ဆူးSeptember 25, 20101min3566
နရီလင်းလက် Wednesday, September 22, 2010 အသားကင်လေး စားမိတာနဲ့ ဓာတ်ရောင်ခြည်နဲ့ ကုသရလောက်အောင် မလိုဘူး မဟုတ်လားဟု ဦးဇော်ဝင်းနိုင် တယောက် လူနာ ခုတင်ပေါ်ကနေ ဆရာဝန်မကို တတွတ်တွတ် မေးနေပါတယ်။ လွန်ခဲ့တဲ့ တလကစပြီး ဗိုက်ခဏခဏအောင့်တာကို ရက်ဆက် ခံစားနေရတာကြောင့် အစာအိမ်အထူးကု ဆရာဝန် တယောက်နဲ့ပြပြီး လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ခဲ့တယ်။ နောက်ဆုံး ဓာတ်ရောင်ခြည်နဲ့ ကုသရမယ်ဆိုပြီး သူ့ဇနီးနဲ့ သားသမီးတွေက ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာနကို ခေါ်လာတာပါ။ “ဆရာဝန်က အသားကင်တွေစားလို့ ဓာတ်ရောင်ခြည်နဲ့ ကုသမှ ဗိုက်အောင့်ပျောက်မယ်ဆိုပြီး ပြောထားတာ။ အူမကြီးကင်ဆာ ဖြစ်နေတယ်ဆိုတာ လူနာကို ပေးမသိသေဘူး” လို့ ဦးဇော်ဝင်းနိုင်ရဲ့ ဇနီးက ပြောပြပါတယ်။ ဇနီးဖြစ်သူက “သူက အရက်မသောက်၊ ကွမ်းမစား။ […]