alinsettDecember 28, 20154min30813
D = Drama story ************************** အကဲပါပါ အသည်းတခါခါ ဖြစ်သွားစေလောက်သော ဇာတ်လမ်းတစ်ပုဒ်တော့ဖြင့် ဘဝမှာ ရေးဖူးခဲ့ချင်သည်၊၊ .မြန်မာနိုင်ငံသား ပီသသည်ဟု ဆိုရမည်၊၊ .မြန်မာပြည်သည် နိုင်ငံသားတို့အတွက် ငိုမည်ဆိုလျှင် မျက်ရည်ချောင်း စီးလောက်စရာ အကြောင်းအချက်များစွာတို့ ပြည့်နှက်နေသော တိုင်းပြည် ဖြစ်သည်၊၊ ဂျုံးဂျုံးကျနေရာမှ ယိုင်ထိုးယိမ်းခါစွာ ကုန်းရုန်းထနေရသည့်ကြားကပင် မြန်မာနိုင်ငံ၏ မြို့တော်အတော်များများအတွင်း .နေထိုင်လှုပ်ရှားနေသူ တိုင်းသူပြည်သားတို့မှာ အလွမ်းအဆွေး ငိုခြင်းများနှင့်ပင် (တလွဲဆံပင်ကောင်းကာ)ပျော်မွေ့ကြလေသည်၊၊ ရုပ်ရှင်ဇာတ်ကား ကြည့်တာတောင် ဟာသကားဆိုလျှင် ပျော်ရွှင်ရယ်မောရမည့်အစား ပေါတောတောနဲ့ မကောင်းတဲ့ဇာတ်ကားကြီး ဟု ဆိုတတ်ကြသည်၊၊ သရုပ်ဆောင်တွေကို ထူးချွန်ဆု အကယ်ဒမီပေးလျှင်လည်း အငိုပက်စက် အလွမ်းဟက်တက်ကွဲပြတတ်မှ —မင်းသမီးဆိုလည်း မျက်ရည်တွေ ငေါက်ခနဲငေါက်ခနဲ ပန်းထွတ်အောင် ငိုတတ်ပါမှ—  ပေးကြ ရကြသည်၊၊ .ကြည့်ရှုခံစားသူတွေကလည်း ရုံထဲမှာ […]


မြစပဲရိုးDecember 27, 20152min2919
မြ အလည်သွားခဲ့သည်။ ကိန်းဘရစ်ချ် ဟု အမည်ခေါ်သောမြို့ သို့ ဖြစ်သည်။ ထိုနာမည် သည် မြတို့ ရွှေပြည်တွင်လည်း မစိမ်းလှ ဟု ဆိုပါမည်။ Duke of Cambridge သည် အင်္ဂလိပ်ပြည် မှ ဝီလျံမင်းသား ၏ title ဖြစ်၍ သူ၏ ကြင်ယာတော် မိန်းမ ကက်သရင်း(ကိတ်) သည် Duchess of Cambridge ဟု အမည်တွင်လေသည်။ သူတို့ နှစ်ယောက်၏ သားလေး နှင့် သမီးလေး တို့သည်လည်း Prince George of Cambridge နှင့် Princess Charlotte of Cambridge ဖြစ်လေတော့၏။ ထို ကမ္ဘ္ဘာကျော်အောင် လူချစ်လူခင်များသည့် မင်းဆွေ မင်းမျိုး […]


ဂ်စ္စူDecember 24, 20151min398519
Photo credit to original uploader လိပ်ကျွန်း လူသတ်မှု နှစ်ယောက်ကို ဒီနေ့ ၂၄ ရက်နေ့မှာသေဒဏ်ချလိုက်ပါပြီဗျာ အစိုးရတွေ အစိုးမရတွေ ကို့နိုင်ငံသားအပေါ် ဘာတွေ ကာကွယ်ပေးခဲ့သလဲ၊ တစ်နှစ်အချိန်ရတယ် အဲကာလရဲ့ ခင်ဗျားတို့ ကြိုးစားအားထုတ်မှုက သေဒဏ်လား ။ ဒါဆို လူကြီးမင်းတို့ ညံ့အိ။ ခင်များဒို့အစား ကျုပ်ရှက်ဒယ် ရိုင်းရိုင်းပြောရရင် စခွက်လု အိုစာမင်းစာမက ဆွေစဉ် ဆယ်ဆက် စားမကုန်သောက်မကုန်အောင် အိတ်ထဲထည့်ဖို့ပဲသိကြတာ ပြည်သူတွေ ဘွ လယ်တွေ ကျွဲတွေ နွားတွေ ရောင်း၊ မရှိချီးငှါးပြီး တပါသွား အလုပ်ထွက်လုပ်ကြနေရတာ ရွာတွေဆို အဖိုးကြီးအဖွားကြီးပဲ ကျန်တော့တယ် အလှူအတန်းတွေ ဆို ကွန်းတောင်ပန်းတောင် ကိုင်မဲ့လူတောင်မရှိ၊ သူတို့ကို မမြင်ရတော့ ကျုပ်စိတ်မကောင်း ။ အတော်များများ […]


