လူဗိုလ်ဟူသည် …… ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။ လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ။ ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။ ညွတ်ကား မညွတ် ။ ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။ သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။ သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ ယမမင်း၏ ခွေးရေပုရပိုက်၌ […]


kaiJuly 19, 20101min1312
အာဇာနည်နေ့ရောက်တိုင်း ထပ်ခါဖတ်ဖြစ်တဲ့ ကဗျာလေးပါ။ “ငါ၏ ဦးခေါင်းသည် သွေးသံတို ့ဖြင့် ရဲရဲနီ၏ ညွတ်ကားမညွတ် ”ဆိုတာလေး ကြိုက်လို့ဆိုပါတော့။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေး စာစုကလေးပါပူးတွဲတင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး..။ Bogyoke AungSan __ Autobiography __ တလက်စတည်း ပြောချလိုက်ရင် နောက်ကြိုက်တဲ့ စာသားတခုက ၁၃ဝဝ ပြည့် ရေနံမြေ သပိတ်ကြီးမှာ “မြင်းခွာတချက်ပေါက်ရင် … မီးဟုန်းဟုန်းတောက်စေရမည်” လို့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း ထောင်အချုပ်ခန်းထဲက လှမ်းအော်တယ်ဆိုတဲ့ စာစကားပါ။ အင်္ဂလိပ်တွေက အဲဒီခေတ်မှာ( ဒီခေတ်မှာရောပါပဲ) လူစုလူအုပ်ကို လူစုခွဲမယ်ဆိုရင် မြင်းတွေနဲ့လူအုပ်ကြားအတင်းမောင်းဝင်ပြီး မြင်းခွာနဲ့လူတွေကိုပေါက်ခိုင်း နံပါတ်တုတ်နဲ့ရိုက်လုပ်တာကိုး။ ဒီတော့ မြင်းခွာတချက်ပေါက်ရင် …မီးဟုန်းဟုန်းတောက်စေရမယ် ဆိုတာမျိုးက အင်မတန် အံတုတဲ့ စကားမျိုးပဲ။ ကြက်သီးမွှေးညင်းများ မထမိကြဖူးလား..။ စာဖတ်သူတွေလည်း အဲဒီလို […]