တစ်နေ.သူငယ်ချင်းတွေနဲ.လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းမှာ company ယူနီဖောင်းဝတ်ထားတဲ.ကောင်လေးတစ်ယောက်က ကျွန်တော်ကိုလာနှုတ်ဆက်ပါတယ်။ သူကိုချက်ချင်းပြန်မှတ်မိလိုက်တာကတော. အဲဒီကောင်လေးဟာ ခဏခဏ အလုပ်ပြောင်းလုပ်တတ်တဲ.ကောင်လေးဖြစ်နေလို.ထူးခြားနေလို.ချက်ခြင်းပြန်မှတ်မိလိုက်တာပါ။ လွန်ခဲ.သော 8နှစ်လောက်က ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ.လုပ်ငန်းကို အကြံပေးအဖြစ်ကျွန်တော်ဆောင်ရွက်နေတုန်းက အဲဒီမှာ အရောင်းသမားအဖြစ် စတွေ.ခဲ.တဲ.ကောင်လေးပါ။ သူ.နဲတော်တော်လေးကြာလို. တစ်ခါတွေ.ရင် ယူနီဖောင်းတမျိုး အလုပ်တစ်မျိုးနဲ.ဆိုရလောက်အောင်ကို အလုပ်ပြောင်းတတ်တဲ.ကောင်လေးပါ။ သူနဲ.တွေ.ခဲ.တဲ. ၈နှစ်အတွင်းမှာ သူအလုပ်ပြောင်းလုပ်တဲ.နေရာက၁ဝခုတောင်မကတော.ဘူးထင်ပါတယ်။ ဒါနဲ.အိမ်ပြန်ရောက်လို. ကုလားထိုင်မှာ ထိုင်ပြီးစာဖတ်နေတုန်းဘေးအိမ်က ဖွင်.ထားတဲ.သီချင်းက ပထမဆုံး ပလေးဘွိုင်သန်းနိုင်ဆိုပြီး နောက်တော. rocker ကြီး ညီထွတ် ပြန်ဆိုထားတဲ. ” ဂျစ်ပစီ မိုးတိမ်”ဆိုတဲ.သီချင်းလေးပါ။ ” ဂျစ်ပစီ”ဆိုတာကလည်း တနေရာထဲမှာ အတည်တကျမနေဘဲ ရေကြည်ရာမျက်နရာကိုလျှောက်ပြောင်းနေတဲ. လူစားမျိုးပါ။ ဒီသီချင်လေးထဲက” ဂျစ်ပစီ”ဆိုတဲ.စာသားလေးရယ် နေ.လည်ကတွေ.လိုက်တဲ.ကောင်လေးရယ်ဆက်စပ်လို. အခုပြောမဲ. အကြောင်းလေးတွေက ခေါင်းထဲကိုရောက်လာပါတယ်။ လွန်ခဲ.တဲ.10နှစ်လောက် က ကျွန်တော်.ဆီမှာ ခေတ်စားလာတဲ. စာအုပ်ကလေးက ” […]


ကမ္ဘာကြီးပြားသွားပြီလို.ဆိုနေကြတဲ. အခုခေတ်မှာ နိုင်ငံခြားကလာသော အတွေးအခေါ်များ အယူအဆများကိုပိုသိ ပိုကြား ပိုလို.လက်ခံ ပိုလို.အသုံးပြုလာကြတာကို တွေ.ရပါတယ်။ သည်နေ.ခေတ်ဟာ စီးပွားရေးဈေးကွက်စံနစ်လို.အသံကျယ်ကျယ်အော်လို. အတော်တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေကြတဲ. ခေတ်နဲ.အညီ ရောင်းကြဝယ်ကြတဲ.နေရာမှာလည်း မဟာဗျူဟာ နည်းဗျူဟာ ဘာညာသာရကာ ဗျူဟာပေါင်းများစွာကိုကြွေးကြော်လို.ချီတက်နေကြပါတယ်။ သည်ခေတ်ကြီးထဲ ဆောင်ပုဒ်ပေါင်းများစွာထဲကရောင်းတာဝယ်တာနဲ.ပါတ်သက်လို.