Mindblown: a blog about philosophy.

  • အခမဲ့ ဆော့ဖ်ဝဲလေးတွေ သုံးကြည့်ရအောင်

    Flash ကို အစားထိုးသုံးနိုင်တဲ့ Synfig Synfig လို့ အသိများတဲ့ Synfig Studio ဆော့ဖ်ဝဲကိုလည်း အခမဲ့ သုံးနိုင်ပါတယ်။ Open Source 2D vector graphics အမျိုးအစားဖြစ်ပြီး timeline အခြေခံ ကွန်ပျူတာ လှုပ်ရှားသက်ဝင် (animation program) လည်း ဖြစ်ပါတယ်။ Robert Quattlebaum က ရေးသားတည်ဆောက်ပြီး Adrian Bentley မှ ထုတ်လုပ်ပါတယ်။ Synfig သည် မူလက Voria Studios သည် ယခုအခါ မရှိတော့ပါ။ ၂၀၀၅ ခုနှစ်မှာ Open Source ဆော့ဖ်ဝဲအဖြစ် GNU General Public License ခွင့်ပြုချက်အရ အခမဲ့ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ […]

  • အချိုမှုန့်ပမာ ယနေ့ခေတ်ဝိပဿနာ

    အချိုမှုန့် (ဟင်းချိုမှုန့်)သည် ဟင်း၏အရသာကို ကောင်းစေ၏။ ထို့ကြောင့် မြန်မာ လူမျိုးတို့သည် ဘာစားစား အချိုမှုန့်ကို ထည့်ခတ်၍ စားသောက်တတ်ကြလေသည်။ ထိုအချိုမှုန့်က ပေးသောအရသာရှိသည့် ခံစားမှုဝေဒနာနောက်ကို လိုက်ကြသည့် အတွက် ဘေးထွက်ဆိုးကျိုး (side affect) အနေနဲ့ အဖြစ်ဆိုး (ရောဂါဆိုး) များခံစား နေရကြောင်းကို ကြားသိနေရပါသည်။ ထို့ကြောင့် အချိုမှုန့်စားသုံးမှုကို မပြုကြဖို့ ကျန်းမာရေးပညာရှင်များမှ အသိပေးတားမြစ်နေကြခြင်းဖြစ်ပေသည်။ အချိုမှုန့်ကပေးသော ကောင်းသည့် ခံစားမှု (ဝေဒနာ)နောက်ကို မလိုက်မိဖို့နှင့် သူ့ကြောင့်ဖြစ်နေရသည့် အဖြစ် (ဘဝ) ဆိုးဝါးနေရမှုကို သိမြင်တတ်ဖို့လိုပေသည်။ မြန်မာနိုင်ငံတွင် ပြုလုပ်နေကြသည့် ယနေ့ခေတ်ဝိပဿနာအားထုတ်နည်း (ဗုဒ္ဓခေတ် ဝိပဿနာမဟုတ်) များမှာလည်း အချိုမှုန့်နှင့် အလားတူဖြစ်နေပေ၏။ အချိုမှုန့်က ဟင်းကို ပုံမှန်ထက် ပိုကောင်းမွန်သော အရသာဖြစ်စေသလို ယနေ့ခေတ် ရုပ်၊ […]

