော်သည် မထိတထိဖြင့် […]


DavitApril 27, 20121min69935
ဒီအကြောင်းနဲ့ပက်သက်ပြီး သိတဲ့သူတွေရှိပေမဲ့ သိပ်မသိသေးတဲ့သူတွေ များနေမယ်ထင်လို့ တင်လိုက်တာဗျ…ရွာထဲကသူတော်တော်များများတော့သိပြီးဖြစ်ပါလိမ့်မယ်။ ကိုယ့်အနီးအနားက သူတွေကို လက်တို့လို့ရအောင် ရေးလိုက်တာပါ။ ကဲ    စကြမယ်ဗျာ…. ဒီလိုဗျ….(ဒါနဲ့တင်စကားက တော်တော်ရှည်သွားပြီ….ဟီး…) 2 သိန်းဖုန်းတွေကိုဝယ်နေကြတာကိုကြည့်ရတာ တော်တော်ကို စိတ်ညစ်ဖို့ကောင်းသဗျ။ ( ဟဲ့ ဒေးဗစ်ရ…သူ့ပိုက်ဆံရှိလို့ သူ့ဟာ့သူဝယ်တာ ဘာဖြစ်သဒုံးလို့တော့ မပြောနဲ့ဗျ…) မတန်တဲ့ 2 သိန်းဖုန်းကို ဝယ်ဖို့ဗျာ…တန်းစီလိုက်ကြရတာ …. တစ်ချို့ဆိုရင် နေပူထဲမှာ ခေါင်းတောင်ကိုက်တယ်တဲ့….  အပူရှိန်ကလည်း ရန်ကုန်မြို့မှာ ဒီနေ့ဆိုရင် 41 ဒီဂရီ ဆိုလားဘာလား…ချွေးတဒီးဒီးကျပြီး တန်းစီစောင့်….ပြီးတော့ရောင်းရမဲ့ကဒ်ပြည့်သွားရင်လည်း … တိန်….သေဘီလေ။ အဲ့ဒိဒုက္ခတွေမခံချင်လို့ အပြင်ဆိုင်မှာဝယ်တော့လည်း 2 သိန်းအပြင် တစ်သောင်းတို့၊ 1 သောင်းခွဲတို့ပိုပေးရ။ (ခုဟာက….အေး …ငါတို့ကတော့ 2 သိန်းထက်လည်းပိုမပေးနိုင်ဘူး…အေးဆေးမှ နောက်ဆယ်လေးငါးရက်လောက်ကြာ လူရှင်းတော့မှ သွားဝယ်မယ် ဆိုသူတွေအတွက်ပါ) အဲ့ဒိဒုက္ခတွေကို မခံချင်ပဲ 2 သိန်းအတိနဲ့ ချက်ခြင်းလည်းဝယ်လို့ရမဲ့ နေရာလေးတစ်ခုကို ညွှန်ချင်တာပါ။ အဲဒိနေရကတော့ဗျာ…လှိုင်တက္ကသိုလ် […]


lulinmgApril 27, 20121min1507
– ကျွန်တော်တို့မြို့လေးမှာဆယ်စုနှစ်ပေါင်းများစွာကြာမှဖြစ်ပေါ်လာတဲ့မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ စာပေဟောပြောပွဲလေးတစ်ခုကိုလွန်ခဲ့တဲ့ 3 . APL .2012 မှာပထမဦးဆုူံးအကြိမ်အနေနဲ့ကျင်းပဖြစ်ပါတယ်…. – ကျွန်တော်တို့မြို့ငယ်လေးမှာခုလိုစာပေဟောပြောပွဲလေးဖြစ်လာတယ်ဆိုတော့အလွန်ပဲဝမ်းသာဝမ်းနည်းနဲ့ ဂုဏ်ယူမိပါတယ်… – ကျွန်တော်တို့မြို့လေးကကျွန်တော့်လိုစာပေဝါသနာပါတဲ့လူငယ်တွေစာပေကိုမြတ်နိုးတန်ဖိုးထားကြတဲ့လူတွေအနေနဲ့ ပထမဦးဆုံးအသိညာဏ်လေးတွေပွင့်လန်းလာကြတော့မှာဖြစ်တဲ့အတွက်ဝမ်းသာမိပါတယ်… – ဝမ်းနည်းရတာကတော့စီစဉ်ကြီးကြပ်သူတွေရဲ့ညံ့ဖျင်းမှု့ကြောင့်လာရောက်ဟောပြောပေးတဲ့နိုင်ငံကျော်စာရေးဆရာကြီးတွေရဲ့ စိတ်ထဲမှာကသိကအောက်ဖြစ်သွားကြရတာကိုပါ ။ နောက်ပြီးခေါင်းဆောင်ပိုင်းညံ့ဖျင်းမှု့ကော်မတီအဖွဲ့ဝင်အချင်းချင်းမသင့်မြတ်မှု့ ဌာနဆိုင်ရာနဲ့အဖွဲ့အစည်းတွေရဲ့မညီညွတ်မှု့ အလိုလောဘ ရပိုင်ခွင့်တွေနဲ့ဂုဏ်တုဂုဏ်ပြိုင်တွေကြောင့်နောက်ထပ်ကျွန်တော်တို့ မြို့လေးမှာအခုလိုနိုင်ငံကျော်စာရေးဆရာကြီးများရဲ့စာပေဟောပြောပွဲလေးထပ်ဖြစ်ဖို့အလားအလာမရှိသလောက်နဲပါးသွားခဲ့လို့ပါ… – ဒါပေမယ့်လာရောက်ဟောပြောပေတဲ့ဆရာကြီးများရဲ့ဂရုဏာစေတနာတွေနဲ့အကောင်မွန်ဆုံးအသိပညာတွေကိုမြို့နေလူထုတွေ သိကြားခွင့်ရခဲ့လိုက်ကြတဲ့အတွက်အလွန်ပဲကျေးဇူးတင်ဂုဏ်ယူမိပါတယ်… – စာရေးဆရာပြန်ရင်မှတ်သားစရာကျန်မယ်ဆိုသလိုကျွန်တော့်ရင်ထဲမှာလည်းတွေးတောစရာတွေအများကြီးရရှိခဲ့လိုက်ပါတယ်… – အဲ့ဒီ့အထဲကမှဆရာကြီးမောင်စိန်ဝင်း(ပုတီးကုန်း)ပြောသွားခဲ့တဲ့စာကားလုံးလေးတစ်ခုပါ (ခွပ်ဒေါင်းလေးလည်းကချင်ရှာမှာပေါ့) တဲ့.. APL .1 ရက်နေ့မှာနိုင်ငံတော်ရဲ့ကြားဖြတ်ရွေးကောက်ပွဲအစီအစဉ်ပြီးလို့ APL .2 ရက်နေ့မှာထွက်ပေါ်လာတဲ့ရွေးကောက်ပွဲရလဒ်တွေကို ကြည့်ပြီးပြောခဲ့တာလားတော့မသိပါဘူး ။ ကျွန်တော်တွေးကြည့်မိတာလေးကိုပုံဖေါ်ကြည့်မိတာပါ.. – ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ကလစ်လပ်နေရာအားလုံးနီးပါးကိုရရှိလိုက်သလိုပါပဲအဲ့ဒီအတွက် လွှတ်တော်မှာအကောင်းဆုံးဖြစ်လာလိမ့်မယ်လို့မျှော်လင့်ခဲကြတယ်လေနောက်ပြီးဖြစ်နိုင်ပါ့မလားလို့လည်းတွေးမိတယ် ဘာ့ကြောင့်လည်းဆိုတော့ ကြံ့ခိုင်ရေးကနေရာတော်တော်များများယူထားတယ်လို့ပြောကြတာပဲလေသိပ်တော့မထင်ပါဘူး… ဒါဟာနိုင်ငံရေးလှည့်ကွက်တစ်ခုမဖြစ်နိုင်ဘူးလား… ဆရာကြီးကပြောပါတယ် 1988 ကတည်းကတစ်ချိန်လုံးခွပ်လာခဲ့ရတဲ့ဒေါင်းလေးဟာသဘာဝအလျောက်တော့လည်းတစ်ခါတစ်လေ ကချင်ရှာမှာပေါ့တဲ့ နောက်ပြီးဆရာအကြည်တော်ပြောခဲ့တဲ့ ကျင်းလေး […]