IMG_11315.jpg

thihayarzarJuly 10, 20121min1317
ကျွန်တော်ဓာက်ပုံတွေ တင်ဖို့ သုံးရက်လောက်ကြိုးစားလိုက်ရတယ် မသိတာကော မတက်တာကော လိုင်းမကောင်းတာတွေကြောင့်ပါ .. ကျောက်ဆည်မြို့ အရှေ့ဘက်မှာ ရှိတဲ့ သော်တာဝင်း ကုမ္ပဏီမှ ကျောက်များထုပ်လုပ်နေသောပုံများဖြစ်ပါတယ် … သိသလောက် တက်သလောက်လေးတွေ မျှဝေပေးခြင်းသာဖြစ်ပါတယ် .. [/caption]


ဆိုုး tJuly 10, 20121min33422
ဟိုုတစ်နေ့ကမထင်မှတ်ပဲနဲ့ လမ်းသွားနေရင်းနဲ့ ကျုံးထဲဝင်မယ်ဆိုုပီးတော့ နန်းတော်ထဲရောက်သွားပါတယ် ရုုတ်တရက်ဆိုုတော့ကင်မရာလဲမပါ အိမ်ပြန်ယူရမှာလဲပျင်းတာကြောင့်မိုု့လိုု့ ဖုုန်းနဲ့ပဲဓာတ်ပုုံလေးတွေရိုုက်လာပါတယ် ဘယ်လိုုပဲပြောပြောဖုုန်းနဲ့ဆိုုတော့ရိုုက်ရတာအားတော့မရပါဘူး ဒါပေသိလဲ မရှိ ရှိတာနဲ့ရိုုက်ရတာပေါ့ ကျနော်ကရိုုက်ချင်စီန်ကိုုးဗျ နောက်များကျမှပဲ ကင်မလာနဲ့ ရိုုက်မယ်လိုု့အားခဲထားပါတယ် ခုုတော့ဖုုန်းလေးနဲ့ပဲ……… ဒီအပေါ်ကပုုံက ကြည့်တဲ့သူတွေအတွက်ရိုုးကောင်းရိုုးနေပါလိမ့်မယ် ဒါပေသိလဲ ကျနော့်အတွက်တော့ မရိုုးနိုုင်လိုု့ပါ နောက်ရက်တွေကျမှ သင်္ကြန်တွင်းတုုန်းက မော်လမြိုင်မှာရိုုက်ခဲ့တဲ့ပုုံလေးတွေ တင်ပါဦးမည်


tharli karJuly 9, 20121min25024
ကိုရဲစည်ရေ…………………. ခင်ဗျားကလည်း နာမည်တတ်တာမကြိုက်ဘူး…။ ကျုပ်ကလည်း တတ်ချင်နေတယ်..။ (နာမည်ကိုပြောတာ) နားလည်ပေးပေါ့ဗျာ…နော်……….။ တခြားမဟုတ်ပါဘူး…..။ အရက်ပြတ်ဖို့အရေးကို ခင်ဗျားက တစ်ကူးတကန့်တောင်းဆို ထားတယ်မဟုတ်လား……………..။ ကျုပ်က တရားဟောဓမ္မကထိကတော့မဟုတ်ဘူး…..ဒါပေမယ့်…ခင်ဗျားကိုလည်း ပြတ် ရာပြတ်ကြောင်း(အရက်) ဆွေးနွေးချင်စိတ်ကလည်းပေါက်မိတာမို့ ပြောတယ်လို့ပဲ သဘောထားစေချင်တယ်ဗျာ………..။ အဲဒီတော့…..ပြောရရင်………………. အရက်ဆိုတာ အင်မတန်မှကိုကောင်းပါတယ်ဆိုတာပါပဲ….။ နောက်တာမဟုတ်ပါဘူး…….တစ်ချို့တွေဟာနေ့စဉ်ရက်စက်သောက်နေသူတွေကို ကြည့်ရင်…….နိုင်ငံရေး…စီးပွားရေး…လူမှုရေး….ကျမ်းမာရေး…. စတဲ့အရေးတွေကို တောင် ဂရုမစိုက်နိုင်ပဲ……အသက်ပေး….ဘဝပေးပြီး……..သောက်နေကြတာကို ခင်ဗျားလည်း အသိပါ။ အဲဒါ…အရက်ကောင်းလို့ဆိုတာ…..ဘယ်အရက်သမားကမှ ငြင်းချက်ထုတ်မယ် မထင်ပါဘူး…။ အဲ……..ဒါကတော့….အသက်ပေးပြီး အရက်ကိုချစ်တဲ့သူတွေအတွက် ကျုပ်ဘက်က ရေသားချက်…ပြောဆိုချက်ဖြစ်ပါတယ်။ သေသေခြာခြာကြည့်ရင်လည်း…..သောက်ထားပြီးလို့ မူးနေပြီဆိုရင်….ပါတ်ဝန်းကျင်ကို မေ့….မိန်းမကိုမေ့….ကလေးကိုသတိမရ…..အဖေအမေဆိုတာမသိနိုင်လောက်အောင် လည်း….စိတ်ကိုလွှတ်ထားလို့ရတာမို့………ပတ်ဝန်းကျင်းကြောင့်….မိန်းမကြောင့်…… ကလေးကြောင့်…အဖေကြောင့်…အမေကြောင့်….ဖြစ်လာ၊ ခံစားလာနိုင်မယ့်….အဖြစ် (အပူ)တွေကို မေ့ထားနိုင်တယ်လေ…….။ မကောင်းဘူးလား….။ ဒီအချက်တွေကိုတော့ ခင်ဗျားဖြစ်ခဲ့ဘူးရင်ဖြစ်ခဲ့ဘူးပါလိမ့်မယ်…။ ဖြစ်ခဲ့ဘူးမှလည်း…ဖြစ်ခဲ့ဘူးမယ်ပေါ့ဗျာ…။ ဒီကြားထဲမှာ ကိုယ်ကမေ့ထားနိုင်ပေမယ့် မိဘဖြစ်သူ..မိန်းမဖြစ်သူတွေက…သားတွေ သမီးတွေက ပြောပြကြ၊ ဆိုပြကြပြီဆိုလျှင်လည်း…..ကိုယ်သောက်ထားတဲ့  အရက်ရှိန် […]


