kaiMarch 13, 20101min821
၂၀၀၉တုန်းကတကြိမ်၊အခု၂၀၁ဝထဲမှာတကြိမ်၊ရန်ကုန်ကနေ“သံလွင်”သင်္ဘောကြီးတစီးတိုက်လူတွေ ကိုကိုးကျွန်းကို အပမ်းဖြေခရီးသွားကြတဲ့အကြောင်းကြားရဖတ်ရတော့။ သမိုင်းအစ။ ။ ကိုကိုးကျွန်းဟာ မြန်မာပြည်သူတွေရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး၊ဒီမိုကရေစီရရှိရေးတိုက်ပွဲတွေရဲ့ ရာဇဝင်ပြောင်မြောက်ခဲ့တဲ့ စာမျက်နှာတခုပါ။ ပထမအကြိမ်စစ်အာဏာသိမ်းခဲ့တဲ့၁၉၅၈ ဗိုလ်ချုပ်ကြီးနေဝင်းအိမ်စောင့်အစိုးရလက်ထက် ရန်ကုန်-မန္တလေးနဲ့ တချို့အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမားတွေ၊ကျောင်းသားခေါင်းဆောင်တွေ၊စာရေးဆရာသတင်းစာဆရာတွေကို တိုင်းပြည်နဲ့အလွန်အလှမ်းကွာဝေးလွန်းလှတဲ့ ကိုကိုးကျွန်းဆိုတဲ့နေရာကိုပို့ခဲ့တယ်။ ကိုကိုကျွန်းအကျဉ်းစခန်းပါ။ ဆရာမြသန်းတင့်တို့၊သခင်မြသန်းတို့ပါတာပေါ့။ ၁၉၆၁အထွေထွေရွေးကောက်ပွဲကြီးပြီးလို့ ဘကြီးနုတို့ပြည်တော်သာပါတီအနိုင်ရတဲ့အခါ ကိုကိုးကျွန်းကနိုင်ငံရေးအကျဉ်းသားတွေ ရန်ကုန်ပြန်ရောက်လာကြပါတယ်။ သဘာဝအလှတရားတွေနဲ့ ခံ့ထည်နေတဲ့ ကိုကိုးကျွန်းကို စစ်အာဏာရှင်တွေကအကျဉ်းစခန်းအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ပစ်မှုကြီးကတော့ အဖတ်တင်ကျန်ရစ်ခဲ့ပြီ။ ဒုတိယအကြိမ်။ ။ ၁၉၆၂မှာ စစ်အာဏာရူး စစ်ဘီလူးတွေဟာ “တော်လှန်ရေးကောင်စီ“ဆိုတဲ့မင်းသားခေါင်းဆောင်းပြီး နိုင်ငံတော်ရဲ့အာဏာကို ဒုတိယအကြိမ်သိမ်းလိုက်ပြန်တယ်။ တော်လှန်ရေးကောင်စီကနေမွေးဖွားလာတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) အစိုးရလက်ထက် ၁၉၆၈-၆၉မှာ ဒုတိယအကြိမ်မြောက်ကိုကိုးကျွန်းအကျဉ်းထောင်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြန်ပါရော။ မင်းသားခေါင်းကျွတ်ပြီး ဘီလူးဆိုင်းနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ခပ်ရိုင်းရိုင်းကပြခဲ့တဲ့ မဆလအစိုးရရဲ့ဖိစီးနှိပ်စက်မှုကြောင့် ကိုကိုးကျွန်းရောက်နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အများသေကျေဒဏ်ရာရခဲ့ကြတယ်။ ဆရာလူထုစိန်ဝင်းဆိုရင် ဒုကိ္ခတဖြစ်ပြီး ရန်ကုန်အင်းစိန်ထောင်ကို ပြန်ပို့ခံခဲ့ရတယ်။ ဒုတိယမြောက်ကိုကိုးကျွန်းမှာ မြသန်းတင့်၊ဗန်းမောင်တင်အောင်၊ […]