မြစပဲရိုးDecember 23, 20151min34047
မောင်အောင် ရေ သေချာအောင် ပြက္ခဒိန် ဘဲ ဆွဲလာတော့တယ်။ နှစ်သက် သူ အမည် ကို ကြိုးစားရှာပေတော့။ Miss Universe Myanmar နစ်ယောက်လုံး က အနီ နဲ့။ အမျိုးပါဆို။ မယုံဘူးလား။  😉  jk :-)))) ပုံ အကြီး ကို ကြည်လင်စွာ ကြည့်လိုပါက ပုံပေါ်မှာ နှစ်ခါ ကလစ် လုပ်ပြီး ကြည့်ကြပါရန်။


ဒီတစ်ခေါက် ပုဂံသွားတာ အလုပ်နဲ့ဆိုတော့ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပြန်ဘူး။ အရင်တစ်ခေါက်ကလည်း ဘုရားဖူးကားနဲ့မို့ ရောက်ပြန်တွေချည်းပါပဲ။ ပုဂံမှာ ခြောက်ရက်ကြာတယ် ငါးရက်ကတော့ မြင်းပြိုင်ပွဲကွင်းအလယ်မှာပဲ အချိန်ကုန်ခဲ့တယ်။ တစ်ရက်တော့ ရှိတဲ့အချိန်လေး E Bike စီးပြီးလည်တော့။ E Bike ဟာ ကိုယ်လိုချင်တဲ့နေရာ သွားလို့ တော်တော်အဆင်ပြေမှန်းသိခဲ့တယ်။ နှံ့နှံ့စပ်စပ်မရောက်ခဲ့ပေမယ့် အခုတည်းခဲ့တဲ့ ဟိုတယ်လ်ဈေးရယ် E Bike ရယ် သေချာသိပြီမို့ နောက်တစ်ခေါက် နှံ့နှံ့စပ်စပ် လည်မို့ သေချာ ဆုံးဖြတ်ခဲ့တယ်။   ဒီတစ်ခေါက် လောကနန္ဒာဘုရားကို အေးဆေးရောက်ခဲ့တာမို့ ဓာတ်ပုံလေးတွေ ရလာခဲ့တယ်။


ဂ်စ္စူDecember 23, 20151min3427
ကျနော် တယုတယနဲ့ ပေါင်းသင် ရေလောင်း စိုက်ပျိုးခဲ့တဲ့ ချစ်စရာ့ ပန်းလေးတွေပါ ဒါတောင် သပြေပန်း တစ်ပုံကျန်ခဲ့တယ် ဘေကုန်ပြီဆိုလို့ ရင်နာနာနဲ့ချန်ခဲ့ရတယ်ဗျာ


ပိုလီအကွက်တွေ ထိုးချင်လွန်းလို ့ပိုက်ဆံစုနေတာ သွားထိုးတာ ကိုသုဆီမှာပေါ့ အရင်က ပုံတွေလည်း ကိုသုဆီမှာပဲထိုးခဲ့တာဆိုတော့။ ဒီတစ်ခါထိုးတော့ နှစ်ခါခွဲထိုးလိုက်ရတယ်။ နောက်ဆုံးတစ်ခေါက် အီစလံဝေနေတာပဲ။ နာတာမှ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဟိဟိ  