တိုက်ရိုက်ဘာသာပြန်ပြီး နေရာတကာမှာ အတွင်ကျယ်ဆုံး အသုံးအများဆုံးလူတကာ အသုံးခံရသောနေရာမှာ စူပါလို.ဆိုနိုင်သောစကားလေးကတော. ” ဝယ်သူအမြဲမှန်တယ်”ဆိုသောစကားလုံးလေးပါခင်ဗျာ။ တကယ်တမ်းတော.ကျွန်တော်တို.မြန်မာနိုင်ငံမှာ အများအားဖြင်.နေရတော်တော်များများမှာ အကြွေးစနစ်နဲ.သာရောင်းကြရပါတယ်။ စားသောက်ဆိုင်များ လက်လီအရောင်းဆိုင်များ စူပါမက်ကက်ကြီးများမှာ သာ ငွေလက်ငင်းစနစ်နဲ.ရောင်းတာပါ။ ဒါတောင်စားသောက်ဆိုင်တွေ လက်လီဆိုင်တွေမှာ ရင်းနှီးမူ.ကို အကြောင်းပြုလို.အကြွေးကို အနည်းနဲ.အများတော.ပေးရပါသေးတယ်။ တကယ်တမ်းဆိုရင်ငွေ လက်ငင်းရတယ်ဆိုတာ ဘာမတ်ကက်ညာမတ်ကက်တွေမှာသာ တကယ်လက်ငင်းရတာပါ။ ကုန်ပစ္စည်းထုတ်လုပ်သူက ဖြန်.ချိပေးမဲ. company ဒါမှမဟုတ်လက်ကားဖြန်.နိုင်သောသူကို ပထမ လူအနေနဲ.ကြွေးချပေးလိုက်ပါတယ်။ သူကမှတစ်ဆင်.အောက်မြန်မာပြည်အတွက် ရန်ကုန်၊အထက်မြန်မာပြည်အတွက်မန္တလေး အစရှိတဲ.မြို.ကြီးများက company အမည်တပ်ထားသောကိုယ်စားလှယ်တွေကိုကုန်ပစ္စည်းဖြန်.ဖို.အကြွေးပေးလိုက်ပြန်ပါတယ်။ […]


ကျွန်တော်တို.နှစ်ယောက် တည်းတဲ.အိမ်ပြန်ရောက်လို.ညရောက်တဲ.အခါ မီးလှုံရင်း နေ.လည်က မပြီးသေးတဲ.ဇာတ်လမ်းကို ဆက်ပြောဘို. ကိုကြီးထိန်ကို နားပူပါတော.တယ်။ ကဲ ဆက်လိုက်ကြရအောင်နော် ကိုကြီးထိန်ပြောတဲ.အတိုင်းနားထောင်လိုက်ပါနော်။ စတုတ္ထနှစ်တက်ဖို.သူတို. လာမယ်.နေ.မှာ လေယာဉ်ကွင်းကိုထုံးစံအတိုင်းသွားကြိုတာပေါ.။ မနက်စောစောကတည်းကလေယာဉ်ကွင်းကိုရောက်နေပါတယ် တမျှော်မျှော်နဲ.ပေါ.။ သူတို.လေယာဉ်ဆိုက်လို. သူတို.အတွက် မြင်းလှည်းငှား ပစ္စည်းတွေကိုလှည်းပေါ်တင်ပေးပြီးလို ကျွန်တော်လည်း စက်ဘီးနင်းတော.မယ် အလုပ်မှာ ထွေးထွေး က “ထိန်ဝင်း နင်အဆောင်ထိ မလိုက်နဲ.တော. နက်ဖြန်မှ တွေ.ရအောင် “လို.လှမ်းပြောလို်က်ပါတယ်။ ” မ”ကိုကျွန်တော်လှမ်းကြည်.တော. တဖက်ကိုလှည်.နေပါတယ်။ ယုငယ်ကလဲ ” မ”လိုပါဘဲ ကျွန်တော်.ကိုမကြည်.ပါဘူး။ ခါတိုင်းဆိုရင် သူတို.က မြင်းလှည်းပေါ်က ကျွန်တော်က နောက်ကစက်ဘီးနဲ. စကားတပြောပြောနဲ.အဆောင်ထိပို.၊ သူတို.ပစ္စည်းတွေထားပြီးတာနဲ. ကျွန်တော်.စက်ဘီးကို သူတို.အဆောင်မှာထား ပြီးရင်ကျောင်းထဲကိုသွား အောင်မင်္ဂလာဆောင် နားက ဒေါ်သန်းဆိုင်မှာ ထမင်းစားကြ ဝေးနေတဲ.အချိန်က အကြောင်းတွေ အလုုအယက်ပြောကြနဲ.အိမ်ပြန်ချိန်ကိုတောင်သတိမရနိုင်အောင်ပါဘဲ။ […]