ဒီနေ့ ဇူလိုင် ၉ ရက် ၂၀၁၂ ကို တစ်ချို့က Internet Doomsday လို့ခေါ်ပြီး တစ်ချို့က Black Monday လို့ ခေါ် နေကြ ပါတယ်။ ဖြစ်ရပ် ကို လွယ်လွယ် သိအောင် ပြောပြချင်ပါတယ်။ ၂၀၀ရ လောက်မှာ ကမ္ဘာတစ်ဝှမ်း ရှိ အသုံးပြု နေတဲ့ ကွန်ပျူတာတွေမှာ DNSchanger လို့အမည်ရှိ malware (ဗိုင်းရပ်) တစ်မျိုး ပြန့်နှံ့ ခဲ့ပါတယ်။ အဲဒီ malware က ကိုယ် အင်တာနက် အသုံးပြုချိန်မှာ သူတို့ ပြင်ဆင်ထားတဲ့ sites တွေ ဆီ ကို လမ်းလွဲလိုက်ပါတယ်။ အဲဒီမှာ ကိုယ့်စက်က သူတို့ ထိန်းချုပ်မှု အောက်မှာ ရောက်သွားပါတယ်။ […]


nyo kyiJuly 9, 20121min5310
အကုသိုလ်များလို ့….ရဟန်းဝင်တယ်လေ လွတ်မလားလို ့လေ သူ ့သားတွေပြည်အောင်အပါအဝင် တပ်ကထွက်ပြီးအခိုင်အမာတံတိုုင်းတွေကာရံကြတယ်..မိုးအောင်ဆိုမောနေတယ်ဆိုပဲ ဒါပေမယ့်…မလွတ်နိုင်ဘူးဆိုတာ…..သူကိုယ်တိုင်ပဲသက်သေပြသွားမှာပါ..


snow whiteJuly 9, 20121min21819
ဖေဖော်ဝါရီ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ ၁၉၁၅ ရှေ့ နေ ဦးဖာသား ဇာတိ နတ်မောက်  မကွေးခရိုင် သိကြ များခုတိုင် ကြံ့ကြံ့ ခိုင်တဲ့ဇာနည်ဘွား မိခင်ဒေါ်စုသား ၁၉၄ရ ပြောင်းကြွ တမလွန် မျက်ရည်သွန်လို့ ဘဝင်ညှိုး ဇူလိုင်  တဆယ့်ကိုး ပြည်ထောင်စု ရဲ့ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင် ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့ သား ပြည်ထောင် လွှတ်ရေးကြိုးပမ်းအောင် ပြည်ချစ် ဒို့ခေါင်းဆောင် ဆိုရှယ် လစ်ဘောင်  လမ်းစဉ်များ ဗိုလ်ချုပ် ချမှတ်သွား။


