mnoeJune 16, 20111min3319
တစ်ခါတုန်းက မျက်စေ့မမြင်ရှာတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ သူဟာ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်မိတယ်။ တစ်နေ့တော့ ကောင်မလေးက မေးတယ် … “ရှင် ကျွန်မကို လက်ထပ်မှာလား” “အင်း ဒါပေမဲ့ ကိုယ်မင်းကို မြင်နိုင်ခွင့်ရတဲ့အခါမှ လက်ထပ်မယ်” လို့ ကောင်လေးက ပြန်ပြောတယ်။ ရက်နည်းနည်းကြာတဲ့အခါ ကောင်လေးအတွက် မျက်စေ့အလှုရှင်ပေါ်လာတယ်။ သူဟာ သူ့ချစ်သူကောင်မလေးကို မြင်ရတော့မှာမို့ အလွန်ပျော်နေတာပေါ့။ ဒါပေမဲ့ သူ့ချစ်သူကောင်မလေးဟာလည်း မျက်မမြင်တစ်ယောက်ဆိုတာ သိလိုက်ရတဲ့အခါ သူဟာ ကောင်မလေးကို လက်ထပ်ဖို့ ငြင်းဆန်လိုက်တယ်။ ကောင်မလေးဟာ သူထွက်မသွားခင် စကားတစ်ခွန်းပြောခဲ့တယ် “မောင့်သဘောအတိုင်းပါပဲကွယ် ဒါပေမဲ့ ကျွန်မတစ်ခုတော့ပြောခဲ့ချင်ပါတယ် ကျွန်မရဲ့ မျက်လုံးလေးတွေကိုတော့ ဂရုစိုက်ပါကွယ်…” (နှစ်သက်မိလို့ ဘာသာပြန်ပြီးတင်လိုက်မိပါတယ်။ ချစ်သူတွေ ဖြူစင်စွာချစ်နိုင် ပေါင်းနို်င်ကြပါစေ။) Source: http://smsread.com/blog/love-story-of-blind-boy.html မှတ်ချက်။ ။ […]


kyawmonkhantNovember 22, 20101min921
ပထမဦးစွာ ဘာသာရေးဆရာတစ်ယောက်ကိုရှာခဲ့ရပါတယ်။ နောက်လိုက်နောက်ပါ အများနဲ့ ထင်ရှားကျော်ကြားတဲ့ ယောဂီတစ်ယောက်ဖြစ်တဲ့ အာဠာရကာလာမကို သူရွေးချယ်လိုက်ပါတယ်။ အာဠာရကာလာမ သင်ပေးနိုင်တဲ့အရာအားလုံးကို သူကျွမ်းကျင်စွာတတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျေနပ်မှု မရှိခဲ့ပါဘူး။ တခြားဆရာတယောက်ထံ ချဉ်းကပ်ပြန်ပါတယ်။ သူကတော့ ယောဂီအကျင့်မှာ အမြင့်ဆုံးအဆင့်ကို ရရှိထားတဲ့ ဥဒကရာမပုတ္တဖြစ်ပါတယ်။ ဒီတစ်ခါမှာလဲ ဆရာနဲ့အဆင့်တူ ကျွမ်းကျင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ်လို့ ခုချိန်တိုင်အောင်လဲ သင်္ခတ ဘဝရဲ့ နှိပ်စက် နာကျင်မှုတွေက လွတ်မြောက်မှုကို ရပြီလို့မယုံကြည်ပါဘူး။ ဆရာကြီး နှစ်ယောက်လုံးဟာ ဒီအဆင့်ရောက်အောင် နှစ်ပေါင်းများစွာ အားထုတ်ခဲ့ရပါတယ်။ သူတို့ရဲ့တပည့်ဖြစ်သူဟာ သူတို့နဲ့အဆင့်တူ ဖြစ်လာပြီဆိုတာကို သိလာတဲ့အခါမှာ သူ့တို့နောက်လိုက်တပည့်များရဲ့ ဦးစီးခေါင်းဆောင် သူတို့ရဲ့နေရာကို လက်ခံဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါမေမယ့် မင်းသားရသေ့ကို ဆွဲဆောင်လို့ မရခဲ့ကြပါဘူး။ ရောက်ရမည့် မြင့် မြတ်တဲ့ ပန်းတိုင် […]