အခုခေတ်ကြီးမှာ ဘာပဲလုပ်လုပ် ဘာပဲရောင်းရောင်းလက်ဆောင်လေး ပါမှ အလုပ်ဖြစ်တာလေ။ ဒီတော. ကျွန်တော်လဲခေတ်မှီအောင် ကျွန်တော်.မိတ်ဆွေရဲ. အလွမ်းဇာတ်လမ်းလေးကို ပြောပြရင်း ပဟေဠိဖွက်ပါမယ်။ တကယ်လို.များ အဖြေမှန်ခဲ.ရင် ထိုက်ထိုက်တန်တန် လက်ဆောင်ပေးပါမယ်၊ သူများတွေလို ပထမဆုံးမှန်တဲ.(10)ယောက်တို., ကံထူးသူ(10)ဦးတို.ဆိုပြီးတော.ကန်.သတ်မထားပါဘူး။ မှန်တဲ.လူတိုင်းကို ဆုလက်ဆောင်ပေးမှာပါ။ လိပ်စာကိုတော.အမှန်တိုင်း.ပေးထားဘို.လိုပါမယ် ဘာလို.လဲဆိုတော.အဖြေမှန်တဲ.သူတိုင်းကိုပေးမယ်.ဆုလက်ဆောင်ကို အိမ်တိုင်ယာရောက်လာပေးမှာမို.လို.ပါ။ ဘာဆုကိုပေးမယ်ဆိုတာကိုလဲဇာတ်လမ်းလေးဆုံးရင် ပြောပြပါမယ်။ ပေးမယ်.လက်ဆောင်က ဘာလဲဆိုတာက လည်း ပဟေဠိပါဘဲ။ ဒါကြောင်.ဖြေလိုက်ပါလို.ပြောရင် သူများဟာကို ခိုးထားတယ်လို.အပြောခံရမယ်။ အခုခေတ်မှာ စကားလုံးကိုယူသုံးမိရင်ပိုက်ဆံတောင်းခံရတာ ဖြေရှင်းရတာကလဲခေတ်စားနေတယ်လေ။ ဒါကြောင်. ဖော်လိုက်ပါ ဖော်လိုက်ပါ ဖော်လိုက်ပါ နော်။ နားထောင်ရင်းစဉ်းစားပေါ.နော်။ ကဲစလိုက်ကြရအောင်။ ကျွန်တော်နဲ. အကိုလိုနေတဲ.မိတ်ဆွေ “ကိုကြီးထိန်”လို.ခေါ်တဲ.လူပျိုကြီး တစ်ယောက်ရှိပါတယ်။ သူက အသစ်မရှာဘဲ အရင်ကချစ်နေတဲ. မရနိုင်တော.တဲ.သူကိုအခုထိတမ်းတနေသူပါ။ ဟန်ထွန်းလို ဟဲလိုက်ရရင်တော. “မေ.လိုက်ပါ အရင်ကဇာတ်လမ်းလေး “ပေါ.ဗျာ။ […]


ပြီးခဲ.တဲ.ဥပုဒ်နေ.က “ကိုအောင်မောင်း “ဆိုတဲ.သူငယ်ချင်းတစ်ယောက်နဲ.အလှူတစ်ခုမှာဆုံဖြစ်ကြပြီး အိမ်ကိုမပြန်သေးဘဲ အေးအေးဆေးဆေးစကားပြောရအောင်ရယ် စိတ်အပြောင်းအလဲဖြစ်အောင် ရယ် ရန်ကင်းတောင်ရဲ. အရှေ.ဘက်မှာရှိတဲ. ချောင်းကလေးဘေးမှာ သူငယ်ချင်းနှစ်ယောက်ထိုင်လို.စကားပြောဖြစ်ကြပါတယ်။ သူက ကုမ္မဏီလဲပုံစံမကျ လုပ်ငန်းသေးတယ်လို.မဆိုနိုင်သော လုပ်ငန်းခွဲတွေ အများကြီးရှိတဲ.လုပ်ငန်းတစ်ခုမှာ ရာထူးနာမယ် မတတ်ဘဲ စီစဉ်ညွှန်ကြားသူနေရာမှာ နေရတဲ. သူတစ်ယောက်ပါ။ သူတို.