  • အညာခရီးစဉ် (၃) မန်းစက်တော်ရာသွားတောလား

    ရွှေစက်တော်ကို ငယ်ငယ်ကလေးဘဝကထဲကနေ အခုအချိန်အထိ ၅ ကြိမ်ထက်မနည်း ရောက်ဖူးခဲ့ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် ပြောင်းလဲမှုကတော့ တဲတန်းတွေ ဆိုင်ခန်းတွေ ဘုရားဖူးတွေ ပိုပိုများလာတာပဲဖြစ်ပါတယ်။ ပိုစည်လာတာနဲ့အမျှ နေထိုင်ရေး၊ စားသောက်ရေးနဲ့ အထူးသဖြင့် အပေါ့အလေးသွားဖို့ အခက်အခဲပိုဖြစ်လာပါတယ်။ အခုတစ်ခေါက်တော့ ရွှေစက်တော်ဘုရားအနီးက ငဖဲမြို့နယ် သီပေါရွာက ကျွန်မမိဘတွေ ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ညအိပ်တည်းခိုခဲ့ပါတယ်။ ဆရာတော်ဆီအရင်ဝင်ပြီး ထမင်းစားပြီးမှ ဆရာတော်က ရ မိုင်ခရီးကို ဖြတ်လမ်းကနေ လိုက်ပို့ပေးပါတယ်။ အောက်စက်တော်ရာ အထက်စက်တော်ရာဖူးပြီး ခဏတစ်ဖြုတ်ပဲနေပြီး ပြန်ခဲ့ကြတယ်။ လမ်းရောက်မှ သန့်ရှင်းတဲ့ မန်းချောင်းထဲမှာ ရေချိုးဆင်းကြပါတယ်။ ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီး မနက်စောစောမှာမှ ပုဂံဘက်ကို ခရီးဆက်ခဲ့ကြပါတယ် … ဓါတ်ပုံတွေက ကားပေါ်ကနေ ရိုက်ထားတာများပါတယ်။ ကားမှန်ခံနေလို့ သိပ်မကြည်ဘူးဖြစ်နေပါတယ်။ ဘုရားပွဲဈေးတန်းမှာ ဩ့င်္ကန်ရေ လိုက်ပက်နေတာနဲ့ […]

  • ဘာသာရေး လွတ်လပ်ခွင့် မဲ့သော မြန်မာပြည်

    မြန်မာပြည်မှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့် အရေးဟာ ယနေ့အထိ အမည်ခံသက်သက်ပဲ ရှိသေးတယ်။ ကျွန်တော်လေ့လာမိသလောက် ပြောရရင် လုံးဝကိုပဲ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလို့ ပြောလိုက်ချင်ပါတယ်။ အာဏာရှင်စစ်အစိုးရဆိုတဲ့ အုပ်ချုပ်ရေးအောက်က လွတ်မြောက်သယောင် ရှိလာခဲ့ပေမယ့် “အာဏာရှင်ဘာသာရေး အစိုးရ”ကတော့ ယခုထက်ထိ ဆက်လက်ရှင်သန်နေဆဲပါပဲ။ တရားပွဲတစ်ခုလုပ်ကြမည်ဆိုလျှင် သံဃနာယက အကြောင်းကြားရ၊ သာသနာရေးနဲ့ တိုင်းမှူး၊ မြို့နယ်မှူးတွေဆီ သတင်းပို့ရနဲ့ ပြီးတော့ သူတို့ ထောက်ခံချက်မရရင် ဘာမှလုပ်လို့ မရဘူးဖြစ်နေတယ်။ ဒါနဲ့များ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာတဲ့ ဗျာ။ ဟဲ…ဟဲ ရှက်စရာ။ ဗုဒ္ဓဘာသာကို လက်ခံယုံကြည်တဲ့ ဒကာ ဒကာမတွေရှိတဲ့ နေရာကို ဗုဒ္ဓဘာသာဖြစ်တဲ့ ရဟန်းတွေ ဓမ္မကထိကတွေက ဗုဒ္ဓ၏ တရားတွေ ဟောတာပြောတာတောင်မှ ဒီလိုလုပ်နေရတယ်ဆိုတော့ ဒီနေ့ဗုဒ္ဓ ဘာသာ ဟာ “အာဏာရှင်ဘာသာရေးအစိုးရဆိုတဲ့” […]

  • ကြည့်ဖြစ်ခဲ့သော ဆဲဆိုပွဲတစ်ပွဲ

                                                                                                                  […]