kyawmonkhantNovember 21, 20101min590
သကျမင်းသားငယ်တစ်ယောက်ထက် ဘဝကို ယဇ်မူးပျော်ရွှင်ဘွယ် ကောင်းသူ ဘယ်သူရှိသေးလဲ? စိတ်ကူးယဉ်တိုင်းရနိုင်တဲ့ စည်စိမ်းချမ်းသာ တွေနဲ့ခြံရံထားတဲ့သူ့ကို စိုးရိမ်တကြီးရှိလှတဲ့ သူ့ခမည်းတော်က ဒုက္ခတွေနဲ့ ရုပ်ဆိုးအကျည်းတန် ခပ်လှမ်းလှမ်းမြင်ကွင်းတွေကိုတောင် မမြင်ရအောင် ကာကွယ်ထားခဲ့ပါတယ်။သူ့ နေ့အချိန်တွေကို ညှိုးနေတဲ့ရော်ရွက်ဝါတွေ တမင်တကာ ခြွေလှစ်ဖယ်ရှားထားတဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဥယျာဉ်သာမှာ ကုန်လွန်စေခဲ့ပါတယ်။ သံစဉ်ချိုတဲ့ငှက်တွေရဲ့ သီချင်းဆိုသံနဲ့ ရေပန်းတွေရဲ့ ရေကျသံတွေဟာ နာဝင်ပီယံဖြစ်စေပါတယ်။ သူနဲ့ သူအဖော်များကို နေ့ခင်းပို်င်း အပူရှိန်ပြင်းပြင်းက ကာကွယ်ပေးထားတဲ့ အေးမြတဲ့ ဥယျာဉ်စိမ်းစိမ်းထဲမှာ စပါယ်ပန်းရနံ့ ပန်ခြုံပန်းရုံများရဲ့ ရနံ့ထုံထားတဲ့ လေနုအေးလေးက နေရာယူထားပါတယ်။ ညအချိန်မှာဆိုရင် ဒေါင်းအမွေးအတောင်များနဲ့ လုပ်ထားတဲ့ ကြီးမားလှတဲ့ ယပ်တောင်ကြီးကို ညင်သာဖြေးညှင်းစွာ လှုပ်ခပ်ပေးလို့ လေနုလေးများ ဆော့ကစားရာ ကြီးကျယ်ခမ်းနားလှတဲ့ ခမ်းမကြီးထဲမှာ နံ့သာမီးအိမ်များရဲ့ နူးနူးညံ့ညံ့ ခပ်မှိန်မှန် အရောင်အောက်မှာ ကွေ့ကွေ့ကောက်ကောက် […]


kyawmonkhantNovember 21, 20101min1095
အတုမရှိဗုဒ္ဓမြတ်စွာ ဒီပို့စ်လေးကတော့ နိုင်ငံခြားသားတစ်ဦးရေးထားတဲ့ ဗုဒ္ဓဝင်အက်ဆေးပါ။ မူရင်းစာအုပ်ကတော့ Dimensions of Buddhist thought by Francis story ဖြစ်ပါတယ်။ အဲဒီ စာအုပ်ထဲက A Unique teacher ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးထားတာကို ကျနော်ကြိုက်နှစ်သက်လို့ MGညီအကို မောင်နှမများကိုလည်း မျှဝေလိုတဲ့ ဆန္ဒနဲ့ ဘာသာစကား အကန့်အသတ်ရှိတဲ့ကြားထဲက ကြိုးစားပြီး ဆီလျော်အောင် ဘာသာပြန်တင်ပြတာဖြစ်ပါတယ်။ နဲနဲတော့ရှည်မယ်နော်။ သမိုင်းမှာ ကြီးကျယ်မြင့်မြတ်လှတဲ့ ပုံရိပ်များ များစွာပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် လောကမှာ အကြီးကျယ်ဆုံးဘာသာရေးကိုညွှန်ပြခဲ့တဲ့ သကျမင်းသား သိဒ္ဓတ္ထ ဂေါတမလောက် စွဲမက်ဖွယ်ရာ အမှတ်တရဖြစ်စရာ ယခုမျက်မှောက်ခေတ် အချိန်စက်ဝန်းမှာ တယောက်မှ မရှိပါ။ သူဟာ ပုဂ္ဂိုလ်ရေးအနေနဲ့လည်း အတုလ, ဆရာတစ်ယောက်အနေနဲ့လည်း အတုလံ အတူမရှိ အတု […]


nyinyiyannaingNovember 5, 20101min740
တစ်ကိုယ်တော်ရေးတဲ့ ရှင်သန်လွတ်မြောက်ခွင့် (ဝါ) လျူရှောင်ဘို ၏ ကိုယ်တိုင်ခုခံချေပချက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ချဉ်းကပ်တဲ့ ကျနော့်ရဲ့ အဓိက သော့ချက်ဟာ bottom-up and top-down အောက်မှအထက် နဲ ့အထက်မှအောက် ဆက်ဆံရေး ကို အပြန်အလှန် ထိန်းညှိပြီး အေးချမ်း တည်ငြိမ် စည်းကမ်းရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆာင်ခြင်းပါပဲ။ ဘာဖြစ်လို့လဲဆိုလျှင်တော့ ဒီလို ချဉ်းကပ်တဲ့ လမ်းကြောင်းဟာ သက်သောင့်သက်သာနဲ့ အကျိုးသက်ရောက်မှု အရှိဆုံး ဖြစ်နေလို့ပါပဲ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့အတွက် အခြေခံ ယေဘုယျအမြင် ကို ကျနော်သိနေပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ ထိန်းထိန်းသိမ်းသိမ်း စည်းကမ်းတကျနဲ့ လူ့အသိုင်းအဝိုင်းကို တိုးတက်ပြောင်းလဲစေတာဟာ အထိန်းအကွပ်မဲ့ ပရမ်းပတာ နည်းတွေထက် အများကြီး ပိုထိရောက်တယ် ဆိုတာပါပဲ။ တကယ်တော့ အသုံးမကျတဲ့ အစိုးရတစ်ရပ် […]