alinsettJuly 9, 20121min1436
”ဟေး … ဒီမှာလာကယ်ပါဦး” ဖိလစ်ပိုင်သား၏ ထိတ်လန့်တကြား ထအော်သံ။ ကျွန်တော် ချာခနဲ လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်လဲကျနေသော ဘာဘာ။ ခြေလက်များ အကြောဆွဲ နေသည်။ ”ကယ်ကြပါဦး” ကျွန်တော် အော်ဟစ်ပြီး ဘာဘာ့ထံပြေးသည်။ ဘာဘာ့ပါးစပ်မှ အမြှုပ် တစီစီထွက်နေသည်။ မျက်ဖြူလန်ကာ မုတ်ဆိတ်များလည်း စိုရွှဲနေပြီ။ ကျွန်တော်တို့ ထံ လူတွေအပြေးအလွှား ရောက်လာကြသည်။ လေသင်တုန်းဖြတ်တာဟု ပြောသံ ကြားသည်။ ”၉၁၁ ကိုခေါ်” ဟု အော်သူကလည်းအော်ကြသည်။ ပြေးလွှားလာသော ခြေသံများ။ လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ ………………….. ………………………………… __________________________ လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ ဘာဘာ့တံတွေးများ နီစွေးလာသည်။ လျှာကိုကိုက်ထားသော ဘာဘာ့အနီး ကျွန်တော် ဒူးထောက်၍ ဘာဘာ့လက်မောင်းများကို ကိုင်ကာ ”ကျွန်တော်ရှိတယ် ဘာဘာ၊ ကျွန်တော်ရှိတယ်” […]


super manJuly 9, 20121min13911
အပြာရောင်နောက်ခံပန်းချီကားပေါ်မှာ အဖြူရောင်ဆေးချက်တွေနဲ့ ရွှေရောင်စက်ဝိုင်းတစ်ခုရှိနေတယ် အညိုရောင်နောက်ခံပေါ်မှာ အစိမ်းရောင်ပြည့်ှနှက်နေပြီး ငွေရောင်အစက်အပြောက်တွေ ပျံ့နှံ့နေပြီ။ ၁ဝး၅၈နာရီ sunday 24.6.12


ကျွန်တော့်မှာ ဆရာသမား ၃-ဦးရှိပါတယ်။ ဆရာသမား ၃-ဦးလုံးကလဲ လူမှန်တွေချည်းဖြစ်ပါတယ်။ ဘယ်သူမှ အမှားမပြောကြပါဘူး။ ဘယ်ဆရာမှ မဟုတ်တာ မပြောကြပါဘူး။ အဲဒီကျွန်တော့်ဆရာသမား ၃- ဦးနဲ့ ကျွန်တော့်ချစ်မိတ်ဆွေများကို မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော့်ချစ်မိတ်ဆွေများက ကျွန်တော့်ကို ဘယ်ဆရာသမားရဲ့ လမ်းညွှန်ချက်က အကျိုးပြုနိုင်တယ်ဆိုတာ ကိုလဲ ပြောပြခဲ့စေချင်ပါတယ်။ ပထမဆုံး ကျွန်တော်ပြောပြချင်တဲ့ကျွန်တော့်ဆရာကတော့ “ဦးပရမတ်”ဖြစ် ပါတယ်။ ကျွန်တော့်ဆရာ ဦးပရမတ် အမြဲပြောဆိုဆုံးမတဲ့ စကားများကတော့…. ““ဒီမှာ တပည့် မောင်ဇောက်ထိုးရဲ့… တကယ့်အမှန်တရား ဆိုတာ… ဓာတ်ကြီး လေးပါးပဲ ရှိတယ်ကွ။ လူရယ်…ခွေးရယ်.. ယောကျာ်းရယ်..မိန်းမရယ်… အမေရယ်..သမီးရယ်.. ဆိုတာတွေဟာ လူတွေက သမုတ်ထားတဲ့ သတ်မှတ်ထားတဲ့ အမည်တွေပဲ ကွ.. တကယ့်အမှန်တရား မဟုတ်ဘူး… အမေဆိုတာကို ကြည့်လိုက်စမ်း… ဘယ်မှာလဲ အမေ… တကယ်တော့ […]