လုပ်ငန်းက န် စီးကရက် ပဲဆီ အစရှိတဲ. စားသောက်ကုန်တွေကို လက်ကားဖြန်.တာပါ။ အလုပ်အရမ်းများတယ်လို.ဆိုနိုင်ပါတယ်။ ပြသနာပွဲစားလို.ခေါ်ရလောက်အောင် ကို လုပ်ငန်းခွင်မှာဖြစ်ပေါ်လာတဲ. အဆင်မပြေတာတွေကို ဒိုင်ခံဖြေရှင်းရတဲ.သူလည်းဖြစ်ပါတယ်။ ပြီးခဲ.တဲ.လဲက သူတို.လုပ်ငန်းခွဲအသစ်အတွက် ဦးစီးရမယ်.ခေါင်းဆောင်ကို သူတို.ဝန်ထမ်းငယ်တွေထဲကနေရွေးတဲ.အခါ ပြသနာတစ်ခုတက်ပါသတဲ။ ုဖြစ်ပုံကတော. သူက နေပြီး အရင်ရောက်လာသော ဝန်ထမ်းကို မရွေးဘဲ နောက်မှဝင်လာသောသူကို ရွေးလိုက်တဲ.အတွက် ဘက်လိုက်တယ်တို.မတရားဘူးတို.ဆိုတဲ.အသံတွေထွက်လာပါသတဲ.။ သူကတော.ရှင်းပါတယ်” ဒိအတွက်ဘယ်လိုမှ မခံစားရဘူး လုပ်သင်.လုပ်ထိုက်တာကိုငါလုပ်လိုက်တာ” လို.ပြောပါတယ်။ ြ့ဖစ်ပုံက သည်လိုပါ။ […]


တစ်နေ.မရောက်တာ ကြာတဲ.သူငယ်ချင်းအိမ်ကို အလုပ်ပိတ်တဲ.တစ်နေ.မှာရောက်သွားပါတယ်။ သူ.အိမ်ဝင်းပေါက်ဝအရောက်မှာ. သူ.သားအလတ်ကောင်က ဆိုင်ကယ်နဲ.အပြင်ထွက်ဘို.အလုပ်ကျနော်နဲ.မျက်နှာချင်းဆိုင်တွေ.ကြပါတယ်။ သူက” လေးလေး”လို.တချက်သာခေါ်လိုက်ပြီး ဆိုင်ကယ်ကို ဝေါကနဲစီးလို.ထွက်သွားပါတယ်။ ခါတိုင်းဆိုဒီကလေးက အမြဲတမ်းပြုံးရွှင်နေတဲ.ကလေး တစ်ယောက်ပါ။ ကျနော်ရောက်လာပြီဆိုရင်လဲကျနော်အပေါ်ကိုဇွတ်တက်လို.သူသိချင်တာတွေကိုတတွတ်တွတ်မေးတတ်တဲ.ကလေးပါ။ ကျနော်.ကိုအတော်လဲခင်တွယ်တဲ.ကလေးက အခုလိုခပ်တည်တည်နဲ.ထွက်သွားတော.ရင်ထဲမှာတမျိုးကြီးတော.ဖြစ်သွားပါတယ်။ ဒါပေမဲ.လဲ လူပျိုပေါက်ဆိုတော. စိတ်ပြောင်းသွားတာဖြစ်မှာပါလို.ဘဲတွက်လို်က်ပါတယ်။ ဒါနဲ.အိမ်ပေါ်ရောက်တော.သူ.ကလေးတွေ စာကျက်နေတာကိုတွေ.ရပါတယ်။ ကလေးတွေက ကျနော်.ကိုမြင်တော. ” လေးလေး”ဆိုပြီးအားရဝမ်းသာနုတ်ဆက်လိုက်ပေမဲ.မျက်နှာတွေက စာအုပ်တွေပေါ်ပြန်ရောက်သွားပါတယ်။ ကျနော်က” ကလေးတွေကျောင်းပိတ်ရက်ကြီးကို တောင်စာကျက်ခိုင်းထားရသလား”လို.မေးလိုက်တော. ကလေးတွေအမေက “နောက်တက်မဲ.အတန်းအတွက် ခုကတည်းက စလုပ်ခိုင်းထားတာ “လို.ဖြေပါတယ်။ သူ.ကဘဲဆက်ပြီး “ခင်ဗျား ကောင် ကိုထွေးလေး နဲ.တွေ.လိုက်သေးလား အခုတင်ထွက်သွားတာ “လို.မေးတော. “တွေ.လိုက်ပါဗျား ဒါပေမဲ. ကြီးကောင်ဝင်သွားလို.လား မရောက်တာကြာလို.လားတော.မသိဘူး နည်းနည်းစိမ်းသွားသလိုဘဲ ” လို.ပြောလိုက်တော. ပက်လက်ကုလားထို်င်ပေါ်မှာထိုင်နေတဲ.သူငယ်ချင်းက “မဟုတ်ဘူးဟေ. မင်းကောင်က အရင်လိုမဟုတ်ဘူး ဂျစ်ကပ်ကပ် ထုံပေပေဖြစ်နေတာ ကြာပြီ […]


