လူစိုးJune 6, 20136min2385
ကဗျာ Group တစ်ခုဖြစ်တဲ့ ပင်လယ်ပြာပြာ ကဗျာချစ်သူများအဖွဲ့မှာ ကဗျာနဲ့ ပါတ်သတ်ပြီး မေးထားတဲ့ အမေးနဲ့ ကျွန်တော့်ရဲ့ ရှင်းလင်းချက် အား Note တစ်ခု လုပ်ထားခြင်းဖြစ်ပါသည်။ မသိသေးတဲ့ လူများအတွက် အသိဉာဏ်တစ်ခု တိုးစေပြီး ၊ သိရှိပြီးသား လူများအနေဖြင့်လည်း ခံယူချက် လွဲကောင်း လွဲပါလိမ့်မယ်။ အကယ်၍ ကဗျာအပေါ်ထားတဲ့ ခံစားချက် ၊ ခံယူချက် ၊ အနက် ၊ အဓိပ္ပါယ် မတူညီပါက ကျွန်တော့်ရဲ့ ဝမ်းစာ မပြည့်ဝမှုပဲ ဖြစ်ပါတယ်လို့ ပြောကြားရင်း ကျွန်တော့်ရဲ့ ကဗျာ ဆိုတဲ့ ရှင်းလင်းချက်လေး ထုတ်ပြခွင့် ပြုပါ ။ Lay Da Khon  ကာရံမဲ့ဆိုတာဘယ်လိုမျိုးလည်း ကိုကိုလူးစိုးကြီး……….ကျွန်တော်ကို သင်ပေးပါလား Soe Min […]


    သကြားလုံးကို သင်ကြားဖူးပါသလား။ အချိုဆိုသော ဝေါဟာရကို သင်ကြားဖူးပါသလား။ ဒီနှစ်ခုလုံးကို သင်မကြားဖူးပါက သင့်ကို ကျွန်တော် သကြားလုံး ကျွေးမည်။ သင် ထိုအရသာကို ကျွန်တော့်ကို ပြန်ပြောပြပါ။ ကျွန်တော်တို့အားလုံး ကဗျာတွေ၊ စာတွေ ရေးကြသည်။ LP ကို ဘယ်သူ တင်သွင်းသည်။ Neo ကို ဘယ်သူ တီထွင်သည်။ တစ်ချို့က Digital Poetry စသဖြင့် ကဗျာတွေ ပုံစံစုံသလို အက်ဆေးပိုင်း၊ ဝတ္ထုပိုင်းတွင်လည်း ပုံစံအသစ်၊ အကြောင်းအရာ သစ်တွေကို တင်သွင်းသူ တင်သွင်းလာကြသလို၊ မြန်မာမှု မြန်မာ့ဟန်များနှင့် ပေါင်းစပ် ဖန်တီးလာကြသည်။ ကျွန်တော်ကတော့ သကြားလုံးနှင့် အချိုအကြောင်း မသိသူလိုသာ သူတို့ ပြောသမျှ ဘာမှန်းလည်း သေချာမသိ။ ကျွန်တော်ပြန်ပြောပြလျှင်လည်း […]


သူရႆဝါOctober 19, 20101min914
မနေ့က နေမင်းအားမာန် လူငယ်စာပေဝိုင်းရဲ့ တတိယမြောက် နှစ်ပတ်လည် စာပေဂုဏ်ပြု ဆုပေးပွဲမှာ ဒီနှစ် (၂၀၀၉ – ၂၀၁၀) အတွက် ကဗျာဆုရခဲ့တဲ့ ကဗျာဆရာ (ကို) ဝိုင်ချိုရဲ့ “ကဗျာရေးသူ” ကဗျာကို ပြန်လည်ခံစားတဲ့ စာတမ်း ရေးပြီးတော့ အခမ်းအနားမှာ ဖတ်ပေးဖို့ အဖွဲ့ခေါင်းဆောင် ကိုဇော်မျိုးသက် (ကုက္ကိုင်း) က တောင်းဆိုထားလို့ ကျွန်တော် ရေးပေးပြီးတော့ ပွဲကျင်းပချိန်မှာ ပြန်ပြီး ဖတ်ပြခဲ့ပါတယ်။ အခု အဲဒီစာတမ်းကို မနေ့က ပွဲကိုရောက်ပေမယ့် သေသေချာချာ ပြန်ဖတ်ချင်တဲ့သူများ၊ ပွဲကိုမတက်နိုင်ခဲ့တဲ့ ကဗျာဝါသနာရှင်များအတွက် ကျွန်တော် ပြန်တင်ပေးလိုက်ပါတယ်။ ကြုံတုန်း မနေ့က ပွဲအကြောင်းလေး နည်းနည်းရေးပါဦးမယ်။ နေမင်းအားမာန် လူငယ်စာပေဝိုင်း ဆိုတာက ၂၀၀ရ ခုနှစ်လောက် ကတည်းက ဖွဲ့စည်းခဲ့ပြီး ဝါသနာတူ […]


