လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု စာသားပြောင်းလည်းခြင်း (ဆောင်းပါးရှင် မောင်မောင်ဝမ်း) မီဒီယာမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်းစာသား ပြောင်းလဲပြင်ဆင်ပေးရေးနဲ့ ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ… ပညာယူစရာ၊ ဆင်ခြင်နိုင်စရာ၊ မှတ်သားစရာတွေ မကြားရပဲ.. အာဏာကို ဘယ်လောက် ငန်းငန်းတက်နေသလဲ ဆိုတာလူသိအောင် ကိုယ့်အထုတ်ကို ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်…။ ဦးအောင်သောင်းတို့ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ… တိုင်းပြည်ရဲ့ပြသနာကို.. အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းကြမလည်းဆိုတဲ့..အရိပ်အရောင် တခုမှ မတွေ့ရဘူး။ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့ အပေါ် ကလဲ့စားချေလိုတဲ့ မထိတထိ မျက်နှာပေးတွေနဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားပြောင်းလဲ ပြင်ဆင်ရေးကိစ္စမှာ.. သူတို့က အထက်စီးက ရှိနေလေတဲ့ လေသံတွေနဲ့ ပြောဆိုနေတာတွေ့ရတော့.. အတော်စက်ဆုပ် မိတယ်ဗျာ။ မိမိ […]