မနေ.ညက လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေဆုံကြတော. ကိုညီက သူ TV ဝယ်တာ နံမယ်ကြီးတံဆိပ်ကို ဈေးကြီးပေးဝယ်ပြီး အတုနဲ.မိလာတဲ.အကြောင်းကိုဖောက်သည်ချပါတယ်။ သူစိတ်ကြိုက်တံဆိပ်ကိုသေချာရွေးပြီးသူကိုယ်တိုင်ဝယ်လာတာပါ။ အိမ်ရောက်လို.နှစ်ရက်လောက်ကြာတော. လိုင်းစင်းတွေထင်လာတာနဲ.ဆိုင်ကိုပြန်ပို.မယ်လုပ်နေတုန်း အိမ်ကိုအလည်လာတဲ.သူ.သားသူငယ်ချင်းလေးက စက်နားလည်တော.ဖွင်.ကြည်.လိုက်မှအတွင်းကဆားကစ်တွေက တရုပ်ပြည်ကလာတဲ.ဈေးပေါတာတွေဖြစ်နေမှန်းသိရတယ်လေ။ ဒါပေမဲ.ဝယ်ပြီးသွားတော.ပြန်လဲလို.မရတော.ဘူးလေ။ “ဒီလိုအတုမှန်းသီရင်ဘယ်ဈေးကြီးပေးဝယ်မလဲ” လို.စိတ်ပျက်လက်ပျက်လေသံနဲ.ပြောပါတယ်။ သူတို.ကစကားဆက်ပြောနေတာ ကျနော်.အတွေးထဲမှာ အဖိုးတန်တာကို မတန်တာနဲ.သိသိကြီးလဲလိုက်လို.တန်ဘိုးတွေလျော.ကြကုန်တာကိုတွေးနေမိပါတယ်။ သချင်္ာကိန်းဂဏန်းအရတွက်ရင် ၁ နဲ.ဝနဲ.ပေါင်းရင် ၁ဘဲကျန်ပါတယ် ရော.ပါးမသွားသလို တက်လဲမလာပါဘူး။ ဒါပေမဲ. အနုတ်လက္ခဏာဆောင်နေတာကိုဘာနဲ.ပေါင်းပေါင်းတန်ဘိုးကတော.လုံးဝရော.ကြသွားတာ အမှန်ပါဘဲ။ ပထမဇာတ်လမ်းတစ်ပုဒ်ကတော. သူငယ်ချင်းရဲ.ညီမလေးပါ။ တက္ကသို်လ်က ဆရာမလေး ပေါ.။ သူငယ်ငယ်လေးထဲက မိဘအုပ်ထိန်းမူ.အောက်မှာ ပိပိပြားပြားနဲ.နေခဲ.ရတယ်။ အကိုတွေကလဲ ညီကလေးကိုချစ်တော. လှောင်အိမ်ထဲကငှက်ကလေးပေါ.။ ပါတ်ဝန်းကျင်နဲ.ထိတွေ.မူ.သိပ်မရှိဘူး။ ဆရာမဘဝသာရောက်လာတယ်ကျောင်းနဲ.အိ်မ် အိမ်နဲ.ကျောင်းကလွဲလို.ဘာမှမသိဘူးပေါ.။ သူပထမနှစ်တက်နေတုန်းမှာ သူတို.နဲ.တစ်ခြံထဲမှာနေတဲ . သူ.ဖေဖေပွဲရုံမှာ အလုပ်လုပ်တဲ.စာရေးကြီးသားနဲ.ကျူရှင်တစ်ခုမှာဆုံကြရင်း ခုခေတ်စကားနဲ.ပြောရင်ညိကြတယ်ပေါ.။ အိမ်ကလဲသိရော ပြသနာတွေတက်ကုန်တာပေါ.။ ကိုယ်အိမ်ကအလုပ်သမားတစ်ယောက်ရဲ.သားနဲ.ကြိုက်စရာလားဆိုတဲ.တန်ဘိုးတွေညှိကြရင်းက […]