သူရႆဝါSeptember 9, 20108min680
<!– ပြီးခဲ့တဲ့လက ကျွန်တော်တို့ “နံနက်ခင်းကြယ်စင်စု” နဲ့ ကဗျာဆရာ အောင်ရင်ငြိမ်းတို့ရဲ့ စကားဝိုင်းကို ကျွန်တော် တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စကားဝိုင်း (အင်တာဗျူး) ကို ဖော်ပြပေးတဲ့ Teens မဂ္ဂဇင်းက ပထမပိုင်းပဲ ဖော်ပြပေး ခဲ့တာမို့ ကျွန်တော်လည်း ပထမပိုင်းပဲ တင်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ဒုတိယပိုင်းပါတဲ့ Teens မဂ္ဂဇင်း၊ စက်တင်ဘာ လထုတ် ထွက်လာပြီမို့ စကားဝိုင်း ဒုတိယပိုင်းအဖြစ် ပြန်တင်ပေးလိုက်ပါတယ်။ ပထမပိုင်း မဖတ်လိုက်ရတဲ့သူများ ဖတ်ချင်ရင် ဒီမှာ … ဖတ်လိုက်ပါ။ “ကဗျာဆရာအောင်ရင်ငြိမ်းနဲ့ စာမျက်နှာပေါ်က အင်တာဗျူး (၂)” အောင်ရင်ငြိမ်း ခေတ်ပြိုင် မြန်မာ ကဗျာ လောကရဲ့ ကဗျာ အယူအဆ ရေးရာ တွေကိုရော စိတ်ဝင်စား ကြလား။ […]


သူရႆဝါMay 2, 201014min1034
“နေ့မသင့်နံမသင့် ဆုတောင်းယူမိသော အနာများ (၁)” “လူငယ်သည် တနင်္လာတွင် …..” တနင်္လာနေ့မှာ နမိုးနီးယားရောဂါ၊ အကုသိုလ်အနည်းအကျဉ်း နေ့ခင်းဘက်ကျရောက်တတ်သောအမှောင်နဲ့ လူငယ်တစ်ယောက် တနင်္လာကိုထိုင်ကြည့်နေတယ်။ ကြယ်ပန်းလူ (တနင်္လာ) မှာ တံဆိပ်ခေါင်းကပ်ထားတယ် … မှ တစ်ခုခု ရလိုရငြား ကုတ်ခြစ်ယူကြည့်တော့ တနင်္လာဟာ အစိမ်းလိုက် ထွက်ကျလာခဲ့ …။ တနင်္လာဟာ ရောဂါတစ်ခုလို စွဲကပ်ငြိတွယ်လို့ …. တနင်္လာဟာ လူငယ်ကို လမ်းပြခေါ်ဆောင်သွားပြီ။ နမိုးနီးယားရောဂါက တနင်္လာထဲမှာ၊ အကုသိုလ် အနည်းအကျဉ်းက တနင်္လာထဲမှာ၊ လူငယ်တစ်ယောက်လည်း တနင်္လာထဲမှာ …. ဒီလိုနဲ့ တနင်္လာကို ထိုင်ကြည့်နေတယ်။ တနင်္လာနေ့ရောက်တိုင်း မိုးတိမ်တို့ အုံ့ဆိုင်းကြပြီ။ တနင်္လာနေ့ ရောက်တိုင်း ကချေသည်ဟာ ပဉ္စလက်မီးအိမ်ထဲက ထွက်ပေါ်လာ။ တနင်္လာဟာ ကမ္ဘာကို အမှောင်ချ […]