kaiDecember 23, 20152min1034
နှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်းတော့မည့် အချိန်ကိုရောက်လို့လာပါပြီ။ဒီလိုအချိန်မျိုးမှာ Thanksgiving (ကျင်းပပြီးစီးခဲ့ပြီ)။Christmas, New Year ဆိုတဲ့ အရေးကြီးတဲ့ holiday တွေကအားလုံးရဲ့စိတ်ထဲမှာကိန်းအောင်းနေပြီး၊ နှုတ်ဖျားမှာလည်းရောက်နေတတ်ပါသည်။ဒီတော့ဖော်ပြပါ Holiday သုံးမျိုးစလုံးနဲ့ ဆက်စပ်နေတဲ့ ဝေါဟာရလေးတွေကို လေ့လာကြရအောင်။ ဦးစွာပထမ turkey ကလာတဲ့ idiom လေးတွေကို ဖော်ပြလိုပါတယ်။Thanksgiving ဆိုတာ turkey မပါရင်မပြီးသလို turkey ဆိုတဲ့ဝေါဟာရလေးနဲ့ဆက်စပ်နေတဲ့ Idiom လေးတွေကို သိထားမှလည်း ယခုလိုအချိန်အခါမျိုးမှာ American တွေနဲ့စကားပြောတဲ့အခါအစဉ်ပြေမှာပါ။”to be a turkey ” ဆိုလို့ English လို “to be weird or funny ” တဲ့။”မြန်မာလိုတော့နည်းနည်းပေါကြောင်ကြောင်နိုင်တယ်” လို့ဆိုလိုပါတယ်။ ဒီတော့ တစုံတယောက်က ပေါတောတောလုပ်နေရင်၊ ကိုးယိုးကားယားလုပ်နေရင် “Don’t be […]


မြစပဲရိုးDecember 22, 20152min27215
ဒီနေ့ သတင်း နှစ်ပုဒ် ဖတ်အပြီး ခေါင်းထဲ အတွက်အချက် တွေနဲ့ ရှုပ်သွားမိတဲ့ အကြောင်းလေးပါ။ ပထမ သတင်းက Miss Philippines ဟု ပြောရမဲ့အစား Miss Colombia လို့ မယ်စကြာင်္ဝဠာ အမည်ကို မှား ကြေညာ မိသော သတင်း။ ဒီလောက် ရှင်းရှင်း ရေးထားတာ ကို မှားရ သလားဟု ထူးဆန်းသည်ဟု ထင်ပါက လဲ ထူးဆန်းသပေါ့။ လူဘဲဟယ်၊ အမှားကင်းပါ့မလား ဟု မထူးဆန်းပါ ဟု ထင်ပါကလဲ မထူးဆန်းပေါ့။ Miss Universe: Miss Colombia mistakenly crowned as winner –  21 December 2015  From the […]


ဇီဇီDecember 21, 20153min38720
ခေါင်းစဉ်မြင်တော့ ကျော်တို့ သမဒ အဟောင်းကြီးကို သတိယသွားကြသလားမသိ။ အဟေးဟေးဟေးးး :k:   ဒီ ရွာရောက်တော့ သူငယ်ချင်း အသစ်တွေ ရလာတယ်။ ဟော ….ထမင်းဆိုင်ဖွင့်တော့ အပေါင်းအသင်းပိုများလာတယ်။ ရွာထဲမှာ စာပဲဖတ်တဲ့ စာဖတ်ပရိတ်သတ် ၂ ယောက် … ကျနော် ဖွဘုတ်ကို ရှာပြီး လာ အက်နိုင်တာ ၂ ယောက် ရှိပါတယ်။ မွမိုးခိုင်နဲ့ မေသူဇော်ပါ။ ထမင်းဆိုင် ကို စဖွင့်ကတည်း က အားပေးလာတဲ့ အစားချစ်သူတွေပါ။ ဒီ တစ်ပတ်တော့ မေသူဇော် ရဲ့ လက်ရာ ရှင်းရှင်း ဓာတ်ပုံတွေပါ မြင်မိလို့ ထမင်းဆိုင် ပြန်ဖွင့်ချင်စိတ်ပေါက်သွားတာ ဓာတ်ပုံရောချက်နည်းတွေရော လွယ်ကူရိုးရှင်းသပ်ရပ်တာမို့  ၉ ရက်စာ “မ” လာပါတယ်။ အားပေးကြပါဦးးး […]


ဂ်စ္စူDecember 20, 20151min23812
မထင်မှတ်ပဲ တနင်္လာနံနဲ့ စတဲ့ တိရာစ္ဆာန် ငါးမျိုုး ရိုက်မိရက်သားဖြစ်သွားတယ် လေးမျိုးတော့ အလွယ်တွေ့ပါလိမ့်မယ်.. တသ်မျိုးကတော့ .. ကြုံတောင့် ကြုံခဲ လို့ ဆိုမလားပဲ.. မရည်ရွယ်ပါဘူး.. စကား မစပ် တ စပ် ရွာထဲ.. သရဲ အတော်ခြောက်တယ်နော