etoneJuly 9, 20121min36445
ယခင်ခေတ်က မြန်မာအမျိုးသမီးတွေအရှက်နဲ့ လူလုပ်ကြပေမယ့် ၊ ဒီခေတ်မိန်းမများတော့ ဘာနဲ့ လူလုပ်ကြသလဲ မပြောတတ်တော့အောင်ပါပဲ  ။ ြမန်မာအမျိုးသမီးလို့ ဆိုလိုတာက မြန်မာလူမျိုးတစ်ခုတည်းကိုမဟုတ်ပဲ ၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအမျိုးသမီးများကို သုံးနှုန်းလိုက်တာပါ ။ ခေတ်စကားလို့ခေါ်မလား ၊ ဗန်းစကားလို့ခေါ်မလား ၊ ဘာစကားလား ၊ ညာစကားလား မသိပေမယ့် အမျိုးသမီးထုအကြားမှာ ရေပန်းစားပြီး သုံးနှုန်းနေကြလို့ ၊ ကြားရသူတောင် တွန့်တွန့်သွားမိပါတယ် ။ ဆယ်ကျော်သက်အရွယ်ကစလို ့ ၊ သုံးဆယ်ကျော် ငါးနှစ်ပတ်လည်လောက်ထိ အဲ့ဒီစကားကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာ ၊ ယနေ့ ၂၁ရာစုရဲ့ ဗန်းစကားများလားလို့တောင် ထင်မှတ်မိပါတယ် ။ ဗန်းစကားတွေ များစွာကြားခဲ့ဖူးပါတယ် ဒါပေမယ့် ကိုယ့်သိက္ခာ ကိုယ်ချတဲ့ ဗန်းစကားကတော့ ကြားဖူးတာ ဒီတစ်ခါ ပထမဆုံးပါပဲ ။ […]


လောကဓံ (၈)ပါးနဲ့ အထုအထောင်းခံ   ကိုယ်အပျင်းပြေချင်ရုံ သက်သက်နဲ့ သူတပါးထိခိုက်မဲ့အလုပ်ဆို ပင့်ကူအိမ်တောင် မဖျက်ဖူးတဲ့ကောင် အခုတော့………………. လောကဓံ(၈)ပါးက သူ့ဘဝကို အပျင်းပြေကစားလို့ ချစ်ခိုင်းလိုက် လွမ်းခိုင်းလိုက် အမြင့်တင်လိုက် ပုတ်ချလိုက် အောက်စီဂျင်ပေးလိုက် ရေနစ်လိုက်နဲ့ ဘဝကြမ္မာရဟတ်က သူတို့နဲ့တင် တပတ်ပြီးတပတ်လည်နေတော့တယ်။ ကံအကျိုးပေးပုံက ငွေရမလားလို့ ထီထိုးပါတယ် အက္ခရာအစ ဂဏန်း ၆လုံးပါလွဲတယ် အကုန်အကျသက်သာအောင် လိုင်းကားစီးကာမှ  ကပ်ပြီးတော့အနှိက်ခံရတယ်(ခါးပိုက်နှိက်) အသားဝယ်ဖို့ဈေးသွားပါတယ် ကန်စွန်းရွက်တင် ၁စည်း ၁၀ဝတဲ့ဗျာ။


snow whiteJuly 9, 20121min24220
ဘယ်သူတွေဘယ်လိုကြောင့် ဒီဘဝရောက်တယ် ဆိုတာတော့ စနိုးမသိဘူးနော ်နီးစပ်ရာအဖြစ်ပျက် သူတို့ဘဝကိုသနားမိတယ်။    စနိုးတို့တိုက်ခန်း ဘေး ကို  မိသားစု တစ်စု ပြောင်းလာတယ် ပြောင်းလာတဲ့မိသားစု က  တကယ့်ကိုစိတ်ညစ်စရာ ပါဘဲ ဘာကြောင့်လည်းဆိုတော့ အဆိုတော် မတွေပါလာလို့ဘဲ။ စနိုးအမေဆို စနိုးဖေကို  ကို…. ရေင့ါတို့ဘေးခန်းကိုပြောင်းလာမယ့်သူတွေ က အဆိုတော်တွေတော့  ညပိုင်းအရက်ဆိုင်တွေမှာလိုက်ဆိုတဲ့အဆိုတော်တွေ နော် အထင်မကြီးနဲ့အုံး ။ စနိုးတို့ကသူတို့ပြောင်းလာထဲကအရမ်းစိတ်ညစ်တယ် ။ ညဘက်ကျရင် လှေခါးမှာ တွေ့ရတာတောင်သူတို့ကိုကြောက်တယ် ။ ရှောင်ပေးလိုက်တယ် ။ နောက်ပိုင်း တစ်လကနေ နှစ်လလောက်ကြာလာတော့  မနက်ပိုင်းဈေးသွားဘာသွားနဲ့ အမေနဲ့ သူတို့ စကားပြောသံကိုစနိုးကြားလိုက်မိတယ် ။   အမေကိုပြောတာပေါ့ အမေဘဲ သူတို့တွေ ပြောင်းလာတုန်းက ဘာဖြစ်တယ်လေးညာလေးနဲ့။ ခုကျတော့ အမေဘာလို့စကားပြောနေတာလည်းလို့စနိုးကလည်းမေးတာပေါ့ ။အမေက င့ါကိုသူတို့ကရယ်ပြပြုံးပြနေတာကို  ငါ့က ဘာမှ ပြန်မပြောပြုံးမပြဘဲရန်သူလို  ဆက်ဆံနေရမှာလည်းတဲ့။ […]