  • အလောင်းတော် ကဿပ ၄

    တောင်ပေါ်မှာ ရှိတဲ့ လျောင်းတော်မူ ကိုယ်တော် ဖြစ်ပါတယ်။ ရွှေရောင် ကိုယ်တော် အစစ် လျောင်းတော်မူနေတာကတော့ အဲဒီကနေ အောက်ဆင်းသွားပြီး အတွင်းကို တော်တော် ဆင်းရပါတယ်။ မိုးတွင်းအခါ တောင်ကျ ချောင်းရေ ရှိတဲ့ အချိန်ဆိုရင် အဆင်းလမ်း မရှိပါဘူး။ ဆင်းလို့လည်း မရပါဘူး။ ဒါကြောင့် အချိန်အခါ မဟုတ် လာတဲ့ ပရိတ်သတ် အတွက် အပေါ်မှာ ကိုယ်စား ကိုယ်ပွားတော် တဆူ တည်ထားပြီး ကိုးကွယ်ထားကြတာပါ။ တောင်ပေါ်ရောက်တဲ့ အခါမှာတော့ ကျောင်းဆောင် အတွင်း လျောင်းတော်မူ အနေအထားဖြင့် ဉာဏ်တော် ၁ဝတောင် ရှိပြီး အနောက်မြောက် အရပ်သို့ ဦးခေါင်းတည်၍ ပရိနိဗ္ဗာန် ပြုနေပုံကို အင်္ဂဒေဖြင့် ထုလုပ်ပူဇော်ထားသည့် ဆင်းတုကို ဖူးမြင်ရပါသည်။ ထိုဆင်းတုသည်လည်း ရွှေဆိုင်း […]

  • မျက်ကန်း (၁) (၂) ဓါတ်ပုံများ

  • သူတို့ဟာပေးရင် ကျွန်တော်တို့ဟာ ပြန်ရမလား

    Buried Treasure: World War II Spitfires to Be Unearthed in Burma Paging Indiana Jones: a British farmer’s 15-year quest to find a squadron of legendary fighter planes buried in a far-off land has finally paid off By Sonia van Gilder Cooke | @svangildercooke | April 17, 2012 | 40 Log In with Facebook Sharing TIME […]

  • 21/4/2012 စနေည ဘောပွဲများ

    မင်္ဂလာပါ ခင်ဗျား ။ 21.4.2012 စနေညမှာ ကန်မယ့် ပရီးမီးယားလိဂ် ဘွန်ဒက်လီဂါ စီးရီးအေ နဲ ့လာလီဂါ ဘောလုံးပွဲစဉ်များမှ အားပေးသူများကို ပျော်ရွှင်စေနိုင်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်အချို ့အကြောင်း ကို ရေးလိုက်ပါပြီ ။ ပွဲစဉ်များနဲ ့အချိန်များကတော့ ပရီးမီးယားလိဂ် 6.15 အာဆင်နယ်(၃) – ချဲဆီး(၆) 8.30 အေဗီလာ(၁၅) – ဆန်းဒါးလန်း(၉) 8.30 ဘလက်ဘန်း(၁၉) – နော့ဝစ်(၁၁) 8.30 ဘော်တန်(၁၈) – ဆွမ်ဆီး(၁၂) 8.30 ဖူဟမ်(၁၀) – ဝီဂန်(၁၆) 8.30 နယူးကာဆယ်(၅) – စတုတ်(၁၄) 11.00 ကျူပီအာ(၁၇) – စပါး(၄) ဘွန်ဒက်လီဂါ 8.00 ဝါဒါဘရီမင်(၈) – […]

  • ဟိုနားဒီနား ခရီးသွား (သမိုင်းမှတ်တမ်းမရှိသေးတဲ့ ထင်ရှားလူသိများတဲ့ ဘုရားကြီး တစ်ဆူဆီသို့)

                           သင်္ကြန်တွင်း ညောင်လေးပင်ဆီ သွားတဲ့ ခရီးမှာ ညောင်လေးပင်မြို့ရဲ့ အရှေ့ဖက် ၁၂ မိုင်လောက်က မဒေါက် ရွှေကျင်မြို့လေးနဲ့ လူသိများထင်ရှားတဲ့ ရွှေကျင်ဘုရားကြီးဆီကို ဘုရားဖူးရောက်ခဲ့ပါတယ်။ ရွှေကျင်မီးမျောပွဲလို့ တစ်နိုင်ငံလုံးမှာ လူသိများတဲ့ပွဲက ရွှေကျင်ဘုရားကြီးရှဲ့ဗုဒ္ဓပူဇာပွဲ ဖြစ်ပြီး နှစ်စဉ် သတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှာ ကျင်းပပြုလုပ်ကာ အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာတဲ့သူတွေ တကူးတက လာရောက်ကြတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ရွာထဲမှာ ဘူရားသမိုင်းကို ပြောပြနိုင်အောင်လို့ ဘုရားကြီးပေါ်မှာ သမိုင်းမှတ်တမ်း ကျောက်စာရှာတာ မတွေ့တာနဲ့ ဘုရားဂေါပကကို သမိုင်းမှတ်တမ်းမေးကြည့်တော့ ဒီဘုရားကြီးမှာ အခုထိ သမိုင်းမှတ်တမ်း ပြုစုထားတာ မရှိသေးကြောင်း၊ အရပ်စကားများသာ သမိုင်းအဖြစ် ပြောဆိုနေတာပဲရှိပြီး သမိုင်းကို တင်ပြနိုင်ဖို့ မှတ်တမ်းပြုရန် ကြိုးစားနေကြကြောင်း၊ လောလောဆယ်မှာတော့ သမို်င်းမှတ်တမ်း […]

