သူငယ်ချင်းရေ- လူတစ်ယောက်ရဲ ့တန်ဖိုးက သူဖြတ်သန်းလာတဲ့ ခေတ်ကို ဘယ်လောက်ထမ်းနိုင်တာနဲ ့မဆိုင်ဘူး။ လူတစ်ယောက်ရဲ ့တန်ဖိုးဆိုတာ တစ်လကို လစာဘယ်လောက်ရတာလဲနဲ ့ဆိုင်တယ်။ ဒါက ပိုပြီး လက်တွေ ့ကြပြီး တိုင်းတာလို ့ရတယ်။ ခေတ်ကို ဘယ်လောက်ထမ်းနိုင်မှဆိုတာ လေအရမ်းကြီးတော့ တိုင်းတာလို ့မရဘူး။ အဲဒါကို တလွဲလို ့ခေါ်တယ်။ အခုငါပြောနေတဲ့ အယူအဆက ဩစတျေးလျက အလုပ်သမားလူတန်းစားတွေပြောနေတဲ့စကားကွ။ ဗန်းမော်တင်အောင်ကတော့ ပေါက်ကရပြောမှာပေါ့ကွာ။ သူမှ လစာကောင်းကောင်းမရဘူးတာ။ ခလေးတစ်ပြုံကြီးနဲ ့တဲစုတ်နေပြီး ပေါက်ကရအတွေးတွေပြောတာဖြစ်မှာပေါ့။ ဟေ့ကောင်…ဒီစကားတွေကိုအပြောများတာ ကွန်မြူနစ်တွေကွ။ ဒီကောင်တွေက ဓားမရှိပဲ ထင်းခုတ်ချင်နေတဲ့လူတန်းစားလို ့ငါ့အဘိုးကပြောတယ်။ မင်းလည်းသတိထားအုံး။ နေအုံး…ဟေ့ကောင်..ငါတစ်ခုစဉ်းစားမိတယ်။ သူတောင်းစားဆိုတဲ့စကားနဲ ့ပက်သက်ပြီးပြောကြတယ်ကွာ။ မလုပ်မစားနိုင်တဲ့သက်ကြီးရွယ်အိုတွေ၊ ခလေးသူငယ်တွေ၊ နှုနာဝဲစွဲနေတဲ့လူတွေ ခွက်ဆွဲပြီးတောင်းစားတာကိုကြတော့ သူတောင်းစားဆိုပြီး နှိမ်ချခေါ်ဝေါ်ကြတယ်။ အဖတ်မလုပ်ချင်ဘူး။ အထင်လည်းသေးတယ်။ […]