  • ဒါ့ပုံ ….. ငမျောက်

    ကျနော် ငမျောက် ရွာပြန်ရောက်တုန်း ကမျင်းထားတဲ့ ပုံလေးတွေပါ …                               ဘာရယ် ဟုတ်ပါဘူး … ရွာရောက်တုန်း လက်ကမျင်းကြောထခဲ့တာလေးတွေပါ လို့  ……………  

  • သိတဲ့ ဆြာ့ဆြာဂျီးများသို့ အကူအညီတောင်းခံခြင်း

    ကျနော့်ရဲ့ ကွန်မန့်ဘေးမှာ ယခုပုံလေးကို လှုပ်စိလှုပ်စိ ဖြစ်အောင်တင်ချင်လို့ပါဗျာ ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးကြပါအုံး အာလုံးကို ခင်တဲ့ ထုံးဘဲဥ

  • Max Plus အချိုရည် ကားတွေရဲ့ မမေ့နိုင်အောင်လုပ်နည်းလေး

    Max Plus အချိုရည် ကားများသည် မြို့နယ်တွေထိလိုက်လံရောင်းချပေးနေသည်ကိုတွေ့ရပါသည်။အိမ်မဲမြို့က ဖြန့်ဖြူသူဆိုင်ရှင်တစ်ဦးက ယခုလို ရင်ဖွင့်ပြောကြားပါတယ်။ အချိုရည်ဖြန့်ဖြူးသောကုမ္မဏီက ကားက (၂၇.၃.၂၀၁၂)မှာ အိမ်မဲမြို့ကို ရောက်လာပါတယ်။ကုမ္မဏီကးမောင်းတဲ့ ကိုယ်စားလှယ်တွေက Max Plus အချိုရည်တွေဈေးတက်မယ် ပစ္စည်းပြတ်နေတယ်နဂိုက ၅ကဒ်ဝယ်ရင် FOC(လက်ဆောင်)တစ်ကဒ်ပေးတယ်။ နောင်ဈေးတက်ရင် FOC(လက်ဆောင်)တစ်ကဒ် မပေးတော့ဘူး။အခုကားလာတာ ပစ္စည်းမပါဘူး။အခုဘောက်ချာဖွင့် အဝယ်ပြရင် အရင်ဈေးအတိုင်း ရမယ် အရင်လိုပဲ လက်ဆောင်၅ကဒ်မှာ တစ်ကဒ်ရမယ်လို့ ပြောဆိုတဲ့အခါ ဆိုင်ရှင်တွေကလည်း ဘောက်ချာဖွင့်ကြပါတယ်။(Crystal Spring Co.LTD ) ဘောက်ချာဖြင့် အဝယ်ဘောက်ချာဖွင့်တယ် ကြိုတင်ပေးငွေတွေယူသွားတယ်။ ဒီမှာ သူတို့က ပို့ပေးမယ့်ရက်ကိုလည်းပြောသွားပါတယ် ၄လပိုင်း ၂ရက်နေ့သို့မဟုတ် ၃ရက်နေ့အရောက်ပို့ပေးမယ်လို့လည်း အာမခံသွားပါတယ်။ “ဈေးအရောင်းဆိုင်များကလည်း အချိုရည် ကုမ္မဏီက ဈေးထိန်းပေးခြင်းနှင့် ပစ္စည်းရမည့်ရက်မဝေးတာရယ် ၊အခွင့်ရေးတစ်ခုပေးတာလို့ မြင်မိပြီး မှာကြတာဖြစ်ပါတယ်” အချိုရည် […]

Got any book recommendations?